[အပိုင်း ၁၃]

Uni Code

ဂျူဟျွန်းအတွက် ဆူးလ်ဂီက သက်တန့်တစ်စင်း။ သူမဘဝကို ပိုပြီးအရောင်စုံလှပစေသည်။ သူ့အကြောင်းများစဥ်းစားလျှင် ပြုံးအောင်စွမ်းနိုင်သော ဂုဏ်သတ္တိရှိပြီး အချစ်ရူးလိုလို၊ မချစ်ဖူးသူလိုလို ကမောက်ကမတွေဖြစ်စေနိုင်သော ဘေးထွက်ဆိုးကျိုးလည်းရှိသည်။

မည်သို့ပင်ဆိုစေ ဆူးလ်ဂီသည် သူမ၏သက်တန့်။ သူမ၏ ရောင်စုံခဲတံလေးပင်ဖြစ်သည်။ သူ့ကိုချစ်ပြီး သူ့အချစ်ကိုခံရခြင်းအားဖြင့် အရင်ကသိခဲ့သော ဆက်ဆံရေးများအပေါ် ပြန်မေးခွန်းထုတ်ရလောက်သည်အထိ ဆူးလ်ဂီဟာ ဂျူဟျွန်းကိုကြင်နာသည်။

"ငါမလုပ်နိုင်ဘူးထင်တယ် ဆူးလ်ဂီ လူတွေကလည်းအများကြီးရှိနေမှာ နောက်ပြီး "

"အင်း "

ဂျူဟျွန်းအိမ်။ ပထမဆုံးရောက်ဖူးသူပီပီ ဆူးလ်ဂီကအခန်းအတွင်း လှည့်ပတ်ကြည့်သည်။ သူ့လက်ဖျားလေးများဟာ နံရံတွေကိုထိသွားလိုက်၊ စင်ပေါ်ကစာအုပ်တွေကို တို့သွားလိုက်၊ ဓာတ်ပုံတွေကပ်ထားသည့် လေးထောင့်ဘုတ်ပြားကို စမ်းကြည့်လိုက်နှင့် အသေးစိပ်မှတ်နေဟန်တူသည်။

"နောက်ပြီး အဲ့ပရောဂျက်ကို ငါလက်ခံလိုက်ရုံနဲ့ သူတို့လိုချင်တဲ့ရန်ပုံငွေရပါမယ်လို့ မယုံကြည်ဘူး ငါကအနုပညာရှင်လည်းမဟုတ်ဘဲနဲ့လေဟာ သိလား "

ဖိအားများကို သည်းမခံနိုင်စွာ ဂျူဟျွန်းသက်ပြင်းချလိုက်သည်။ ဆူးလ်ဂီက သူမစကားတွေကို နားထောင်နေရဲ့လားမသိပါ။ မိမိ၏အခက်အခဲကို သူစိတ်ဝင်စားဟန်မတူ။

"ထားလိုက်ပါတော့ "

"အဲ့ပရောဂျက်က မသန်စွမ်းသူတွေအတွက် ပညာရေးထောက်ပံ့ငွေရှာပေးတာမလား "

သူမအတွေးများပင်မဆုံးသေး ဆူးလ်ဂီ၏အနွေးဓာတ်ကို ဂျူဟျွန်းလက်ခံရရှိလေသည်။ ခါးကိုဖက်ထားပြီး ဘယ်ဘက်ပုခုံးပေါ်မေးတင်ကာ ဂျူဟျွန်းပြဿနာကို သူအလေးထားကြောင်း စကားစသည်။

"ဟုတ်တယ် အဲ့ဒါလာမယ့်ဘောလုံးပွဲနေ့မှာ နေ့လည်နားချိန်ကျရင် ငါ့ကိုလာပြောစေချင်တာ သူတို့ပေးတဲ့စာအတိုင်းဆိုပေမယ့် အဲ့ကွင်းကသူတွေမြင်ရအောင် ငါ့ကို LED ဘုတ်ကြီးပေါ် တင်တော့မှာ အဲ့အတွက်ကို ယုံကြည်ချက်မရှိဘူး "

"ယုံကြည်ချက်မရှိဘူး? ဘာကိုယုံကြည်ချက်မရှိတာလဲ ဟျွန်း? လူတွေအများကြီးက နင့်ကိုမြင်ပြီး သဘောမကျကြမှာကိုလား "

"အဲ့ဒါလည်းပါတယ် ဒါပေမယ့် ကျန်တာလည်းရှိတယ် မပြောပြတတ်တော့ဘူး ဘာလို့ငါ့ကိုမှလာရွေးလဲဆိုတာလည်း နားမလည်ဘူး ငါ့ထက်ကြည့်ကောင်းတဲ့သူတွေ အပုံကြီးရှိတာကို "

"သူတို့က နင်မဟုတ်လို့ပေါ့ ဘယ်ဂျူဟျွန်းရ "

ဖက်ထားတာကိုလွှတ်ပြီး ဆူးလ်ဂီကသူမကို မျက်နှာချင်းဆိုင်စေသည်။ သူ့ကိုကြည့်ရတာ ယုံကြည်ချက်အပြည့်မို့ ဂျူဟျွန်းကပိုဖိအားများလာသယောင်။

"ပထမအချက် နင့်ကိုသာလူတွေအများကြီးကမြင်ရင် ဝါးခနဲဖြစ်သွားမှာ ငါအာမခံတယ် ဘာလို့လဲဆိုတော့ သိတဲ့အတိုင်း နင်ကဘယ်ဂျူဟျွန်းလေ အချောဆုံး အလှဆုံး ငါ့ရည်းစားဖြစ်နေလို့ "

"ဒုတိယအချက် နင်ကကျောင်းစာဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုပ်စရာရှိရင် အမှားအယွင်းမဖြစ်အောင် သေချာဂရုစိုက်ပြီးလုပ်တတ်တယ်ဆိုတာ ငါသိတယ် အဲ့အတွက် နင်အမှားလုပ်မိမှာ စကားမှားပြောမှာကို လုံးဝစိုးရိမ်စရာမရှိဘူး "

"တတိယအချက် နင်ပြောသလိုပဲ နင့်ထက်ကြည့်ကောင်းတဲ့သူတွေ ရှိတယ်ပဲထားပါတော့ သူတို့ကိုမရွေးဘဲ နင့်ကိုရွေးတယ်ဆိုကတည်းက နင့်အပေါ်ယုံကြည်လို့ သူတို့မှာမရှိတဲ့ အရည်အချင်းတွေ နင့်မှာရှိလို့ "

"စတုတ္ထအချက်က နင်လုပ်နိုင်မယ်ဆိုတာ ငါသေချာပေါက်သိတယ် လိမ်တာမဟုတ်ဘူး တကယ်ပြောတာ နင်ကပရောဂျက်ကို ရန်ပုံငွေအောင်အောင်မြင်မြင်ရှာပြီး မသန်စွမ်းသူတွေအတွက် အကောင်းဆုံးပညာရေးရအောင် ကြိုးစားပေးမယ်ဆိုတာ ဗေဒင်တောင်သွားမေးစရာမလိုဘူး "

ဆူးလ်ဂီက အကောင်းဆုံးသူဖြစ်သည်။ သူက ဂျူဟျွန်းရဲ့အကြောက်တရားကို ​ဖြေရှင်းပေးနိုင်ပြီး ယုံကြည်မှုရှိလာအောင် ကူညီသည်။

"အဆုံးသတ်မှာ နင်ကြောက်တဲ့အရာတွေကို အောင်အောင်မြင်မြင် လုပ်နိုင်သွားမယ်ဆိုတာ ငါ့ဘဝနဲ့ရင်းပြီးပြောရဲတယ် ဟျွန်း "

ဒီတစ်ခါထားလိုက်တဲ့ချစ်သူဟာ ရုပ်ရှင်နဲ့ စာအုပ်တွေထဲကလို ပြီးပြည့်စုံမှုမျိုးနှင့် သူမဆီရောက်ရှိလာတာဖြစ်သည်။

ထို့အတွက်လည်း ဂန်ဆူးလ်ဂီကို ဂျူဟျွန်းကအမြဲတမ်း ကျေးဇူးတင်နေလိမ့်မည်။

* * *

"ယုံဆွန်းရဲ့မင်္ဂလာပွဲတုန်းက ဘာလို့မလာတာလဲ ဂျူဟျွန်း "

ဆူးလ်ဂီအိမ်ထောင်မပြုခင် သူမတို့နှစ်ယောက်တည်းရှိသည့် ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်တွင်မူ အခြေအနေမကောင်းလှ။ ဖုန်းနံပါတ်ကြောင့် အရှက်ရစရာတွေဖြစ်ခဲ့သည်။

" အာ.. အဲ့တုန်းက ငါလာပါသေးတယ် လက်ဖွဲ့ပေး နှုတ်ဆက်ပြီးတော့ ပြန်သွားတာ အလုပ်ကအရေးကြီးတဲ့ အစည်းအဝေးရှိနေလို့လေ "

ယနေ့နေသာသည်။ သို့သော် တိမ်ဖုံးသွားသဖြင့် ခပ်အုံ့အုံ့ဖြစ်နေပြီး ဤရာသီဥတုကို ဂျူဟျွန်းသဘောကျသည်။

"ငါလည်းလာတယ် ဒါပေမယ့် နင့်ကိုမတွေ့လို့ "

"သြော် "

စကားလုံးများသည် တစ်ခွေတည်းနှင့်ပြီးဆုံးသွားသော ဇာတ်လမ်းများလို ဆက်ရန်ပျောက်သွားပြီး သူမနှင့်ဆူးလ်ဂီက နေရမခက်စေရန် တစ်ခွေပြီးတစ်ခွေ ဆက်ဖွင့်နေရသည်။

"ငါဂျပန်ကိုရောက်လာသေးတယ် "

ဆူးလ်ဂီကဆိုသည်။ ဂျူဟျွန်းသူ့ကို ကြည့်လိုက်ပေမယ့် ချက်ချင်းအကြည့်ပြန်လွှဲလိုက်လေသည်။

"ဟုတ်လား အလုပ်ကိစ္စကြောင့်လာတာလား "

"မဟုတ်.. လူတစ်ယောက်ကိုလာရှာတာ "

"ဘယ်သူလဲ.. ပြောပြဖို့အဆင်ပြေရင်ပေါ့ "

ကော်ဖီခွက်ကိုငုံ့ကြည့်နေရာမှ ဆူးလ်ဂီကခေါင်းမော့လာပြီး ဘာမှထပ်မပြောတော့။

တစ်ခါတစ်လေ ဂျူဟျွန်းသူ့ကိုနားမလည်။ သူ့ခေါင်းထဲကအတွေး၊ သူ့စဥ်းစားနေတဲ့အရာတွေ။ ထိုအကြောင်းအရာတိုင်းက သူမ လိုက်လို့မမှီသည့် အခြားတစ်နေရာတွင်ရှိနေသည်ဟု ခံစားရသည်။

ထို့နားမလည်နိုင်ခြင်းက သူမတို့ကိုဝေးစေသည့် အကြောင်းပြချက်လား။

ဂျူဟျွန်းဘာကြောင့် ဆူးလ်ဂီကိုလမ်းခွဲခဲ့သနည်း။ ထိုလမ်းခွဲခြင်းသည် မိမိကိုရော သူ့ကိုပါ ထိခိုက်စေမှန်းသိလျက်နှင့် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့သည်မှာ ဘာကြောင့်နည်း။

အခုတော့သူသည် တခြားတစ်ယောက်နှင့် ဘဝကိုအတူကုန်ဆုံးသွားတော့မည်။

"ဒီမှာ "

"ဒါကဘာလဲ "

"ဆယ်စောင်မြောက်စာ "

လှမ်းယူလို့ လက်ထဲရောက်ပြီးမှ ဂျူဟျွန်းကျောက်ရုပ်လိုဖြစ်သွားသည်။

"ငါသွားပြီ ဟျွန်း "

ထိုစာကို ဂျူဟျွန်းမဖတ်ခဲ့ပါ။ အိမ်ပြန်ရောက်တော့လည်းမဖတ်။ နောက်နေ့တွေ ကူးသွားတော့လည်းမဖတ်။ အရက်မူးပြီး အိမ်ပြန်ရောက်လာလည်း မဖတ်တော့။ တစ်ယောက်တည်းရှိပြီး အိမ်ပြင်ကမီးရောင်စုံတွေကို ငေးကြည့်နေသည့်တိုင် ဆူးလ်ဂီပေးသောစာကို ယောင်လို့တောင်မဖွင့်ခဲ့။

စားပွဲခုံအံဆွဲထဲတွင် ငါးလဟုခေါင်းစဥ်တပ်ထားသော စာတစ်စောင်ရှိပြီး မေတ္တာတရားအကြောင်း စီကာပတ်ကုံး ရေးသားဖွဲ့နွဲ့ထားသည်။ ထိုစာကိုဖတ်ခဲ့တုန်း​က ဆူးလ်ဂီရေးမှန်း မယုံသည့်အတွက် သူ့ကိုပြဿနာရှာဖူးသေးသည်။

အမှတ်တရကြောင့် အမှတ်တမဲ့ပြုံးရပြန်သည်။ အဲ့တုန်းကဟုအစချီလျှင် ပျော်စရာကောင်းသည့်ဖြစ်ရပ်များကို ဝမ်းနည်းပက်လက် မှတ်မိနေခြင်းက လူတွေခံနေရသည့် ကျိန်စာတစ်မျိုးဟု ဂျူဟျွန်းထင်သည်။

* * *

"ဟယ်ယောင်းရား.. ဆူးလ်ဂီက ငါ့ကိုမချစ်တော့ဘူး "

အချိန်က ညနှစ်နာရီ။ စူးခနဲထွက်လာသည့်အသံကြောင့် ဖုန်းထဲကနေ နားရင်းအုပ်လို့ရလျှင် အုပ်လိုက်ချင်သည့်စိတ် ဟယ်ယောင်းမှာရှိသည်။

"ဂျူဟျွန်း နင်မူး - "

"ငါ​သိချင်တာက ဘာလို့သူငါ့ဆီတစ်ခါလေးတောင် မဆက်သွယ်ခဲ့တာလဲ ငါတို့လမ်းခွဲရတဲ့အကြောင်းအရင်းကို ဘာလို့မသိချင်ခဲ့တာလဲ သူငါ့ကိုတကယ်မချစ်ခဲ့ဘူးလား "

ဂျူဟျွန်းအသံက ကွဲအက်နေပြီး ယခုလိုညအချိန်မတော်ကြီးဖုန်းဆက်လာသည်မှာ တစ်ပတ်အတွင်း သုံးကြိမ်မြောက်ဖြစ်သည်။ ဟယ်ယောင်း သက်ပြင်းချလိုက်ရင်း တစ်ဖက်ကအသံကို နားထောင်နေပေမယ့် ဘာမှမကြားရ။

အတော်လေးကြာတော့ ရှိုက်သံတစ်ချို့ထွက်လာပြီး မေးခွန်းမေးသံကြားရသည်။

"ဒါမှမဟုတ် ငါသူ့ကိုချစ်တယ်ဆိုတာကို သူခံစားလို့မရနိုင်ခဲ့တာလား ဟယ်ယောင်း "

ဒီအတိုင်းဆက်သွားလျှင် ဘယ်ဂျူဟျွန်းတစ်ယောက် ဘယ်အချိန်အထိ အသည်းကွဲနေမလဲမသိ။ ဟယ်ယောင်းအနေဖြင့် ဆူးလ်ဂီကိုလည်း ဒါတွေအသိမပေးချင်။ သူက လက်ထပ်တော့မှာဖြစ်ပြီး ဂျူဟျွန်းကို သူ့ရင်ထဲမရှိတော့။

ဘာမှမလုပ်ပေးနိုင်သည့် သူငယ်ချင်းတစ်ယောက်ရဲ့ စိတ်ပျက်ဝမ်းနည်းမှုမျိုးဖြင့် ဖုန်းကိုင်ထားရသည်။ ဂျူဟျွန်းကတော့ စကားမပြောတော့ဘဲ ရှိုက်၍ငိုနေလေသည်။

* * *

"ငါ့ကိုဘယ်လောက်အထိ တွဲသွားမယ်စိတ်ကူးလဲ "

"ဘာရယ်? "

"အချိန်ဘယ်လောက်ကြာရင် ငါ့ကိုဖြတ်သွားမှာလဲလို့မေးတာ "

'ဒေါက် '

ဂျူဟျွန်းခေါင်းပေါ်ကျလာသည့် ခဲသားဘောပင်ရဲ့အလေးချိန်ဟာ မနည်း။ ဖတ်စာအုပ်ထဲက အဓိပ္ပါယ်မသိသည့်စကားလုံးကို ရေးမှတ်နေရာမှ ဆူးလ်ဂီခေါင်းခေါက်တာ ခံလိုက်ရခြင်းဖြစ်သည်။

"ပေါက်တက်ကရတွေမမေးနဲ့ "

"ဂန်ဆူးလ်ဂီ နင်နော် တွဲတာမှ ၄လပဲရှိသေးတယ် လူကိုလက်မပါနဲ့ "

"သူများတွေကြားရင် အနိုင်ကျင့်နေတယ်ထင်ဦးမယ် ဂျူဟျွန်း "

"အနိုင်ကျင့်နေတာပဲလေ နင့်ခဲသားဘောပင်အလေးကြီးနဲ့ ငါ့ခေါင်းကိုခေါက်လိုက်တာမလား ဒီမှာခေါင်းပေါက်သွားပြီလားတောင်မသိဘူး "

ဆူးလ်ဂီက မျက်စောင်းထိုးပြီး ဒုတိယအကြိမ်ခေါင်းထပ်ခေါက်ပြန်သည်။

"ရ! ဘာလို့ခေါင်းပဲလာလာခေါက်နေတာလဲ "

"နင်ကပေါက်တက်ကရတွေ မေးနေတာကိုး "

"ငါကဒီတိုင်း ငါတို့ဘယ်အချိန်ထိ တူတူရှိသွားမှာလဲ သိချင်လို့လေ "

စွာကျယ်စွာကျယ်လုပ်ရင်း ဂျူဟျွန်းမျက်နှာ ငိုမဲ့မဲ့ဖြစ်လာတော့ ဆူးလ်ဂီကပဲအလျှော့ပေးပြန်သည်။ ခဲသားဘောပင်ကို စာအုပ်ကြားပြန်ညှပ်ကာ အခေါက်ခံရသည့်နေရာကို လေဖြင့်မှုတ်ပေးသည်။

"တော်တော်နာသွားလား "

"နာတယ် "

"ဆောရီး နောက်မလုပ်တော့ဘူး "

"တော်ပါ "

အတော်ကြာသွားသည့်အခါ ဆူးလ်ဂီထံမှ စကားသံထွက်လာသည်။

"ငါတို့က အကြာကြီးတူတူရှိသွားမှာ မဟုတ်ဘူးလား "

"မဟုတ်ဘူးကွာ ငါသိချင်တာက ဘယ်နှစ်နှစ်လောက်လို့ ခန့်မှန်းထားလဲသိချင်တာ "

​ဂျူဟျွန်းက အားတက်သရောပြောနေရာ ဆူးလ်ဂီက စားပွဲပေါ်လက်ထောက်ပြီး ခေါင်းမှီရင်းကြည့်သည်။

"တစ်ယောက်ကိုတစ်ယောက် စိတ်မကုန်သွားဘဲ မပြတ်ဘဲ ဘယ်နှစ်နှစ်လောက်အထိ ငါတို့အတူတူရှိသွားကြမလဲလို့ ပြောချင်တာဆူးလ်ဂီ ငါပြောနေတာ နားလည်လား "

"အင်း "

"အဲ့တော့? "

"အဲ့တော့ ကျောင်းပြီးသွားရင် ဘာဖြစ်ချင်တာလဲ ဂျူဟျွန်း "

"ဟမ် ငါမေးတဲ့မေးခွန်းက အဲ့ဒါမဟုတ်ဘူးလေ "

"ငါမေးတာကိုအရင်ဖြေပါ "

ထို့ကြောင့် ဂျူဟျွန်းစဥ်းစားသည်။ သူမက ကြီးကြီးကျယ်ကျယ်တွေ မဖြစ်ချင်၊ မလိုချင်။ ပုံမှန်ဝင်ငွေရသည့် အလုပ်တစ်ခုသာလိုချင်သည်။ သို့သော် ထိုဝင်ငွေသည် သာမန်တော့မဖြစ်စေရ။

"ငါကတော့ လစာများများရတဲ့ ရာထူးကြီးကြီး ဝန်ထမ်းဖြစ်ချင်တယ် စီးပွားရေးနယ်ပယ်ကပေါ့ "

"အင်း "

"နင်ကရော "

"ငါက ပုံဆွဲချင်တယ် "

"ပန်းချီဆရာဖြစ်ချင်တာလား "

"မဟုတ်ဘူး လုပ်ငန်းတွေအတွက် လိုတဲ့ပုံတွေကိုဆွဲရင်း အသက်မွေးချင်တာ ပန်းချီဆရာအလုပ်က ကမ်းမမြင်လမ်းမမြင်ဖြစ်လွန်းတယ်လို့ ထင်တယ် "

"ကောင်းတယ် ကောင်းတယ် "

ဆူးလ်ဂီက သူမခေါင်းကို အားနေသည့်လက်တစ်ဖက်ဖြင့် ခပ်ဖွဖွပုတ်သည်။ ထို့နောက် -

"သုံးနှစ်ထားကြတာပေါ့ "

"ဟမ် "

"ငါတို့အနည်းဆုံး အတူတူရှိသွားမယ့်အချိန်ကို သုံးနှစ်လို့ သတ်မှတ်ကြမယ်လို့ပြောတာ "

"သြ သြော်.. "

သုံးနှစ်။ ဂျူဟျွန်းစိတ်ထဲ ထိုထက်ပိုတွေးထားပါသော်လည်း ဆူးလ်ဂီပြောသည့်နံပါတ်ကိုသာ အကောင်းဆုံးဟုတွေးလိုက်သည်။

"သုံးနှစ်မတိုင်ခင်ပြတ်သွားရင်ရော "

"မပြတ်အောင် စာချုပ်ချုပ်ထားမယ်လေ ဂျူဟျွန်းရာ "

​ပြောပြောဆိုဆိုနှင့် သူ့အိတ်အတွင်းရှိစာအုပ်ထဲက ဗလာစာရွက်တစ်ရက်ကိုဖြုတ်ပြီး ချရေးတော့သည်။ သူဘာတွေရေးနေလဲဆိုတာ ဂျူဟျွန်းမကြည့်။ ဂျူဟျွန်းကြည့်သည်က မိမိမျက်စိရှေ့၌မြင်နေရသော ဆူးလ်ဂီဆိုသည့်ပုံရိပ်။

ဆူးလ်ဂီရဲ့အိပ်မက်အတိုင်း ဘဝကိုဆက်သွားနိုင်ပါစေဟု ဆုတောင်းမိသည်။ ထိုအခါသူ့ဘေးတွင် မိမိကလည်း ကပ်လျက်ရှိနေမည်ဆို​သောအတွေးက ခေါင်းထဲပေါ်လာသည်။ ပထမဆုံးအကြိမ် ဆူးလ်ဂီနှင့်ပါတ်သတ်လို့ အဝေးဆုံးသောအနာဂတ်အကြောင်း စဥ်းစားမိခြင်းဖြစ်သည်။

အကျအရှုံးတွေကို သူနှင့်အတူတူ ရင်ဆိုင်သွားချင်သည်။ အောင်မြင်ချိန်တွင် ပျော်ရွှင်မှုကိုမျှဝေချင်သည်။ တစ်ယောက်အခက်အခဲအကြောင်း တစ်ယောက်ကနားထောင်ရင်း ဘဝထဲမှာ သူဟာအကောင်းဆုံးလူဖြစ်ကြောင်း တတွတ်တွတ်ပြောပြီး နှစ်သိမ့်ချင်သည်။

ဆူးလ်ဂီကို ဂျူဟျွန်းချစ်သည်။

"ကဲ ဒီမှာလက်မှတ်ထိုး စတဲ့ရက်ကို ငါတို့စတွဲတဲ့ရက်ထားထားတယ် စာချုပ်ကုန်ဆုံးတဲ့ရက်က နောက်သုံးနှစ်နေရင်ပေါ့ "

ဗလာစာရွက်တွင်ရေးထားသော ခပ်သော့သော့လက်ရေးများကိုဖတ်ရင်း ဂျူဟျွန်းပြန်မေးမိသည်။

"ဒါဆို စာချုပ်သက်တမ်းကုန်သွားရင်ရော? "

"အသစ်ပြန်ချုပ်ပြီး ဆက်တွဲသွားမှာပေါ့ "

မိမိအနားကပ်ရင်း ရေးထားသည်များကို ပြန်ငုံ့ဖတ်နေသောဆူးလ်ဂီ။ သူ့ကိုကြည့်ကာ ဂျူဟျွန်းပြုံးလိုက်ပြီး အနားတွင်ရှိနေသော မှင်အနက်ဖြင့် လက်မှတ်ထိုးလိုက်သည်။ ထို့နောက် ကပ်လျက်နေရာတွင် ဆူးလ်ဂီ၏လက်မှတ်။

"မကြောင်ဘူးလား "

"ဘာကလဲ? "

"ငါတို့လုပ်နေတာတွေကလေ "

ဂျူဟျွန်းကို ဆူးလ်ဂီကမကြည့်။ စာကိုသာ နောက်တစ်စောင်ထပ်ကူးရေးနေသည်။ လက်မှတ်တွေထပ်ထိုးပြီးသွားမှ မိမိကိုတစ်စောင်ကမ်းပေးကာ ကျန်တစ်စောင်ကို သူ့စာအုပ်ကြားတွင်ညှပ်၍ အိတ်ထဲထည့်သိမ်းသည်။

"ကြောင်တယ် "

"ဒါဆိုနည်းနည်းပါးပါး မထိန်းသင့်ဘူးလား "

"ဘာလို့ထိန်းရမှာ? "

"ငါတို့လုပ်နေတာတွေက ကြောင်တောင်တောင်တွေမို့လို့လေ "

ဆူးလ်ဂီက သူမဘက်ပြန်လှည့်လာပြီး ပါးနှစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်ကာ မျက်လုံးတွေကို သေချာစိုက်ကြည့်သည်။

"အဲ့ကြောင်တောင်တောင်တွေက ပျော်ဖို့မကောင်းဘူးလား "

"အဲ့ဒါတော့ အဲ့ဒါပေါ့ "

"အဓိက,က အဲ့ဒါပဲ နင်နဲ့အတူတူလုပ်ရတဲ့ ကြောင်တောင်တောင်ကိစ္စတွေက ပျော်ဖို့ကောင်းတယ် အဲ့အတွက် ဘယ်တော့မှထိန်းချုပ်နေမှာမဟုတ်ဘူး သဘောပေါက်လား ဂျူဟျွန်း "

"ဟုတ် "

"နောက်ပြီး ဒီကြောင်တောင်တောင်ကြီးကလည်း တစ်ချိန်မှာ နင်ငါ့ဘေးနားမှာရှိနေမယ့်သက်သေပဲ ဟုတ်လား မဟုတ်ဘူးလား "

"ဟုတ်ပါတယ် "

ဆူးလ်ဂီကို ဂျူဟျွန်းချစ်သည်။ သူ့ကိုဂျူဟျွန်း တားမရဆီးမရ အလွန့်အလွန် ချစ်မိသွားပြီဖြစ်ကြောင်း ကိုယ်တိုင်သာသိသည်။

ဂန်ဆူးလ်ဂီအား ဘယ်သူ့ကိုမှမချစ်ဖူးသလို သူမ နက်နက်ရှိုင်းရှိူင်းချစ်နေလေပြီ။

* * *

ညနှစ်နာရီကတည်းက မချသေးသည့်ဖုန်းဟာ မနက်လင်းခါနီးသည်အထိ ကိုင်ထားဆဲဖြစ်သည်။ တစ်ဖက်က ဂျူဟျွန်းငိုသံက ရပ်သွားလိုက်၊ ကြားရလိုက်။ ဟယ်ယောင်းလည်း ဖုန်းချပြီးပြန်မအိပ်နိုင်။

"ငါမဟုတ်ဘူး ဟယ်ယောင်း "

"ဘာကိုလဲ ဂျူဟျွန်း "

"ငါမဟုတ်ဘူးလို့! "

ဂျူဟျွန်းအသံက ကူကယ်ရာမဲ့စွာ ရေနစ်နေသူလို။

"သူ့ဘေးမှာရှိနေတဲ့သူက ငါမဟုတ်တော့ဘူးလို့ ဟယ်ယောင်းရ! "

__________

Zawgyi

ဂ်ဴဟြၽန္းအတြက္ ဆူးလ္ဂီက သက္တန႔္တစ္စင္း။ သူမဘဝကို ပိုၿပီးအေရာင္စုံလွပေစသည္။ သူ႕အေၾကာင္းမ်ားစဥ္းစားလွ်င္ ၿပဳံးေအာင္စြမ္းနိုင္ေသာ ဂုဏ္သတၱိရွိၿပီး အခ်စ္႐ူးလိုလို၊ မခ်စ္ဖူးသူလိုလို ကေမာက္ကမေတြျဖစ္ေစနိုင္ေသာ ေဘးထြက္ဆိုးက်ိဳးလည္းရွိသည္။

မည္သို႔ပင္ဆိုေစ ဆူးလ္ဂီသည္ သူမ၏သက္တန့္။ သူမ၏ ေရာင္စုံခဲတံေလးပင္ျဖစ္သည္။ သူ႕ကိုခ်စ္ၿပီး သူ႕အခ်စ္ကိုခံရျခင္းအားျဖင့္ အရင္ကသိခဲ့ေသာ ဆက္ဆံေရးမ်ားအေပၚ ျပန္ေမးခြန္းထုတ္ရေလာက္သည္အထိ ဆူးလ္ဂီဟာ ဂ်ဴဟြၽန္းကိုၾကင္နာသည္။

"ငါမလုပ္နိုင္ဘူးထင္တယ္ ဆူးလ္ဂီ လူေတြကလည္းအမ်ားႀကီးရွိေနမွာ ေနာက္ၿပီး "

"အင္း "

ဂ်ဴဟြၽန္းအိမ္။ ပထမဆုံးေရာက္ဖူးသူပီပီ ဆူးလ္ဂီကအခန္းအတြင္း လွည့္ပတ္ၾကည့္သည္။ သူ႕လက္ဖ်ားေလးမ်ားဟာ နံရံေတြကိုထိသြားလိုက္၊ စင္ေပၚကစာအုပ္ေတြကို တို႔သြားလိုက္၊ ဓာတ္ပုံေတြကပ္ထားသည့္ ေလးေထာင့္ဘုတ္ျပားကို စမ္းၾကည့္လိုက္ႏွင့္ အေသးစိပ္မွတ္ေနဟန္တူသည္။

"ေနာက္ၿပီး အဲ့ပေရာဂ်က္ကို ငါလက္ခံလိုက္႐ုံနဲ႕ သူတို႔လိုခ်င္တဲ့ရန္ပုံေငြရပါမယ္လို႔ မယုံၾကည္ဘူး ငါကအႏုပညာရွင္လည္းမဟုတ္ဘဲနဲ႕ေလဟာ သိလား "

ဖိအားမ်ားကို သည္းမခံနိုင္စြာ ဂ်ဴဟြၽန္းသက္ျပင္းခ်လိဳက္သည္။ ဆူးလ္ဂီက သူမစကားေတြကို နားေထာင္ေနရဲ႕လားမသိပါ။ မိမိ၏အခက္အခဲကို သူစိတ္ဝင္စားဟန္မတူ။

"ထားလိုက္ပါေတာ့ "

"အဲ့ပေရာဂ်က္က မသန္စြမ္းသူေတြအတြက္ ပညာေရးေထာက္ပံ့ေငြရွာေပးတာမလား "

သူမအေတြးမ်ားပင္မဆုံးေသး ဆူးလ္ဂီ၏အေႏြးဓာတ္ကို ဂ်ဴဟြၽန္းလက္ခံရရွိေလသည္။ ခါးကိုဖက္ထားၿပီး ဘယ္ဘက္ပုခုံးေပၚေမးတင္ကာ ဂ်ဴဟြၽန္းျပႆနာကို သူအေလးထားေၾကာင္း စကားစသည္။

"ဟုတ္တယ္ အဲ့ဒါလာမယ့္ေဘာလုံးပြဲေန႕မွာ ေန႕လည္နားခ်ိန္က်ရင္ ငါ့ကိုလာေျပာေစခ်င္တာ သူတို႔ေပးတဲ့စာအတိုင္းဆိုေပမယ့္ အဲ့ကြင္းကသူေတြျမင္ရေအာင္ ငါ့ကို LED ဘုတ္ႀကီးေပၚ တင္ေတာ့မွာ အဲ့အတြက္ကို ယုံၾကည္ခ်က္မရွိဘူး "

"ယုံၾကည္ခ်က္မရွိဘူး? ဘာကိုယုံၾကည္ခ်က္မရွိတာလဲ ဟြၽန္း? လူေတြအမ်ားႀကီးက နင့္ကိုျမင္ၿပီး သေဘာမက်ၾကမွာကိုလား "

"အဲ့ဒါလည္းပါတယ္ ဒါေပမယ့္ က်န္တာလည္းရွိတယ္ မေျပာျပတတ္ေတာ့ဘူး ဘာလို႔ငါ့ကိုမွလာေ႐ြးလဲဆိုတာလည္း နားမလည္ဘူး ငါ့ထက္ၾကည့္ေကာင္းတဲ့သူေတြ အပုံႀကီးရွိတာကို "

"သူတို႔က နင္မဟုတ္လို႔ေပါ့ ဘယ္ဂ်ဴဟြၽန္းရ "

ဖက္ထားတာကိုလႊတ္ၿပီး ဆူးလ္ဂီကသူမကို မ်က္ႏွာခ်င္းဆိုင္ေစသည္။ သူ႕ကိုၾကည့္ရတာ ယုံၾကည္ခ်က္အျပည့္မို႔ ဂ်ဴဟြၽန္းကပိုဖိအားမ်ားလာသေယာင္။

"ပထမအခ်က္ နင့္ကိုသာလူေတြအမ်ားႀကီးကျမင္ရင္ ဝါးခနဲျဖစ္သြားမွာ ငါအာမခံတယ္ ဘာလို႔လဲဆိုေတာ့ သိတဲ့အတိုင္း နင္ကဘယ္ဂ်ဴဟြၽန္းေလ အေခ်ာဆုံး အလွဆုံး ငါ့ရည္းစားျဖစ္ေနလို႔ "

"ဒုတိယအခ်က္ နင္ကေက်ာင္းစာျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ လုပ္စရာရွိရင္ အမွားအယြင္းမျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္ၿပီးလုပ္တတ္တယ္ဆိုတာ ငါသိတယ္ အဲ့အတြက္ နင္အမွားလုပ္မိမွာ စကားမွားေျပာမွာကို လုံးဝစိုးရိမ္စရာမရွိဘူး "

"တတိယအခ်က္ နင္ေျပာသလိုပဲ နင့္ထက္ၾကည့္ေကာင္းတဲ့သူေတြ ရွိတယ္ပဲထားပါေတာ့ သူတို႔ကိုမေ႐ြးဘဲ နင့္ကိုေ႐ြးတယ္ဆိုကတည္းက နင့္အေပၚယုံၾကည္လို႔ သူတို႔မွာမရွိတဲ့ အရည္အခ်င္းေတြ နင့္မွာရွိလို႔ "

"စတုတၳအခ်က္က နင္လုပ္နိုင္မယ္ဆိုတာ ငါေသခ်ာေပါက္သိတယ္ လိမ္တာမဟုတ္ဘူး တကယ္ေျပာတာ နင္ကပေရာဂ်က္ကို ရန္ပုံေငြေအာင္ေအာင္ျမင္ျမင္ရွာၿပီး မသန္စြမ္းသူေတြအတြက္ အေကာင္းဆုံးပညာေရးရေအာင္ ႀကိဳးစားေပးမယ္ဆိုတာ ေဗဒင္ေတာင္သြားေမးစရာမလိုဘူး "

ဆူးလ္ဂီက အေကာင္းဆုံးသူျဖစ္သည္။ သူက ဂ်ဴဟြၽန္းရဲ႕အေၾကာက္တရားကို ​ေျဖရွင္းေပးနိုင္ၿပီး ယုံၾကည္မႈရွိလာေအာင္ ကူညီသည္။

"အဆုံးသတ္မွာ နင္ေၾကာက္တဲ့အရာေတြကို ေအာင္ေအာင္ျမင္ျမင္ လုပ္နိုင္သြားမယ္ဆိုတာ ငါ့ဘဝနဲ႕ရင္းၿပီးေျပာရဲတယ္ ဟြၽန္း "

ဒီတစ္ခါထားလိုက္တဲ့ခ်စ္သူဟာ ႐ုပ္ရွင္နဲ႕ စာအုပ္ေတြထဲကလို ၿပီးျပည့္စုံမႈမ်ိဳးႏွင့္ သူမဆီေရာက္ရွိလာတာျဖစ္သည္။

ထို႔အတြက္လည္း ဂန္ဆူးလ္ဂီကို ဂ်ဴဟြၽန္းကအၿမဲတမ္း ေက်းဇူးတင္ေနလိမ့္မည္။

* * *

"ယုံဆြန္းရဲ႕မဂၤလာပြဲတုန္းက ဘာလို႔မလာတာလဲ ဂ်ဴဟြၽန္း "

ဆူးလ္ဂီအိမ္ေထာင္မျပဳခင္ သူမတို႔ႏွစ္ေယာက္တည္းရွိသည့္ ဒုတိယအႀကိမ္ျဖစ္သည္။ ပထမအႀကိမ္တြင္မူ အေျခအေနမေကာင္းလွ။ ဖုန္းနံပါတ္ေၾကာင့္ အရွက္ရစရာေတြျဖစ္ခဲ့သည္။

" အာ.. အဲ့တုန္းက ငါလာပါေသးတယ္ လက္ဖြဲ႕ေပး ႏႈတ္ဆက္ၿပီးေတာ့ ျပန္သြားတာ အလုပ္ကအေရးႀကီးတဲ့ အစည္းအေဝးရွိေနလို႔ေလ "

ယေန႕ေနသာသည္။ သို႔ေသာ္ တိမ္ဖုံးသြားသျဖင့္ ခပ္အုံ႕အုံ႕ျဖစ္ေနၿပီး ဤရာသီဥတုကို ဂ်ဴဟြၽန္းသေဘာက်သည္။

"ငါလည္းလာတယ္ ဒါေပမယ့္ နင့္ကိုမေတြ႕လို႔ "

"ေၾသာ္ "

စကားလုံးမ်ားသည္ တစ္ေခြတည္းႏွင့္ၿပီးဆုံးသြားေသာ ဇာတ္လမ္းမ်ားလို ဆက္ရန္ေပ်ာက္သြားၿပီး သူမႏွင့္ဆူးလ္ဂီက ေနရမခက္ေစရန္ တစ္ေခြၿပီးတစ္ေခြ ဆက္ဖြင့္ေနရသည္။

"ငါဂ်ပန္ကိုေရာက္လာေသးတယ္ "

ဆူးလ္ဂီကဆိုသည္။ ဂ်ဴဟြၽန္းသူ႕ကို ၾကည့္လိုက္ေပမယ့္ ခ်က္ခ်င္းအၾကည့္ျပန္လႊဲလိုက္ေလသည္။

"ဟုတ္လား အလုပ္ကိစၥေၾကာင့္လာတာလား "

"မဟုတ္.. လူတစ္ေယာက္ကိုလာရွာတာ "

"ဘယ္သူလဲ.. ေျပာျပဖို႔အဆင္ေျပရင္ေပါ့ "

ေကာ္ဖီခြက္ကိုငုံ႕ၾကည့္ေနရာမွ ဆူးလ္ဂီကေခါင္းေမာ့လာၿပီး ဘာမွထပ္မေျပာေတာ့။

တစ္ခါတစ္ေလ ဂ်ဴဟြၽန္းသူ႕ကိုနားမလည္။ သူ႕ေခါင္းထဲကအေတြး၊ သူ႕စဥ္းစားေနတဲ့အရာေတြ။ ထိုအေၾကာင္းအရာတိုင္းက သူမ လိုက္လို႔မမွီသည့္ အျခားတစ္ေနရာတြင္ရွိေနသည္ဟု ခံစားရသည္။

ထို႔နားမလည္နိုင္ျခင္းက သူမတို႔ကိုေဝးေစသည့္ အေၾကာင္းျပခ်က္လား။

ဂ်ဴဟြၽန္းဘာေၾကာင့္ ဆူးလ္ဂီကိုလမ္းခြဲခဲ့သနည္း။ ထိုလမ္းခြဲျခင္းသည္ မိမိကိုေရာ သူ႕ကိုပါ ထိခိုက္ေစမွန္းသိလ်က္ႏွင့္ လမ္းခြဲဖို႔ဆုံးျဖတ္ခဲ့သည္မွာ ဘာေၾကာင့္နည္း။

အခုေတာ့သူသည္ တျခားတစ္ေယာက္ႏွင့္ ဘဝကိုအတူကုန္ဆုံးသြားေတာ့မည္။

"ဒီမွာ "

"ဒါကဘာလဲ "

"ဆယ္ေစာင္ေျမာက္စာ "

လွမ္းယူလို႔ လက္ထဲေရာက္ၿပီးမွ ဂ်ဴဟြၽန္းေက်ာက္႐ုပ္လိုျဖစ္သြားသည္။

"ငါသြားၿပီ ဟြၽန္း "

ထိုစာကို ဂ်ဴဟြၽန္းမဖတ္ခဲ့ပါ။ အိမ္ျပန္ေရာက္ေတာ့လည္းမဖတ္။ ေနာက္ေန႕ေတြ ကူးသြားေတာ့လည္းမဖတ္။ အရက္မူးၿပီး အိမ္ျပန္ေရာက္လာလည္း မဖတ္ေတာ့။ တစ္ေယာက္တည္းရွိၿပီး အိမ္ျပင္ကမီးေရာင္စုံေတြကို ေငးၾကည့္ေနသည့္တိုင္ ဆူးလ္ဂီေပးေသာစာကို ေယာင္လို႔ေတာင္မဖြင့္ခဲ့။

စားပြဲခုံအံဆြဲထဲတြင္ ငါးလဟုေခါင္းစဥ္တပ္ထားေသာ စာတစ္ေစာင္ရွိၿပီး ေမတၱာတရားအေၾကာင္း စီကာပတ္ကုံး ေရးသားဖြဲ႕ႏြဲ႕ထားသည္။ ထိုစာကိုဖတ္ခဲ့တုန္း​က ဆူးလ္ဂီေရးမွန္း မယုံသည့္အတြက္ သူ႕ကိုျပႆနာရွာဖူးေသးသည္။

အမွတ္တရေၾကာင့္ အမွတ္တမဲ့ၿပဳံးရျပန္သည္။ အဲ့တုန္းကဟုအစခ်ီလွ်င္ ေပ်ာ္စရာေကာင္းသည့္ျဖစ္ရပ္မ်ားကို ဝမ္းနည္းပက္လက္ မွတ္မိေနျခင္းက လူေတြခံေနရသည့္ က်ိန္စာတစ္မ်ိဳးဟု ဂ်ဴဟြၽန္းထင္သည္။

* * *

"ဟယ္ေယာင္းရား.. ဆူးလ္ဂီက ငါ့ကိုမခ်စ္ေတာ့ဘူး "

အခ်ိန္က ညႏွစ္နာရီ။ စူးခနဲထြက္လာသည့္အသံေၾကာင့္ ဖုန္းထဲကေန နားရင္းအုပ္လို႔ရလွ်င္ အုပ္လိုက္ခ်င္သည့္စိတ္ ဟယ္ေယာင္းမွာရွိသည္။

"ဂ်ဴဟြၽန္း နင္မူး - "

"ငါ​သိခ်င္တာက ဘာလို႔သူငါ့ဆီတစ္ခါေလးေတာင္ မဆက္သြယ္ခဲ့တာလဲ ငါတို႔လမ္းခြဲရတဲ့အေၾကာင္းအရင္းကို ဘာလို႔မသိခ်င္ခဲ့တာလဲ သူငါ့ကိုတကယ္မခ်စ္ခဲ့ဘူးလား "

ဂ်ဴဟြၽန္းအသံက ကြဲအက္ေနၿပီး ယခုလိုညအခ်ိန္မေတာ္ႀကီးဖုန္းဆက္လာသည္မွာ တစ္ပတ္အတြင္း သုံးႀကိမ္ေျမာက္ျဖစ္သည္။ ဟယ္ေယာင္း သက္ျပင္းခ်လိဳက္ရင္း တစ္ဖက္ကအသံကို နားေထာင္ေနေပမယ့္ ဘာမွမၾကားရ။

အေတာ္ေလးၾကာေတာ့ ရွိုက္သံတစ္ခ်ိဳ႕ထြက္လာၿပီး ေမးခြန္းေမးသံၾကားရသည္။

"ဒါမွမဟုတ္ ငါသူ႕ကိုခ်စ္တယ္ဆိုတာကို သူခံစားလို႔မရနိုင္ခဲ့တာလား ဟယ္ေယာင္း "

ဒီအတိုင္းဆက္သြားလွ်င္ ဘယ္ဂ်ဴဟြၽန္းတစ္ေယာက္ ဘယ္အခ်ိန္အထိ အသည္းကြဲေနမလဲမသိ။ ဟယ္ေယာင္းအေနျဖင့္ ဆူးလ္ဂီကိုလည္း ဒါေတြအသိမေပးခ်င္။ သူက လက္ထပ္ေတာ့မွာျဖစ္ၿပီး ဂ်ဴဟြၽန္းကို သူ႕ရင္ထဲမရွိေတာ့။

ဘာမွမလုပ္ေပးနိုင္သည့္ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ စိတ္ပ်က္ဝမ္းနည္းမႈမ်ိဳးျဖင့္ ဖုန္းကိုင္ထားရသည္။ ဂ်ဴဟြၽန္းကေတာ့ စကားမေျပာေတာ့ဘဲ ရွိုက္၍ငိုေနေလသည္။

* * *

"ငါ့ကိုဘယ္ေလာက္အထိ တြဲသြားမယ္စိတ္ကူးလဲ "

"ဘာရယ္? "

"အခ်ိန္ဘယ္ေလာက္ၾကာရင္ ငါ့ကိုျဖတ္သြားမွာလဲလို႔ေမးတာ "

'ေဒါက္ '

ဂ်ဴဟြၽန္းေခါင္းေပၚက်လာသည့္ ခဲသားေဘာပင္ရဲ႕အေလးခ်ိန္ဟာ မနည္း။ ဖတ္စာအုပ္ထဲက အဓိပၸါယ္မသိသည့္စကားလုံးကို ေရးမွတ္ေနရာမွ ဆူးလ္ဂီေခါင္းေခါက္တာ ခံလိုက္ရျခင္းျဖစ္သည္။

"ေပါက္တက္ကရေတြမေမးနဲ႕ "

"ဂန္ဆူးလ္ဂီ နင္ေနာ္ တြဲတာမွ ၄လပဲရွိေသးတယ္ လူကိုလက္မပါနဲ႕ "

"သူမ်ားေတြၾကားရင္ အနိုင္က်င့္ေနတယ္ထင္ဦးမယ္ ဂ်ဴဟြၽန္း "

"အနိုင္က်င့္ေနတာပဲေလ နင့္ခဲသားေဘာပင္အေလးႀကီးနဲ႕ ငါ့ေခါင္းကိုေခါက္လိုက္တာမလား ဒီမွာေခါင္းေပါက္သြားၿပီလားေတာင္မသိဘူး "

ဆူးလ္ဂီက မ်က္ေစာင္းထိုးၿပီး ဒုတိယအႀကိမ္ေခါင္းထပ္ေခါက္ျပန္သည္။

"ရ! ဘာလို႔ေခါင္းပဲလာလာေခါက္ေနတာလဲ "

"နင္ကေပါက္တက္ကရေတြ ေမးေနတာကိုး "

"ငါကဒီတိုင္း ငါတို႔ဘယ္အခ်ိန္ထိ တူတူရွိသြားမွာလဲ သိခ်င္လို႔ေလ "

စြာက်ယ္စြာက်ယ္လုပ္ရင္း ဂ်ဴဟြၽန္းမ်က္ႏွာ ငိုမဲ့မဲ့ျဖစ္လာေတာ့ ဆူးလ္ဂီကပဲအေလွ်ာ့ေပးျပန္သည္။ ခဲသားေဘာပင္ကို စာအုပ္ၾကားျပန္ညွပ္ကာ အေခါက္ခံရသည့္ေနရာကို ေလျဖင့္မႈတ္ေပးသည္။

"ေတာ္ေတာ္နာသြားလား "

"နာတယ္ "

"ေဆာရီး ေနာက္မလုပ္ေတာ့ဘူး "

"ေတာ္ပါ "

အေတာ္ၾကာသြားသည့္အခါ ဆူးလ္ဂီထံမွ စကားသံထြက္လာသည္။

"ငါတို႔က အၾကာႀကီးတူတူရွိသြားမွာ မဟုတ္ဘူးလား "

"မဟုတ္ဘူးကြာ ငါသိခ်င္တာက ဘယ္ႏွစ္ႏွစ္ေလာက္လို႔ ခန့္မွန္းထားလဲသိခ်င္တာ "

​ဂ်ဴဟြၽန္းက အားတက္သေရာေျပာေနရာ ဆူးလ္ဂီက စားပြဲေပၚလက္ေထာက္ၿပီး ေခါင္းမွီရင္းၾကည့္သည္။

"တစ္ေယာက္ကိုတစ္ေယာက္ စိတ္မကုန္သြားဘဲ မျပတ္ဘဲ ဘယ္ႏွစ္ႏွစ္ေလာက္အထိ ငါတို႔အတူတူရွိသြားၾကမလဲလို႔ ေျပာခ်င္တာဆူးလ္ဂီ ငါေျပာေနတာ နားလည္လား "

"အင္း "

"အဲ့ေတာ့? "

"အဲ့ေတာ့ ေက်ာင္းၿပီးသြားရင္ ဘာျဖစ္ခ်င္တာလဲ ဂ်ဴဟြၽန္း "

"ဟမ္ ငါေမးတဲ့ေမးခြန္းက အဲ့ဒါမဟုတ္ဘူးေလ "

"ငါေမးတာကိုအရင္ေျဖပါ "

ထို႔ေၾကာင့္ ဂ်ဴဟြၽန္းစဥ္းစားသည္။ သူမက ႀကီးႀကီးက်ယ္က်ယ္ေတြ မျဖစ္ခ်င္၊ မလိုခ်င္။ ပုံမွန္ဝင္ေငြရသည့္ အလုပ္တစ္ခုသာလိုခ်င္သည္။ သို႔ေသာ္ ထိုဝင္ေငြသည္ သာမန္ေတာ့မျဖစ္ေစရ။

"ငါကေတာ့ လစာမ်ားမ်ားရတဲ့ ရာထူးႀကီးႀကီး ဝန္ထမ္းျဖစ္ခ်င္တယ္ စီးပြားေရးနယ္ပယ္ကေပါ့ "

"အင္း "

"နင္ကေရာ "

"ငါက ပုံဆြဲခ်င္တယ္ "

"ပန္းခ်ီဆရာျဖစ္ခ်င္တာလား "

"မဟုတ္ဘူး လုပ္ငန္းေတြအတြက္ လိုတဲ့ပုံေတြကိုဆြဲရင္း အသက္ေမြးခ်င္တာ ပန္းခ်ီဆရာအလုပ္က ကမ္းမျမင္လမ္းမျမင္ျဖစ္လြန္းတယ္လို႔ ထင္တယ္ "

"ေကာင္းတယ္ ေကာင္းတယ္ "

ဆူးလ္ဂီက သူမေခါင္းကို အားေနသည့္လက္တစ္ဖက္ျဖင့္ ခပ္ဖြဖြပုတ္သည္။ ထို႔ေနာက္ -

"သုံးႏွစ္ထားၾကတာေပါ့ "

"ဟမ္ "

"ငါတို႔အနည္းဆုံး အတူတူရွိသြားမယ့္အခ်ိန္ကို သုံးႏွစ္လို႔ သတ္မွတ္ၾကမယ္လို႔ေျပာတာ "

"ၾသ ေၾသာ္.. "

သုံးႏွစ္။ ဂ်ဴဟြၽန္းစိတ္ထဲ ထိုထက္ပိုေတြးထားပါေသာ္လည္း ဆူးလ္ဂီေျပာသည့္နံပါတ္ကိုသာ အေကာင္းဆုံးဟုေတြးလိုက္သည္။

"သုံးႏွစ္မတိုင္ခင္ျပတ္သြားရင္ေရာ "

"မျပတ္ေအာင္ စာခ်ဳပ္ခ်ဳပ္ထားမယ္ေလ ဂ်ဴဟြၽန္းရာ "

​ေျပာေျပာဆိုဆိုႏွင့္ သူ႕အိတ္အတြင္းရွိစာအုပ္ထဲက ဗလာစာ႐ြက္တစ္ရက္ကိုျဖဳတ္ၿပီး ခ်ေရးေတာ့သည္။ သူဘာေတြေရးေနလဲဆိုတာ ဂ်ဴဟြၽန္းမၾကည့္။ ဂ်ဴဟြၽန္းၾကည့္သည္က မိမိမ်က္စိေရွ႕၌ျမင္ေနရေသာ ဆူးလ္ဂီဆိုသည့္ပုံရိပ္။

ဆူးလ္ဂီရဲ႕အိပ္မက္အတိုင္း ဘဝကိုဆက္သြားနိုင္ပါေစဟု ဆုေတာင္းမိသည္။ ထိုအခါသူ႕ေဘးတြင္ မိမိကလည္း ကပ္လ်က္ရွိေနမည္ဆို​ေသာအေတြးက ေခါင္းထဲေပၚလာသည္။ ပထမဆုံးအႀကိမ္ ဆူးလ္ဂီႏွင့္ပါတ္သတ္လို႔ အေဝးဆုံးေသာအနာဂတ္အေၾကာင္း စဥ္းစားမိျခင္းျဖစ္သည္။

အက်အရႈံးေတြကို သူႏွင့္အတူတူ ရင္ဆိုင္သြားခ်င္သည္။ ေအာင္ျမင္ခ်ိန္တြင္ ေပ်ာ္႐ႊင္မႈကိုမွ်ေဝခ်င္သည္။ တစ္ေယာက္အခက္အခဲအေၾကာင္း တစ္ေယာက္ကနားေထာင္ရင္း ဘဝထဲမွာ သူဟာအေကာင္းဆုံးလူျဖစ္ေၾကာင္း တတြတ္တြတ္ေျပာၿပီး ႏွစ္သိမ့္ခ်င္သည္။

ဆူးလ္ဂီကို ဂ်ဴဟြၽန္းခ်စ္သည္။

"ကဲ ဒီမွာလက္မွတ္ထိုး စတဲ့ရက္ကို ငါတို႔စတြဲတဲ့ရက္ထားထားတယ္ စာခ်ဳပ္ကုန္ဆုံးတဲ့ရက္က ေနာက္သုံးႏွစ္ေနရင္ေပါ့ "

ဗလာစာ႐ြက္တြင္ေရးထားေသာ ခပ္ေသာ့ေသာ့လက္ေရးမ်ားကိုဖတ္ရင္း ဂ်ဴဟြၽန္းျပန္ေမးမိသည္။

"ဒါဆို စာခ်ဳပ္သက္တမ္းကုန္သြားရင္ေရာ? "

"အသစ္ျပန္ခ်ဳပ္ၿပီး ဆက္တြဲသြားမွာေပါ့ "

မိမိအနားကပ္ရင္း ေရးထားသည္မ်ားကို ျပန္ငုံ႕ဖတ္ေနေသာဆူးလ္ဂီ။ သူ႕ကိုၾကည့္ကာ ဂ်ဴဟြၽန္းၿပဳံးလိုက္ၿပီး အနားတြင္ရွိေနေသာ မွင္အနက္ျဖင့္ လက္မွတ္ထိုးလိုက္သည္။ ထို႔ေနာက္ ကပ္လ်က္ေနရာတြင္ ဆူးလ္ဂီ၏လက္မွတ္။

"မေၾကာင္ဘူးလား "

"ဘာကလဲ? "

"ငါတို႔လုပ္ေနတာေတြကေလ "

ဂ်ဴဟြၽန္းကို ဆူးလ္ဂီကမၾကည့္။ စာကိုသာ ေနာက္တစ္ေစာင္ထပ္ကူးေရးေနသည္။ လက္မွတ္ေတြထပ္ထိုးၿပီးသြားမွ မိမိကိုတစ္ေစာင္ကမ္းေပးကာ က်န္တစ္ေစာင္ကို သူ႕စာအုပ္ၾကားတြင္ညွပ္၍ အိတ္ထဲထည့္သိမ္းသည္။

"ေၾကာင္တယ္ "

"ဒါဆိုနည္းနည္းပါးပါး မထိန္းသင့္ဘူးလား "

"ဘာလို႔ထိန္းရမွာ? "

"ငါတို႔လုပ္ေနတာေတြက ေၾကာင္ေတာင္ေတာင္ေတြမို႔လို႔ေလ "

ဆူးလ္ဂီက သူမဘက္ျပန္လွည့္လာၿပီး ပါးႏွစ္ဖက္ကို လက္ျဖင့္အုပ္ကိုင္ကာ မ်က္လုံးေတြကို ေသခ်ာစိုက္ၾကည့္သည္။

"အဲ့ေၾကာင္ေတာင္ေတာင္ေတြက ေပ်ာ္ဖို႔မေကာင္းဘူးလား "

"အဲ့ဒါေတာ့ အဲ့ဒါေပါ့ "

"အဓိက,က အဲ့ဒါပဲ နင္နဲ႕အတူတူလုပ္ရတဲ့ ေၾကာင္ေတာင္ေတာင္ကိစၥေတြက ေပ်ာ္ဖို႔ေကာင္းတယ္ အဲ့အတြက္ ဘယ္ေတာ့မွထိန္းခ်ဳပ္ေနမွာမဟုတ္ဘူး သေဘာေပါက္လား ဂ်ဴဟြၽန္း "

"ဟုတ္ "

"ေနာက္ၿပီး ဒီေၾကာင္ေတာင္ေတာင္ႀကီးကလည္း တစ္ခ်ိန္မွာ နင္ငါ့ေဘးနားမွာရွိေနမယ့္သက္ေသပဲ ဟုတ္လား မဟုတ္ဘူးလား "

"ဟုတ္ပါတယ္ "

ဆူးလ္ဂီကို ဂ်ဴဟြၽန္းခ်စ္သည္။ သူ႕ကိုဂ်ဴဟြၽန္း တားမရဆီးမရ အလြန့္အလြန္ ခ်စ္မိသြားၿပီျဖစ္ေၾကာင္း ကိုယ္တိုင္သာသိသည္။

ဂန္ဆူးလ္ဂီအား ဘယ္သူ႕ကိုမွမခ်စ္ဖူးသလို သူမ နက္နက္ရွိုင္းရွိူင္းခ်စ္ေနေလၿပီ။

* * *

ညႏွစ္နာရီကတည္းက မခ်ေသးသည့္ဖုန္းဟာ မနက္လင္းခါနီးသည္အထိ ကိုင္ထားဆဲျဖစ္သည္။ တစ္ဖက္က ဂ်ဴဟြၽန္းငိုသံက ရပ္သြားလိုက္၊ ၾကားရလိုက္။ ဟယ္ေယာင္းလည္း ဖုန္းခ်ၿပီးျပန္မအိပ္နိုင္။

"ငါမဟုတ္ဘူး ဟယ္ေယာင္း "

"ဘာကိုလဲ ဂ်ဴဟြၽန္း "

"ငါမဟုတ္ဘူးလို႔! "

ဂ်ဴဟြၽန္းအသံက ကူကယ္ရာမဲ့စြာ ေရနစ္ေနသူလို။

"သူ႕ေဘးမွာရွိေနတဲ့သူက ငါမဟုတ္ေတာ့ဘူးလို႔ ဟယ္ေယာင္းရ! "

Comment