-5-(U)

Zawgyi

အသက်ရှုကြပ်သလိုလိုခံစားချက်ကြီးကြောင့် သူနိုးလာခဲ့တယ်။ကြည့်လိုက်တော့ သူ့ကိုတင်းတင်းဖက်လို့ အိပ်ပျော်နေတဲ့ ဖြူအုအု မျက်နှာနုနုလေး..။မေးရိုးထင်းထင်းလေးနဲ့ တင်းတင်းစေ့ထားတဲ့ အသည်းပုံနှုတ်ခမ်းပါးလေးအောက်မှာ ကောင်မလေးတွေဘယ်နှစ်ယောက်လောက်ရဲ့အသည်းနှလုံးတွေများ ကျရှုံးပြီးပြီလဲ..။
ကြည့်ရင်းနဲ့ နှာခေါင်းလုံးလုံးကိုအရမ်းအသည်းယားလာတာမို့ သူ့ရှေ့သွား၂ချောင်းလေးနဲ့ဖွဖွလေးဆွဲကိုက်လိုက်မိတော့ နှာခေါင်းလုံးလုံးလေးပေါ်မှာ သူ့ယုန်သွား၂ချောင်းရာကြီးရဲလို့....။
သူကိုက်လို့ရဲတက်လာတဲ့နှာခေါင်းလုံးလုံးလေးကို ကြည့်ပြီးပိုအသည်းယားလာတာမို့ ထပ်ကိုက်မလိုပြင်လိုက်တော့ ဝမ်ရိပေါ်ရဲ့မျက်လုံးကဖျတ်ခနဲ ဖွင့်လိုက်ပြီးသူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်ရတော့ ရင်တွေတောင်တုန်သွားတယိ...။
မုန့်ခိုးစားနေချိနိ အတန်းပိုင်ဆရာက ရုတ်တရက်စာထမေးလိုက်သလိုမျိူးး..။

"ဘာလုပ်နေတာလဲ"

"ဘာ ဘာမှမလုပ်ပါဘူး"

ဝမ်ရိပေါ်က သူ့မျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်ပြီးမေးနေတော့ သူ့ရင်တွေတဒိတ်ဒိတ်ခုန်လာတယ်။

"အဲ့ဒါဆို ခုနတုန်းကဘာလုပ်ဖို့ကြိုးစားနေတာလဲ"

"....."

ဘာလို့မှန်းမသိဘူး သူဝမ်ရိပေါ်မျက်လုံးတွေကိုတည့်တည့်ပြန်ကြည့်ပြီး သူမဖြေရဲဘူး။သူ့ရဲကလေးကုလားအပြုအမူကို သူ့ထက်ခြောက်နှစ်ငယ်တဲ့ကောင်လေးသိသွားမှာရှုက်မိနေတာနေမှာပါ...။

"ဟင်လို့ မေးနေတယ်လေ ဘာလုပ်မလို့လဲလို့"

ဝမ်ရိပေါ်က ရှောင်ကျန့်ခါးပေါ်တင်ဖက်ထားတဲ့လက်တွေကို ညှစ်ရင်းမေးလိုက်တော့ ရှောင်ကျန့်မျက်နှာလေးက ခရမ်းချဉ်သီးလိုရဲတက်သွားတယ်။

"ဘာမှမလုပ်ပါဘူး ခုနကမင်းနှာခေါင်းပေါ်မှာလေ ယင်ကောင်နားနေတာတွေ့လို့ဖယ်ပေးမလို့လုပ်နေတာ ဘာမှမဟုတ်ဘူး..."

"အော် ယင်ကောင်လား အဲ့ဒါကြောင့်ခုနက နှာခေါင်းပေါ် အကောင်တကောင်ကောင်ကိုက်နေသလိုမျိုးယားကျိကျိကြီးဖြစ်နေပါတယ်လို့ထင်နေတာ လက်စတ်သတ်တော့ ယင်ကောင်ကိုး"

သူပြန်ဖြေတော့ဝမ်ရိပေါ်က လူယုတ်မာပြုံးကြီးပြုံးလို့ သူ့ကိုရယ်မြူးးရိပ်သမ်းနေတဲ့မျက်ဝန်းတွေနဲ့ ကြည့်ပြီးပြန်ပြောတယ်။
ခွေးစုတ်လေးကဘာလဲငါ့ကိုလှောင်နေတာလား?

တွေးချင်ရာတွေတွေးပြီး တဖြည်းဖြည့်နဲ့ရှေ့ကို ဆူထွက်လာတဲ့ ရှောင်ကျန့်ရဲ့နှုတ်ခမ်းပါးလေးကို ကြည့်ပြီး ဝမ်ရိပေါ် ခဏခဏတံတွေးတွေမျိုချနေမိတယ်။သူ့အသည်းကို ပျားအုံကြီးဝိုင်းတုပ်နေသလိုပဲ ...။

"အူယားလွန်းလို့သေတော့မှာပဲဗျာ"

"ဟင် ဘာကိုလဲ"

သူ့စကားကို နားမလည်လို့ အူကြောင်ကြောင်ပုံစံလေးနဲ့ ပြန်မေးနေတဲ့ ကျန့်ကောက တကယ်ကိုချစ်စရာကြီး...။

"ခုနကလေ ကျန့်ကောပြောတဲ့နှာခါင်းပေါ် နားနေတဲ့ယင်ကောင်ကြီးဆိုတာလေ ပြန်တွေးမိတော့ အူယားစရာကြီးမို့လို့"

ခေါင်းတငြိမ့်ငြိမ့်နဲ့ အော်ဆိုပြီး သူ့ရင်ခွင်ထဲကပြန်ပြောနေတဲ့ ကျန့်ကောက သားပိုက်ကောင်တွေလိုရင်ခွင်ထဲအမြဲပိုက်ထွေးထားချင်စရာလေး...။

သူခုထိကျန့်ကောကိုဖက်ထားတာကနေ မလွှတ်ရသေးဘူး..။ကျန်ကောကလဲခုထိ သူ့ရင်ခွင်ထဲမှာ..။သူ့ရင်ခွင်ထဲမှာခေါင်းကြီးငုံ့ပြီး ဘာတွေတွေးနေမှန်းမသိတဲ့ကျန့်ကော မျက်နှာလေးကနည်းနည်းရဲနေသလိုပဲ...။

သေချာကြည့်မိတော့မှ သူတို့နှစ်ယောက်ပုံစံက ညားခါးစလင်မယား2ယောက်ရဲ့ မင်္ဂလာဦးမနက်ခင်းတွေလိုပဲ...
Wait...ညားခါစ  ?မင်္ဂလာဦး.?

"ကျွန်တော် ရေသွားချိုးလိုက်ဦးမယ် ပြီးရင် ကျန့်ကော သွားချင်တဲ့နေရာ လိုက်ပို့မယ်နော်"

တွေးချင်ရာတွေတွေးမိပြီး အတွေးတွေနဲ့အတူတူ ရင်ဘတ်ထဲကတဒုတ်ဒုတ်ခုန်လာရုံတင်မဟုတ်ဘူး တကိုယ်လုံးကသွေးကြောတွေပါ တုန်တက်လာသလိုခံစားလိုက်ရတာမို့
ကျန့်ကောကို ရင်ခွင်ထဲကတွန်းဖယ်ပြီး ရေချိုးခနိးထဲ အမြန်ပြေးဝင်လိုက်မိတယ်...။

ရေချိုးခန်းတံခါးကိုဝုန်းခနဲဆောင့်ပိတ်လိုက်ပေမယ့် ရင်ဘတ်ထဲကပေါက်ထွက်မတတ်တဒုန်းဒုန်းခုန်နေသံတွေက ရပ်မသွားခဲ့ဘူး...။

ကျန့်ကောကသူ့အတွက် တကယ်ကို ကလေးဆိုးကြီးလိုပဲ..။ကျန့်ကောကတော့သူလုပ်ချင်တာကိုဘာမှမတွေးပဲလုပ်လိုက်ပေမယ့် သူ့အတွက်ကြတော့ ပြန်မြင်ယောင်ကြည့်ရုံနဲ့တင် ရင်တွေပေါက်ထွက်မတွက်ခုန်လာအောင်ကို ကျန့်ကောက ပြုစားနိုင်တယ်...။

ကျန့်ကောနဲ့ ပြန်တွေ့တာ တရက်မပြည့်ခင်လေးမှာကို ကျန့်ကောရဲ့အပြုံးလေးတွေကိုတဘဝလုံးစာ ထိုင်ငေးချင်မိတဲ့ထိ သူ့နှလုံးသားက ကျန့်ကောမှကျန့်ကောဖြစ်နေခဲ့ပြီ...။

Comment