Part1(uni+zaw)

Unicode

နီယွန်မီးရောင်စုံ​များက နီတစ်လှည့်ဖြူတစ်လှည့်ပြောင်းကာ music DJသံများနှင့်ဆူညံနေသော clubအတွင်း လှပစွာလှည့်လည်နေကြသည်။club အတွင်းရှိမိန်းကလေးအများစု၏အရောင်စုံမျက်လုံးများက Bar Counterအနီးနားတွင် မသိမသာစုရုံးရောက်ရှိနေကြသည်။အတိအကျဆိုရလျှင် ပင်လယ်ပြာရောင်မျက်ဝန်းတစ်စုံနှင့်ပုံရိပ်ပေါ်တွင်ဖြစ်သည်။မသိလျှင်ထိုအရောင်စုံမျက်လုံးများက ထိုမျက်ဝန်းပြာအမျိုးသား၏လက်မောင်းထဲတွင်ရှိနေသောမိန်းကလေး၏နေရာအား အစားဝင်ချင်နေသယောင်ယောင်။အပြာရောင်မျက်ဝန်းတစ်စုံက ထိုအခြင်းအရာကိုသတိပြုမိဟန်ရှိသော်လည်း သူ၏ဆွဲဆောင်မှုရှိလှသောနှုတ်ခမ်းများက စိတ်ကျေနပ်နေဟန်အဖျားကော့တက်ကာ သူ၏လက်မောင်းထဲရှိအမျိုးသမီးငယ်အား ချစ်ရည်ရွှမ်းသည့်မျက်ဝန်းများနှင့်ကြည့်ရင်း နှစ်ယောက်တစ်ကမ္ဘာတည်လျှက် ကျီဆယ်နေကြသည်။ထိုစဉ် အလိုက်မသိသောphone callတစ်ခုက ဆူညံစွာမြည်ဟီးလာသည်။

"Shit!"

ဖုန်းချဖို့ဟန်ပြင်လိုက်သော်လည်း ခေါ်ဆိုသူနာမည်ကြောင့်မချဖြစ်လိုက်။

"Hay whats up Ice Prince?"

"ပြန်လာခဲ့"

"I can't hear.So noisy"

"Alex.Go restroom"

စောနက မိန်းကလေးနှင့်အတူချစ်ကြည်နူးနေခဲ့သူမှာ သူမဟုတ်သည့်အတိုင်း ပစ်ထားခဲ့ကာ restroomသို့ ထွက်ခွာလာခဲ့တော့သည်။ဘာမသိညာမသိကျန်နေခဲ့သော​မိန်းကလေးမှာတော့ မယုံနိုင်သောမျက်လုံးများဖြင့် "What the hell!"ဟုရေရွတ်ရင်းကျန်ခဲ့တော့လေသည်။

Restroomသို့ရောက်တော့ မှန်သားပြင်တွင်ပေါ်နေသောသူ၏ရုပ်သွင်ကို မျက်ဝန်းပြာများနှင့် ပျင်းပျင်းရိရိစိုက်ကြည့်ရင်း

"So.....tell me now"

"အားနေတယ်မလား"

"ဟင့်အင်း အခုအလုပ်များနေတယ်"

"ဧည့်သည်နဲ့တွေ့နေတာလား"

"ဟင့်အင်း မှန်ထဲကချောလွန်းတဲ့မျက်နှာလေးကို ပြန်ကြည့်နေရလို့"

"...."

ဘေစင်ပေါ်သို့လက်ထောက်လိုက်ပြီး သူ၏မျက်နှာကို မှန်နှင့်ပို၍နီးကပ်စေလိုက်ကာ ခပ်ချောချောမျက်နှာကို တစ်စိမ့်စိမ့်ကြည့်နေရင်း

"အရမ်းချောလွန်းတဲ့မျက်နှာပဲ ကျွတ်..ကျွတ်..it's trap for girls"

"အိုး..မင်းရဲ့ကျောက်ကပ်ကို ဂရုစိုက်ဖို့ သူငယ်ချင်းဖြစ်တဲ့ငါ့မှာတာဝန်ရှိတာပဲ"

ဖုန်းတစ်ဖက်ရှိ ကျောချမ်းဖွယ်လေထုကို အသံမှတဆင့် ခံစားလိုက်ရသည်။

အပြာရောင်မျက်ဝန်းတို့က စိတ်ရှုပ်စွာကျဥ်းမြောင်းသွားကြသည်။

"မဟုတ်တရုတ်တွေမကြံနဲ့နော် Ice"

"မင်းဘယ်မှာလဲ"

"New York"

"ရှိသမျှ ဇယားတွေဖြတ်ပြီး မြန်မာပြည်ကိုလာခဲ့"

ရေဘဲလ်ကို ဖိလိုက်သည်။ဒလဟောထွက်ကျလာတဲ့ရေတွေကြားထဲ လက်ချောင်းသွယ်သွယ်လေးများက ဆော့ကစားနေကြပြီး

"ဒီမှာ အလုပ်တွေရှိ.."

"အလုပ်တွေအကုန်ပြီးသွားပြီလို့ ဇေယျပြောပြီးပြီ"

"Tsk.."

ကျစ် စုတ်သပ်လိုက်သော်လည်း လက်ချောင်းသွယ်လေးများက ရေဆော့ရပ်မသွား။ဒီလိုအဖြေပြန်ရမှာ ကြိုသိနေပြီးသားပင်။

ဇေယျမိုးဆွေဆိုတဲ့ အစုတ်ပလုတ်ကတော့..

"ဒါပေမယ့် မင်းငါ့ကျောက်ကပ်ကို ဂရုစိုက်တယ်ဆို"

ရေဘဲလ်ကိုပိတ်လိုက်ကာ ခါးကိုပြန်မတ်လိုက်သည်။လက်ချောင်းတွင်ကပ်​ငြိနေသော ရေစက်လေးတွေကို မှန်ပေါ်သို့ ဖြည်းညှင်းစွာတတောက်တောက်ခါရင်း

"အသစ်အဆန်းတွေကို စိတ်ဝင်စားတတ်တာလည်း မင်းအသိပဲ။အရောင်စုံမျက်လုံးလေးတွေရိုးသွားပြီး မျက်လုံးနက်ကလေးတွေပေါ် စိတ်ရောက်သွားရင်ကော။မျက်လုံးအနက်ရောင်တွေကို ငါသိပ်သဘောကျတာကို"

တစ်ဖက်ကလည်း ထိုအဖြေကိုမျှော်လင့်ပြီးသားပင်။

"မင်းကျောက်ကပ်ကိုဂရုစိုက်ပါမယ်လို့ ပြောထားပြီးသားပဲမလား။ဘေးပတ်ပတ်လည်မှာ ဂိုဏ်းကလူတွေပဲရှိမှာ"

ဂိုဏ်းသားတွေ..fuck!အကုန်လုံးက အစုတ်ပလုတ်ယောကျ်ားချည်းပဲလေ!

"ဒါပေမယ့် မင်း Mooကို မိန်းကလေးလိုသတ်မှတ်ထားရင်တော့ မိန်းကလေးတစ်ယောက်ရှိတာပေါ့"

"...."

speakerဖွင့်ကာ ဖုန်းကိုဘေးချလိုက်ပြီး ရေစိုနေသည့်လက်ချောင်းများကို တစ်ရှူးနှင့်သုတ်လိုက်သည်။တစ်ရှူးကို ရန်သူအလားစုတ်ခြေရင်း အမှိုက်ပုံးထဲသို့ပစ်လိုက်ကာ

"ဘယ်ချိန်လဲ"

"အခု.."

"Tsk..မင်း မလွန်လွန်းဘူးလား"

"အလုပ်တွေက ဘယ်သူ့မှစောင့်မနေဘူး။မင်းလာတာနောက်ကျလေ မင်းပိုပင်ပန်းလေပဲ"

"ယောစေရာ..ယောစေရာ..ကိုယ့်နိုင်ငံကိုပြန်ရောက်တာနဲ့ လေသံကအစကြောက်စရာကောင်းလာတာပဲ"

"မင်းအဲ့ဒီမှာ အလေလိုက်နိုင်တာ ဘယ်သူ့ကျေးဇူးတွေလဲ"

"Ofcourse ယောစံအိမ်သခင်လေးကျေးဇူးတွေပေါ့။လာခဲ့မယ်!"

တစ်ဖက်ကဖုန်းပြန်ဖြေတာကို မစောင့်ပဲ ဖုန်းကိုချလိုက်ကာ တွန့်ချိုးနေသောမျက်ခုံးများကို လက်ဖြင့်ဖိနှိပ်လိုက်ရင်း တစ်ကိုယ်တည်းတိုးတိုးရွတ်ဆိုလိုက်သည်။

"ဘယ်လိုအလုပ်သရဲနဲ့ သူငယ်ချင်းဖြစ်လာမိမှန်း မသိတော့ဘူး"

Restroomအပြင်ဘက်ထွက်လာတော့ ladyလေးတစ်ယောက်ကအသင့်လာစောင့်နေသည်။Bar counterမှာကတည်းက သူ့ကိုလှမ်းလှမ်းရှိုးနေသည့် ထိုladyလေးရဲ့အကြည့်စူးစူးတွေကို သတိထားမိသည်။ပုံမှန်သာဆို ရေကန်အသင့် ကြာအသင့် အခန်းတစ်ခန်းယူပြီးတစ်ညတာ ကုန်ဆုံးလိုက်မှာဖြစ်သော်လည်း..အကြွေးရှင်လိုသူငယ်ချင်းကြောင့်ထိုစိတ်ကူးက လေထဲမှာပျောက်ကွယ်သွားလေသည်။

Ladyလေးက ချိုအီနေသောအကြည့်များဖြင့် သူရှိရာသို့ တစ်ရွေ့ရွေ့တိုးလာနေသည်။သူမျက်နှာ အမူအရာမဲ့စွာနှင့် မမြင်ဟန်ဆောင်ကာ ခြေလှမ်းကျယ်ကြီးများနှင့် ကျော်သွားလေတော့သည်။

မိန်းကလေးမှာ ထိုအခြင်းအရာကို မမျှော်လင့်ထားစွာ တောင့်တောင့်ကြီးရပ်ကျန်နေသည်။ခေါင်းပေါ်မှာလည်း question markအပြည့်နှင့် သူမအလှကိုသူမ မေးခွန်းပြန်ထုတ်နေလေသည်။အချိန်အတော်ကြာ တစ်ခုခုကို ဉာဏ်အလင်းရသလို သဘောပေါက်သွားကာ

"Is he a gay!!"

*****************************

လေယာဉ်ချိန်ကညဖြစ်နေသောကြောင့် ခွန်းသတို့ကို မခေါ်ဖြစ်တော့။မင်းထည်ကိုသာ အကျိုးအကြောင်းပြောပြလိုက်ရသည်။တစ်ကယ်တော့ နေသူ့ဆီဖုန်းခေါ်သော်လည်း ဖြေဆိုသူမှာမင်းထည်ဖြစ်နေခြင်းသာ။မဆိုစလောက် နှာမှုတ်သံနှင့်ရန်ကပြန်တွေ့သေးသည်။နိုင်ငံကထွက်သွားမည်မှန်းသိတော့မှ လေသံပျော့သွားကာ ဂရုစိုက်ရန်မှာကြားလာသည်။မြန်မာနိုင်ငံမှ ထွက်သွားရန်ဆုံးဖြတ်ခြင်းမှာ သူ့အတွက်သိပ်တော့မလွယ်ကူ။ခင်တွယ်စရာလူရယ်လို့ လက်ညှိုးထိုးပြစရာမရှိသော်လည်း ဒီမြေဒီရေကိုပဲ တွယ်တာမိနေသလိုပင်။ခွန်းသဆိုသော လူပုစိတ်တိုကြားလျှင် "ကောင်မလေးက ငြင်းလိုက်တာကိုတောင် မစွန့်လွှတ်နိုင်တာလား"ဟု ပြီတီတီမျက်နှာဘေးနှင့် စနေမှာသေချာသည်။

ထောင်ထဲရောက်နေသောဖခင်ကိုလည်းသွားမတွေ့ဖြစ်ခဲ့။သွေးရင်းသားရင်းဆိုလို့ မေမေပဲရှိတော့တာကြောင့် မေမေရှိရာသို့ သူအရောက်သွားရမည်။သူပြောင်းလာမယ်ကြားတော့ မေမေ့မှာ ပျော်နေလေရှာသည်။မွေးဖွားပြီး 6လကြာကတည်းက ဝေးကွာခဲ့ရသောသားဖြစ်သူကို မေမေလည်းလွမ်းနေလောက်သည်။

လေယာဉ်ချိန်နီးလာလို့ ကြေညာသံကြားတော့ အတွေးဇုန်မှရုန်းထွက်ကာ markတပ်လိုက်ရင်း တည်နေရာသို့သွားလိုက်သည်။

ကြုံခဲ့ရသမျှ၊ခံစားခဲ့ရသမျှ ဒီမြေမှာပဲကျန်ရစ်ခဲ့ပါစေတော့။

********************
မျက်လုံးပြာများကနေရာအနှံ့ကစားနေရင်း လက်တစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ကာ ဖုန်းပြောနေသည်။

"ဘယ်မှာလဲ ဇေယျက"

6ပေ3ရှိသောအရပ်နှင့် မိမိုက်လှသောဝတ်ပုံစားပုံကြောင့် လူကြားထဲမှာထင်းလို့နေသည်။အထူးသဖြင့် မျက်လုံးပြာများပင်။

"ငါပြောပြီးသားနော် ဇေယျမိုးဆွေလာမကြိုရင်း ဒီကနေတန်းပြန်လည့်မှာ"

"...."

ထိုစဥ် အဝေးတစ်နေရာမှမျက်နှာသေကိုမြင်လိုက်တော့ အကြွေးရှင်လိုသူငယ်ချင်းကို ထပ်မရစ်တော့ပဲ"ရပြီ မင်းရဲ့လက်ထောက်ကလေးပေါ်လာပြီ"ဟုပြောကာ ဖုန်းချလိုက်တော့သည်။

"ဟေး..လက်ထောက်လေး"

ဟုအော်ကာ ဇေယျမိုးဆွေရှိရာဆို သွားသော်လည်း လူကအတော်များလှသည်မို့ အတော်အတန်တိုးမိတိုက်မိရှိကြသည်။

တိုက်မိသွားသော ပုခုံးစွန်းများ၊
ဆန့်ကျင်ဘက်မျက်နှာသို့ ဦးတည်နေသောခြေလှမ်းတွေ၊
အရပ်အမြင့်သိပ်မကွာတဲ့ ပုံရိပ်နှစ်ခု၊
မည်သူတစ်ဦးတစ်ယောက်ကမျှ သတိမထားမိခဲ့သော ထိခတ်မှုလေးတစ်စုံတစ်ရာက အနာဂါတ်အတွက် ကြိုးနီလေးတစ်ချောင်းဖြစ်လာမည်ဟု ဘယ်ဇာတ်ဆရာက ကံကြမ္မာရေးခဲ့လေသနည်း။

11.1.2024(19:36)
************************

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
စပြီးလျှောက်မယ့် ongoing လေးမို့ like and comments လေးတွေလိုချင်မိပါတယ်။uptateကတော့ နှစ်ရက်တစ်ပိုင်း or တစ်ပတ်နှစ်ပိုင်းပါ။

ချစ်တဲ့ မိုးမခပင်ပေါက်

Zawgyi

နီယြန္မီးေရာင္စုံမ်ားက နီတစ္လွည့္ျဖဴတစ္လွည့္ေျပာင္းကာ music DJသံမ်ားႏွင့္ဆူညံေနေသာ clubအတြင္း လွပစြာလွည့္လည္ေနၾကသည္။club အတြင္းရွိမိန္းကေလးအမ်ားစု၏အေရာင္စုံမ်က္လုံးမ်ားက Bar Counterအနီးနားတြင္ မသိမသာစု႐ုံးေရာက္ရွိေနၾကသည္။အတိအက်ဆိဳရလွ်င္ ပင္လယ္ျပာေရာင္မ်က္ဝန္းတစ္စုံႏွင့္ပုံရိပ္ေပၚတြင္ျဖစ္သည္။မသိလွ်င္ထိုအေရာင္စုံမ်က္လုံးမ်ားက ထိုမ်က္ဝန္းျပာအမ်ိဳးသား၏လက္ေမာင္းထဲတြင္ရွိေနေသာမိန္းကေလး၏ေနရာအား အစားဝင္ခ်င္ေနသေယာင္ေယာင္။အျပာေရာင္မ်က္ဝန္းတစ္စုံက ထိုအျခင္းအရာကိုသတိျပဳမိဟန္ရွိေသာ္လည္း သူ၏ဆြဲေဆာင္မႈရွိလွေသာႏႈတ္ခမ္းမ်ားက စိတ္ေက်နပ္ေနဟန္အဖ်ားေကာ့တက္ကာ သူ၏လက္ေမာင္းထဲရွိအမ်ိဳးသမီးငယ္အား ခ်စ္ရည္႐ႊမ္းသည့္မ်က္ဝန္းမ်ားႏွင့္ၾကည့္ရင္း ႏွစ္ေယာက္တစ္ကမၻာတည္လွ်က္ က်ီဆယ္ေနၾကသည္။ထိုစဥ္ အလိုက္မသိေသာphone callတစ္ခုက ဆူညံစြာျမည္ဟီးလာသည္။

"Shit!"

ဖုန္းခ်ဖိဳ႕ဟန္ျပင္လိုက္ေသာ္လည္း ေခၚဆိုသူနာမည္ေၾကာင့္မခ်ျဖစ္လိုက္။

"Hay whats up Ice Prince?"

"ျပန္လာခဲ့"

"I can't hear.So noisy"

"Alex.Go restroom"

ေစာနက မိန္းကေလးႏွင့္အတူခ်စ္ၾကည္ႏူးေနခဲ့သူမွာ သူမဟုတ္သည့္အတိုင္း ပစ္ထားခဲ့ကာ restroomသို႔ ထြက္ခြာလာခဲ့ေတာ့သည္။ဘာမသိညာမသိက်န္ေနခဲ့ေသာမိန္းကေလးမွာေတာ့ မယုံနိုင္ေသာမ်က္လုံးမ်ားျဖင့္ "What the hell!"ဟုေရ႐ြတ္ရင္းက်န္ခဲ့ေတာ့ေလသည္။

Restroomသို႔ေရာက္ေတာ့ မွန္သားျပင္တြင္ေပၚေနေသာသူ၏႐ုပ္သြင္ကို မ်က္ဝန္းျပာမ်ားႏွင့္ ပ်င္းပ်င္းရိရိစိုက္ၾကည့္ရင္း

"So.....tell me now"

"အားေနတယ္မလား"

"ဟင့္အင္း အခုအလုပ္မ်ားေနတယ္"

"ဧည့္သည္နဲ႕ေတြ႕ေနတာလား"

"ဟင့္အင္း မွန္ထဲကေခ်ာလြန္းတဲ့မ်က္ႏွာေလးကို ျပန္ၾကည့္ေနရလို႔"

"...."

ေဘစင္ေပၚသို႔လက္ေထာက္လိုက္ၿပီး သူ၏မ်က္ႏွာကို မွန္ႏွင့္ပို၍နီးကပ္ေစလိုက္ကာ ခပ္ေခ်ာေခ်ာမ်က္ႏွာကို တစ္စိမ့္စိမ့္ၾကည့္ေနရင္း

"အရမ္းေခ်ာလြန္းတဲ့မ်က္ႏွာပဲ ကြၽတ္..ကြၽတ္..it's trap for girls"

"အိုး..မင္းရဲ႕ေက်ာက္ကပ္ကို ဂ႐ုစိုက္ဖို႔ သူငယ္ခ်င္းျဖစ္တဲ့ငါ့မွာတာဝန္ရွိတာပဲ"

ဖုန္းတစ္ဖက္ရွိ ေက်ာခ်မ္းဖြယ္ေလထုကို အသံမွတဆင့္ ခံစားလိုက္ရသည္။

အျပာေရာင္မ်က္ဝန္းတို႔က စိတ္ရႈပ္စြာက်ဥ္းေျမာင္းသြားၾကသည္။

"မဟုတ္တ႐ုတ္ေတြမႀကံနဲ႕ေနာ္ Ice"

"မင္းဘယ္မွာလဲ"

"New York"

"ရွိသမွ် ဇယားေတြျဖတ္ၿပီး ျမန္မာျပည္ကိုလာခဲ့"

ေရဘဲလ္ကို ဖိလိုက္သည္။ဒလေဟာထြက္က်လာတဲ့ေရေတြၾကားထဲ လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက ေဆာ့ကစားေနၾကၿပီး

"ဒီမွာ အလုပ္ေတြရွိ.."

"အလုပ္ေတြအကုန္ၿပီးသြားၿပီလို႔ ေဇယ်ေျပာၿပီးၿပီ"

"Tsk.."

က်စ္ စုတ္သပ္လိုက္ေသာ္လည္း လက္ေခ်ာင္းသြယ္ေလးမ်ားက ေရေဆာ့ရပ္မသြား။ဒီလိုအေျဖျပန္ရမွာ ႀကိဳသိေနၿပီးသားပင္။

ေဇယ်မိဳးေဆြဆိုတဲ့ အစုတ္ပလုတ္ကေတာ့..

"ဒါေပမယ့္ မင္းငါ့ေက်ာက္ကပ္ကို ဂ႐ုစိုက္တယ္ဆို"

ေရဘဲလ္ကိုပိတ္လိုက္ကာ ခါးကိုျပန္မတ္လိုက္သည္။လက္ေခ်ာင္းတြင္ကပ္ၿငိေနေသာ ေရစက္ေလးေတြကို မွန္ေပၚသို႔ ျဖည္းညွင္းစြာတေတာက္ေတာက္ခါရင္း

"အသစ္အဆန္းေတြကို စိတ္ဝင္စားတတ္တာလည္း မင္းအသိပဲ။အေရာင္စုံမ်က္လုံးေလးေတြရိုးသြားၿပီး မ်က္လုံးနက္ကေလးေတြေပၚ စိတ္ေရာက္သြားရင္ေကာ။မ်က္လုံးအနက္ေရာင္ေတြကို ငါသိပ္သေဘာက်တာကို"

တစ္ဖက္ကလည္း ထိုအေျဖကိုေမွ်ာ္လင့္ၿပီးသားပင္။

"မင္းေက်ာက္ကပ္ကိုဂ႐ုစိုက္ပါမယ္လို႔ ေျပာထားၿပီးသားပဲမလား။ေဘးပတ္ပတ္လည္မွာ ဂိုဏ္းကလူေတြပဲရွိမွာ"

ဂိုဏ္းသားေတြ..fuck!အကုန္လုံးက အစုတ္ပလုတ္ေယာက်္ားခ်ည္းပဲေလ!

"ဒါေပမယ့္ မင္း Mooကို မိန္းကေလးလိုသတ္မွတ္ထားရင္ေတာ့ မိန္းကေလးတစ္ေယာက္ရွိတာေပါ့"

"...."

speakerဖြင့္ကာ ဖုန္းကိုေဘးခ်လိဳက္ၿပီး ေရစိုေနသည့္လက္ေခ်ာင္းမ်ားကို တစ္ရႉးႏွင့္သုတ္လိုက္သည္။တစ္ရႉးကို ရန္သူအလားစုတ္ေျခရင္း အမွိုက္ပုံးထဲသို႔ပစ္လိုက္ကာ

"ဘယ္ခ်ိန္လဲ"

"အခု.."

"Tsk..မင္း မလြန္လြန္းဘူးလား"

"အလုပ္ေတြက ဘယ္သူ႕မွေစာင့္မေနဘူး။မင္းလာတာေနာက္က်ေလ မင္းပိုပင္ပန္းေလပဲ"

"ေယာေစရာ..ေယာေစရာ..ကိုယ့္နိုင္ငံကိုျပန္ေရာက္တာနဲ႕ ေလသံကအစေၾကာက္စရာေကာင္းလာတာပဲ"

"မင္းအဲ့ဒီမွာ အေလလိုက္နိုင္တာ ဘယ္သူ႕ေက်းဇူးေတြလဲ"

"Ofcourse ေယာစံအိမ္သခင္ေလးေက်းဇူးေတြေပါ့။လာခဲ့မယ္!"

တစ္ဖက္ကဖုန္းျပန္ေျဖတာကို မေစာင့္ပဲ ဖုန္းကိုခ်လိဳက္ကာ တြန့္ခ်ိဳးေနေသာမ်က္ခုံးမ်ားကို လက္ျဖင့္ဖိႏွိပ္လိုက္ရင္း တစ္ကိုယ္တည္းတိုးတိုး႐ြတ္ဆိုလိုက္သည္။

"ဘယ္လိုအလုပ္သရဲနဲ႕ သူငယ္ခ်င္းျဖစ္လာမိမွန္း မသိေတာ့ဘူး"

Restroomအျပင္ဘက္ထြက္လာေတာ့ ladyေလးတစ္ေယာက္ကအသင့္လာေစာင့္ေနသည္။Bar counterမွာကတည္းက သူ႕ကိုလွမ္းလွမ္းရွိုးေနသည့္ ထိုladyေလးရဲ႕အၾကည့္စူးစူးေတြကို သတိထားမိသည္။ပုံမွန္သာဆို ေရကန္အသင့္ ၾကာအသင့္ အခန္းတစ္ခန္းယူၿပီးတစ္ညတာ ကုန္ဆုံးလိုက္မွာျဖစ္ေသာ္လည္း..အေႂကြးရွင္လိုသူငယ္ခ်င္းေၾကာင့္ထိုစိတ္ကူးက ေလထဲမွာေပ်ာက္ကြယ္သြားေလသည္။

Ladyေလးက ခ်ိဳအီေနေသာအၾကည့္မ်ားျဖင့္ သူရွိရာသို႔ တစ္ေ႐ြ႕ေ႐ြ႕တိုးလာေနသည္။သူမ်က္ႏွာ အမူအရာမဲ့စြာႏွင့္ မျမင္ဟန္ေဆာင္ကာ ေျခလွမ္းက်ယ္ႀကီးမ်ားႏွင့္ ေက်ာ္သြားေလေတာ့သည္။

မိန္းကေလးမွာ ထိုအျခင္းအရာကို မေမွ်ာ္လင့္ထားစြာ ေတာင့္ေတာင့္ႀကီးရပ္က်န္ေနသည္။ေခါင္းေပၚမွာလည္း question markအျပည့္ႏွင့္ သူမအလွကိုသူမ ေမးခြန္းျပန္ထုတ္ေနေလသည္။အခ်ိန္အေတာ္ၾကာ တစ္ခုခုကို ဉာဏ္အလင္းရသလို သေဘာေပါက္သြားကာ

"Is he a gay!!"

*****************************

ေလယာဥ္ခ်ိန္ကညျဖစ္ေနေသာေၾကာင့္ ခြန္းသတို႔ကို မေခၚျဖစ္ေတာ့။မင္းထည္ကိုသာ အက်ိဳးအေၾကာင္းေျပာျပလိုက္ရသည္။တစ္ကယ္ေတာ့ ေနသူ႕ဆီဖုန္းေခၚေသာ္လည္း ေျဖဆိုသူမွာမင္းထည္ျဖစ္ေနျခင္းသာ။မဆိုစေလာက္ ႏွာမႈတ္သံႏွင့္ရန္ကျပန္ေတြ႕ေသးသည္။နိုင္ငံကထြက္သြားမည္မွန္းသိေတာ့မွ ေလသံေပ်ာ့သြားကာ ဂ႐ုစိုက္ရန္မွာၾကားလာသည္။ျမန္မာနိုင္ငံမွ ထြက္သြားရန္ဆုံးျဖတ္ျခင္းမွာ သူ႕အတြက္သိပ္ေတာ့မလြယ္ကူ။ခင္တြယ္စရာလူရယ္လို႔ လက္ညွိုးထိုးျပစရာမရွိေသာ္လည္း ဒီေျမဒီေရကိုပဲ တြယ္တာမိေနသလိုပင္။ခြန္းသဆိုေသာ လူပုစိတ္တိုၾကားလွ်င္ "ေကာင္မေလးက ျငင္းလိုက္တာကိုေတာင္ မစြန့္လႊတ္နိုင္တာလား"ဟု ၿပီတီတီမ်က္ႏွာေဘးႏွင့္ စေနမွာေသခ်ာသည္။

ေထာင္ထဲေရာက္ေနေသာဖခင္ကိုလည္းသြားမေတြ႕ျဖစ္ခဲ့။ေသြးရင္းသားရင္းဆိုလို႔ ေမေမပဲရွိေတာ့တာေၾကာင့္ ေမေမရွိရာသို႔ သူအေရာက္သြားရမည္။သူေျပာင္းလာမယ္ၾကားေတာ့ ေမေမ့မွာ ေပ်ာ္ေနေလရွာသည္။ေမြးဖြားၿပီး 6လၾကာကတည္းက ေဝးကြာခဲ့ရေသာသားျဖစ္သူကို ေမေမလည္းလြမ္းေနေလာက္သည္။

ေလယာဥ္ခ်ိန္နီးလာလို႔ ေၾကညာသံၾကားေတာ့ အေတြးဇုန္မွ႐ုန္းထြက္ကာ markတပ္လိုက္ရင္း တည္ေနရာသို႔သြားလိုက္သည္။

ႀကဳံခဲ့ရသမွ်၊ခံစားခဲ့ရသမွ် ဒီေျမမွာပဲက်န္ရစ္ခဲ့ပါေစေတာ့။

********************
မ်က္လုံးျပာမ်ားကေနရာအႏွံ႕ကစားေနရင္း လက္တစ္ဖက္ကိုေဘာင္းဘီအိတ္ထဲထည့္ကာ ဖုန္းေျပာေနသည္။

"ဘယ္မွာလဲ ေဇယ်က"

6ေပ3ရွိေသာအရပ္ႏွင့္ မိမိုက္လွေသာဝတ္ပုံစားပုံေၾကာင့္ လူၾကားထဲမွာထင္းလို႔ေနသည္။အထူးသျဖင့္ မ်က္လုံးျပာမ်ားပင္။

"ငါေျပာၿပီးသားေနာ္ ေဇယ်မိဳးေဆြလာမႀကိဳရင္း ဒီကေနတန္းျပန္လည့္မွာ"

"...."

ထိုစဥ္ အေဝးတစ္ေနရာမွမ်က္ႏွာေသကိုျမင္လိုက္ေတာ့ အေႂကြးရွင္လိုသူငယ္ခ်င္းကို ထပ္မရစ္ေတာ့ပဲ"ရၿပီ မင္းရဲ႕လက္ေထာက္ကေလးေပၚလာၿပီ"ဟုေျပာကာ ဖုန္းခ်လိဳက္ေတာ့သည္။

"ေဟး..လက္ေထာက္ေလး"

ဟုေအာ္ကာ ေဇယ်မိဳးေဆြရွိရာဆို သြားေသာ္လည္း လူကအေတာ္မ်ားလွသည္မို႔ အေတာ္အတန္တိုးမိတိုက္မိရွိၾကသည္။

တိုက္မိသြားေသာ ပုခုံးစြန္းမ်ား၊
ဆန့္က်င္ဘက္မ်က္ႏွာသို႔ ဦးတည္ေနေသာေျခလွမ္းေတြ၊
အရပ္အျမင့္သိပ္မကြာတဲ့ ပုံရိပ္ႏွစ္ခု၊
မည္သူတစ္ဦးတစ္ေယာက္ကမွ် သတိမထားမိခဲ့ေသာ ထိခတ္မႈေလးတစ္စုံတစ္ရာက အနာဂါတ္အတြက္ ႀကိဳးနီေလးတစ္ေခ်ာင္းျဖစ္လာမည္ဟု ဘယ္ဇာတ္ဆရာက ကံၾကမၼာေရးခဲ့ေလသနည္း။

11.1.2024(19:36)
************************

ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။
စၿပီးေလွ်ာက္မယ့္ ongoing ေလးမို႔ like and comments ေလးေတြလိုခ်င္မိပါတယ္။uptateကေတာ့ ႏွစ္ရက္တစ္ပိုင္း or တစ္ပတ္ႏွစ္ပိုင္းပါ။

ခ်စ္တဲ့ မိုးမခပင္ေပါက္

Comment