Part 14

ဒီပါနှင့် ဖီဖီလဲ ရန်ကုန်မြို့မှာစိတ်ကြိုက်လည်ခဲ့ပြီး အထည်တွေလဲ ရပြီဆိုတော့ ရွာကိုပြန်ခဲ့ကြလေသည်

“ဟယ် သား ရောက်ပြီလား”

“ရောက်ပါပြီဗျာ ဒါနဲ့ ရွာကို ရပ်ဝေးဧည့်သည်တွေရောက်ကြပြီလား”

“ရောက်ပြီသားရဲ့ မနက်ဖြန် လပြည့်နေ့ဆိုတော့ ဒီနေ့တော်တော်များများရောက်ကြတယ် မနေ့ကရောက်တဲ့ လူတွေလဲရှိတယ်”

“ဟုတ်ပါပြီဗျာ အမေ့ဧည့်သည်တွေရော ဒီနှစ်လာဦးမှာလား”

သားအမေးကို ဒေါ်မြတင့် ခပ်ပြုံးပြုံးလေးဖြင့်ကြည့်ကာ မနှစ်ကတုန်းကတော့ ပွဲရုံကမိတ်ဆွေအပေါင်းအသင်းတွေရွာကို အများအပြားလိုက်လည်ကြသည် ဒီနှစ်တော့ ဒီရွာကိုမလာဘဲ မွေးရပ်မြေကိုသာ အသီးသီးပြန်ကြလေသည်
“အမေ့ဧည့်သည်တစ်ဦးတော့ လာမလားမသိဘူး ဒါနဲ့ မင်းအဖေရော”

“အဖေက လှည်းနဲ့ပြန်မလိုက်ချင်ဘူးတဲ့ ရွာရောက်ပါးနီး ခပ်လှမ်းလှမ်းနားမှာ ဆင်းနေခဲ့တာ ရွာနဲ့ဝေးနေတော့ လျှောက်ကြည့်ချင်တာထင်ပါတယ်ဗျာ”

“အေးအေး မင်းအဖေတော့ ဘာတွေများလှည့်ပတ်ကြည့်ချင်နေရတာလဲ သားဖီဖီ့ကိုရောပို့ထားခဲ့ပြီးပြီလား”

“ပို့ထားခဲ့ပါပြီးပြီဗျာ အမေက အဖေ့ကို အူတိုနေတာဟုတ်လား ရေချိုးချည်တော့မယ်”

“အော် ဒီကလေး”

ပြောချင်တာပြောပြီး ထွက်သွားသည့် သားတော်မောင်ဒီပါကို ကြည့်ပြီး မြတင့်မှာပြုံးမိလေသည်
“မအေး ဒီမှာ မအေးအတွက်လက်ဆောင်ဝယ်ခဲ့တယ်”

“ဟယ်လှလိုက်တာ အဟိ မင်္ဂလာဆောင်ဆိုင်ဝင်နေ့ကြရင် ဒါလေးချုပ်ဝတ်ရမယ်”

ပန်းရောင်ဝမ်းဆက်လေးကို မိအေးကိုင်ကာပြုံးရင်းပြောနေလေသည်

“ဟောရှင့် ဘယ်သူ့မင်္ဂလာဆောင်တုန်း မအေးမှန်မှန်ပြောနော် ကိုနိုင်လင်းကြီးက လာပြောနေပြီလား”

လွတ်ခနဲထွက်သွားသည့် စကားကြောင့် မိအေးကိုယ့်ပါးစပ်ကိုယ်ပြန်ပိတ်လိုက်ကာ

“ဟဲဟဲ ဘားမှမဟုတ်ပါဘူး ဖီဖီရယ် သွားရေချိုးချည်တော့ ခရီးကပြန်လာတာဆိုတော့ ပမ်းနေမှာပေါ့”

“ဟုတ်ဟုတ်”

.............................................
“ယွနေတာဘဲတော့် မုန့်တွေကတော့”

“ဒို့ရွာက လုပ်တဲ့မုန့်တိုင်း မကောင်းတဲ့နှစ်များရှိလို့လားကွယ်”

အသက်လေးဆယ်ကျော်အရွယ်ရှိသောလူကြီးတွေစုကာ ရွာဘုန်းကြီးကျောင်းမှာ မုန့်စားရင်း စကားစမြည်းပြောနေကြလေသည်

ရွာသာယာရဲ့ဓလေ့သည် သီတင်းကျွတ်ပါးနိးပြီဆိုလျှင် အိမ်တိုင်းအိမ်တိုင်း မုန့်တွေကို ပျော်ပျော်ပါးပါးစုလုပ်ကြလေသည်
လုပ်သည့် မုန့်တွေက ပဲခွေကြော်၊ထပ်တစ်ရာ၊ဂေါ်လမန်း အဲ့တာတွေကို အဓိကထားလုပ်ကြလေသည်(ထပ်တစ်ရာဆိုတာ လက်ဖက်ရည်မှာရတဲ့မုန့်မျိုးပြောတာမဟုတ်ပါဘူးနော် ခါဂျာမုန့်လို့ခေါ်ထားလားမသိဘူး လွမ်းငယ်တို့ဆီမှာတော့ ထပ်တစ်ရာဆိုပြီးသုံးလို့ပါရှင့်) ရွာကိုရောက်လာကြသည့် ဧည့်သည်တွေကို ဘုန်းကြီးကျောင်းတွင် ညအိပ်လက်ခံကာ ရွာထဲကလုပ်ထားသည့်မုန့်တွေကိုလဲ ထိုဧည့်သည်တွေအတွက် ဧည့်ခင်းကြသည့် ချစ်စရာဓလေ့လေးဖြစ်သည်

“ဒီရွာလာရင် မုန့်တွေ အမြဲဧည့်ခံနေကြတာ အရသာကထူးတယ်ရှင်”

“အားမနာဘဲ စားကြစမ်းပါရှင် မြို့ကလူတွေလို အသုံးနှုန်းမလှပေမယ့် သဘောကောင်းတာသိပါတယ်နော်”

“ဟား ဟား ဟား ဟုတ်ပါ့ ဟုတ်ပါ့”

ယောကျာ်သားတစ်ဝိုင်း မိန်းမသားတစ်ဝိုင်း စုကာ စကားပြောနေကြသည့်နေရာလေးဖြစ်သည်
ထိုစကားသ့တွေကတော့ မိန်းမဝိုင်းတွေဘက်က ထွက်သည့် အသံဖြစ်လေသည်
ရပ်ဝေးရပ်နီးက ဧည့်သည်တွေနဲ့ ရွာထဲကလူတွေစကားပြောသည့် နေ့လို့တောင်ခေါ်လို့ရလေသည် ကိုယ့်ရွာလာတဲ့ ဧည့်သည်ကို လက်ခံစကားပြောနေကြတယ်လို့ဘဲ အရှင်းဆုံးပြောရမှာပေါ့

“ဒါနဲ့ ကျုပ်တို့ကြားတာ ဒီရွာသူကြီး မိန်းမယူတော့မယ်ဆို မနက်ဖြန်တောင် ပွဲမှာ ပါမယ်ကြားတာ ကျုပ်တို့ဖြင့် ကြည့်ချင်လွန်းလို့ မြန်မြန်လာခဲ့ရတာဘဲ”

“ဟုတ်တယ် ဟုတ်တယ် သူကြီးတွဲနေတာ မတုတ်အိမ်မှာတည်းနေတဲ့ မြို့ကဖီဖီတဲ့”

ထိုဝိုင်းထဲတွင် ဒေါ်တုတ်လဲ ရှိနေသည်ဆိုလျှင်မမှားပေ

“အလိုတော် သူကြီးကြိုက်တဲ့မိန်းကလေးကို မြင်ချင်စမ်းပါတယ်တော်”

ဒေါ်တုတ်လဲ တစ်ယောက်တစ်ပေါက်ပြောနေကြသည့်စကားဝိုင်းထဲတွင် ပြုံးပြုံးလေးခေါင်းငြိမ့်ကာနားထောင်နေလေသည်

“ကျွန်မတို့ကတော့ မနက်ဖြန်ကို ရောက်ချင်စမ်းပါဘိ သူကြီးမိန်းကလေးကြည့်ချင်စမ်းလှပါတယ်”

“ဟား ..ဟား..ဟား”

............................

“ဖီဖီရေ သမီး ဖီဖီ”

မိအေးနဲ့ ဖီဖီထမင်းစားပြီးလို့ အိမ်ရှေ့က တန်းလျားလေးမှာ စကားပြောနေတုန်း ခြံဝင်းရှေ့တွင် ရောက်လာသည့် ဒေါ်မြတင့်ကြောင့် စကားပြောနေတာလေးပင်ပြတ်သွားကြလေသည်

“ရှင် ဝင်ခဲ့လေ အရီးမြတင့်”

“အေးကွယ်’

“အဒေါ်မြတင့် စကားပြောကြဦးနော် မိအေးရေနွေးကြမ်းလေးယူချည်ဦးမယ်”

‘အေးအေး”

မိအေးကတော့ ရေနွေးကြမ်းယူဆိုပြီး လှည့်ထွက်လာခဲ့လေသည် အဒေါ်မြတင့်ဟာ အကြောင်းထူး၍ အိမ်လာတာကိုလဲ ရိပ်မိပါသည်

“အရီးမြတင့် ဘာများပြောစရာရှိလဲဟင်”

“အေးကွယ် ပြောစရာရှိလို့လာခဲ့တာဘဲ”

ဖီဖီကတော့ မြတင့်ကိုတောင် စေ့စေ့မကြည့်ရဲဘဲ ခေါင်းလေးငုံ့ကာ ကြောက်နေမိသည် သူ့အတွေးတွင်တော့ ဒီဒီနဲ့ သဘောမတူလို့များဒီထိလာပြောသလားဆိုတာမျိုး တွေးနေမိသည်

“သမီး အရီးကို အမှန်တိုင်းပြောနော် သမီးဟာ ရန်ကုန်က ဦးတေဇသမီးဆိုတာ ဂုဏ်ရှိ ငွေရှိအသိုင်းဝိုင်းက ဟုတ်လား ဒီကိုအိမ်ကပေးစားတဲ့သူနဲ့ မယူချင်လို့ ရောက်လာတာမဟုတ်လား”

“ရှင် အရီးမြတင့် ဘယ်လိုသိတာလဲဟင်”

ငုံ့ထားသည့် ဖီဖီ့ခေါင်းလေးပင် ပြန်မော့လာပြီး မျက်လုံးလေးတွေကလဲ အဝိုင်းသားပင်

“အဟင်းဟင်း အစကတော့ရိပ်မိရုံပါဘဲကွယ် သမီးနဲ့ သဘောတူတယ်သူဆိုတာ တစ်ခြားသူမဟုတ်ဘူး ဒီပါဘဲ ဟိုနေ့ကမှ ကိုတေဇနဲ့ ဖုန်းပြောဖြစ်ရင်း ဒီအကြောင်းစပ်မိသွားကြတာ မနက်ဖြန်ဆို ကိုတေဇဒီကိုရောက်မှာ”

“ဟင် ဟုတ်လား ဒယ်ဒီသိသွားပြီလား ဒယ်ဒီက သမီးကို စိတ်ဆိုးနေတာ သမီးကို အိမ်ပြန်ခေါ်သွားမလားမသိဘူးနော် သမီးဒီရွာလေးမှာ ပျော်တယ်အရီးမြတင့် ပြီးတော့ ဟို ဒီဒီ့ကိုလဲ ခွဲမသွားနိုင်ဘူး"

ဖီဖီ့မျက်လုံးလေးတွေဟာ စိုးရိမ်မှုတွေအပြည့်သား

“အိုကွယ် သမီးကို ခေါ်မို့လာတာမဟုတ်ပါဘူး သမီးနဲ့ ဒီပါနဲ့ကို ရွာအခါတော်မှာပါမယ်ဆိုလို့ ကိုတေဇက လာကြည့်မှာ”

“ဟီး ဟီး ပျော်လိုက်တာ ဒါနဲ့လေ အရီးမြတင့် အဲ့ကိစ္စတွေကို ဒီဒီရောသိပြီးပြီလားဟင်”

“မပြောသေးပါဘူးတော် သမီးဘဲ ပြောပြလိုက်တော့ ဝမ်းသာနေမှာ အသေချာဘဲ”

“ဟုတ် ဟုတ် အဲ့ဆို သမီးပြောပြလိုက်မယ်နော် ဒီဒီတော့ ပျော်နေမှာဘဲ”

ဒီဒီ ဖီဖီဆက်ပြီးလိမ်စရာလဲ မလိုတော့ဘူး အိမ်ကလဲကြည်ဖြူပြီ ငယ် ပြောပြလိုက်ရင် ဒီဒီဘယ်လောက်များ ဝမ်းသာလိမ့်မလဲ...

အတွေးလဲနဲ့တင် ကြည်နူးမိတယ် ဒီဒီရယ်..

...............................

အချစ်တွေယူ .💖

ရည်းစားမရှိဘဲ အသည်းကွဲနေလို့ update မမှန်တာပါနော် ဒီဘက်မှာ မိုးအေးတော့ မရှိတဲ့ရည်းစားကိုတမ်းတပြီး စာလဲ မရေးနိုင်ဖြစ်နေလို့ပါ🙁

မိုးအေးရင် အသည်းကွဲလာရော🤢

Zawgyi


ဟယ် သား ရောက်ပြီလား








အော် ဒီကလေး







ဟုတ်ဟုတ်

.............................................














ဟား ..ဟား..ဟား

............................

ဖီဖီရေ သမီး ဖီဖီ



အေးကွယ်


အေးအေး

















...............................

အချစ်တွေယူ .



Comment