|| 3 ||

Unicode
.
.
.
.
.

ခေတ် ဒီနေ့ ရုံးဆင်းတာနဲ့ အိမ်ပြန်ဖို့ စီစဥ်ထားရသည် ။ ပါးပါးက ဟိုနေ့ထဲက အိမ်ပြန်လာဖို့ခေါ်ထားတာ ခေတ်မအားတာနဲ့ ဒီနေ့ရောက်သွားရော ။

ကြာရင် တိုက်ခန်းထိ ပါးပါးက လိုက်လာတော့မယ် ။
ဟုတ်ပါရဲ့ ... ဟိုနှစ်ကောင်နဲ့တောင် မတွေ့တာကြာပြီ ။

အခုတော့ မြတ်မင်းပိုင်ဆိုတဲ့ ကောင်စုတ်က သူဘယ်သူ့ကိုသဘောကျသလဲဆိုတာ သိသွားပြီဖြစ်လို့ သုတနဲ့တွဲသွားတာ ကျောင်းနောက်ဆုံးနှစ်ထဲကပင် ။
သူဆိုးသမျှကို သည်းခံတာလဲ သုတပဲရှိတာကိုး ။

( မြတ်မင်းပိုင် & သုတစက်နိုင် က S 1 Extra ထဲ ထည့်ထားသေးတယ်နော် ။ )

ခေတ် အခုတစ်လော နေရတာ စိတ်ထဲ သိပ်အဆင်မပြေလှချေ ။
တစ်ယောက်ယောက်ဆီကနေ စောင့်ကြည့်ခံနေရသလိုမျိုးပင် ။

အိမ်ရောက်တော့မှ Daddy ဆီအကျိုးအကြောင်းပြောပြီး bodyguard ထားသင့်ရင် ထားရဦးမယ် ။

ထို့နောက် စိတ်ထဲ မတင်မကျခံစားချက်ကြီးကို ဖျောက်လို့ အလုပ်ထဲ စိတ်နှစ်လိုက်တော့သည် ။

***** ---- *****

တီ တီ တီ *

ဟွန်းသံကြားလိုက်တာနဲ့ ပါးပါးက တံခါးရှေ့ရောက်သွားပြီ ။

ပါးပါးကလေ ပြောလို့ပြောတာမဟုတ်ဘူး ထွဋ်ထွဋ်ထက် ကိုကို့ကို ပိုချစ်တယ် ။

အသက် 21 နှစ်အရွယ်ကောင်ဆိုးလေးက ကလေးပေါက်စလေးလို အစ်ကိုဖြစ်သူနဲ့ အဖေဖြစ်သူကို စိတ်ဆိုးနေလေရဲ့ ။

" သားသား .. "

" ပါးပါး လွမ်းနေတာ ... Daddy ရော ဟင် .. "

" သား daddy က အပေါ်မှာ ရှိတယ် ..  ပါးပါးကို လွမ်းတယ်ဆိုတဲ့လူက ခေါ်ခိုင်းမှပဲ ပေါ်လာတော့တယ် .. "

" ဟီး မဟုတ်ပါဘူး ပါးပါးရဲ့ ..  သားက မအားသေးလို့ပါ .. "

" ဟုတ်ပါပြီ လာ .. အထဲသွားရအောင် ဒီနေ့ ပါးပါးက သားကြိုက်တာတွေ ချက်ထားတယ် .. "

" အားးးး ဒါကြောင့်မို့ ပါးပါးကိုချစ်တာ ... "

" ချွဲနေပြန်ပါပြီ .. "

" ဟီး .. "

" သားငယ်ထွဋ်ထွဋ် ..  ဘာရပ်လုပ်နေတာလဲ လာလေ သား .. "

" မသိပါဘူး သူ့သားကြီးရောက်လာတော့ အမြဲတမ်းအဖော်ပြုပေးနေတဲ့ ဒီသားငယ်ကိုများ မေ့သွားသလားလို့ .. "

" တစ်စုံတစ်ယောက်တော့ သ၀န်တိုနေပါပြီ ပါးပါးရေ .. "

သူ့ကိုစလိုက်တော့ စိတ်ကောက်ကာ အိမ်ထဲ၀င်သွားတဲ့ ထွဋ်ထွဋ်က X-ray ရဲ့ လူဆိုးကောင်လေးဆိုတာ ယုံဖွယ်မရှိ ။

" သားကြီးရောက်နေပြီလား .. "

" ဟုတ် Daddy နေကောင်းတယ်မလား .. "

" Daddy နေကောင်းမကောင်းကိုတော့ မင်းပါးပါးသာ မေးကြည့်လှည့် .. "

" ဟာ ! မောင့် !!! "

ဟားဟားဟား !!!

ပါးပါးကိုစပြီး  ရယ်နေတဲ့ Daddy က လုံး၀ကို မိသားစုအတွက် အားထားရတဲ့ လူကြီးတစ်ယောက်ပင် ။

47 နှစ်ရှိပြီဖြစ်တဲ့ Daddy က အသက်ကြီးမှ ပိုပြီး ခန့်ညားလာတာ အမှန် ။
ပါးပါးကတော့ 52 ဆိုပေမယ့် ခေတ်နဲ့ဆို ညီအစ်ကို အရွယ်သာ ။

ဒါကြောင့်လဲ Daddy က ပါးပါးကိုဆို ဘယ်တော့မှ စိတ်မချ ။

သားတွေသာ ဘယ်သူဆွဲဆွဲဆိုပေမယ့် သူ့အသည်းအသက်ကျ နည်းနည်းမှ ပေးမထိ ။

" ကဲ တော်ပြီ .. သားရော ထွဋ်ထွဋ်ရောလာ ထမင်းစားကြရအောင် .. "

" အချစ် .. "

" ဟင် မောင် ... ပြောလေ "

" ဘာလို့လဲ ... "

" ဘာကိုတုန်း မောင်ရဲ့ .. "

" ဘာလို့ ထမင်းစားဖို့ကျ မောင့်ကိုရော မခေါ်တာလဲလို့ !! "

လွန်း မောင့်စကားကြောင့် သားတို့ဘက်ကို မျက်နှာ ပူစွာဖြင့် လှည့်ကြည့်လိုက်မိသည် ။
သားတို့က ပြုံးစိစိမျက်နှာထားနှင့် ထွဋ်ထွဋ်က သားကြီးကိုခေါ်ကာ ထမင်းစားခန်းဘက် ၀င်သွားတော့သည် ။

ထိုအခါမှ မောင့်အနားကို တိုးသွားပြီး ဗိုက်ကြောကို လိမ်ဆွဲပြစ်လိုက်သည် ။

အဲ့မောင်ဟာလေ တကယ်ပါပဲ ...

" အားးး နာတယ်အချစ်ရဲ့ .. "

" တိတ် !! ဘာတုန်း ကလေးတွေရှေ့မှာ မရှက်ဘူးလား မောင် .. "

" ဘာလို့ရှက်ရမှာလဲ မောင့်အချစ်ရဲ့ ... မောင့်အမျိုးသားလေးကို မောင်ကပ်တာပဲဟာ ... "

"  ဟာ မောင်ကလဲ ... တော်ပြီ! လာတော့ သားတို့တောင် စားနေကြပြီလား မသိဘူး .. "

မျက်နှာကြီးနီရဲစွာနဲ့ အရှက်ပိုနေတဲ့ လွန်းကို ကြည့်ရင်း အချစ်ပိုရပြန်သည် ။

ဒီအမျိုးသားလေးဟာ သူ့အပိုင်တဲ့လေ .. ။

ထို့နောက် လွန်းလက်ကိုဆွဲပြီး ထမင်းစားခန်းထဲသို့ ၀င်သွားလိုက်ကြသည် ။

မဆုံတာကြာပြီဖြစ်တဲ့ မိသားစုထမင်း၀ိုင်းက စကားပြောသံ ၊ ဇွန်းခရင်းသံတွေနဲ့ နွေးထွေးဖွယ် အတိ ။

ထမင်းစားပြီးချိန်၌ ပါးပါးက အချိုတည်းဖို့ သစ်သီးတစ်ချို့ပြင်ပေးနေတုန်း ခေတ်ရယ် ထွဋ်ထွဋ်ရယ် Daddy ရယ်က အလုပ်ကိစ္စဆွေးနွေးနေလိုက်ကြသည် ။

ပါးပါးမလာခင် ခေတ်ပြောစရာရှိတာ တစ်ချို့ကို အရင် ပြောထားမှ ဖြစ်မည် ။

မဟုတ်ရင် ပါးပါးရဲ့ စိတ်ပူတတ်ပုံနဲ့ ခေတ်အိမ်ပြန်လာနေရမှာ မလွဲ ။

" Daddy  "

" ပြော သားကြီး .. ဘာကိစ္စရှိလို့လဲ .. "

" သား .. bodyguard ထားရင် ကောင်းမလားလို့ပါ .. "

ထိုအခါ Daddy နဲ့ ထွဋ်ထွဋ်က သူ့မျက်နှာကို လေးနက်စွာကြည့်လာသည် ။

" တစ်ခုခုဖြစ်လို့လား သားကြီး ... "

" ဘာဖြစ်လို့လဲ ကိုကို ... ကျွန်တော်လာစောင့်ပေးရမလား ကိုကို့ condo ဆီ .. "

" အဲ့လောက်ကြီး မလိုပါဘူး ထွဋ်ထွဋ်ရဲ့ ..
ဒီလိုပါ Daddy ဒီရက်ပိုင်း သားစိတ်ထဲ သိပ်မလုံခြုံလို့ပါ အဲ့တာ  သား ဒီတိုင်း Bodyguard  ထားထားတာက ပိုပြီးကာကွယ်ရာကျမလားလို့ပါ ... "

" အင်း .. သားကြီးလိုချင်တယ်ဆို Daddy ရှာပေးထားပါ့မယ် ... သားငယ်ဆီကနေတော့ မယူဘူးမလား ... "

" ဟုတ်ကဲ့ Daddy ! "

" ဒီသားဖတွေ ဘာတွေ​လေကောင်းနေကြတာတုန်း .. "

ထိုအချိန် ပါးပါးက သစ်သီးပန်းကန်ကိုင်ပြီး ထွက်လာတာမလို့ Daddy က သူ့ဘေးက နေရာကို ရွေ့ပေးသည် ။

ထွဋ်ထွဋ်ကတော့ Daddy ကို လှမ်းကြည့်တော့ Daddy က မျက်ခုံးပင့်ပြသည် ။

ခေတ်နဲ့ပါးပါးကတော့ ခိုးရယ်နေလိုက်တော့သည် ။

" ဘာမှမဟုတ်ပါဘူး ပါးပါးရဲ့ .. စီးပွားရေး ကိစ္စလေး ဘာညာ ပေါ့ ... ဒါနဲ့ ပါးပါးသိလား .. Daddy ကလေ ဟိုနေ့က Ig story မှာ ပါးပါးအိပ်နေတဲ့ပုံလေးတင်ထားတာ .. ၀ါးးး သားတွေထက်တောင် နုနေသေးတယ်ဆိုပြီး သားဆီ ပါးပါး Ig acc လာတောင်းနေကြတယ် ... "

" အဟမ်း ...  သားကြီး .. ! "

" ဗျာ Daddy ..  အဟီး .. သားမပေးလိုက်ပါဘူး Daddy ရဲ့ ... သားတို့ Daddy ကြီးတစ်ယောက်လုံးရှိနေတာကိုနော် .. ပါးပါးက Daddy အပိုင်ပဲဟာ .. "

ဘေးက ပါးပါးက မျက်နှာကြီးနီရဲစွာ အရှက်ပိုနေပြီး Daddy ကတော့ ဂုဏ်ဆာနေတဲ့ အပြုံးကြီးနဲ့ .. ။

ခွီး .. *

ဘေးက ထွဋ်ထွဋ်ကတော့ အချွန်နဲ့မတော့မယ့် အနေအထားမလို့ စကားလမ်းကြောင်း အမြန်ပြောင်းယူရတယ် ။

" ဒါနဲ့ သားကြီး ဒီည ဒီမှာ ညအိပ်မှာလား .. "

" အာ .. ဟုတ် အိပ်လိုက်မယ်လေ ပါးပါး ဒီည .. "

" အွန်းအွန်း .. ဒါဆို ညကျမှ အေးဆေးစကားပြောကြမယ် ... "

" ဟုတ်ကဲ့ပါးပါး ... "

ထို့နောက်တွင်တော့ အိမ်လေးရဲ့ မိသားစု စကား၀ိုင်းလေးက နွေးထွေးစွာနဲ့ အသက်၀င်လျက်ရှိနေတော့သည် ။

********
********

တစ်ပတ်ခန့်ကြာပြီးနောက် .....

Ting Tong ... Ting Tong ....

ခေတ် Condo တွင် အလုပ်သွားရန် ပြင်ဆင်နေတုန်း အခန်းရှေ့ ဘဲလ်သီးသံကြောင့် တံခါးဖွင့်လိုက်မိသည် ။

တံခါးအဖွင့်မှာပဲ မိမိအခန်းရှေ့မှာ ရပ်နေတဲ့သူကြောင့် ဘယ်ဘက်ရင်အုံက နှလုံးခုန်သံဟာ တဒိတ်ဒိတ် မြည်ဟီးလျက် .... ။

******** --------- *********

Greyer🤍
Oct , 19 ,  2022 (Wed)

Hello အဲဗရီးဘာတီ အထွန်းပြန်လာပါပြီ ဟီး><

Zawgyi
.
.
.
.
.

ေခတ္ ဒီေန့ ရံုးဆင္းတာနဲ႔ အိမ္ျပန္ဖို႔ စီစဥ္ထားရသည္ ။ ပါးပါးက ဟိုေန့ထဲက အိမ္ျပန္လာဖို႔ေခၚထားတာ ေခတ္မအားတာနဲ႔ ဒီေန့ေရာက္သြားေရာ ။

ၾကာရင္ တိုက္ခန္းထိ ပါးပါးက လိုက္လာေတာ့မယ္ ။
ဟုတ္ပါရဲ့ ... ဟိုႏွစ္ေကာင္နဲ႔ေတာင္ မေတြ့တာၾကာၿပီ ။

အခုေတာ့ ျမတ္မင္းပိုင္ဆိုတဲ့ ေကာင္စုတ္က သူဘယ္သူ႔ကိုသေဘာက်သလဲဆိုတာ သိသြားၿပီျဖစ္လို႔ သုတနဲ႔တြဲသြားတာ ေက်ာင္းေနာက္ဆံုးႏွစ္ထဲကပင္ ။
သူဆိုးသမ်ွကို သည္းခံတာလဲ သုတပဲရိွတာကိုး ။

( ျမတ္မင္းပိုင္ & သုတစက္ႏိုင္ က S 1 Extra ထဲ ထည့္ထားေသးတယ္ေနာ္ ။ )

ေခတ္ အခုတစ္ေလာ ေနရတာ စိတ္ထဲ သိပ္အဆင္မေျပလွေခ် ။
တစ္ေယာက္ေယာက္ဆီကေန ေစာင့္ၾကည့္ခံေနရသလိုမ်ိဳးပင္ ။

အိမ္ေရာက္ေတာ့မွ Daddy ဆီအက်ိဳးအေၾကာင္းေျပာၿပီး bodyguard ထားသင့္ရင္ ထားရၪီးမယ္ ။

ထို႔ေနာက္ စိတ္ထဲ မတင္မက်ခံစားခ်က္ႀကီးကို ေဖ်ာက္လို႔ အလုပ္ထဲ စိတ္ႏွစ္လိုက္ေတာ့သည္ ။

***** ---- *****

တီ တီ တီ *

ဟြန္းသံၾကားလိုက္တာနဲ႔ ပါးပါးက တံခါးေရ႔ွေရာက္သြားၿပီ ။

ပါးပါးကေလ ေျပာလို႔ေျပာတာမဟုတ္ဘူး ထြဋ္ထြဋ္ထက္ ကိုကို႔ကို ပိုခ်စ္တယ္ ။

အသက္ 21 ႏွစ္အရြယ္ေကာင္ဆိုးေလးက ကေလးေပါက္စေလးလို အစ္ကိုျဖစ္သူနဲ႔ အေဖျဖစ္သူကို စိတ္ဆိုးေနေလရဲ့ ။

" သားသား .. "

" ပါးပါး လြမ္းေနတာ ... Daddy ေရာ ဟင္ .. "

" သား daddy က အေပၚမွာ ရိွတယ္ ..  ပါးပါးကို လြမ္းတယ္ဆိုတဲ့လူက ေခၚခိုင္းမွပဲ ေပၚလာေတာ့တယ္ .. "

" ဟီး မဟုတ္ပါဘူး ပါးပါးရဲ့ ..  သားက မအားေသးလို႔ပါ .. "

" ဟုတ္ပါၿပီ လာ .. အထဲသြားရေအာင္ ဒီေန့ ပါးပါးက သားႀကိဳက္တာေတြ ခ်က္ထားတယ္ .. "

" အားးးး ဒါေၾကာင့္မို႔ ပါးပါးကိုခ်စ္တာ ... "

" ခြၽဲေနျပန္ပါၿပီ .. "

" ဟီး .. "

" သားငယ္ထြဋ္ထြဋ္ ..  ဘာရပ္လုပ္ေနတာလဲ လာေလ သား .. "

" မသိပါဘူး သူ႔သားႀကီးေရာက္လာေတာ့ အၿမဲတမ္းအေဖာ္ျပဳေပးေနတဲ့ ဒီသားငယ္ကိုမ်ား ေမ့သြားသလားလို႔ .. "

" တစ္စံုတစ္ေယာက္ေတာ့ သ၀န္တိုေနပါၿပီ ပါးပါးေရ .. "

သူ႔ကိုစလိုက္ေတာ့ စိတ္ေကာက္ကာ အိမ္ထဲ၀င္သြားတဲ့ ထြဋ္ထြဋ္က X-ray ရဲ့ လူဆိုးေကာင္ေလးဆိုတာ ယံုဖြယ္မရိွ ။

" သားႀကီးေရာက္ေနၿပီလား .. "

" ဟုတ္ Daddy ေနေကာင္းတယ္မလား .. "

" Daddy ေနေကာင္းမေကာင္းကိုေတာ့ မင္းပါးပါးသာ ေမးၾကည့္လွည့္ .. "

" ဟာ ! ေမာင့္ !!! "

ဟားဟားဟား !!!

ပါးပါးကိုစၿပီး  ရယ္ေနတဲ့ Daddy က လံုး၀ကို မိသားစုအတြက္ အားထားရတဲ့ လူႀကီးတစ္ေယာက္ပင္ ။

47 ႏွစ္ရိွၿပီျဖစ္တဲ့ Daddy က အသက္ႀကီးမွ ပိုၿပီး ခန္႔ညားလာတာ အမွန္ ။
ပါးပါးကေတာ့ 52 ဆိုေပမယ့္ ေခတ္နဲ႔ဆို ညီအစ္ကို အရြယ္သာ ။

ဒါေၾကာင့္လဲ Daddy က ပါးပါးကိုဆို ဘယ္ေတာ့မွ စိတ္မခ် ။

သားေတြသာ ဘယ္သူဆြဲဆြဲဆိုေပမယ့္ သူ႔အသည္းအသက္က် နည္းနည္းမွ ေပးမထိ ။

" ကဲ ေတာ္ၿပီ .. သားေရာ ထြဋ္ထြဋ္ေရာလာ ထမင္းစားၾကရေအာင္ .. "

" အခ်စ္ .. "

" ဟင္ ေမာင္ ... ေျပာေလ "

" ဘာလို႔လဲ ... "

" ဘာကိုတုန္း ေမာင္ရဲ့ .. "

" ဘာလို႔ ထမင္းစားဖို႔က် ေမာင့္ကိုေရာ မေခၚတာလဲလို႔ !! "

လြန္း ေမာင့္စကားေၾကာင့္ သားတို႔ဘက္ကို မ်က္ႏွာ ပူစြာျဖင့္ လွည့္ၾကည့္လိုက္မိသည္ ။
သားတို႔က ၿပံဳးစိစိမ်က္ႏွာထားႏွင့္ ထြဋ္ထြဋ္က သားႀကီးကိုေခၚကာ ထမင္းစားခန္းဘက္ ၀င္သြားေတာ့သည္ ။

ထိုအခါမွ ေမာင့္အနားကို တိုးသြားၿပီး ဗိုက္ေၾကာကို လိမ္ဆြဲျပစ္လိုက္သည္ ။

အဲ့ေမာင္ဟာေလ တကယ္ပါပဲ ...

" အားးး နာတယ္အခ်စ္ရဲ့ .. "

" တိတ္ !! ဘာတုန္း ကေလးေတြေရ႔ွမွာ မရွက္ဘူးလား ေမာင္ .. "

" ဘာလို႔ရွက္ရမွာလဲ ေမာင့္အခ်စ္ရဲ့ ... ေမာင့္အမ်ိဳးသားေလးကို ေမာင္ကပ္တာပဲဟာ ... "

"  ဟာ ေမာင္ကလဲ ... ေတာ္ၿပီ! လာေတာ့ သားတို႔ေတာင္ စားေနၾကၿပီလား မသိဘူး .. "

မ်က္ႏွာႀကီးနီရဲစြာနဲ႔ အရွက္ပိုေနတဲ့ လြန္းကို ၾကည့္ရင္း အခ်စ္ပိုရျပန္သည္ ။

ဒီအမ်ိဳးသားေလးဟာ သူ႔အပိုင္တဲ့ေလ .. ။

ထို႔ေနာက္ လြန္းလက္ကိုဆြဲၿပီး ထမင္းစားခန္းထဲသို႔ ၀င္သြားလိုက္ၾကသည္ ။

မဆံုတာၾကာၿပီျဖစ္တဲ့ မိသားစုထမင္းဝိုင္းက စကားေျပာသံ ၊ ဇြန္းခရင္းသံေတြနဲ႔ ေနြးေထြးဖြယ္ အတိ ။

ထမင္းစားၿပီးခ်ိန္၌ ပါးပါးက အခ်ိဳတည္းဖို႔ သစ္သီးတစ္ခ်ိဳ႕ျပင္ေပးေနတုန္း ေခတ္ရယ္ ထြဋ္ထြဋ္ရယ္ Daddy ရယ္က အလုပ္ကိစၥေဆြးေနြးေနလိုက္ၾကသည္ ။

ပါးပါးမလာခင္ ေခတ္ေျပာစရာရိွတာ တစ္ခ်ိဳ႕ကို အရင္ ေျပာထားမွ ျဖစ္မည္ ။

မဟုတ္ရင္ ပါးပါးရဲ့ စိတ္ပူတတ္ပံုနဲ႔ ေခတ္အိမ္ျပန္လာေနရမွာ မလြဲ ။

" Daddy  "

" ေျပာ သားႀကီး .. ဘာကိစၥရိွလို႔လဲ .. "

" သား .. bodyguard ထားရင္ ေကာင္းမလားလို႔ပါ .. "

ထိုအခါ Daddy နဲ႔ ထြဋ္ထြဋ္က သူ႔မ်က္ႏွာကို ေလးနက္စြာၾကည့္လာသည္ ။

" တစ္ခုခုျဖစ္လို႔လား သားႀကီး ... "

" ဘာျဖစ္လို႔လဲ ကိုကို ... ကြၽန္ေတာ္လာေစာင့္ေပးရမလား ကိုကို႔ condo ဆီ .. "

" အဲ့ေလာက္ႀကီး မလိုပါဘူး ထြဋ္ထြဋ္ရဲ့ ..
ဒီလိုပါ Daddy ဒီရက္ပိုင္း သားစိတ္ထဲ သိပ္မလံုၿခံဳလို႔ပါ အဲ့တာ  သား ဒီတိုင္း Bodyguard  ထားထားတာက ပိုၿပီးကာကြယ္ရာက်မလားလို႔ပါ ... "

" အင္း .. သားႀကီးလိုခ်င္တယ္ဆို Daddy ရွာေပးထားပါ့မယ္ ... သားငယ္ဆီကေနေတာ့ မယူဘူးမလား ... "

" ဟုတ္ကဲ့ Daddy ! "

" ဒီသားဖေတြ ဘာေတြ​ေလေကာင္းေနၾကတာတုန္း .. "

ထိုအခ်ိန္ ပါးပါးက သစ္သီးပန္းကန္ကိုင္ၿပီး ထြက္လာတာမလို႔ Daddy က သူ႔ေဘးက ေနရာကို ေရြ့ေပးသည္ ။

ထြဋ္ထြဋ္ကေတာ့ Daddy ကို လွမ္းၾကည့္ေတာ့ Daddy က မ်က္ခံုးပင့္ျပသည္ ။

ေခတ္နဲ႔ပါးပါးကေတာ့ ခိုးရယ္ေနလိုက္ေတာ့သည္ ။

" ဘာမွမဟုတ္ပါဘူး ပါးပါးရဲ့ .. စီးပြားေရး ကိစၥေလး ဘာညာ ေပါ့ ... ဒါနဲ႔ ပါးပါးသိလား .. Daddy ကေလ ဟိုေန့က Ig story မွာ ပါးပါးအိပ္ေနတဲ့ပံုေလးတင္ထားတာ .. ဝါးးး သားေတြထက္ေတာင္ ႏုေနေသးတယ္ဆိုၿပီး သားဆီ ပါးပါး Ig acc လာေတာင္းေနၾကတယ္ ... "

" အဟမ္း ...  သားႀကီး .. ! "

" ဗ်ာ Daddy ..  အဟီး .. သားမေပးလိုက္ပါဘူး Daddy ရဲ့ ... သားတို႔ Daddy ႀကီးတစ္ေယာက္လံုးရိွေနတာကိုေနာ္ .. ပါးပါးက Daddy အပိုင္ပဲဟာ .. "

ေဘးက ပါးပါးက မ်က္ႏွာႀကီးနီရဲစြာ အရွက္ပိုေနၿပီး Daddy ကေတာ့ ဂုဏ္ဆာေနတဲ့ အၿပံဳးႀကီးနဲ႔ .. ။

ခြီး .. *

ေဘးက ထြဋ္ထြဋ္ကေတာ့ အခြၽန္နဲ႔မေတာ့မယ့္ အေနအထားမလို႔ စကားလမ္းေၾကာင္း အျမန္ေျပာင္းယူရတယ္ ။

" ဒါနဲ႔ သားႀကီး ဒီည ဒီမွာ ညအိပ္မွာလား .. "

" အာ .. ဟုတ္ အိပ္လိုက္မယ္ေလ ပါးပါး ဒီည .. "

" အြန္းအြန္း .. ဒါဆို ညက်မွ ေအးေဆးစကားေျပာၾကမယ္ ... "

" ဟုတ္ကဲ့ပါးပါး ... "

ထို႔ေနာက္တြင္ေတာ့ အိမ္ေလးရဲ့ မိသားစု စကားဝိုင္းေလးက ေနြးေထြးစြာနဲ႔ အသက္၀င္လ်က္ရိွေနေတာ့သည္ ။

********
********

တစ္ပတ္ခန္႔ၾကာၿပီးေနာက္ .....

Ting Tong ... Ting Tong ....

ေခတ္ Condo တြင္ အလုပ္သြားရန္ ျပင္ဆင္ေနတုန္း အခန္းေရ႔ွ ဘဲလ္သီးသံေၾကာင့္ တံခါးဖြင့္လိုက္မိသည္ ။

တံခါးအဖြင့္မွာပဲ မိမိအခန္းေရ႔ွမွာ ရပ္ေနတဲ့သူေၾကာင့္ ဘယ္ဘက္ရင္အံုက ႏွလံုးခုန္သံဟာ တဒိတ္ဒိတ္ ျမည္ဟီးလ်က္ .... ။

******** --------- *********

Greyer🤍
Oct , 19 ,  2022 (Wed)

Hello အဲဗရီးဘာတီ အထြန္းျပန္လာပါၿပီ ဟီး><


Comment