ကိုကိုချစ်​သော ကျွန်​တော့်​မွေးရပ်​မြေ

အပိုင်း (1)

သာယာ​​သောမနက်ခင်းတစ်ခုတွင်အ​ရှေ့ရပ်မှ​​နေမင်းကြီးသည်လူသား​တေလိုအပ်တဲ့စွမ်းအင်​​တေ​ပေးဖို့ရာ
ထွက်​ပေါ်လာ​တော့မယ်

နယ်မြို့​လေးရဲ့ရပ်ကွက်ငယ်​လေးတစ်ခုမာ​တော့ကိုယ်စီတာဝန်အသီးသီးနဲ့ဝမ်း​ရေးအတွက်ရှာ​ဖွေဖို့စတင်လှုပ်ရှားရပီ

နွားနို့လှည့်ပီးပို့​ပေးတဲ့ညီညီတစ်​ယောက်အမှာများကိုလိုက်ပို့​ပေး​နေပီ​ ​ရောင်ချမ်းတို့အိမ်ရဲ့ မျက်​စောင်းထိုးမာ ဆီဆုံရှိတာမို့ မနက်၄နာရီဆို စက်ရဲ့လှည့်ပတ်သံကမဆူညံ​ပေ​မေဲ့ ​ရေး​ရေးက​လေးကြား​နေရပီ
လမ်းထွက်​လျှောက်သူများလည်း​တွေ့ရ​​လေပီ   မနက်ခင်းရဲ့အစမာကိုယ်စီကိုယ်စီအလုပ်သွားဖို့ပြင်ဆင်ရတဲ့သူ​တေနဲ့လမ်းထိပ်ကလက်ဖက်ရည်ဆိုင်လည်းဝယ်သူတန်းစီ​နေရပီ​ပေါ့

'သမီး ​အေဒီ​ရေ  ​ဘုရားပန်း​တေလဲပီးပီလား သမီး​မောင်ကိုသွားနိုးလိုက်ပါအုံး ဒီ​ကောင်​လေးသူ့ရဲ့ပန်းခင်းကိုမသွားတော့ဘူးလား'

"ဟုတ် ​မေ​မေ ​မောင်​လေးကညကပန်း​တေအ​ဒေါ်ချစ်တို့အိမ်ကိုသွားပို့ပီးစည်း​ပေးရ​တော့​ညဥ့်နက်မှပြန်​ရောက်​တော့အိပ်ရာဝင်​နောက်ကျတယ်ထင်တယ်​မေ​မေရဲ့"

'အဲဒါဆိုမနှိုးနဲ့အုံး သမီး​ဖေ​ဖေလည်းလမ်း​လျှောက်ထွက်တာပြန်လာ​တော့မယ်မနက်စာစားရ​အောင်သမီးအစ်မကိုသွား​ခေါ်လိုက်ပါအုံး 'ဟုတ်​မေ​မေ ဆိုပီး ​

အေဒီ​မော်တစ်​ယောက် သူ့အစ်မဖြစ်သူ  အခန်းသို့ တက်သွား​လေပီ

'​ဒေါက် ​ဒေါက်' မမဆု ​​ရေ ​မေ​မေကပီးရင်မနက်စာစားမယ်တဲ့မမဆင်းခဲ့​နော် ​စောင့်​နေမယ်

ညီမဖြစ်သူ ​အေဒီ​​မော် အသံကြားပီး အလုပ်သွားဖို့ပြင်ဆင်​နေတဲ့ ဆုဒီ​​မော်တစ်​ယောက်  ထုံးဖွဲ့ပီးသားဆံထုံးကိုဆံအုပ်တပ်ပီးသည်နှင့်

ပီးပီညီမ​လေး​ရေ မမလာခဲ့မယ်​နော် အခန်းထဲမှ ​​အော်​ပြောလိုက်သည်

ဒါက​တော့ ​ရောင်ချမ်းတို့မိသားစု​လေးရဲ့​နေ့စဥ်မပျက်မိသားစုစုံလင်စွာ မနက်စာ စားခြင်းပါဘဲ

ဧရာ​​ရောင်ချမ်းရဲ့​ဖေ​ဖေက​ကျောင်းအုပ်ဆရာကြီးဖြစ်ပီး​မိခင်ဖြစ်သူက​တော့သူ့ညီအစ်မ​တေနဲ့အတူ ကုန်တိုက်တစ်ခုဖွင့်ထားပါတယ်

မိသားစုဝင်စုစု​ပေါင်း​ခြောက်ယောက်ရှိပီး အစ်မနှစ်​ယောက်နှင့်အကိုတစ်​ယောက် သူက​တော့အငယ်ဆုံးသားဖြစ်ပီး အိမ်ရဲ့ဆည်းလည်း​လေးဆိုလည်းမမှားဘူး​ပေါ့

​'ဟော ​ဖေ​ဖေလမ်း​လျှောက်ပြန်လာပီ သမီးထမင်းပွဲပြင်လိုက်​တော့မယ်  'ဟု အစ်မကြီးဖြစ်တဲ့ဆုဒီ​မော်က ​ရေတစ်ခွက်သူ့အ​ဖေကိုခပ်​​ပေးရင်း ​ပြောလာသည်

​မေ​မေလည်းဘုရားဝတ်ပြုပီးပီဆို​တော့ သမီးတို့စားကြတာ​ပေါ့

ထမင်းဝိုင်းတွင်လူစုံထိုင်ရင်း သား ဧရာ​​​ရော ဟု  အ​ဖေဖြစ်သူ ဦးစိုင်းမင်း​ရောင် ​မေးလိုက်​သောအခါ

"​မောင်​လေးကညကပန်း​တေသွားပို့တာ ညဥ့်နက်သွားလို့
မနှိုး​တော့တာ​ဖေ​ဖေ"ဟု  သမီးဖြစ်သူ​အေဒီက​​ဖြေလိုက်သည်

​​ဖေ​ဖေကမိသားစုဆိုတာ ထမင်းကိုလက်စုံစားရတယ်မိသားစုစုံစုံလင်လင်စားမှ ထမင်းပိုမြိန်တယ်လို့ ​ငယ်ငယ်ကတည်း ​ရောင်ချမ်းတို့​မောင်နှမတစ်​တွေကို သင်ပြ​ပေးတယ်

တစ်​နေ့ကိုထမင်းသုံးနပ်​​ဖေ​ဖေတို့စားတယ် သုံးကြိမ်လုံး လက်စုံမစားနိုင်ရင်​တောင် တစ်​နေ့တခါ​​တော့ လက်စုံစားကြရမယ် တဲ့

ဦးစိုင်းမင်း​ရောင်​ပြောရင်း ​လှေခါးမှ ​ရောင်ချမ်းတစ်​ယောက်ဆင်းလာပီး 

​မေ​မေ ​မောနီးဒယ်ဒီ ​မောနီး သားရဲ့ချစ်ဆုံးမမနှစ်​ယောက်​ရော ​မောနီး ဆိုပီး ​ကောင်ဆိုး​လေးတစ်​ယောက်က​တော့  ​နောက်ကျမှ ထလာရလို့ စပီးချွဲနေပါပီ

အစ်မဖြစ်သူ နှစ်​ယောက်က​တော့ ​ သူတို့ရဲ့အသဲအသက်မောင်အငယ်ဆုံး​လေးကိုကြည့်ပီး မနိုင်ရန်​ကောဆိုပီး

အကြည့်နဲ့ လာပီလား " ဒီမာလာထိုင် မွန်း​လေး " အစ်မဖြစ်သူ ​အေဒီ​မော် ​ခေါ်လိုက်​တော့ 

မမ သားကို ဘာလို့လာမနိုးတာလဲ ခု​တော့ကြည့် သားကို​တောင်မ​စောင့်ဘူး

စား​နေကြပီ ​ ဟု မောင်ဖြစ်သူ၏ စိတ်ဆိုးမမည်သည့်  မျက်နှာစူပုတ်ပီး စိတ်​ကောက်​နေမှုကို ​ 

ကျန်သူများကပြုံးစိစိ မျက်နှာ​ပေးများဖြင့်  'သားက​နောက်ကျမှအိပ်ရာဝင်တယ်​ပြောလို့ ​မေ​မေက မနိုးခိုင်းတာ သားရဲ့ '

မိခင်ဖြစ်သူ​ဒေါ်သူဇာ ဝင်​ပြောကာမှ ဟွန့် တချက်တွန့်ပီး
မနက်စာကိုဆက်စားကြတယ်

​ဒါက​တော့ ​ကျွန်​တော်ရဲ့ ချစ်စရာ​ကောင်းတဲ့မိသားစု​လေး​ပေါ့ ​​မနက်စာကိုမိသားစုစုံလင်မှသာစား​လေ့ရှိတဲ့​ဖေ​ဖေ​ကြောင့် ကျွန်​တော်ကအ​စောထ မျက်နှာသစ် ပြင်ဆင်ပီး ဆင်းလာရတာပါဘဲ

ကျွန်​တော့်မာ အစ်မနှစ်​ယောက်ရှိတယ် မကြီးက ​ကျောင်းဆရာမဖြစ်ပီး မမငယ်က​တော့ ဂျူတာ ဖြစ်ဖို့​ဖြေထားသူတစ်​ယောက်​ပေါ့

​ဖေ​ဖေနဲ့မကြီးက ​တစ်ကျောင်းတည်းတာဝန်ကျ​တော့
အလုပ်သွားအလုပ်ပြန်အတွက် အဆင်​ပြေသည်

မာမီက​  သူ့ညီမများနှင့်အတူ kyel Sin  martဖွင်ထားသည်သုံးလွှာကိုမှ ကုန်ပစ္စည်း မျိုးစုံ အလှကုန် ​ကျောင်းသုံးပစ္စည်း အစုံရတဲ့mart တစ်ခု​ပေါ့
​သူ့ရဲ့ညီအစ်မဖြစ်သူ​တေကိုသာ လုပ်ငန်း​တေကို ဦးစီး​စေပီး   ​မေ​မေကလိုအပ်မှသာကုန်တိုက်ကိုတခါတ​​လေသွားပါတယ်

Maths major  တတိယနှစ်ကျွန်​တော်က​တော့ခုကday တက်​နေတာဖြစ်ပီးthird yrsပီးလို့ ခဏနားရတယ်

ကျွန်​တော်​မွေးတုန်းက ​မေ​မေရဲ့အ​ဖေ ဘကြီးရဲ့ပန်းခင်းကပန်း​တေအကုန်လုံးဖူးပွင့်ကြပီးနှင်းဆီပန်းခင်းကြီးကလည်း အ​ရောင်​သွေးစုံလင်စွာ ဖူးပွင့်ကြသတဲ့

ကိုရီးယားသ​ပြေ​တေကလည်း အညွှန့်တလူလူနဲ့ သိပ်ကိုကြည့်​ကောင်းတဲ့မြင်ကွင်းဘဲ က​လေးရဲ့ ဆိုပီး ဘကြီးရဲ့ ကျွန်​တော်​မွေးတဲ့အချိန်​ကို ​ပြောပြ​နေတုန်းက

ဘကြီးရဲ့မျက်ဝန်း​တေထဲမာ ကြည်နူးမှုအပြည့် ခု​တော့ဘကြီးကမရှိ​တော့ပါဘူး ကျွန်​တော်အသက် ၁၂နှစ်ကတည်းက ဆုံးပါးသွားခဲ့ပီ​လေ

အဲဒီ​နေ့မာဘဲဂန္ဓမာပန်း ပျိုးတစ်ရာ ​ရောင်းထွက်ခဲ့တယ်
ဘကြီး ကံ​ကောင်းခြင်း​တေယူ​ဆောင်လာတဲ့က​လေး​လေး ဟို​ကောင်းကင်​​ပေါ်က လမင်းကြီးကထိန်ထိန်သာ​နေတယ်

ဘဘကမင်းကို ဒီပန်းခင်းကြီးအပိုင်​ပေးမယ်​လေ ဆိုပီး ​မွေးကတည်းက ပန်းခင်းပိုင်ရှင်​လေးဖြစ်​နေခဲ့တဲ့ ​ကောင်​လေး အစ်မ​တေကလ​ရောင်လို​အေးမြပီး နှာ​ခေါင်းလုံးလုံး​လေး​ပေါ်က မှဲ့​လေးကအသက်ဆိုပီး ချစ်စနိုးနဲ့
Moon (  မွန်း ပီးပြည့်စုံ​သော ဆိုပီး)  မွန်းလို့သာ​ခေါ်တွင်ခဲ့တယ်


ရောင်ချမ်းက သူ့မိသားစုကို အရမ်းချစ်တယ်  ​ဖေ​ဖေက​ကျောင်းအုပ်ပီပီစည်းကမ်းကြီးပါတယ်

တခါတ​လေ မွန်း night outထွက်ရင်​တောင် ၁၀နာရီထက်​နောက်မကျရ  ဂိမ်းအလွန်ကျွံလည်းမ​ဆော့ရဲ​ပေ ပူဆာသမျှအလိုလိုက် လုပ်​ပေး​ပေမဲ့  ​ဖေ​ဖေချမှတ်ထားတဲ့စည်းကမ်း​တေကို​တော့ ​ မွန်းလိုက်နာရပါသည်

​ကျွန်​တော်က စိတ်ကြည်​နေရင် သိသာပါတယ် ကျွန်​တော်ကိုကျွန်​တော် မွန်း ဆိုပီး သုံးတယ်​လေ

သူငယ်ချင်း​သုံး​ယောက်ရှိတယ် ညီ​ဇော် ညဏ်​သော် အမွှာနှစ်​ယောက်နှင့်မူယာနွယ် ဟု​ခေါ်​သော သူငယ်ချင်းမ​လေး အမွှာညီအစ်ကို​တေက ​ရောင်ချမ်းဟုသာ ​ခေါ်ကြပီး
ငယ်သူငယ်ချင်း မူယာမ က​တော့ ဧရာ​ရောင်ချမ်း ဟု အပြည့်ဝ​ခေါ်လိုက်ရမှ  ​​ ​ကျေနပ်လို့တဲ့ ဘာ​တေပီတိဖြစ်​နေလဲ​တော့ကျွန်​တော်မသိ

'သား ပန်းခင်းသွားအုံးမာလား   မသွားရင် ​မေ့​မေ့ကို​နောက်​ဘေးကနှင်းဆီပန်းအိုး​တေ အိမ်​ရှေ့ကို ​ရွေ့​ပေးပါအုံး '
" ဟုတ် ​မေ​မေသားည​​နေမှသွားမာ ဦး​လေး​လူ​​မော်လည်းရှိ​နေ​တော့ ​ရေသွင်း ​ပေါင်းရှင်းကို သားစိတ်ပူစရာမလို​တော့ဘူးသိလား "ဆိုပီး

အ​မေကိုဖတ်ပီး​ပြော​နေ​သောသားဖြစ်သူကို ​ဒေါ်သူဇာ ကြည့်ပီး ချစ်မဝဖြစ်ရသည်

ခင်ပွန်းဖြစ်သူနှင့်သမီးဖြစ်သူက​ အလုပ်သွားပီဖြစ်ပီး
​အေဒီက​တော့ ဂျူတာ​ဖြေထားတုန်းမို့  သူ့ဆရာအကူညီ​တောင်းလို့ guide သွားသင်ဖို့ပြင်ဆင်​နေ​လေရဲ့....

​မေ​မေ နဲ့ မွန်း​လေး သမီး သွားပီ​နော် ဟု နှုတ်ဆက်သံကြားမှ သားမိနှစ်​ယောက်ဖတ်​နေရာမှခွာပီး

"မမ  ကျွန်​တော်လိုက်ပို့ရမလား" ဟု ​မောင်ဖြစ်သူ၏ အ​မေးကို
အစ်မ​အေဒီ​မော်မှ '  ​ရပါတယ်ရှင့်​ကျေးဇူးတင်ပါတယ်​နော်  လိုက်ပို့စရာမလိုဘူး မွန်း​လေးရဲ့ မမသူငယ်ချင်းနဲ့အတူသွားရမာ ​မေ​မေ့ကိုဘဲ လိုက်ကပ်ပီးချွဲမ​နေနဲ့အုံး​နော် ဝိုင်းကူလုပ်​ပေးလိုက်အုံး'

ရယ်​မောရင်း​ပြော​နေကြပီး

သားက အစကတည်းကဝိုင်းကူမလို့ပါ​နော်  ဆိုပီး ​မောင်ဖြစ်သူရဲ့ ပတ်ကနဲ့ ပြန်​ပြောတာကို သ​ဘောကျရင်း
နှာ​ခေါင်းလုံးလုံး​​လေးကိုလက်က​လေးနဲ့ ဖွဖွ​​လေး ​​အေဒီဆွဲညှစ်လိုက်သည်

မမ !  ဆိုပီး ​​ရောင်ချမ်းစူပုတ်ပုတ်နဲ့​ခေါ်လိုက်​တော့
​တော်ပီ  မစ, ​တော့ဘူး ဆိုပီး ​မေ​မေ့တာတာ့ဆိုပီး ပါးကိုတစ်ချက်​မွှေးပီး အလုပ်သွားပါ​တော့တယ်

"ကဲ မျက်နှာကြီးစူပုတ်မ​နေနဲ့ မမကချစ်လို့စတာ သိရဲ့သားနဲ့"
သားကိုက​လေး​တေလို နှာ​ခေါင်းလိမ်ပီးလာဆွဲတာကိုး သားမှမကြိုက်တာ လူကြီးဖြစ်​နေပီ   ​ကျောင်းပီး​တော့မာ !

ဟုတ်ပါပီ လူကြီး​လေးရယ် ​​ပြောတာ​တေရပ်ပီး မာမီကိုကူ​တော့!

"ဟုတ်" ဆိုပီး ပန်းအိုး​တေကို​နေရာ​ရွေ့ရန် လုပ်ရပါ​တော့မယ်

​ဒေါက်! ​ဒေါက် !   သားတိချီရေ ပီးရင်ဆင်းခဲ့​တော့​နော် သားဒယ်ဒီ​ကmeetingရှိလို့တဲ့

"ဟုတ်မာမီ "ဟု တစ်ခွန်းထဲသာ​​ပြောပီး

မကြာမီ ​လှေခါးမှ ဂျူတီကုတ်ကို လက်တစ်ဖတ်​ပေါ်မာချိတ်ပီး တစ်ဖတ်မှ အိတ်ကိုဆွဲကာ ဆင်းလာသည်

ကျွန်​တော်နာမည်က ​ဒေါက်တာ မာန်ရာတိချီ B.D.S Ygn သွားဘက်ဆိုင်ရာနဲ့​ကျောင်းပီးထား​တယ် pro ကို Englandမာ ဆက်တက်​နေတယ်
ခုက​တော့မာမီ​ဆေးရုံကdental clinicမာဘဲ ​ယာယီဆေးခန်းထိုင်ဖြစ်ပါတယ်

အသန့်ပြန်ကြိုက်တဲ့ကျွန်​တော်အတွက် တစ်ကိုယ်​ရေသန့်ရှင်းမှုက အဓိကဘဲ  မနက်အိပ်ရာထလျှင် အိပ်ရာကို​သေချာသိမ်းပီးမှအိပ်ရာမှထတယ်  မျက်နှာသစ်စရာ လုပ်စရာရှိတာကိုအကုန်လုပ် ​​သေချာပြင်ဆင်ပီးမှ အခန်းက​နေထွက်လာတာ​ပေါ့

သားမာန် လာထိုင်ကွာ  ဆိုပီး ဦးမာန်ရာဇာ မှ တက်ကြွာစွာ ​ခေါ်လိုက်ပီး ​ဒေါ်စန္ဒီခြည်မှ ခင်ပွန်းနှင့်သားအတွက် ​​ကော်ဖီငှဲ့​ပေးလိုက်သည်

'သားဒီ​နေ့ တစ်​ယောက်တည်း သွားလိုက်​တော့​နော် မာမီက မင်းဒယ်ဒီနဲ့လိုက်သွားရမာမို့ 'ဟု မာမီ့အသံကိုကြားပီး

'ဒယ်ဒီက ဒီ​နေ့meetingရှိတယ်ဆို မာမီကဘယ်လိုလုပ်ပီး '

"မဟုဘူးသားရဲ့ မာမီက​ဆေးကုမ္မကီအသစ်ဖွင့်ပွဲကိုဖိတ်ထားလို့သွားရမာ သားဒယ်ဒီနဲ့လမ်းလည်းကြုံတော့ မာမီတခါတည်းလိုက်သွားမလို့​လေ "

'အပြန်ကျ​တော့​ရော မာမီ '

ကားကသားတစ်စီးယူသွားမာဆို​တော့ မာမီကို လာကြို​ပေး​လေ ​​နေ့လည်၁၂ဆို ပီးပီသား

"ဟုတ်   ​ဆေးခန်းမာဒီ​​နေ့ည​နေပိုင်းက ​ ​မေမီရှိ​နေ​တော့ သားအားပါတယ်"

"ဟုတ်ပီ ဒါဆိုသွားရ​အောင် ခြည်"

"သွားပီသား ဘိုင့် ဒယ်ဒီ "

မာန်က တစ်ဦးတည်း​သောသားဆို​ပေမဲ့ အထီးကျန်စရာမလို​အောင် ဒယ်ဒီနှင့် မာမီတို့က ချစ်​ပေးသည် 

အလုပ်​တေများလို့ ဆိုတဲ့အ​ကြောင်းပြချက်လည်း မပြဘူး မာန်လိုချင်တာမှန်သမျှ လုပ်​ပေးသည် ​ရွေးချယ်ခွင့်​တေ​ပေးပီး ဝါသနာပါရာကိုသာလုပ်​စေသည် ဘာဖြစ်ရမယ် ဘာလုပ်ရမယ် ဆိုပီး သက်မှတ်ချက်​တေလည်း  ကျွန်​တော့အ​ပေါ်မာဖိအားမရှိ​စေခဲ့ဘူး

မှတ်မှတ်ရရ ၁၀နှစ်သားမာ  တီ​လေး​တေနဲ့အတူ နယ်မြို့​လေးမာတစ်နှစ်နေခဲ့ရတုန်းက အိမ်နဲ့မခွဲဖူးလို့ အသဲအသန် ငို​​ကြွေးခဲ့တာကို​တော့မှတ်မိပါ​သေးတယ်.

ဘယ်သူကထင်မာလဲ တီ​လေးတို့​နေတဲ့နယ်မြို့​လေးမာ ချစ်စရာ​ကောင်းပီး နှာ​ခေါင်းလုံးလုံးမာမှဲ့နက်က​လေးပါတဲ့ ​ကောင်​လေးနဲ့ ​တွေ့ဆုံခဲ့ရတယ်ဆိုတာကို​လေ...

အင်း  ကိုကို့ မှတ်မိပါ့အုံးမလား က​လေး​လေး♡♡♡

​နောက်တစ်ပိုင်းကိုမနက်ဖြန်မာဆက်ပီး တင်​ပေးပါ့မယ်

Comment