》1《
Unicode
"တင်း​တောင် တင်း​တောင် တင်း​တောင်~~"(ဘဲလ်တီးသံ)
အိမ်ရှေ့တွင်အဆက်မပြတ်မြည်​နေ​သောဘဲလ်သံ​ကြောင့် အ​ရှေ့က laptop
ကိုကြည့်​နေသည့် seokjin၏မျက်လုံးအစုံမှာ အနည်းငယ်ကျုံ့သွားသည်။laptopချကာ အသံကြားရာသို့သွားရန် အိပ်ရာပေါ်မှထလိုက်သည်။နာရီကိုတစ်ချက်ကြည့်မိလိုက်​တော့ ည၁၀နာရီတီးခါနီး~~~
သူအရင်ကဆို ဒီ​လောက်အထိအလုပ်မလုပ်ပါ
မနက်ဖြန် အစည်းအ​ဝေးမှာတင်ပြမယ့် productအ​ကြောင်းစာစီ​နေတာ​ကြောင့်သာ ဒီ​လောက်ထိညဥ့်နက်သွားခဲ့တာ။
Seokjinမှာ "Moon Fashion Company" ၏ CEO တစ်​ယောက်ဖြစ်သည်။မိဘ​တွေဆုံးသွားကတည်းက မိဘ​တွေရဲ့​နောက်ဆုံးအ​​မွေဖြစ်သည့် "Moon Fashion Company" ကို ဆက်လက်ထိန်းသိမ်းရသည်။Seokjin၏ကြိုးစားမှု​တွေ​ကြောင့်လဲ companyမှာ တိုးတက်​အောင်မြင်လာသည်။seokjinဟာလဲ ​အောင်မြင်​သောအငယ်ဆုံး စီးပွား​ရေးလုပ်ငန်းရှင်ဖြစ်လာသည်။
"ဒီအချိန်ကြီးဘယ်သူလာတာပါလိမ့်~~~"
Seokjinအ​ပေါ်မှ​အောက်ထပ်ကိုဆင်းလာ​တော့ မီးခလုတ်​​တွေအားဖွင့်လိုက်ပြီး ​ခြေလှမ်းများက တံခါးရှိရာသို့ဦးတည်လိုက်သည်။
သူတံခါး​ရှေ့​ရောက်လာသည်ထိတိုင်​အောင် ကြား​နေရ​သော ဘဲလ်သံ​ကြောင့် ​အိမ်​ရှေ့ကလူသည် အလွန်ပင်အ​ရေးကြီး​နေသည်ဆိုတာ jinသိလိုက်ပါသည်။
ထို့​ကြောင့် တံခါးအား အလျှင်အမြန်ပင်သူဆွဲဖွင့်လိုက်သည်။
"ဘယ်သူ.....Joon~~"
တံခါးအားဖွင့်လိုက်​သောအခါ မြင်လိုက်ရ​သောသူ​ကြောင့် သူ​တော်​တော်အံ့သြသွားရသည်။
ထိုသူမှာJeon NamJoon(Fic အရ မျိုးရိုး​ပြောင်းထားပါတယ်)
သူ​ခေါ်တာက​တော့ Joon​ပေါ့
joonဟာ သူသိပ်ချစ်ရတဲ့သူ့သူငယ်ချင်း~~ မဟုတ်ဘူး သူသိပ်ချစ်ရတဲ့သူ​ပေါ့
သူငယ်ချင်းဆိုတဲ့စည်းကြားထဲက​နေထွက်ပြီး တိတ်တိတ်​လေးခိုးချစ်​နေရတဲ့သူချစ်တဲ့သူ ချစ်ရသူ အိမ်​ထောင်ကျသွားပြီးကတည်းက သူလဲအရာအားလုံး​မေ့ကာသူ့အလုပ်သူလုပ်​​စေသည်။ က​လေး​လေးပါရ​နေပြီဆိုတဲ့သတင်းကြား​တော့ သူဝမ်းနည်းဝမ်းသာ​ပျော်မိသည်။
ဒီကြားထဲ ချစ်ရသူကို​တော့ သူတရက်မှ​​မေ့မရခဲ့တာ သူသာအသိဆုံးပါ
အခုလဲ ချစ်ရသူက သူ့​ရှေ့ကို ဆိုင်းအဆင့်ဗုံမဆင့်​ရောက်ချလာပြန်ပြီ။
ဒဏ်ရာ​​တွေ​ပေးခဲ့တာ မလုံ​လောက်​သေးလို့လား joonရယ်~~
Seokjinအ​တွေးထဲလည်ပတ်​နေရင်း လက်ရှိအ​ခြေအ​နေကိုပြန်​ရောက်ကာ joonအား ပြုံးပြလိုက်ပြီး
"လာ​ ဝင်ခဲ့​လေ Joon~~"
သူ့​ခေါ်သံ​နောက် တရိပ်ရိပ်လိုက်လာပါ​သော သူ့ရဲ့ချစ်ရသူ
အခုမှသတိထားမိ​လေရဲ့ joonရဲ့​​ကျောမှာ အိပ်​ပျော်​နေတဲ့ က​လေး​လေးတစ်​ယောက်
Joonသား​​လေးဖြစ်မယ်ထင်ပါတယ်​လေ~~~
ဧည့်ခန်းထဲမှာထိုင်​စေ​တော့ joonက ​ကျော​ပေါ်မှ သူ့သား​လေးအား ဆိုဖာ​ပေါ်မှာ အိပ်​စေသည်။သူလဲ joonရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
"မင်းသား​လေး​တောင် ဒီအရွယ်​ရောက်​နေပြီ​နော် joon.."
က​လေးကိုကြည့်ကာ ​ပြော​နေ​သော seokjin၏မျက်ဝန်းတို့မှာ နွမ်းလျလျ
နှုတ်ခမ်းပါးက အပြုံး​မမြည်​သောအပြုံးတို့ကလဲ အသက်မပါဘူးဖြစ်မည်။
​ရှေ့က joonဆိုသည့်လူက​တော့ seokjinအား ပြုံးလျက်ကြည့်​နေ​လေသည်။မျက်ဝန်းတွေက​တော့ အနည်းငယ်နာကျင်​နေသ​ယောင်
Jinက​လေးဆီမှအကြည့်လွှဲပြီး ​ရှေ့မှချစ်ရသူအား ကြည့်​စေသည်။
ချစ်ရတဲ့ joonဆိုသည့်လူမှာ ထိုင်လျက်ပင် ​အောက်သို့​ခေါင်း​ငုံ့ထားသည်မို့ jin စိုးရိမ်မှုများဖြင့် ချစ်ရသူအား​ခေါ်လိုက်သည်။
Jin၏​ခေါ်သံ တဆက်ထဲမှာပဲ joonကသက်ပျင်းတစ်ချက်ကိုချလိုက်ပြီး သူ့အား​မော့ကြည့်လာသည်။
သူချစ်ရတဲ့ joonပါးပြင်မှာ မျက်ရည်​တွေနဲ့~~~
မင်းမျက်နှာမှာမျက်ရည်​တွေရှိ​နေတာက ငါ့အတွက်အရမ်းကိုပူ​လောင်​စေလိုက်တာ
ဘာ​တွေဖြစ်ခဲ့လို့လဲ joonရယ်~~~
မင်းပါးပြင်ကမျက်ရည်​တွေနဲ့ ဘယ်လိုမှမလိုက်ဖက်ဘူးသိလား...
မင်းပါးပြင်က ချစ်စရာ​ကောင်းတဲ့ပါးချိုင့်​လေး​တွေနဲ့မှလိုက်ဖက်တာ...
"ငါ....အရမ်း​နောင်တရတယ် jin.."
နောင်တရတယ်တဲ့လား joonရယ်
၈နှစ်ကြာမှပြန်ဆုံရတဲ့သူကို ပထမဆုံးမင်း​ပြောတာ ​နောင်တရတယ်တဲ့လား?
"ပြီး​တော့ ငါမင်းကိုသတိရ​နေခဲ့တာ..."
Jin သူ့​ရှေ့က ချစ်ရသူအား ကြည့်လိုက်မိပြန်သည်။
ချစ်ရသူလဲသူ့အား မျက်ရည်​တွေနဲ့ပြန်ကြည့်​နေ​လေသည်။
သူတို့နှစ်ဦးကြား ​လေထုက ​အေးစက်​နေ​လေပြီ။
ညအ​မှောင်က ကြီးစိုးလာသ​ရွေ့ အရာအားလုံးဟာလဲ တိတ်ဆိတ်လျက်~~
ငါလဲမင်းကို အရမ်းလွမ်း​နေခဲ့တာပါ joonရယ်
ငါမင်းကိုတရက်မှ​မေ့မရခဲ့တာပါ
တကယ်တမ်း​တော့ ဒီစကား​တွေဟာ သူ့ပါးစပ်မှထွက်မလာခဲ့
"အင်း ငါလဲသတိရ​နေတာ..."
အားတင်းပြီး​ပြော​နေရတာ ငါ့အတွက်ဘယ်​လောက်ခက်ခဲလဲ မင်းမသိပါဘူး ချစ်ရသူရယ်~~~
သူတို့နှစ်​ယောက်က ၈နှစ်ကြာမှပြန်​တွေ့ကြလို့လားမသိ
​တစ်​ယောက်နဲ့တစ်​ယောက် သူစိမ်း​တွေစကား​ပြောသလို ​ပြောဖြစ်​နေကြသည်။
တိတ်ဆိတ်​နေ​သောအချိန်အ​နေကို သူကပဲ စတင်ဖြိုခွင်းရ​တော့သည်။
သူက ​မျှော်လင့်​နေသူမဟုတ်ပါလား~~~
သူဘာကို​​မျှော်လင့်​နေတာလဲ?
Joonဆီက အချစ်ကိုလား?ဒါမှမဟုတ် အခြားတစ်ခုခုလား?
"မင်းဘာ​​တွေဖြစ်လာတာလဲ Joon~~~"
ဟုတ်တယ် သူ​မေးမှရ​တော့မယ်
ချစ်ရတဲ့သူက သူ့ဆီကို ရုတ်တရက်ကြီး​ရောက်လာတာ တိုက်ဆိုင်မှု​ကြောင့်မှမဖြစ်နိုင်ဘဲ
အချိန်အနည်းငယ်ကြာ​တော့ joonနှုတ်ဖျားမှစကားတစ်ခွန်းထွက်ကျလာသည်။
"Soonhee မ​ကောင်းတဲ့မိန်းမ​ကြောင့်..."
Joonငို​နေပြန်တယ်
Joon​ငို​နေတာ Soonheeဆိုတဲ့ Joonရဲ့မိန်းမ​ကြောင့်​ပေါ့
ဘာ​တွေများဖြစ်ကုန်တာလဲ Joonရယ် ငါ့ရင်​တွေပူ​​လောင်​နေရပြီ~~~
"ငါမင်းကို အားလုံး​ပြောပြပါ့မယ် Jin.."
"အင်း."
"ငါကိုကမှားတာပါ Jinရယ် အဲ့မိန်းမက ငါ့ရဲ့ပိုင်ဆိုင်မှု​တွေကို လိုချင်လို့ ငါ့ကိုလက်ထပ်ခဲ့တာ...ပြီး​တော့ သူ့ရဲ့အ​ဖေနဲ့ ငါ့ရဲ့ မိဘအ​​မွေ JEON Conpanyကိုလဲ ယူသွားခဲ့တယ် ပိုဆိုးတာက သား​​လေး kookieကိုလဲ စွန့်ပစ်ဖို့လုပ်ခဲ့​သေးတယ်..."
မျက်ရည်​တွေနဲ့ တချက်ချက် ရှိုက်ဝင်သွား​သော Joonကို ကြည့်ပြီး သူလဲမျက်ရည်​​တွေကျ​နေရပါပြီ
Joonရယ်...
မင်းအရမ်းနာကျင်ခဲ့ရမှာပဲ​နော်
"ငါsoonheeနဲ့လမ်းခွဲခဲ့တာ လွန်ခဲ့တဲ့၈နှစ်ကတည်းက Jin..."
Namjoon၏ ထိုစကားကိုကြား​တော့ seokjin မျက်နှာ​လေးပို၍ညိုးကျသွား​လေသည်။
"ဒီ၈နှစ်အတွင်း ဘယ်​တွေ​ရောက်ပြီးဘာ​တွေလုပ်​နေတာလဲ
မင်းမှာ ငါတစ်​ယောက်လုံးရှိ​သေးတာကို မင်း​မေ့​နေတာလား namjoonရယ်..."
သူ​ပြော​တော့ joonက သူ့အားမျက်ရည်များဖြင့်ကြည့်ရင်း
"ကိစ္စက အဲ့​​​လောက်ထိမရိုးရှင်းဘူး jin
သူတို့က ငါ သားကို​ခေါ်သွားမှန်းသိ​တော့ ငါတို့သားအ​ဖကို လိုက်ရှာ​နေကြတာ
အခုဆို ငါတို့ကိုရှာ​တွေ့သွားကြပြီ~~~သူတို့ဘာ​တွေဆက်လုပ်နိုင်​သေးလဲဆိုတာ ငါမသိဘူးjin..."
Joonရဲ့စကား​​​နောက်တွင် စိုးရိမ်မှုများကပ်ပါလာသည်ကို သူသိ​လိုက်ရသည်။
ဒါဆို Joonက သူ့ကို​တမင်ရှောင်​နေတာမဟုတ်ဘူး​ပေါ့
သူက Joonသူ့ကို​တမင်ရှောင်​နေတယ်ထင်ပြီး ​မေ့ပစ်ဖို့အထိ​တောင်​တွေးခဲ့တာ​ပေါ့
မင်းမှားခဲ့တာပဲ Kim Seokjinရာ...
Seokjinသူ့ကိုယ်သူအပြစ်တင်မိ​နေ​လေသည်။
"Jin..."
Joonက သူ့ကိုကြည့်ရင်း​လေးနက်စွာ​ခေါ်​တော့ သူjoonအား မျက်နှာချင်းဆိုင်ကြည့်​နေမိလိုက်သည်။
"ငါ့သား​​လေးကို ဒီည မင်းဆီမှာ ထားခဲ့မယ်​နော်..."
"မင်းက ဘယ်သွားမှာလဲ joon"
Seokjin၏အ​မေးကို Namjoon ​ဘေးနံရံကိုအကြည့်လွှဲရင်း​ပြန်​ဖြေသည်။
"ငါသူတို့နဲ့​သေချာစရင်းရှင်းရအုံးမယ်...
အဲ့လိုလုပ်မှငါတို့သားအဖပုန်း​နေစရာမလို​တော့မှာ~~~"
Namjoonကိုကြည့်ပြီး စိတ်မ​ကောင်းဖြစ်​နေသည့် Jinတစ်​ယောက် ခုံ​ပေါ်မှာရှိ​နေသည့် Namjoon၏သားနှင့် Namjoonအားတလှည့်စီကြည့်မိ​နေ​လေသည်။
"မင်းကိစ္စ​တွေကို အကုန်ရှင်းလာခဲ့​နော်
မင်းသားအတွက်က စိတ်ချပါ
သူလဲ ငါ့သားတစ်​ယောက်လိုပါပဲ..."
Jin၏စကားကိုကြား​တော့ Namjoonမျက်ရည်များဖြင့်ပြုံးရင်း
"အဲ့ဒါဆို ငါသွားပြီ​နော်.. အစစအရာရာဂရုစိုက်ပါ "
"အင်း..မင်း​ရောပဲ.."
​ကျောခိုင်းကာထွက်ခွာသွားသည့် joonကိုကြည့်ပြီး သူ့စိတ်​တွေ​လေးလံနေခဲ့ပြီ။
တကယ်ဆို joonကို သူမသွား​စေချင်ဘူး
​​နောက်က​နေမြင်​နေရတဲ့ joonရဲ့​ကျောပြင်ကို​ပြေးဖက်ပြီး မသွားပါနဲ့လို့ တားချင်လိုက်တာ...
Joonရယ်...
မင်းကိစ္စ​တွေပြီးရင် မင်းရယ် မင်းသား​လေးရယ် ငါရယ် အတူတူ​နေကြမယ်​​နော်
••••
*​တောင်းပန်ပါတယ် jin...
ငါမင်းဆီကို ​နောက်တစ်​​ခေါက်ပြန်မလာနိုင်​​လောက်​တော့ဘူးထင်တယ်
သား​​လေးကိုမင်း​စောင့်​ရှောက်နိုင်တယ်ဆိုတာ ငါသိ​နေတယ် jin...
ထပ်ပြီး​တောင်းပန်ပါတယ် jin
ငါကမင်းကို စိတ်ပင်ပန်းမှု​တွေကိုပဲ ​ပေး​နေမိခဲ့တယ်...
ငါမင်းကိုမပြောဖြစ်ခဲ့တဲ့စကား​လေးကို ငါထွက်မသွားခင် ​ပြောခဲ့ချင်​သေးတယ်
အရမ်းချစ်တယ် jin...*
ဒါဟာ ထွက်သွား​သော လူတစ်​ယောက်ရဲ့ ရင်ထဲကစကားသံများ
ထိုစကားသံ​တွေကိုသာ ကျန်ခဲ့​လေသူတစ်​ယောက်ကြားနိုင်ခဲ့မယ်ဆိုရင်~~~
•••••••••••••••••••••
ပြတင်း​ပေါက်မှ ထွန်းလင်းလာ​သောအလင်း​ရောင်စူးစူး​ကြောင့် သူအိပ်​နေရာမှနိုးလာခဲ့​လေသည်။
​​သူအိပ်​နေတာက ကုတင်​ပေါ်မှာမဟုတ် ကုတင်​ပေါ်​ခေါင်းမှီရင်းသာ
ကုတင်​ပေါ်မှာက​တော့ နှစ်ခြိုက်စွာအိပ်​နေ​သော က​လေးငယ်...
နာရီကိုကြည့်လိုက်​တော့ ၇ နာရီ​​​ကျော်​ကျော်~~
ချက်ခြင်းထကာ ​ဘေးဘီကိုကြည့်​​တော့ ဘယ်သူမှမ​တွေ့
​အောက်ကိုဆင်းပြီး တစ်အိမ်လုံးပတ်ရှာ​တော့လဲ ဘယ်သူမှမရှိ
ဒါဆို ညက joonပြန်မ​ရောက်​သေးဘူး​ပေါ့~~~
မျက်နှာသစ်ပြီး အခန်းထဲကိုဝင်​ကြည့်​တော့ ကုတင်​ပေါ်က က​လေး​လေးက အိပ်တုန်း
Jinကုတင်နားသို့​လျှောက်လာပြီး က​လေးအားအ​သေးစိတ်ကြည့်​နေမိသည်။
က​လေးက အ​သေချာကြည့်​လေ ချစ်ဖို့​ကောင်း​လေပဲ
မျက်​တောင်​ရှည်​​​လေးတို့ဖြင့် ပိတ်ထား​သောမျက်လုံးအစုံမှာ ဘယ်​လောက်​တောင်လှလိုက်မလဲ ပြီး​တော့ အိပ်​နေတာ​တောင် ပါး​လေးက​ဖောင်း​နေ​သေးတယ်
Seokjin က​လေး၏ပါး​လေးအား သူ့ရဲ့လက်ညိုး​လေးဖြင့်​ဖြေးညှင်းစွာ တို့လိုက်သည်။
အို...နူးညံ့လိုက်တဲ့အသားအ​ရေ​လေး အိ​နေတာပဲ
ဒီပါး​​လေးက​ရော ပြုံးရယ်လိုက်ရင် မို့တက်ပြီး ဘယ်​​လောက်​​တောင်ချစ်ဖို့​ကောင်းလိုက်မလဲ
​​နောက်ပြီး က​လေးရဲ့နှုတ်ခမ်း​လေး
​ဟောနှုတ်ခမ်း​လေး​အောက်မှာလဲ မှည့်​လေးကရှိ​နေ​သေး
က​လေးအားကြည့်​နေရင်း Companyသွားဖို့ရှိ​သေးသည်ကိုသတိရလိုက်မိသည်။
တစ်ဆက်ထဲ ​သတိရမိလိုက်တာက အိမ်မှာ က​လေးတစ်​ယောက်ထဲဖြစ်ပါ့မလား?လို့
က​လေးနိုးမှ​​ဘေးအိမ်ကိုပို့ထားပြီးသွားရန်သာ သူဆုံးဖြတ်လိုက်သည်။
Joonလဲ ပြန်လာမှာပဲ​လေ~~
ကုတင်​ပေါ်က က​လေးကလဲမနိုး​သေးတာမို့ မနက်စာပြင်ရန် သူမီးဖို​ချောင်သို့အရင်ဝင်ရသည်။
မနက်စာအတွက်ချက်ပြုတ်ပြင်ဆင်ပြီး​တော့ companyသွားဖို့သူပြင်ရသည်။
အခန်းထဲက က​လေးငယ်က​တော့အခုထိမနိုး​သေး
​​​တော်​တော်အိပ်ပုတ်ကြီးတဲ့​က​လေး~~~
Companyကိုသွားရန် စာ​ရေးခုံ​ပေါ်က ပစ္စည်းရှိသမျှအား အိတ်ထဲသို့အစီအရီထည့်ရသည်။
က​​​လေးကလဲနိုး​လာမှာကို ​စောင့်ရင်းTVအားဖွင့်လိုက်ပြီး မီးဖိုထဲမှ ​ကော်ဖီတစ်ခွက်အား ​သွား၍ဖျော်​လေသည်။
"ခွမ်း!!!!!!!"
..........
Next part》》
             "မာမီ​ရေ!!!!!!
             သားတို့အိမ်ထဲသူခိုး​ရောက်​နေတယ်...
             မာမီ​ရေ!!!!!"  
》》》》》》》》》》》》》》》》💜《《《《《《《《《《《《《《《
Idol image ထိခိုက်လို​သော ရည်ရွယ်ချက်မရှိပါ။
13.1.2022
》💜《
Zawgyi
Seokjinအ​ပေါ်မှ​အောက်ထပ်ကိုဆင်းလာ​တော့ မီးခလုတ်​​တွေအားဖွင့်လိုက်ပြီး ​ခြေလှမ်းများက တံခါးရှိရာသို့ဉီးတည်လိုက်သည်။
"ဘယ်သူ.....Joon~~"
"လာ​ ဝင်ခဲ့​လေ Joon~~"
ဘာ​တြွေဖစ်ခဲ့လို့လဲ joonရယ်~~~
၈နှစ်ကြာမြှပန်ဆုံရတဲ့သူကို ပထမဆုံးမင်း​ပြောတာ ​နောင်တရတယ်တဲ့လား?
သူတို့နှစ်ဉီးကြား ​လေထုက ​အေးစက်​နေ​လေပြီ။
"အင်း ငါလဲသတိရ​နေတာ..."
သူတို့နှစ်​ယောက်က ၈နှစ်ကြာမြှပန်​တွေ့ကြလို့လားမသိ
"မင်းဘာ​​တြွေဖစ်လာတာလဲ Joon~~~"
Joonငို​နေပြန်တယ်
"အင်း."
"ငါကိုကမှားတာပါ Jinရယ် အဲ့မိန်းမက ငါ့ရဲ့ပိုင်ဆိုင်မှု​တွေကို လိုချင်လို့ ငါ့ကိုလက်ထပ်ခဲ့တာ...ပြီး​တော့ သူ့ရဲ့အ​ဖေနဲ့ ငါ့ရဲ့ မိဘအ​မွှေ JEON Conpanyကိုလဲ ယူသွားခဲ့တယ် ပိုဆိုးတာက သား​​လေး kookieကိုလဲ စွန့်ပစ်ဖို့လုပ်ခဲ့​သေးတယ်..."
Joonရယ်...
"ငါဆွန်ဟီးနဲ့လမ်းခွဲခဲ့တာ လွန်ခဲ့တဲ့၈နှစ်ကတည်းက Jin..."
"Jin..."
"မင်းက ဘယ်သွားမှာလဲ Namjoon"
"အင်း..မင်း​ရောပဲ.."
Joonရယ်...
••••
*​တောင်းပန်ပါတယ် jin...
အရမ်းချစ်တယ် jin...*
•••••••••••••••••••••
Joonလဲ ပြန်လာမှာပဲ​လေ~~
"ခွမ်း!!!!!!!"
.........
Next part》》
             "မာမီ​ရေ!!!!!!
             မာမီ​ရေ!!!!!"  
》》》》》》》》》》》》》》》》💜《《《《《《《《《《《《《《《
13.1.2022
》💜《
Comment