Part - 13
ဒါပေမဲ့ သူကရော ?
”အချစ် ”
”ဝန်ခံမလို့ ”
**
”အစောကြီးဘာလို့လဲ ”
”ကားပေါ်တက်စမ်းပါ ”
”အော ”
”အင်း ”
Gamcheon Village ;
”ဒီကို ဘာလို့လာတာလဲ ”
”အော..အများကြီး ”
”ကြက်သားအေး ရတာပေါ့ ”
”မွေးနေ့ ငါ့မွေးနေ့ ”
”ဘာဖြစ်တာလဲ ”
”သေချာမသိဘူး  ”
”Bogum ဘာလဲ ဒါက ”
”အချစ်? ဒါက ငါ့အတွက်လား ”
”နမ်းပါ.. နမ်းပါ ”
”နိုးပြီလား ”
***
”အ..အခုလား?”
”နမ်း ငါ့ကိုနမ်း အခု ”
Unicode
Jeju က ပြန်လာပြီးတဲ့နောက်ပိုင်း Jungkook နဲ့ မကြာခဏတွေ့ဖြစ်သည်။ ဒါကို ပျော်နေမိတာ​က ကျွန်တော်အတော်လေးသဘောကျနေပြီကိုညွှန်ပြနေသလား မပြောတတ်တော့။
ဒါပေမဲ့ သူကရော ?
”Taehyung ကြားလား Jungkook မွေးနေ့ရှိတာ ငါ့အိမ်မှာပဲလုပ်ဖြစ်လိမ့်မယ်ထင်တယ် ဘာပြောသေးလဲ ”
”မွေးနေ့လား တကယ်က ငါသူမွေးနေ့မသိဘူး ”
”Jina က Suprise လုပ်ပေးချင်နေတာ  အခုထိ အဲ့ကောင်ကဘာမှလဲပြောမလာဘူး ”
ကျွန်တော်လည်း လုပ်ပေးချင်ပေမယ့် ကြောင်တောင်တောင်ဖြစ်နေနိုင်တယ်မလား​။ Jina က အများကြီးပြင်ဆင်တတ်မှာ။
”နင် ဘာတွေအဲ့လောက်ကြိုးစားနေတာလဲ သံစဥ်အသစ်ဆိုတော့ ပြိုင်ပွဲ? ”
Jungkook က ဘေးနားလာထိုင်ပြီး မေးလေ၏။
”မဟုတ်ပါဘူး ဒါက ငါကိုယ်တိုင်စပ်ထားတာ တကယ်ကသင်တန်းဆရာမအကူအညီလဲပါတာပါပဲ ပြင်ဆင်နေခဲ့တာ ပြီးခဲ့တဲ့လတွေတည်းက”
”နာမည်ပေးနေကျမလား ဒါကရော ”
”အချစ် ”
Jungkook က တစ်ချက်လှည့်ကြည့်လာသည်။
”အဲ့ဒါမျိုးပေးတာက ရည်းစားရပြီ အဲ့လိုလား ”
”ဝန်ခံမလို့ ”
မျက်မှောင်တွေတွန့်ချိုးနေသည်က နင်ငါ့ကိုသဘောကျနေသေးမှန်းမြင်ရတာ။ငါအရင်လဲသိနေတာပါပဲ အခုက ဝန်ခံလဲနောက်မကျတာငါသိတယ်။
**
မနက်အစော Ph ဆက်လာတာကြောင့် ရေချိုးပြီးလမ်းထိပ်သို့ထွက်ခဲ့ရသည်။ ကားအနက်ရောင်ပေါ်က Jungkook
”အစောကြီးဘာလို့လဲ ”
”ကားပေါ်တက်စမ်းပါ ”
”အော ”
ကားထဲမှာ သီချင်းသံတစ်ခုက ပျံ့လွင့်နေသည်။ Disco သီချင်းတစ်ပုဒ်ဖြစ်ကာ  Cheryl lynn ရဲ့ Got To Be Real
ကားမှန်မှတဆင့် မြင်နေရတဲ့ Kim Taehyung က ခေါင်းတစ်လှုပ်လှုပ်နဲ့ တက်ကြွနေလေသည်။
”ဘာလဲ ဒီသီချင်းကြိုက်တာလား ”
”ငါအဲ့လိုသီချင်းတွေသဘောကျတယ် ”
လေးထောင့်ဆန်ဆန်အပြုံးက အနီးကပ်မဟုတ်တာတောင်လှနေတာ။
Bogum က ဒါတွေသဘောကျနေတာလား။ Kim Taehyung နဲ့ ပတ်သတ်ပြီးအတွေးက အထွေအထူးမရှိခဲ့ပါဘူး။ အစတည်းက ကျွန်တော့်ဟာမှမဟုတ်ဘဲ ဒီအ​ခြေအနေတွေက Jina ကြောင့်ပဲဖြစ်လာရုံသက်သက်။ Bogum လဲ ဒါတွေကိုသိနေပြီးသား။
”မင်း ဘူဆန် ကိုသွားနေတာလား ”
”အင်း ”
Repeat ခလုတ်ကိုနှိပ်ထားပြီး ဆက်တိုက်လာနေတဲ့ Discoသီချင်းလေး။ ကားမှန်ကမြင်နေရတဲ့ မျက်နှာလှလှလေးအားဆက်တိုက်မြင်ရတော့လေသည်။
Gamcheon Village ;
ဆိုလ်း ကနေ ဘူဆန် ဆိုလျှင်  ငါးနာရီနီးပါးသွားလာရသည်မို့ နေ့လည်ကျော်လောက်မှ Gamcheon ကိုရောက်လာခဲ့သည်။
ကားပေါ်ကဆင်းသည်နှင့် လက်ကိုယှက်ကိုင်ထားသည့် Jungkook
”ဒီကို ဘာလို့လာတာလဲ ”
”ဒီမှာ ငါမွေးတာ ငါ့မွေးရပ်မြေ ”
”တကယ်လား Gamcheon က ငါတကယ်သဘောကျတဲ့နေရာ”
”ငါက ငါ့မွေးရပ်မြေထက်ပိုသဘောကျစရာကောင်းပါတယ် ”
အောက်နှုတ်ခမ်းကိုခပ်ဖွဖွလေးကိုက်နေပါတဲ့ Taehyung ကိုမြင်ရသည်။
Gamcheon ကို 'Korean Santorini ' လို့တောင်ချစ်စနိုးခေါ်တာမလား။ ကျွန်တော်သိတာပေါ့ Jungkook လိုပဲ Jungkook မွေးရပ်မြေကချစ်စရာကောင်းနေတာ။
လမ်းကြားသေးလေးတွေနဲ့ နံရံပန်းချီတွေက ချစ်စရာကောင်းပြီး ရွာခံတွေက အနုပညာရှင်တွေလားလို့တွေးမိရသေးတာ။
Jungkook က ပန်းချီဆွဲတော်တာဆို မွေးရပ်မြေကပါ တော်နေတာမဟုတ်ဘူးလား။
စာကြ​ည့်တိုက်အသေးနဲ့ စာအုပ်ဆိုင်များအားတွေ့ရင် လက်ညိုးတထိုးထိုးလုပ်နေတဲ့ Taehyung က ကားဒီလောက်စီးလာတာ မပင်ပန်းဘူးထင်။
”စာအုပ်တွေ အဲ့လောက်သဘောကျလား ”
”အော..အများကြီး ”
ဗိုက်အတော်ဆာနေပြီမို့ စားသောက်ဆိုင်အသေးလေးထဲဝင်ခဲ့သည်။
”ဒီဆိုင်က ငါငယ်ငယ်က တကယ်သေးသေးလေး ”
”ဒါဆို ဒီဆိုင်လေးက မင်းနဲ့အတူကြီးပြင်းလာတာပဲ ”
ကျွန်တော့်စကားကို တစ်ချက်ရယ်လိုက်ပါတဲ့ Jungkook
ကျွန်တော်ပါပြုံးလိုက်မိတော့သည်။
”အဘွား ကြက်သားအေး ရသေးလား ”
”ကြက်သားအေး ရတာပေါ့ ”
ကြက်သားအေးပဲ စားမည်ဟုတဖွဖွပြောနေသော Kim Taehyung ကြောင့် ကျွန်တော်ပါလိုက်စားမိပြန်သည်။
”ဘာလို့ ဒီကိုငါနဲ့လာတာလဲဟင် ”
”မွေးနေ့ ငါ့မွေးနေ့ ”
ပါးစပ်လေးအဟောင်းသားနဲ့ ငေးကြည့်နေသည်။ ကျွန်တော့်မွေးနေ့ကိုမပြောပြထားတော့ သူဘယ်သိမလဲ။
”ဘာလို့မပြောတာလဲ ငါကမသိဘူး ..အဲ့လိုဆို တစ်ခုခုလုပ်ရမှာမလား”
ပြာပြာသလဲနဲ့ စိတ်လှုပ်ရှားစွာဆိုနေသည်။
”ဘာလုပ်မှာလဲ မင်းကဘာလုပ်လို့ရမှာလဲ ”
ကားထဲကို ပြန်ရောက်တော့ Ph Misscall တွေက တောက်လျှောက်ဖြစ်ကာ Jina ဆီမှ။
”ပြန်တော့မလား ညနေစောင်းနေပြီ ”
Jungkook က ဘာမှမပြောလာဘဲ ဆိုးလ် ကိုပြန်လာရတော့သည်။Bogum ပြောထားတယ်မဟုတ်လား။ Jina က Suprise လုပ်ဖို့ပြင်ထားလောက်မှာပေါ့ ။
အပြန်မှာတော့ ကျွန်တော့်ဘေးနား အိပ်ပျော်ပါလာတဲ့ Taehyung
အဆောင်ပြန်ပို့ရင် နှိုးရဦးမှာမလား။ မနှိုးချင်ပါ ခရီးကကြာပြီးပင်ပန်းသည်။
အိမ်ထိခေါ်လာခဲ့ကာ အခန်းထဲပွေ့ချီချထားပြီး Jina နဲ့ Bogum ဆီထွက်ခဲ့တော့သည်။ အချိန်က ညပင်ဖြစ်နေလေပြီ။
”Jungkook အခုအရေးတကြီးသွားရမယ် ”
”ဘာဖြစ်တာလဲ ”
”Jina ဟန်မြစ်မှာမူးပြီး မပြန်ဘူး သွားခေါ်ရမယ် ”
”ဘာအရူးထတာလဲ အိမ်ကတစ်ခုခုဖြစ်တာလား ”
”သေချာမသိဘူး  ”
Bogum နဲ့ အတူ ဟန်မြစ်ဘက်ကိုရောက်လာတော့ စုံတွဲအချို့က စုဝေးနေကြသည်။ နားထဲ ကြားရတဲ့ သံစဥ်က Piano တီးနေတာလား။
Bogum နောက်လိုက်သွားတော့ Jina က Piano တီးနေခြင်းဖြစ်ပြီး
သံစဥ်က  အချစ် ဆိုတဲ့ဟာလား?
”Bogum ဘာလဲ ဒါက ”
Bogum ပခုံးတွန့်ပြလာသည်။
Jina ကထလာကာ ကိတ် နဲ့ အနားရောက်လာ၏။
”Happy Birthday Jungkook ”
”Suprise လား ငါ့ကိုညာခေါ်ပြီး ”
”ဘာလဲ မကြိုက်ဘူးလား ငါကဘယ်လိုပြင်ဆင်ထားရလဲ သီချင်းတောင်လေ့ကျင့်နေရတာ ”
”အချစ်? ဒါက ငါ့အတွက်လား ”
”နားထောင်ကောင်းတယ်မလား ”
Jungkook က ဘာမှမပြောဘဲ မီးမှုတ်ပြီး ကိတ်အား တစ်ဇွန်းစားသည်။အခြားစုံတွဲတွေက လက်ခုပ်တွေတီးပြီး ဓာတ်ပုံရိုက်တော့လေသည်။
”နမ်းပါ.. နမ်းပါ ”
အတွဲတွေထင်နေပုံရပြီး အခုနမ်းခိုင်းနေကြသည်။ Jina ကမသိသလိုလုပ်နေလိုက်ပေမယ့် နမ်းချင်တာက အရမ်းပဲပေါ့။ ကျွန်တော်က Jina ရဲ့ ပထမဆုံးအနမ်းကိုရမှာပဲမလား ။ဒါပေမယ့် ..
”ကိတ် က ချိုတယ် ..ငါအိမ်မှာ Taehyung ကိုထားခဲ့တာမို့လို့ ပြန်ရမှာ”
Jina က မျက်နှာပျက်ကာမော့ကြည့်လာသည်။ သဝန်တိုလား ငါ့ဆီကို လာဖို့ခက်နေတာပဲလား။ Taehyung က အခု ငါတွဲနေတဲ့သူမို့ နင်ထပ်ပြီးလျစ်လျုရှုနိုင်မလား သိချင်တယ်။
အိမ်ကိုပြန်ရောက်လာတော့ အိပ်ရာပေါ်မှာ ခပ်ပုံပုံလေးထိုင်နေပြီး နှုတ်ခမ်းကစူနေသေးသည်။
”နိုးပြီလား ”
”ဘာလို့အဆောင်ကိုပြန်မပို့တာလဲ မနှိုးရတာလဲ ”
”ငါ့မွေးနေ့မှာ မင်းကိုနှိုးပြီးလိုက်ပို့တဲ့ထိအားနေမယ်ထင်တာလား ”
”ဒါဆို ငါ Taxi ငှားပြန်မယ် ”
”လိုက်ပို့မယ် အခန်းထဲကတစ်လှမ်းမှမထွက်နဲ့ ”
ပြောချင်ရာပြောပြီး ဝတ်ထားတဲ့ ရှပ် အနက်ကိုချွတ်ကာ ရေချိုးခန်းထဲဝင်သွားလေသည်။
ကျွန်တော်ကမျက်နှာတွေပါပူလာပြန်တာ ။ဒီကြွက်သားတွေကို အရင်တစ်ခါလည်း မြင်ဖူးထားတာကို ဘာတွေဖြစ်နေရပြန်တာလဲ။
***
ကျွန်တော့်ကို Taxi ငှားပြီးအပြန်မခံတဲ့ Jungkookက အဆောင်နားထိလိုက်ပို့ပေးသည်။ Jina တို့ဆီသွားတာမဟုတ်လား ။ ဘာလို့အခုကျွန်တော်နဲ့ရှိနေရသည်လဲ မေးချင်သော်လည်း မမေးမိပြန်။
”မွေးနေ့လက်ဆောင် ပေးဖို့အစီစဥ်မရှိပုံပဲ ”
”အော? ငါ ဘာမှလဲမဝယ်ထားမိဘူး.. မနက်ဖြန်မှ-”
”အခုပေးလို့ရတာရှိနေတာပဲ ”
”အ..အခုလား?”
ခေါင်းငြိမ့်ပြလာတဲ့ Jungkook ကြောင့် နားလည်ရခက်သွားသည်။
”နမ်း ငါ့ကိုနမ်း အခု ”
မျက်လုံးတွေပြူးကာကြည့်လာသည့် Kim Taehyung က ပါးတွေပါချက်ချင်းရဲတက်လာတာ။
အခုလိုမျက်နှာကို မြင်ချင်လို့ တမင်ပြောလိုက်ပေမယ့် ထိကပ်လာသည့် ခပ်အိအိနှုတ်ခမ်းသားက စုပ်ယူတာမျိုးမရှိပဲ ဖိကပ်ခြင်းအတိနှင့်။
ခါးကိုဆွဲပြီး နမ်းလိုက်မိတော့တာပဲ။ ကားမှန်ကိုကပ်နေတဲ့ ကိုယ်လုံးသေးသေးဆီက ကြားရတဲ့ ညည်းသံခပ်တိုးတိုး။
နမ်းရင်အောက်နှုတ်ခမ်းကိုက်ရတာက ကျွန်တော့်အကျင့်လိုဖြစ်နေတာကြောင့် နာသွားပုံရ၏။
အဲ့လောက်ထိနမ်းဖို့ အစီစဥ်မရှိတာကို လာဆွသလိုလုပ်တာ။
လွှတ်ပေးလိုက်တော့ အသက်ကိုရှုနေလိုက်တာများ။  ကျွန်တော်က သူ့မျက်လုံးထဲကိုငေးကြည့်ရတာ အလုပ်တစ်ခု။ အဲ့ဒါကို သဘောကျတာခြွင်းချက်မရှိ။ မျက်ကပ်မှန်မရှိဘဲ မျက်မှန်မပါတဲ့ မျက်လုံးအညိုရောင်တွေ။
Comment