Ep-6

သူ့အိမ်ထဲကိုပြန်ရောက်တာနဲ့ Komကအိတ်ရယ်ဖုန်းရယ်ကိုစားပွဲခုံအလည်မှာတင်ထားခဲ့ပြီး ရေချိုးအဝတ်အစားလဲဖို့ ပြင်ဆင်လိုက်တယ်
ညရောက်ရင်လည်း Kamolနဲ့တူတူအလုပ်လုပ်ဖို့ရှိသေးတယ်မလား....
သူရေချိုးလို့ပြီးတာနဲ့ ရေချိုခန်းထဲကနေသူ့ခန္ဓာကိုယ်အောက်ပိုင်းကိုပဲတပတ်စောင်ပတ်ပြီးထွက်လာခဲ့လိုက်တယ်

KNOCK.....KNOCk!!!!

တံခါးခေါက်သံထွက်လာတာနဲ့ Komအလျင်အမြန်ပဲတံခါးသွားဖွင့်ပေးလိုက်တယ် ဘာလို့လဲဆိုတော့အဲ့ဒါBaiboonပဲဆိုတာသူသေချာနေလို့ပဲ

"ဟေး..အရင်ဝင်လာခဲ့ဦး"
သူ့တံခါးအပေါက်တမှာရပ်နေတဲ့ကောင်လေးကို Komပြောလိုက်တယ်
Komကိုအခုလိုပုံစံနဲ့မြင်လိုက်ရတော့ Baiboonရဲ့မျက်နှာက ရှက်သွေးဖြာလာတယ်
သူ့နှလုံးသားလေးကလည်းရုတ်တရပ်ပဲအလျင်အမြန်ခုန်ပေါက်လာတယ်

"P'..P'Kom, Baiboonကိုခေါ်တယ်ဆိုလို့ပါ ကိစ္စတစ်ခုခုရှိလို့လားဟင်"
ကောင်လေးကအိမ်ထဲဝင်လာရင်းပဲမေးလိုက်တယ်

"ထိုင်ပြီးခနလောက်စောင့်ဦးနော် အကိုအင်္ကျီသွားဝတ်လိုက်ဦးမယ်"
Komကပြောလိုက်တယ် Baiboonခေါင်းညိတ်ပြတာနဲ့Komလည်းအင်္ကျီလဲဖို့အတွက် သူ့အခန်းထဲဝင်သွားလိုက်တော့တယ်
Baiboonကဆိုဖာပေါ်မှာထိုင်နေရင်း သူ့ခြေထောက်ကိုတင်လိုက်ပြီးဖက်ထားလိုက်ကာ ပတ်ပတ်လည်ကိုကြည့်နေလိုက်မိတယ်
အချိန်သိပ်မကြာခင်ပဲ Komကအိမ်နေရင်းဝတ်တဲ့အဝတ်အစားနဲ့ပဲပြန်ထွက်လာပြီး တပတ်စောင်တစ်ထည်ကိုတော့ပုခုံးပေါ်မှာတင်ထားတယ်
သူအလုပ်သွားဖို့အဝတ်အစားမလဲခင် Baiboonကိုဖုန်းဘယ်လိုသုံးရမလဲဆိုတာကိုပဲ အရင်သင်ပေးဖို့ဆုံးဖြတ်လိုက်တယ်

"မင်းအိမ်စာတွေလုပ်လို့ပြီးပြီလား?"

Komကဆိုဖာပေါ်မှာ သက်တောင့်သက်သာပုံစံနဲ့ထိုင်နေတဲ့ကောင်လေးကိုမေးလိုက်တယ်
Baiboonရဲ့ညဝတ်အင်္ကျီကအ‌ရောင်မှိန်နေပြီး တိုလွန်းလှတဲ့ဘောင်းဘီလေးကြောင့် အထဲကတစ်စွန်းတစ်စပေါ်နေတဲ့အတွင်းခံဘောင်းဘီရယ် ကြုံ့ကြုံ့လေးထိုင်နေတာကြောင့် မြင်နေရတဲ့ပေါ်အတွင်းသားဖြူဖြူလေးတွေရယ် ကိုယ်ပေါ်ကအမွှေးနည်းနည်းလေးရယ်....
Komကသူ့ကိုသေချာစိုက်ကြည့်နေတာကြောင့် Baiboonမျက်ခုံးပင့်တက်သွားမိသည်။

"ဘာကိစ္စရှိလို့လဲဟင်,P'Kom?"
Baiboonကပွင့်ပွင့်လင်းလင်းပဲမေးလိုက်တယ်
Baiboonကိုအဲ့လိုပုံစံမျိုးနဲ့မြင်လိုက်ရလို့ လှိုင်းထန်လာတဲ့သူ့စိတ်ကိုသူပြန်ချုပ်ထိန်းပြီးတော့ Komအသက်ပြင်းပြင်ရှုလိုက်ပြီးလျှောချလိုက်တယ်

**Baiboonကဆိုဖာပေါ်မှာဒူးနှစ်ဖက်လုံးကိုထောင်ပြီးသူ့လက်နဲ့ပိုက်ထားတဲ့ပုံစံနဲ့ထိုင်နေတာပါ**

"နောက်ထပ်နည်းနည်းလေးသာဆိုရင် အကုန်လုံးကိုအကိုမြင်ရတော့မယ်ထင်တယ်"
KomကBaiboonကိုစလိုက်တော့မှပဲ ကောင်လေးကသူထိုင်နေတဲ့အနေအထားကိုသတိထားမိလိုက်တော့တယ်
ရှက်ရွံစွာနဲ့ပဲ သူထိုင်နေတဲ့ပုံစံကိုချက်ချင်းပြန်ပြောင်းထိုင်လိုက်ပြီး ဘောင်းဘီကိုလည်းဆွဲချလိုက်တော့တယ်
Komကသက်ပြင်းတစ်ချက်ချလိုက်ပြီး Baiboonဘေးမှာဝင်ထိုင်လိုက်ပေမဲ့လည်း Baiboonရဲ့ဖွေးအုနေတဲ့ခြေထောက်တွေဆီကနေ သူ့အကြည့်တွေကိုမလွှဲနိုင်ဖြစ်နေရတယ်...

"ပုံမှန်အိပ်တဲ့အချိန်ဆိုအဲ့လိုမျိုးဝတ်အိပ်တာလား?"
KomကBaiboonရဲ့ညဝတ်အင်္ကျီကိုဦးတည်ပြီးမေးလိုက်တော့ Baiboonကသူ့ခေါင်းကိုညိတ်ပြလာတယ်

"အဲ့တာတွေကသက်တောင့်သက်သာဖြစ်တယ်လေ,P' "
သူအခုနကထိုင်နေတဲ့ပုံစံကိုမေ့သွားပြီး Baiboonကပြုံးကာပြန်ဖြေလိုက်တယ်

"ဘောင်းဘီအရှည်နဲ့ညဝတ်အင်္ကျီတွေကိုကော မကြိုက်ဘူးလား?"
Komကမေးလိုက်တယ်
"အကယ်၍အကိုလမ်းကြုံရင်မင်းအတွက်ဝယ်ပေးမယ်လေ"
ဒါပေမဲ့ကောင်လေးကခေါင်းခါပြလာတယ်

"မလိုပါဘူးP'. ဒါတွေနဲ့ပဲအဆင်ပြေပါတယ် ပြီးတော့ဘယ်သူတွေကမှ မြင်ရတာမှမဟုတ်တာ ကျွန်တော်ကညအိပ်တဲ့အချိန်ပဲဒါကိုဝတ်အိပ်တာလေ,P'Kom"
ကောင်ငယ်လေးကချစ်ဖို့ကောင်းစွာနဲ့ ပြုံးပြီးဖြေလာခဲ့တယ်
ဒါပေမဲ့Komကတော့ Baiboonကဒါတွေကိုညဝတ်တဲ့အချိန်တိုင်းဝတ်အိပ်တယ်ဆိုတဲ့အတွေးတွေကြောင့် မျက်နှာတွေပူလာမိတယ်
သူလက်မြောက်ပြီးသူ့မျက်နှာသူပွတ်ချလိုက်မိတော့တယ်

'ဘာမဟုတ်တာတွေတွေးနေရတာလဲကွာ!!!'
Komသူ့ကိုယ်သူစိတ်ထဲကနေသတိပေးနေရတယ်
Baiboonကတော့ထူးဆန်းသလိုနဲ့Komကိုကြည့်နေမိတယ်

"P'Kom,အကို့‌ခေါင်းကအခုထိရေစိုနေတုန်းပဲနော် အကိုဒီလိုပဲနေနေမယ်ဆိုရင် အအေးမိတော့မှာနော်"
Baiboonကတွေးတောပြီးပြောလိုက်တယ်
Komလည်း Baiboonကိုလှည့်ကြည့်လိုက်ပြီး ဒီထက်ပိုပြီးသူ့ခေါင်းပေါက်မကွဲထွက်ခင်မှာပဲ သူ့အတွေးတွေကိုထိန်းချုပ်လိုက်ပါပြီ...

"အဲ့ဒါဆိုလည်းအကို့ကိုသုတ်ပေး"
Komကပြောလိုက်တော့ Baiboonကမျက်လုံးတွေပြူးပြီးသူ့ကိုစိုက်ကြည့်လာတယ်

"အ..အဆင်ပြေပါ့မလား? P'KomကBaiboonထက်အသက်အများကြီး ကြီးတာလေ Baiboonကအကို့ခေါင်းကိုထိလို့အဆင်ပြေပါ့မလားဟင်"
ကောင်ငယ်လေးကမသေချာစွာနဲ့မေးလိုက်တယ် ဘာလို့လဲဆိုတော့အသက်ကြီးတဲ့လူတစ်ယောက်ရဲ့ခေါင်းကို ခွင့်ပြုချက်မရပဲကိုင်ဖို့မသင့်တော်ဘူးလို့ သူထင်မိတယ်လေ....
Baiboonရဲ့စကားကြောင် Komမှာရှိတဲ့ယုံကြည်ချက်တစ်ချက်ပျောက်ဆုံးသွားသလိုပါပဲ..

"P'ကအသက်ကြီးနေပြီလို့ မင်းပြောလိုက်တာလား?"
Komနာကျင်သွားသလိုဟန်ဆောင်လိုက်တယ် 

"မ..မဟုတ်ပါဘူး P'Komကအရမ်းအသက်မကြီးသေးပါဘူး BaiboonကP'အပေါ်မှာလေးစားမှုမရှိဘူးလို့ တစ်ခြားလူတွေကမြင်ပြီး Baiboonကိုပြောကြမှာကြောက်လို့ပါ"
Komစကားအယူအဆလွဲသွားပြီ Komသူ့ကိုအထင်လွဲသွားမှာကိုကြောက်တာနဲ့ ကောင်ငယ်လေးကအလျင်အမြန်ပြန်ရှင်းပြရှာသည်။

"အကိုတို့ကအိမ်ထဲမှာလေ ဘယ်သူကမြင်မှာလဲ?"
Baiboonကရိုးသားပြီးပွင့်ပွင့်လင်းလင်းနဲ့ ဖုံးကွယ်ထားတာမရှိတဲ့ကလေးအဖြစ်မြင်ရတဲ့အတွက် Komပြုံးပြီးပြောလိုက်မိသည်

"ဟုတ်သားပဲနော်" 
Baiboonတွေးမိသွားတယ်
"ကောင်းပါပြီP', အကယ်၍အကိုခွင့်ပြုပေးမယ်ဆိုရင် အကို့ခေါင်းကိုသုတ်ပေးမယ်လေ"
Komသူ့ကိုပေးထားတဲ့အရာတစ်ခုချင်းစီအတွက် တစ်ခုခုပြန်လုပ်ပေးချင်နေတဲ့ကောင်လေးက ရလာတဲ့အခွင့်အရေးကိုလိုက်ခံကြိုဆိုလိုက်တယ်
Komကတပတ်စောင်ကိုသူ့ဆီကမ်းပေးလိုက်တော့ Baiboonလည်းတပတ်စောင်ကိုယူလိုက်ပြီး Komရဲ့အရှေ့မှာမတ်တပ်သွားရပ်လိုက်တယ်

"P'Komကျေးဇူးပြုပြီးတော့ခေါင်းလေးနည်းနည်းလောက်ငုံ့ပေးပါဦး"
Baiboonကဆိုဖာကိုမှီပြီးထိုင်နေတဲ့Komကိုတောင်းဆိုလိုက်တော့ သူ့ခေါင်းကိုငုံ့‌ပေးလာပြီးတော့ လက်နှစ်ဖက်လုံးကိုလည်း သူ့ဒူးနှစ်ဖက်မှာတင်ထားလိုက်တယ်
Baiboonကတော့Komရှေ့မှာရပ်နေပြီး Komရဲ့ခေါင်းကိုဖွဖွလေးပဲသုတ်ပေးနေတယ်
Baiboonရဲ့လည်ချောင်းထဲကနေထွက်လာတက်တဲ့အသံလေးကိုကြားရပြီး Komပြုံးလိုက်မိတယ်
Komကသူ့ရှေ့မှာရှိနေတဲ့သေးငယ်တဲ့ပုံရိပ်လေးကိုကြည့်နေရင်းနဲဲ့ပဲ သေးသွယ်လှတဲ့ခါးလေးကိုပြင်းပြင်းထန်ထန်ဆုတ်ကိုင်ပြီးညစ်လိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ....

'သတိလေးဘာလေးထားစမ်းပါ!!!!!!!!'

သူ့စိတ်ထဲကမ်းကပ်လာပြန်တဲ့ အဲ့အတွေးတွေကြောင့် သူ့ကိုယ်သူကျိန်ဆဲလိုက်ပြန်ပါပြီ

"P'Kom...P'Kom!!"
Baiboonရဲ့အသံကြောင့် သူ့အတွေးတွေထဲကနေKomနိုးထလာပါပြီ..

"ဟင်??"
Komကပြန်ဖြေလိုက်သည်။

"အကို့ဆံပင်တွေခြောက်သွားပြီလို့. Baiboonကအကိုအိပ်ပျော်နေပြီလို့တောင်ထင်နေတာ"
ကောင်လေးကပြောရင်းနဲ့ ရီတယ်ဆိုရုံလေးရီလိုက်မိသည်။

"အာ..မဟုတ်ပါဘူး ကျေးဇူးပဲ အကိုမေ့တော့မလိုပဲ စားပွဲပေါ်ကအိတ်လေးယူလာခဲ့ပါဦး"
Komကပြောလိုက်တယ် သူကိုခပ်မြန်မြန်ပဲသင်ပေးဖို့လုပ်လိုက်တယ် ဘာလို့လဲဆိုတော့သူ ကောင်လေးကို ညနက်တဲ့အထိမနေစေချင်ဘူးလေ..
Baiboonကအိတ်ကိုယူပြီး Komကိုပေးလိုက်တယ်

"ထိုင်ဦး"
Komကဆိုဖာပေါ်ကသူ့ဘေးကတစ်နေရာကိုပုတ်ပြလိုက်တော့ Baiboonလည်းဂရုတစိုက်နဲ့ထိုင်လိုက်တယ်
Komကအိတ်ထဲကဗူးလေးကိုထုတ်လိုက်ပြီးတော့ဖွင့်လိုက်တယ်
Baiboonလည်းစိတ်ဝင်တစားနဲ့ကြည့်နေရင်းကနေ ဖုန်းဖြစ်မှန်းသိလိုက်ရတယ်

"အနားကိုတိုးလာဦး အဲ့ဒါမှဘယ်လိုအသုံးပြုရလဲဆိုတာအကိုမင်းကိုသင်ပေးလို့ရမှာ ဖုန်းနံပါတ်လည်းအကိုမင်းအတွက်ဝယ်ပြီးသွားပြီ"
Komပြောလိုက်တော့ Baiboonအံ့သြလွန်းလို့မျက်လုံးတွေပြူးသွားတော့တယ်

"ဘာကိုလဲ,P'? ဖုန်းကဘယ်သူ့အတွက်လို့အကိုပြောလိုက်တာ?"
Baiboonကအလန့်တကြားနဲ့မေးလိုက်တယ်

"မင်းအတွက်လေ.. အရေးပေါ်အခြေအနေမှာပဲဖြစ်ဖြစ် မင်းအိမ်စာတွေအတွက်သူငယ်ချင်းတွေကိုဆက်သွယ်ဖို့ပဲဖြစ်ဖြစ်အသုံးပြုဖို့အတွက် အကိုမင်းအတွက်ဝယ်ပေးထားတာ"

"လက်..လက်မခံနိုင်ဘူးနော်P' . အဲ့ဒါကစျေးကြီးမှာကို ..ဘာလို့ ဘာလို့ဝယ်လာရတာလဲ?" 
Komဆီကနေကောင်းကောင်းမွန်မွန်ဆက်ဆံခံရတာကြောင့် သူ့ရဲ့နှလုံးသားလေးကတင်းကျပ်လာပြီး ငိုချင်တာကိုထိန်းထားလို့မရတော့ပါ..
သူကြိုးစားပြီးမျက်ရည်တွေကိုမကျအောင်ထိန်းနေပေမဲ့လည်း အရာမထင်ပါ...

**ကလေးကတကယ်သနားဖို့ကောင်းတာနော် Komဆီကရလာသမျှအရာအားလုံးကသူ့အတွက်အိမ်မက်ထဲတောင်ထည့်မမက်ရဲဘူးတာတွေကြီးပဲ"

"အိုး မင်းကထပ်ငိုပြန်ပြီလား"
ကောင်ငယ်လေးရဲ့မျက်ရည်တွေကိုမြင်လိုက်တာနဲ့ Komပြောလိုက်သည်။
Baiboonကတစ်ခါမှနွေးထွေးမှုဆိုတာကို မခံစားခဲ့ရဖူးဘူး
သူ့ဘေးကဒီလူတစ်ယောက်ထဲကသာ သူ့ခံစားချက်တွေကိုကောင်းမွန်အောင်လုပ်ပေးနေခဲ့တာ...
ဒီလိုမျိုးဆက်ဆံမှုကိုဘယ်သူ့ဆီကမှသူလက်ခံမရရှိဖူးဘူး သူ့အမေဖြစ်တဲ့သူဆီကနေတောင်မှပေါ့....
သူ့အဖွားကျတော့လည်း သူ့ကိုလူကြီးဆန်တဲ့သင်ပြမှုမျိုးနဲ့ ကောင်းမွန်းတဲ့ဆုတောင်းတွေသာပေးနိုင်တာဖြစ်တယ်လေ...

"ရှူး... မငိုနဲ့ ဒီကိုလာခဲ့"
Komက Baiboonရဲ့ခေါင်းကိုကိုင်လိုက်ပြီး သူ့အနားကိုတိုးခိုင်းလိုက်တယ်..
ကောင်လေးကချက်ချင်းပဲKomရဲ့သန်မာလှတဲ့ခါးကိုချက်ချင်းပဲဖက်လိုက်တယ်..

"မငိုနဲ့နော်.. အကိုမင်းကိုမပြောထားဘူးလား? အကယ်၍မင်းပျော်တယ်ဆိုရင် ပြုံးရမယ်လေ မငိုရဘူး ဖုန်းကျတော့ အကိုမင်းအတွက်ဝယ်လာပေးတယ်ဆိုတာက မင်းတကယ်အသုံးလိုတာမို့လို့ပဲ အကယ်၍မင်းမှာအရေးပေါ်ကိစ္စတစ်ခုခုဖြစ်တယ်ဆိုရင် မင်းမှာဖုန်းမရှိရင်ဘယ်လိုအကူအညီတောင်းမှာလဲ အကယ်၍ဘတ်စ်ကားမှားစီးသွားတယ်ဆိုရင်‌ကော မင်းအဖွားဒါမှမဟုတ်အကိုက မင်းကိုဘယ်လိုလာခေါ်လို့ရမှာလဲ?"
Komကကောင်ငယ်လေးကိုစိတ်ရှည်လက်ရှည်နဲ့ရှင်းပြနေတယ်

"ဖုန်းခေါ်လို့ရတဲ့တဲတွေP'"
ကောင်ငယ်လေးကရှိုက်နေရင်းပဲ တစ်ချိန်ထဲမှာပြုံးပြီးပြောလိုက်တယ်

"ဖုန်းခေါ်လို့ရတဲ့တဲတွေလို့ပြောတယ်နော်? အခုခေတ်ကြီးမှာအဲ့လိုဟာတွေကမရှိတော့ဘူး ဒါပေမဲ့လမ်းကြားထဲမှာတော့ရှိတာပေါ့ အဲ့ဟာတွေကဘယ်လောက်များများအလုပ်လုပ်ဦးမယ်လို့ထင်လဲ? ပြီးတော့အဲ့တဲတွေသာအနီးအနားမှာမရှိဘူးဆိုရင်ကော"
Komကထပ်ပြောပြန်တယ်

"အနားမှာရှိတဲ့လူတစ်ယောက်ယောက်ကိုBaiboonမေးလိုက်ယ်လေ"

ထုံထုံအအကောင်လေးရဲ့အဖြေကြောင့် Komတစ်ယောက် ချစ်မြတ်နိုးစွာနဲ့ပြုံးလိုက်မိတယ်

"အိုကေ..အို‌ကေ ဒါပေမဲ့မင်းမှာဖုန်းရှိနေတော့ပိုကောင်းတာပေါ့ ဟုတ်တယ်မလား?"
Komကချော့မော့ပြီးပြောရှာသည်..
"လာပါကွာ.. P'ကဒါကိုBaiboonအတွက်ဝယ်ပေးထားတာလေ Baiboonမကြိုက်ဘူးလား ဒါဆိုလည်းP'အဲ့ဒါကိုလွှတ်ပစ်လိုက်မယ်လေ"
Komနောက်ဆုံးကတ်ကိုထုတ်သုံးလိုက်ပါပြီ.....

"မလုပ်ပါနဲ့,P'"
Baiboonကချက်ချင်းပြောလိုက်တယ်
"ကျွန်တော်ယူပါ့မယ် P'Komကစျေးကြီးကြီးပေးပြီးဝယ်ထားရတာလေ လွှတ်ပစ်လိုက်ရင် နှမြောစရာကြီးဖြစ်သွားမှာပေါ့"

"အကိုဆိုလိုတာလည်းအဲ့တာပဲလေ"
Komကပြောလိုက်တယ်
"အဲ့ဒါကြောင်းမင်းဒါကိုကောင်းကောင်းအသုံးပြုရမယ်နော် စိတ်ပူမနေနဲ့ အကိုမှာအလုပ်ရှိတယ် ဒီလိုပစ္စည်းသေးသေးလေးတွေဝယ်ဖို့အတွက်တော့ အကို့မှာလုံလောက်တဲ့ပိုက်ဆံတော့ရှိပါတယ်ကွာ အကိုဒါကိုဝယ်ပေးတယ်ဆိုအကိုတက်နိုင်လို့ပဲ အလွန်အကျွံတွေမဟုတ်ဘူး ပြီးတော့မင်းအမေကမဝယ်ပေးတာတွေအတွက်မတွေးနဲ့တော့်နော်
ဘာလို့လဲဆိုတော့မင်းအမေရဲ့လစာကအိမ်ဌားခရယ်အခြေခံလိုအပ်ချက်တွေအတွက်ပဲလုံးလောက်လို့ပဲ ဒီလိုပစ္စည်းတွေကိုဝယ်ပေးဖို့အတွက်ကျ‌တော့ သူ့အတွက်ခတ်ခဲတယ်လေ အကိုဘာကိုပြောလဲဆိုတာကို Baiboonနားလည်တယ်မလား"

"ဟုတ်ကဲ့P' အမေကဒီလိုပစ္စည်းတွေ Baiboonကိုမဝယ်ပေးခဲ့လို့လည်း စိတ်မဆိုးပါဘူး ဘာလို့လဲဆိုတော့မလိုအပ်တာမှန်း Baiboonနားလည်လို့ပါ Baiboonစိတ်မကောင်းတာတစ်ခုက အမေကBaiboonကိုဘာမှမပြောပဲထားခဲ့တာကြောင့်ပါ"
သူ့အမေအကြောင်းကိုပြောနေရင်းနဲ့ပဲ ကောင်လေးကမျက်ရည်တွေထပ်ကျလာပြန်သည်။
Komကကောင်လေးရဲ့ခေါင်းလေးကိုပုတ်ပြီးနှစ်သိမ့်ပေးသည်။

"တော်ပြီနော် ဒီလိုပဲလုပ်ကြမယ်နော်Baiboonကဖုန်းကိုယူပြီးသုံးပါမယ်လို့လေ လက်ခံတယ်မလား?"
KomကBaiboonအမေအကြောင်းကို ပြောနေတဲ့စကားတွေထဲကနေ ပြတ်ပြတ်သားသားပဲဖယ်ထုတ်ပစ်လိုက်သည်။

"P'Komကတကယ်ဖိအားပေးနေတာပဲ" ကောင်လေးကမှတ်ချက်ချလိုက်တယ်

KomကBaiboonနှာခေါင်းလေးကိုတို့လို့ပြီးပြောလိုက်သည်။
"ဘာလို့လဲဆိုတော့Baiboonကခေါင်းမာလို့လေ P'ကသာဖိအားမပေးဘူးဆိုရင်Baiboonကလက်ခံမှာမို့လို့လား?"

"P'Kom " Baiboonဆီကနေရှိုက်သံလေးထပ်ထွက်လာပြန်သည်။

"ဒီအတိုင်း..သုံးလိုက်တော့ ဟုတ်ပြီလား မငြင်းနဲ့တော့နော် စျေးလည်းမဆစ်နဲ့တော့ ငြင်းဖို့လည်းမကြိုးစားနဲ့တော့ ထိုင်တော့ဘယ်လိုသုံးရမလဲဆိုတာအကိုမင်းကိုသင်ပေးမယ်"
နောက်ဆုံးတော့အောင်အောင်မြင်မြင်နဲ့ပဲKomပြောလိုက်နိုင်ပါပြီ
သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် Baiboonလည်းပြုံးပြီး Komကိုခုန်ပြီးနောက်တစ်ကြိမ်ထပ်ဖက်လိုက်ပြန်သည်။
ကောင်လေးကိုသူပြန်ဖက်ပေးလိုက်ပေမဲ့လည်း Komအနည်းငယ်လန့်သွားမိတယ် ဘာလို့လဲဆိုတော့သူဒီလိုမျိုးတစ်ခါမှ မမျှော်လင့်ထားမိဘူးလေ

"ကျေးဇူးတင်ပါတယ်P',. Baiboon, P'Komကိုအချစ်ဆုံးပဲနော် P'Komကကမ္ဘာပေါ်မှာအကောင်းဆုံးပဲ"
ကောင်ငယ်လေးကပြုံးပြီးပြောလိုက်တယ်

"တကယ်တော့မင်းဖုန်းကို အားအရင်သွင်းရမှာ ဒါပေမဲ့အခြေခံအကြောင်းအရာတစ်ချို့ကိုပဲ အခုအရင်သင်ထားကြရအောင်"
Komကပြောပြီးသင်ကြားရေးကိုစလိုက်တော့တယ်
အခုအနေအထားကတော့ BaiboonကKomကိုဘေးကနေမှီထားပြီးတော့ phကိုလှမ်းကြည့်ကာ Komသင်ကြားပေးနေတာကိုပဲကြည့်နေတယ်
နည်းနည်းးကြာတော့ ကောင်လေးဆီကနေငြီးသံထွက်လာခဲ့ပါပြီ။

"P'Kom, Baiboonလည်ပင်းနာလာပြီ" Baiboonကပွင့်ပွင့်လင်းလင်းပြောလာလေသည်
Komလည်းသူ့မျက်ခုံးကိုပင့်လိုက်ပြီး ဒီထက်ပိုအဆင်ပြေမဲ့အနေအထားကိုစဥ်းစားလိုက်ပြီးမှ Baiboonကိုနောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။

"ဒါဆိုလည်းဒီလိုလုပ်ရအောင်"
Komကဆိုဖာနောက်ကိုမှီလိုက်ပြီးတော့ သူ့ခြေထောက်နှစ်ဖက်ကိုချဲလိုက်ကာနေရာလွတ်ဖန်တီးလိုက်ပြီး သူ့အရှေ့ကနေရာလွတ်ကိုလက်ညိုးထိုးပြပြီး Baiboonကိုထိုင်ခိုင်းလိုက်တယ်
"ဒီမှာလာထိုင်လိုက် အဲ့ဒါဆိုမင်းလည်းမပင်ပန်းတော့ဘူး"

"အကယ်၍Baiboonအဲ့လိုထိုင်လိုက်မယ်ဆိုရင် P'Komကပင်ပန်းမယ်မဟုတ်ဘူးလား?" ကောင်လေးကနုံအစွာနဲ့မေးလိုက်တယ်

"မဖြစ်ဘူး"
Komကပြန်ဖြေလိုက်တတယ်
"လာပါအဲ့ဒါမှမြန်မြန်သင်လို့ရမှာ အကိုသူဌေးနဲ့ညကျရင်လည်းအပြင်လိုက်သွားရဦးမှာ"

BaiboonကKomရဲ့ ခြေထောက်တွေကြားထဲကိုအလျင်အမြန်ပဲထိုင်လိုက်တယ်

"မင်းအကို့ကိုမှီထားလို့ရတယ်"
Komကပြောလိုက်တော့Baiboonလည်းရဲ့သန်မာလှတဲ့ရင်ဘက်ပေါ်ကိုမှီချလိုက်တယ်
သူ့ရဲ့အ‌ရောင်ဖျော့နေတဲ့တီရှပ်နဲ့ Komကျယ်ပြောလှတဲ့ရင်ဘက်ကချိတ်ဆက်နေတယ်
Baiboonကသူ့နှလုံးသားထဲကနေနွေးထွေးမှုလေးကိုခံစားလိုက်ရသည်။
Komကသူ့ခြေထောက်နှစ်ချောင်းလုံးကို သူ့အ‌ရှေ့ကစားပွဲခုံပေါ်ကိုတင်ထားလိုက်သည်။
ပြီးမှBaiboonကိုသူ့အနားပိုနီးကပ်အောင် ကောင်လေးရဲ့ခန္ဓာကိုယ်လေးကိုဆွဲဖက်ထားလိုက်ပြီးမှ Komကဖုန်းကိုပြန်ဖွင့်ပြီးBaiboonကိုသင်ကြားရေးပြန်စလိုက်တယ်
ကောင်ငယ်လေးရဲ့ခန္ဓာကိုယ်လေးဆီကနေ ခပ်ဖျော့ဖျော့ဆပ်ပြာအမွှေးနဲ့လေးကထူးခြားတဲ့အနံ့လေးလိုမျိုးသင်းပျံ့နေတာကြောင့် Komအနေနဲ့သူ့ကိုမှီထားတဲ့ကောင်လေးကိုကြည့်လိုက်ရင်းပဲအာရုံမစိုက်နိုင်ဖြစ်နေမိသည်

"ဟီး" ရီသံခပ်တိုးတိုးထွက်လာတာနဲ့ Komကအံ့သြပြီး သူ့မျက်ခုံးပင့်တက်သွားမိစေတယ်

"ဘာတွေရီနေတာလဲ?"
Komကမေးလိုက်တော့ Baiboonကသူ့ခေါင်းကိုနောက်လှည်ပြီး Komကိုကြည့်လိုက်တယ်

"P'Komရဲ့နှလုံးခုန်းနှုန်းကအရမ်းမြန်နေတာ Baiboonခံစားမိနေတယ်"
ကောင်လေးကပြုံးပြီးပြောလိုက်တော့ Komမျက်နှာတွေပူလာသလိုမျိုးခံစားလိုက်ရသည်။

"ဒီဟာကိုပဲပြီးအောင်အရင်လုပ်လိုက်ကြရအောင်ဟုတ်ပြီလား"
KomကBaiboonရဲ့‌ခေါင်းကိုငြင်ငြင်သာသာလေးပဲကိုင်ပြီး ဖုန်းကိုကြည့်လို့ရအောင်လို့ပြန်လှည့်ပေးလိုက်ပြီး ဆက်သင်ပေးနေလိုက်သည်။
Baiboonကတစ်ခုခုလွတ်သွားမိတဲ့အချိန်တိုင်း ဒါမှမဟုတ် နားမလည်တာရှိတဲ့အချိန်တိုင်း Komကိုထပ်ရှင်းပြပေးဖို့အတွက်တောင်းဆိုလေ့ရှိသည်။
Komကတစ်ချို့ဟာတွေဆိုBaiboonကိုကိုယ့်ဟာကိုကြိုးစားကြည့်စေတယ်

"အကိုဖုန်းနံပါကိုမှတ်ထားပေးထားတယ် အကယ်၍တစ်ခုခုဖြစ်တယ်ဆိုရင်အကို့ကိုလှမ်းခေါ်နော် မင်းရဲ့ဖုန်းနံပါတ်က...."
Komကစကားပြောနေရင်းနဲ့ထူးဆန်းတယ်လို့ခံစားရပြီးရပ်တန့်သွားသည်
Baiboonရဲ့ဟောက်သံတိုးတိုးလေးကိုကြားလိုက်ရချိန်မှာပေါ့....

"အာမင်းကအကို့အပေါ်မှာဒီလိုအိပ်ပျော်သွားတယ်ပေါ့"
Komကသူ့ဟာသူပဲငြီးညူနေလိုက်တယ်
"မင်းကတကယ်ကလေးလေးပဲ ကောင်းကောင်းစားပြီးကောင်း‌ကောင်းအိပ်နေတော့တာပဲ"

BaiboonကKomရဲ့ရင်ခွင်ကိုမှီရင်းနဲ့ပဲ အိပ်ပျော်သွားတော့သည်။
Komကတော့ အစောပိုင်းကငိုရလွန်းလို့ပင်ပန်းပြီး ကောင်လေးကအိပ်ပျော်သွားတယ်လို့ပဲထင်လိုက်မိသည်။
သူBaiboonရဲ့ခေါင်းလေးကိုစိုက်ကြည့်နေပြီး ကောင်လေးရဲ့နူးညံ့လှတဲ့ဆံပင်လေးကိုဂရုတစိုက်ပွတ်ပေးလိုက်ပြီး သူ့မျက်နှာကိုငုံ့ကာ Baiboonရဲ့ခေါင်းထိပ်လေးကိုငြင်ငြင်သာသာလေးနမ်းလိုက်တယ်
သူBaiboonကိုသယ်လိုက်ပြီးကောင်လေးကိုဆိုဖာပေါ်ငြင်သာစွာပဲချပေးလိုက်ပြီးတာနဲ့ ကောင်ငယ်လေးကခန္ဓာကိုယ်ကိုလှည့်ကာအနည်းငယ်ကွေးလိုက်တယ်

"ကြည့်ရတာကိုယ်မင်းကိုနောက်တစ်ကြိမ်အိပ်ယာပေါ်ထပ်သယ်ပေးသွားရဦးမယ်ထင်တယ်"
Komသူ့ဟာသူပဲတိုးတိုးလေးပြောလိုက်မိတယ်

KNOCK...KNOCK..!!!!!

Komသူ့ရဲ့အဓိကအိမ်တံခါးကိုသွားဖွင့်လိုက်တော့ သူ့ရဲ့လက်အောက်ငယ်သားတွေထဲကတစ်ယောက်ဖြစ်နေတယ်

"P'Komသူ့ဌေးကသွားဖို့အချိန်ရောက်ပြီလို့ပြောတယ်"
Komကသိပြီးဖြစ်ကြောင်းခေါင်းညိတ်ပြတယ်

"ကောင်းပြီ ငါလာထွက်လာခဲ့မယ်"
Komကပြန်ဖြေပြီး တံခါးကိုပိတ်ကာဆိုဖာပေါ်မှာကွေးကွေးလေးအိပ်နေတဲ့ Baiboonကိုကြည့်လိုက်တယ်
"ဒီညတော့အကို့အိမ်မှာပဲအိပ်လိုက်တော့"
သူ့ဟာသူတိုးတိုးလေးရေရွတ်ရင်းပဲ Baiboonကိုပွေ့ချီလိုက်ကာ ကောင်လေးကိုသူ့အခန်းထဲခေါ်သွားလိုက်တယ်
Komကကောင်လေးကိုအိပ်ယာပေါ်ငြင်သာစွာချပေးပြီးတော့ Baiboonကိုယ်ပေါ်ကိုစောင်ပါခြုံပေးလိုက်သည်၊
စောင်ရဲ့နွေးထွေးမှုကြောင့် Baiboonကချက်ချင်းပဲသက်တောင့်သက်သာရှိသွားသလိုမျိုးနဲ့ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
စက္ကန့်အနည်းငယ်လောက်ကြာတဲ့အထိKomကသေးငယ်တဲ့ပုံရိပ်လေးကိုအမြတ်တနိုးနဲ့ကြည့်နေမိလိုက်သည်။
ပြီးမှပဲသူ့ရဲ့အလုပ်ဝတ်စုံကိုလဲဝတ်လိုက်ပြီးအပြင်ထွက်လာလိုက်တော့တယ်
သူတံခါးကိုအတွင်းထဲကနေပဲလော့ချလိုက်ပြီး တာဝန်ကျနေတဲ့အစောင့်တစ်ယောက်ယောက်ကိုရှာကြည့်လိုက်သည်။

"AiLop ဟေး AiLop"
Komကတာဝန်ကျနေပုံရတဲ့ Lopကိုလှမ်းခေါ်လိုက်တော့ Lopကသူ့ဆီကိုလျှောက်လာလိုက်သည်။
"အကိုသူဌေးနဲ့ဒီညလိုက်သွားရမှာလား?"
Lopကမေးလိုက်တယ်

"အင်း" Komပြန်ဖြေလိုက်ပြီး....
"ငါ့ကိုတစ်ခုလောက်ကူညီပြီးတော့ အန်တီNeeမအိပ်သေးဘူးလားဆိုတာသွားကြည့်ပေးစမ်းပါ ပြီးတော့Baiboonကငါ့အိမ်မှာအိပ်ပျော်နေတာမို့လို့သူ့ကိုစိတ်မပူဖို့ပါပြောလိုက်ဦး မနက်စောစောBaiboonနိုးတော့မှပဲ အိမ်ကိုပြန်ပို့ပေးလိုက်တော့မယ်လို့ပါအန်တီကိုပြောထားခဲ့လိုက်ကွာ"

LopကKomကိုတစ်ခုခုကိုသိသလိုမျိုးကြည့်လိုက်သည်။

"အဲ့အကြည့်ကဘာအဓိပ္ပါယ်လဲ? မင်းမဟုတ်တာတွေတွေးနေပြန်ပြီမလား?"
Komကမေးလိုက်သည်။

"P'Kom,ကျွန်တော်ဘာတွေတွေးနေလဲဆိုတာ အကိုဘယ်လိုလုပ်ပြီးသိတာလဲ? အကိုကိုယ်တိုင်တွေးနေလို့လား?" Lopကစိန်ခေါ်ပြီးမေးလိုက်သည်

"ခွေးကောင်လေး မင်းရဲ့ပြောင်စပ်စပ်မျက်နှာမှာအကုန်ပေါ်နေတာကို မင်းခေါင်းထဲမှာတွေးနေသလိုမျိုး မဟုတ်တဲ့ကိစ္စဘာမှမရှိဘူး"
Komပြန်ပြောလိုက်တယ် Lopကတော့သူ့အပေါ်ပြောနေသမျှကိုမတုန်လှုပ်တဲ့အတိုင်းပဲရီနေလိုက်မိသည်

" ဖြူစင်သလိုမျိုးလုပ်မနေပါနဲ့ဗျာ ပြီးတော့အဲ့လိုကိစ္စတွေကိုအကိုတစ်ခါမှမတွေးဖူးဘူးလို့တော့ကျွန်တော့်ကိုလာမပြောနဲ့နော်"
Lopကပြန်ခံပြောပြီးတာနဲ့ Komဆီကနေအကန်မခံရသေးမှာပဲအလျင်အမြန်ပဲ အန်တီရဲ့အိမ်ကိုပြေးသွားတော့သည်။

'ငါအဲ့လိုမဟုတ်တဲ့အတွေးတွေတကယ်ပဲတွေးနေမိတာလား?'
Komသူ့ခေါင်းသူ့ခါလိုက်ပြီး ကိုယ့်ကိုယ်ကိုပြန်ဆုံးမနေရင်းပဲ Kamolနဲ့တွေ့ဖို့အတွက်အဓိကအိမ်ကြီးကိုပဲသွားလိုက်တော့သည်
Baiboonကိုတော့ဒီညသူ့အိမ်မှာပဲအိမ်ခိုင်းလိုက်တော့မည်။

...........ညသန်းခေါင်၃နာရီခန့်.............

Komသူ့ဇာတ်ကိုဟိုဘက်ဒီဘက်လှည့်နေရင်းနဲ့ပဲ ပင်ပန်းနေသမျှကိုဖြေလျှော့နေရင်း သူ့အိမ်ဆီသူလမ်းပြန်လျှောက်လာသည်။
အစောပိုင်းတုန်းက Kamolကအလုပ်ပြီးတာနဲ့ သူ့တပည့်တွေကိုအချိန်ကောင်းလေးတွေရှိစေသည်။
Komကလွဲလို့ပါလာတဲ့သက်တော်စောင့်တွေကသူတို့တွေရဲ့အတွင်းပိုင်းတင်းကျပ်နေတာတွေကိုဖြေလျှော့ဖို့အတွက် ကိုယ်စီကိုယ်စီသွားကုန်ကြသည်။
ဘာပဲဖြစ်ဖြစ်ပြီးတာနဲ့ Kamolကိုသူအိမ်ပြန်ခေါ်သွားလိုက်တယ်။
ဒီညကတော့ပထမဆုံးအနေနဲ့ Kamolကသူနဲ့အိပ်ပေးဖို့အတွက် ကောင်လေးတစ်ယောက်ယောက်ကိုခေါ်တာမျိုးမလုပ်တာပဲဖြစ်သည်။
ဒါပေမဲ့လည်းအဲ့တာကြောင့်နဲ့တော့Komမအံ့သြမိပါ ဘာလို့လဲဆိုတော့သူ့သူဌေးအတွက်အရေးကြီးတဲ့လူကအိမ်မှာစောင့်နေတာကြောင့်ပဲဖြစ်သည်။
Kamolကသူ့ရဲ့ဟိုတယ်အခန်းထဲမှာပဲသူ့တပည့်တွေကိုအရက်သောက်ရင်းစောင့်နေလိုက်တယ်။
တကယ်တော့သူဌေးကသူ့လက်အောက်ငယ်သားတွေကိုအဲ့လိုစိတ်ရှည်ရှည်နဲ့စောင့်ပေးတယ်ဆိုတာ နည်းနည်းတော့ထူးဆန်းလေသည်
လူတွေကတော့ယုံကြမှာကိုမဟုတ်...

"အကိုပြန်ရောက်ပြီလား,?"
Lopဆီကအမေးစကားထွက်လာတော့မှပဲ Komလည်းလက်ရှိကိုပြန်ရောက်လာတော့သည်

"အင်း ငါပြောခိုင်းထားတာကိုမင်းအန်တီကိုသွားပြောထားရဲ့လား?"

"ကျွန်တော်ပြောထားပါတယ် အန်တီကနည်းနည်းတောင်စိတ်ပူနေသေးတယ် ဘာလို့လဲဆိုတော့အကိုကအကို့အိမ်မှာအပြင်လူတွေရှိတာကိုမကြိုက်ဘူးတာကိုသိလို့လေ အကိုကBaiboonကိုအိပ်ခွင့်ပေးတယ်ဆိုတာကိုသိနေတာတောင်မှလေ အန်တီကတောင်Baiboonကိုသွားနိုးပြီးအိမ်ပြန်‌ခေါ်သွားမယ်လို့ပြောနေသေးတယ်"

"သူကအရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာနဲ့ငါလည်းမနှိုးတော့တာ အကယ်ရင်ငါနှိုးလိုက်ရင်လည်းရှက်သွားဦးမှာဆိုးလို့"

"ဟုတ်တာပေါ့ အကယ်၍ကျွန်တော်သာဆိုရင်တော့ ကျွန်တော့်တင်ပါးကိုကန်ပြီးတောင် အိမ်ထဲကနေအကိုကန်ထုတ်မှာလေ"
Lopကပြုံးနေတဲ့Komကိုဆက်တိုက်စနေလိုက်သည်။

"ငါသွားအိပ်တော့မယ် မင်းလည်းဂျူတီချိန်ပြီးတာနဲ့သွားအိပ်တော့"

Komကပြောပြီးတာနဲ့သူ့အိမ်ဆီကိုလျှောက်သွားတော့သည်။
အိမ်တံခါးကိုဖွင့်ပြီး အခန်းမီးတောင်မဖွင့်တော့ပဲနဲ့ အကျင့်ဖြစ်နေတဲ့အတိုင်းသူ့အခန်းရှိရာကိုပဲတည့်တည့်မက်မက်လျှောက်သွားလိုက်သည်။
ရေချိုးခန်းအရှေ့မှာရှိနေတဲ့မီးလုံးအသေးလေးကိုပဲသူဖွင့်လိုက်သည်။
မီးရောင်မှိန်မှိန်လေးကအခန်းတစ်ခုလုံးကို သူ့အနေနဲ့ရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက်တော့လုံလောက်သည်လေ....
Komကအိပ်ယာဘေးကိုသွားပြီးပြုံးလိုက်မိသည် Baiboonရဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးကသူ့အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပေါ်နေတာကိုမြင်ပြီးတော့ပေါ့...
သူဟိုတယ်မှာထဲက ရေချိုးခဲ့ပြီးပြီးဖြစ်တဲ့အတွက် သူအဝတ်အစားပဲလဲလိုက်တော့တယ်
သူဘောင်းဘီပဲဝတ်ထားလိုက်ပြီးတော့ သူ့အပေါ်ပိုင်းကိုအလွတ်ထားထားလိုက်တဲ့အတွက် သူ့ရဲ့ကြီးမားလှတဲ့ရင်ဘက်ကပေါ်နေလျက်ပဲ အိပ်ယာထက်ကဘေးမှာပဲဝင်လှဲလိုက်တော့သည်။
Komကကောင်လေးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမြင်ပြီး Baiboonကိုယ်လေးကိုစောင်သေချာပြန်ခြုံပေးလိုက်သည်။
သူမနေနိုင်စွာပဲ သူ့ရဲ့ရှည်လျားတဲ့လက်ချောင်းလေးတွေဖြင့် ဂရုတစိုက်နဲ့ Baiboonရဲ့ပါးကိုဖွဖွလေးပွတ်ဆွဲလိုက်သည်
သူ့စိတ်ထဲမှာလည်း Baiboonလိုမျိုးဖြူစင်ပြီး ရိုးသားတဲ့လူမျိုးတစ်ယောက်ကိုမှ သူမမြင်တွေ့ဖူးဆိုတဲ့အကြောင်းတွေးနေမိပြီး အဲ့အချက်ကပဲသူ့အတွက်တအံ့တသြဖြစ်နေစရာပင်...

"အကယ်၍ကိုယ်ကညရဲ့အမှောင်ဆိုရင် Baiboonကနေ့အလင်းရောင်လေးပဲဖြစ်လိမ့်မယ်"
Komကတိုးတိုးလေးရေရွတ်ရင်းပဲသူ့မျက်လုံးတွေကိုမှိတ်လိုက်တော့သည်

ရုတ်တရပ်ပဲ.........

ကောင်ငယ်လေးကသူ့ဘက်လှည့်လာပြီးသူ့ကိုဖက်လိုက်တာကိုKomခံစားလိုက်ရသည်
သူကောင်လေးကိုကြည့်လိုက်တော့အိပ်နေတုန်းပဲဆိုတာကိုသိလိုက်တယ်

"မင်းကအကို့ကိုမင်းရဲ့ဖက်စရာလို့ထင်နေတာလားဟမ်?"
Komကပြောလိုက်တယ် Baiboonကတော့ရဲ့ခန္ဓာကိုယ်ကနေရတဲ့အနွေးဓာတ်ကြောင့်ပိုတောင်တိုးလို့ဖက်လာလေသည်
Komကစနေပေမဲ့လည်း ရုတ်ရပ်ပဲသူ့ရဲ့အောက်ပိုင်းတစ်နေရာကတင်းမာလာတာကိုခံစားလိုက်ရသည်

'စောနကပဲမင်းရဲ့တင်းမာနေတာတွေကိုငါလျှော့ပေးထားတာလေကွာ? ဘာလို့ထပ်မာလာရတာလဲကွာ?'
အခုလိုအခြေအနေမျိုးနဲ့တောင်နှိုးထနေမိတဲ့သူ့ကိုယ်သူဆုံးမနေမိပါပြီ....
ဒါပေမဲ့လည်းသူ့ဘေးမှာအိပ်နေတဲ့ကောင်လေးဆီကနေအမွှေးနံ့လေးရလာလေလေ သူ့ဟာကပိုတင်းမာလာလေဖြစ်နေခဲ့တယ်
နောက်ဆုံးသူမခံနိုင်တဲ့အဆုံးတော့ အိပ်ယာပေါ်ကနေပဲထပြီး သူ့ကိုယ်သူဖြေလျော့ဖို့အတွက်ရေချိုးခန်းထဲပဲဝင်သွားလိုက်တော့တယ်

'မနက်၄နာရီတောင်ရှိနေပြီKom ကိုယ့်ဟာကိုယ်ချုပ်ထိန်းပြီးအိပ်ကြရအောင် မနက်ကျရင်လည်းအစောကြီးထပြီး Baiboonကိုကျောင်းသွားပို့ရဦးမှာ'

Komသူ့ကိုယ်ကိုသတိပေးလိုက်ပြီးအိပ်ယာပေါ်ပြန်တက်လိုက်တယ်
သူနဲ့Baiboonရဲ့ကြားထဲမှာဖက်ခေါင်းအုံးတစ်ခုကိုခံထားလိုက်တာနဲ့ကောင်လေးကချက်ချင်းပဲဖက်လိုက်တယ်
Komကတော့ပင်ပန်းစွာနဲ့ပဲမျက်လုံးကိုမှိတ်လိုက်တော့တယ်.........

................မနက်ရောက်သောအခါ.....................

ကျယ်ပြန့်လှတဲ့အိပ်ယာထက်ကသေးငယ်တဲ့ပုံရိပ်လေးတစ်ခုကဖြည်းဖြည်းချင်းပဲ မျက်လုံးလေးတွေပွင့်လာတော့သည်
အခုချိန်ကသူကျောင်းကိုသွားဖို့အတွက် ပြင်ဆင်ရတော့မယ့်အချိန်ဆိုတာသူသိသည်။
ဒါကြောင့်ပဲ သူတက်နိုင်သလောက်အမြန်ထဖို့လုပ်ပေမဲ့လည်း သူ့နောက်မှာတစ်ခုခုရှိနေတယ်ထင်ပြီးBaiboonမျက်မှောင်ကြုံ့လိုက်မိတယ်
သူ့လှည့်ကြည့်လိုက်မိပြီး Komမျက်နှာကိုနီးနီးကပ်ကပ်မြင်လိုက်ရချိန်မှာတော့ သူတုန်လှုပ်သွားတော့တယ်

"အား"
Baiboonကရုတ်တရပ်ပဲလန့်ပြီးထထိုင်လိုက်မိတော့ Komပါနိုးလာတော့သည်

"ဘာဖြစ်တာလဲ? ဘာဖြစ်လို့လဲ,Baiboon?"
Komကမေးလိုက်တယ်

သူ့ရဲ့နှလုံးသားကအချိန်မရွေးပေါက်ကွဲထွက်လာတော့မယ်လို့ Baiboonခံစားနေရသည်။

"Baiboonဘယ်ကိုရောက်နေတာလဲ,P'Kom?"
ကောင်ငယ်လေးကမေးလိုက်သည်
Komကတည့်တည့်မက်မက်ထိုင်လိုက်ချိန်မှာသူ့ရဲ့အပေါ်ပိုင်းဗလာဖြစ်နေတဲ့ရင်ဘက်ကို Baiboonမြင်ပြီးရှက်လာမိတယ်
Komကတော့သူ့ခေါင်းကိုသူခါပြီးအိပ်ချင်စိတ်ကိုဖျောက်နေလိုက်သည်။

"အကို့အခန်း ညကမင်းအိပ်ပျော်သွားပြီး အကိုလည်းမနှိုးချင်တော့တာနဲ့ မင်းကိုဒီမှာပဲအိပ်ခိုင်းလိုက်တာ"
Komကပြန်ဖြေလိုက်ပြီး ကြမ်းပြင်ပေါ်မှာဖက်ခေါင်းအုံးပြုတ်ကျနေတာမြင်တော့ မျက်မှောင်ကြုံ့လိုက်မိတော့သည်

"P'Kom, Baiboonကိုနှိုးသင့်တာပေါ့ အခုP'အနားယူနေတာ Baiboonကြောင့်အနှောင့်အယှက်ဖြစ်သွားပြီ"
ကောင်ငယ်လေးကအောက်ကိုကြည့်ရင်းနဲ့ပဲတိုးတိုးလေးပြောလိုက်သည်။
သူKomကိုသေချာမကြည့်ရဲပါဘူး....

"မင်းကအနှောင့်အယှက်မဖြစ်ပါဘူးကွာ
ဘာပဲဖြစ်ဖြစ်မင်းကိုကျောင်းပို့ဖို့အကိုအစောကြီးထရမှာကိုပဲကွာ ပြီးတော့အကိုတို့နိုးနေပြီးဆိုတော့လည်း ပြန်ပြီးအသင့်ပြင်လိုက်တော့ အချိန်ရောက်တာနဲ့အကိုတို့အရှေ့မှာပဲဆုံကြမယ်လေ"
Komကသူအိပ်ချင်နေတဲ့စိတ်ကိုပျောက်အောက်ခါထုတ်နေရင်းပြောလိုက်သည်
သူ၂နာရီလောက်ပဲအိပ်ရသေးတာလေ ဒါပေမဲ့လည်းအဲ့ဒါကသူ့အတွက်လုံလောက်ပါတယ်

"ဟုတ်ကဲ့ပါ"
Baiboonကပြန်ဖြေပြီး ရုတ်တရပ်ပဲသူတစ်ခုခုကိုသတိရသွားတယ်
"ကျွန်တော်တို့မနက်စာကိုမနေ့ကဆန်ပြုတ်ဆိုင်မှာပဲစားလို့ရမလားဟင်?"

"မင်းကြိုက်လို့လား"
Komကပြန်မေးလိုက်တော့ ကောင်လေးကခေါင်းညိတ်ပြလာသည်

BaiboonကအခုထိKomရဲ့အိပ်ယာပေါ်မှာထိုင်နေတုန်းဖြစ်ပြီး Komကတော့သူ့ဘေးမှာပဲဖြစ်တယ်
Baiboonရဲ့မနက်အစောပိုင်းမျက်နှာလေးကချစ်ဖို့ကောင်းတယ်ဆိုတာကိုသူရှာတွေ့သွားပြီး အဲ့အကြောင်းကိုတွေးနေရင်းနဲ့ပဲ Komကကောင်ငယ်လေးကိုမြတ်နိုးစွာနဲ့ကြည့်လိုက်မိသည်

"ကောင်းပြီ ကျောင်းမသွားခင်အဲ့မှာအရင်သွားစားကြတာပေါ့"
Komပြန်ဖြေလိုက်တော့ Baiboonကပြည့်ပြည့်ဝဝပြုံးလာကာအိပ်ယာပေါ်ကနေဆင်းသွားတော့သည်

"ဒါဆိုBaiboonအဖွားကိုကူဖို့အတွက်အရင်သွားတော့မယ်နော်P',  အချိန်ရောက်ရင်ကျွန်တော်အကို့ကိုအရှေ့မှာလာတွေ့ပါမယ်"
Baiboonကပြောလိုက်တော့Komလည်းခေါင်းညိတ်ပြလိုက်သည်

"သွားရင်တံခါးကိုလော့ချပေးခဲ့ပါဦး"
‌ကောင်လေးမထွက်သွားခင် Komက ကိုပြောလိုက်သည်

"ဟုတ်ကဲ့ပါ,P'"
Baiboonကပြန်ဖြေပြီးတာနဲ့အရှေ့တံခါးဆီထွက်သွားလိုက်ပြီး Komကတော့မျက်နှာသစ်ဖို့အတွက် ရေချိုးခန်းထဲဝင်သွားလိုက်သည်
Baiboonကအပြင်ဘက်ကိုထွက်လိုက်ပြီး အတွင်းတံခါးကနေလော့ကိုစေချာချလိုက်တယ်
ဒါပေမဲ့သူအိမ်ပြန်ဖို့လှည့်လိုက်တာနဲ့ Mhaiကသူ့ဆီလျှောက်လာတာမြင်ပြီးလန့်သွားခဲ့သည်

"မနက်အစောကြီးနင်ဒီမှာဘာလာလုပ်နေတာလဲ?"
Komရဲ့အိမ်ကနေBaiboonထွက်လာတာမြင်ပြီး Mhaiကစိတ်ပျက်ဟရာကောင်းတဲ့အသံနဲ့မေးလာတယ်

"အာ...ဟို... Baiboonမနေ့ညကဒီမှာအိပ်ပျော်သွားလို့ပါ"
Baiboonကအမှန်အတိုင်းဖြေလိုက်တာနဲ့ Mhaiကမျက်လုံးတွေပြူးကျယ်သွားတော့သည်

"နင့်ကိုဒီမှာအိပ်ဖို့ဘယ်သူပို့လိုက်တာလဲ? နင့်မှာအိမ်ရှိတယ်မဟုတ်ဘူးလား?"
အမျိုးသမီးကထပ်မေးပြန်သည်
သူထိုအမျိုးသမီးကိုဘာပြန်ပြောရမလဲမသိတဲ့အတွက် သူရှက်ရွံ့စွာပဲရပ်နေလိုက်မိသည်
Komအိမ်ရဲ့တံခါးကပွင့်လာပြီး အပေါ်ပိုင်းဗလာနဲ့ပုခုံးပေါ်တပတ်စောင်တထည်တင်ထားတဲ့Komကထွက်လာခဲ့သည်

"Baiboonမင်းဖုန်းမေ့ကျန်ခဲ့ပြီ"
Komကအမျိုးသမီးရဲ့တည်ရှိမှုကိုဂရုမစိုက်ပဲပြောလိုကသည်
သူBaiboonရဲ့ဖုန်းကိုတွေ့တာနဲ့ ကောင်လေးဝေးဝေးမရောက်လောက်သေးဘူးဟုတွက်ဆပြီးချက်ချင်းပဲထွက်လာခဲ့လိုက်တာဖြစ်သည်
ဒါပေမဲ့ကောင်လေးကအိမ်‌ရှေ့မှာရှိနေသေးတာကိုမြင်ပြီး သူအံ့သြသွားမိသည် Mhaiကိုလည်းမြင်လိုက်ရပြီး‌တော့ပေါ့..

"ကျေးဇူးပါ,P'Kom"
Baiboonကတိုးတိုးလေးပြောလိုက်ပြီး အခုချက်ချင်းအသုံးပြုလို့ရနေပြီးဖြစ်တဲ့ဖုန်းကိုကော အားသွင်းကြိုးထည့်ထားတဲ့အိတ်ကိုကောယူလိုက်သည်။
Mhaiကတော့အပြင်လူလိုမျိုးပဲအဲ့မှာမတ်တပ်ရပ်နေရသည်

"သေချာဂရုစိုက်ပြီးကောင်းကောင်းသုံးနော်"
Komကပြောလိုက်တော့ Baiboonလည်းခေါင်းညိတ်ပြပြီး အမျိုးသမီးကိုမျက်နှာချင်းမဆိုင်းပဲချက်ချင်းထွက်သွားတော့သည်
Komကအဲ့လိုလုပ်ခိုင်းတာပဲဖြစ်သည်

"ဘာကိစ္စလဲ?" Komကထုတ်မေးလိုက်သည်

"အဲ့ကောင်လေးအပေါ်မှာအရမ်းကြင်နာပေးနေတာမဟုတ်ဘူးလား,P'Kom?"
Mhaiကမကျေနပ်သလိုမျိုးပြောလိုက်တော့ Komမျက်ခုံးပင့်သွားတော့သည်

"အဲ့တော့? ဘာပြသာနာရှိလို့လဲ?"
Komကမထူးခြားသလိုမျိုးမေးလိုက်တော့ ကောင်မလေးကဘာမှမပြောပဲသူမနှုတ်ခမ်းကိုပဲကိုက်ထားလိုက်တော့သည်

"ပြန်ပြီးအလုပ်လုပ်တော့"
Komကပြောပြီးတာနဲ့ တံခါးပိတ်ပြီးအိမ်ထဲဝင်သွားတော့သည် ကောင်မလေးကအမူအရာကိုစိတ်ထဲမရှိသလိုမျိုးနဲ့ပေါ့.......

..........................................

Baiboonကသူ့ဖုန်းကိုသူ့အခန်းထဲမှာပဲထားခဲ့လိုက်ပြီးတော့ အဖွားကိုကူဖို့အတွက်အဓိကအိမ်ကြီးဆီလာခဲ့လိုက်တယ်
Mhaiကလည်းတစ်ချိန်ထဲမှာပဲဝင်လာတာဖြစ်ပြီး Baiboonကိုမကျေနပ်သလိုမျိုးကြည့်နေပေမဲ့လည်းပါးစပ်ပိတ်နေလိုက်သည်
သူတို့လုပ်စရာရှိတာတွေကိုကိုယ်စီကိုယ်စီလုပ်နေလိုက်ကြသည်
အချိန်ကြတာနဲ့အန်တီNeeကBaiboonကိုသူတို့အိမ်ကိုပြန်လွှတ်လိုက်ပြီး ကျောင်းသွားဖို့အတွက်ပြင်ဆင်စေငည်
သူအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ BaiboonကPhaiပေးထားတဲ့သူ့ရဲ့ဖုန်းနံပါတ်ကိုသတိရပြီးရှာလိုက်ပြီး  Komသင်ပေးထားတဲ့အတိုင်းဖုန်းထဲမှာလိုက်ထားလိုက်သည်

KNOCK...KNOCK!!!!!!

Baiboonပြေးပြီးတံခါးသွားဖွင့်လိုက်သည်

"အဆင်သင့်ဖြစ်ပြီလား?" Komကမေးလိုက်သည်

"ဟုတ်P'Kom,. Baiboonလွယ်အိတ်သွားယူလိုက်ဦးမယ်နော်"
Baiboonကပြောပြီးတာနဲ့ သူ့အခန်းထဲကနေလွယ်အိတ်ကိုပြေးယူလိုက်သည်
နှစ်ယောက်လုံးအဓိကအိမ်ကြီးဆီအရင်သွားလိုက်ပြီး Baiboonကအန်တီကိုနှုတ်ဆက်လိုက်သလို သူတို့နဲ့တွေ့တဲ့တစ်ခြားသူတွေကိုလည်းနှုတ်ဆက်လိုက်သည်

"အခုသွားကြရအောင် သူဌေးနဲ့KhunKimကဆင်းလာဦးမှာမဟုတ်သေးဘူး"
Komကပြောလိုက်တော့ Baiboonလည်းဒုတိယအထပ်ကိုလှမ်းကြည့်လိုက်မိလိုက်တယ် အပေါ်ကအတွဲကိုအရိုအသေပြုဖို့အတွက်တွေ့နိုင်မလားဆိုပြီးတော့ပေါ့...

"ဟုတ်ကဲ့P'Kom"
Baiboonပြောလိုက်ပြီး နှစ်ယောက်လုံးကားဆီကိုလျှောက်သွားလိုက်သည်
KomကBaiboonနဲ့မနက်စာစားဖို့ တူညီတဲ့ဆိုင်ကိုပဲပြန်ဝင်လိုက်သည်
သူတို့စားလို့ပြီးတာနဲ့ Baiboonရဲ့ကျောင်းဆီကိုမောင်းထွက်လိုက်တော့သည်

"မင်းရဲ့ဖုန်းကိုယူလာတယ်မလား?"
Komကမေးလိုက်သည်

"ဟုတ်"
ကောင်လေးကပြန်ဖြေပြီးဖုန်းကိုထုတ်လိုက်ကာ Komကိုပြလိုက်သည်

"အာP'Kom, Baiboonဒီဖုန်းနံပါတ်ကိုအတန်းဖော်တွေကိုပေးလို့ရမလားဟင်"
ကောင်လေးကမေးလိုက်သည်
Komကခနတိတ်ဆိတ်သွားပေမဲ့လည်း ခေါင်းညိတ်ပြလိုက်သည်

"ရတယ် ဒါပေမဲ့လူတိုင်းကိုမပေးနဲ့နော် မင်းရဲ့ကျောင်းအိမ်စာတွေနဲ့ပတ်သတ်ပြီးမင်းကိုကူညီနိုင်တဲ့ မင်းနဲ့အရင်းနှီးဆုံးလူတွေကိုပဲပေးနော်"
Komကသတိပေးသလိုမျိုးပြောလိုက်သည်

"ဟုတ်ကဲ့ပါ"

"အကို့ဖုန်းထဲမှာမင်းနံပါတ်ကိုမှတ်ထားတယ် အကိုနံပါတ်လည်းမင်းဖုန်းထဲမှာရှိတယ် မေ့နေမှာဆိုးလို့"
Komကထပ်ပြောလိုက်သည်
Baiboonကခေါင်းညိတ်ပြီးပြုံးပြလာသည်
သိပ်မကြာခင်ပဲကျောင်းကိုသူတို့ရောက်သွားတော့တယ်

"ကျေးဇူးပါP' " BaiboonကKomကိုအရိုအသေပေးလိုက်သည်
"အတန်းပြီးသွားရင်အကိုပဲလာကြိုပေးမယ်မလားဟင်"

"တစ်ခြားတစ်ယောက်ယောက်ကိုလာကြိုစေချင်လို့လား?"
Komကစလိုက်တော့ Baiboonကခေါင်းကိုချက်ချင်းပဲခါပြကာ
"BaiboonကP'Komကိုပဲကျောင်းအပို့အကြိုလုပ်စေချင်တာ"
Baiboonကပြောလိုက်တော့ Komပြုံးလိုက်မိတယ်

"အကိုမင်းကိုလာကြိုပါမယ် စိတ်မပူပါနဲ့" Komကပြောလိုက်သည်
"အတန်းကိုသေချာတက်နော် အကယ်၍မင်းတစ်ခုခုလိုတယ်ဆိုအကို့ကိုလှမ်းပြောနော်"

"ပြောပါ့မယ်P' " Baiboonကလက်ခံလိုက်ပြီးကာတံခါးဖွင့်လိုက်သည်

Komကကောင်လေးကျောင်းဝန်းထဲဝင်သွားတဲ့အချိန်ထိစောင့်နေလိုက်သည်
အရပ်ခပ်ရှည်ရှည်နဲ့ကောင်လေးကBaiboonဆီလျှောက်လာတာမြင်ပြီး သူမျက်မှောင်ကြုံ့လိုက်မိသည်
အရပ်ရှည်ရှည်နဲ့ကောင်လေးကBaiboonရဲ့လွယ်အိတ်ကိုယူပြီး သူ့နောက်ကျောမှာလွယ်လိုက်တာမြင်ပြီး Komစိတ်ထဲအနှောင်အယှက်လိုမျိုးအချိန်ခနလောက်ဖြစ်သွားမိသည်

"နေ့လည်ကျရင်Baiboonကို သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့သေချာပေါက်မေးရမယ် အဲ့တာမှသူတို့ကဘယ်လိုလူတွေလဲဆိုတာင့သိရမှာ"
Komသူဟာသူပဲငြီးညူလိုက်တော့သည်





ဖုန်းတဲဆိုတာဒါလေးကိုပြောတာပါ ဘယ်လိုခေါ်ရလဲဆိုတာသေချာမသိတာနဲ့ ဖုန်းတဲလို့ပဲပြန်လိုက်တာပါ













Comment