Ch. 005

(Unicode)


မှာထားသည့် ကော်ဖီပူပူကို တစ်ငုံချင်းအရသာခံသောက်ရင်း မင်ယွန်းဂီတစ်ယောက် ဂျီမင်အလာကို စောင့်လျက်ရှိသည်။ လက်တွင် ပတ်ထားသည့် နာရီကို ကြည့်လိုက်တော့ ၁၂နာရီမတ်တင်းသို့ ညွန်ပြလျက်။ အမှတ်တမဲ့နာရီကြည့်ရင်းဖြင့်ပင် သူမအကြောင်းတို့က အတွေးထဲသို့ မဖိတ်ခေါ်ဘဲ ရောက်လာသည်။


မွေးနေ့အမှတ်တရဖြင့် ဟာယွန်း လက်ဆောင်ပေးခဲ့သည့် ယွန်းဂီသိပ်ကြိုက်သော Rolexနာရီ...။ သူမပေးသည့် လက်ဆောင်ကို အသိအမှတ်ပြု ဝတ်ဆင်လေတိုင်း ယွန်းဂီ မမြင်အောင် ခိုးပြုံးတတ်တဲ့ သူမ၏အကျင့်... ထိုအပြုံးလေးကို မတွေ့ရတာ ကြာခဲ့ပြီဟုပင် ထင်မိသည်။


"ဆောရီး... ထွက်လာတာ နည်းနည်း နောက်ကျသွားလို့"


ရောက်ရောက်ချင်း တောင်းပန်စကားဆိုကာ မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကို ဝင်ထိုင်လိုက်သော ဂျီမင်ကြောင့် အတွေးစတို့ ရပ်တန့်သွားခဲ့သည်။ စားပွဲထိုးရောက်လာသည်မို့  ယွန်းဂီက steakတစ်ပွဲမှာရင်း ဂျီမင်က carbonaraတစ်ပွဲမှာသည်။ အားလုံးမှာပြီးသည့်နောက် စားပွဲထိုးအနားမှ ထွက်သွားသည်အထိ ဂျီမင်ပုံစံကို ကြည့်ရသည်မှာ စကားစရန် တွေဝေနေသည်ဖြစ်၍ ယွန်းဂီကသာ ဦးဆောင်ရန် ဆုံးဖြတ်လိုက်သည်။


"ဟာယွန်း အခြေအနေတိုးတက်လာတယ်မလား...။ သူက ထင်ထားတာထက် စိတ်မာတဲ့ မိန်းကလေးတစ်ယောက်ဆိုတော့"


"သူ အများကြီး ကောင်းလာပါပြီ။. တစ်ခုပဲ မင်းဘက်က သူ့ကို ဒီထပ်ပိုပြီး စိတ်ဖိစီးမှုမပေးစေချင်တော့ဘူး.. သူ့ကို စိတ်ရင်းအတိုင်း အကောင်းဆုံးဆက်ဆံပေးဖို့ တောင်းဆိုချင်တယ်"


"ငါ့ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းထားတာပဲလေ...။  ဒီထက်ပိုပြီး မျှော်လင့်နေရင်တော့ မတတ်နိုင်ဘူးပေါ့"


ယွန်းဂီ၏ ပြောစကားကြောင့် ဂျီမင် မျက်နှာပေါ်တွင် မချိတင်ကဲ အပြုံးလေးတစ်ခု ဖြတ်ပြေးသွားသည်။ မှတ်မှတ်ရရ ဟာယွန်းနှင့် သူ လက်ထပ်ပွဲနေ့ကလည်း ဂျီမင်ထံမှ ထိုအပြုံးကို မြင်ခဲ့ရဖူးသည်။ ဒီနေ့ မျက်နှာချင်းဆိုင် စကားပြောရန် ချိန်းဆိုကတည်းက တစ်ခုခု ထူးခြားနေမှန်း ယွန်းဂီ ရိပ်မိပါသည်။


"မင်ယွန်းဂီ... မင်းစဉ်းစားကြည့်ပါဦး။ ဒီအတောအတွင်း ဟာယွန်းကို နည်းနည်းလေးမှ မချစ်မိဘူးလားလို့"


"စိတ်တောင် မဝင်စားခဲ့ဘူးဆိုရင်ရော...? ငါထင်တာတော့ ခုချိန်ထိ အချစ်မလျော့နိုင်သေးတာ မင်းပဲလေ... ဟုတ်တယ်မလား ပတ်ဂျီမင်"


"ငါ ဝန်ခံပါတယ်...။ ဒါပေမယ့် မင်းသာ မင်းရဲ့ခုလို အချိုးတွေနဲ့ဆက်သွားရင်တော့ ဟာယွန်းက မင်းမှမင်း ဖြစ်နေဦးမယ်လို့ ယုံကြည်မှုတွေ အပြည့်အဝမထားတာ ကောင်းမယ်ထင်တယ်"


"ဒါက မင်း ဝင်ပြောဖို့ မလိုတဲ့အပိုင်းလို့ ထင်တာပဲ။ ခု လက်ရှိအချိန်မှာ ဟာယွန်းက ငါ့မိန်းကလေးဆိုတာ မမေ့နဲ့"


"မင်းကို ကိုယ့်ခံစားချက်တောင် ကိုယ်မရိပ်မိလောက်အောင် မရင့်ကျက်သေးတဲ့သူလို့ ထင်မထားမိဘူး မင်ယွန်းဂီ...။. ဒါဆို သူ့ကို မချစ်ရင်လည်း ဘာလို့အနားမှာ ဆွဲထားသေးလဲ.. သူက မင်းကို ချစ်နေတယ်ဆိုတာလေးကိုလည်း မစွန့်လွှတ်နိုင်ပြန်ဘူး...။ အတ္တမကြီးလွန်းဘူးလားကွာ"


ဂျီမင်၏ စကားကြောင့် ယွန်းဂီ အထိနာသွားသည်။ သူ့ကိုယ်သူလည်း ဝေခွဲမရဖြစ်နေခဲ့တာ သူမ မတော်မဆမှုဖြစ်သည်ကို ကြားကြားချင်း စိုးရိမ်ပူပန်မှုကြီးစွာဖြင့် အမောတကော ဆေးရုံသို့ လာခဲ့မိသည့် အချိန်ကတည်းကပင်။ လုပ်ကြံမှုဟု သတင်းသဲ့သဲ့ကြားသည့်အချိန်တွင် နိုင်ငံရပ်ခြားသို့ အရေးကြီး အလုပ်ကိစ္စဖြင့် သွားနေသည့်ကြားကပင် နောက်ကွယ်ကသူများအား မြေလှန်ရှာဖို့ လုပ်ခဲ့သည်အထိ...။


မှာထားသည့် ဟင်းပွဲတို့လာအချ နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ရင်ထဲတွင် အတွေးကိုယ်စီတို့ဖြင့် ပူလောင်နေသည်။


"ဟာယွန်း... ခါးဆစ်ရိုး နည်းနည်းထိသွားတယ်။ လုံးဝ ပြန်မလျှောက်နိုင်လောက်တဲ့အထိ ပျက်စီးသွားတာတော့ မဟုတ်ပေမယ့်... တစ်ရာရာခိုင်နှုန်းတော့ အာမခံနိုင်တဲ့ အနေအထားမှာ မရှိဘူး"


ရုတ်တရက်ထွက်ပေါ်လာသော ဂျီမင်၏ စကားသံကြောင့် ယွန်းဂီ မင်သက်သွားမိသည်။ ထို့အတူ ရင်ဘက်၏ တစ်ထောင့်တစ်နေရာက ဆူးနစ်သွားသည့် အမည်မသိ ခံစားချက်အချို့။ သူ့ဘက်က တိတ်ဆိတ်နေမှုကြောင့် ဂျီမင်ကပင် စကားဆက်သည်။


"ခုချိန်မှာ သူ့ ကျန်းမာရေးအရရော... mental supportပိုင်းအရရော... ဟာယွန်းက မင်းထက်ငါ့ကို ပိုလိုအပ်နေတယ်လို့ မထင်မိဘူးလား"


ဂျီမင်၏စကားတို့သည် နူးညံ့သည်။ လှပသည်။ သို့သော် နောက်ကွယ်တွင် ယွန်းဂီအား စိန်ခေါ်လိုသည့် အဓိပ္ပာယ်တွေ ပြည့်နှက်လျက်ရှိသည်။ ဒီစကားတွေ ပြောဖို့ တကူးတက ချိန်းလိုက်တာလား ပတ်ဂျီမင်...။


"မင်းက ဘာဖြစ်ချင်လို့လဲ ပတ်ဂျီမင်... ငါ့ဆီကနေ ဟာယွန်းကို ဆွဲထုတ်သွားချင်နေတာလား"


"ဟုတ်တယ်ဆိုရင်ကော...? မင်းက အသာတကြည်ထည့်ပေးလိုက်မှာလား"


"ရနိုင်မယ်ထင်ရင် ယူကြည့်လိုက်ပေါ့"


"အိုကေလေ deal... ငါ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ခဲ့ပြီးပြီလို့ ထင်လို့ ဒီလို တရားဝင် ဖွင့်ပြောတာပဲ။ မင်းသာ သူ့အပေါ် ချစ်တတ်ခဲ့မယ်ဆိုရင် ငါ စွန့်လွှတ်ပေးမလို့ပါပဲ...။ ဒါပေမယ့် ငါ အခုကစပြီး နည်းလမ်းပေါင်းစုံသုံးပြီး ဟာယွန်းကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားတော့မယ်။ တန်ဖိုးမထားတတ်တဲ့သူလက်ထဲမှာ တန်ဖိုးမဲ့နေတာ မကြည့်ရက်လွန်းလို့... ငါ သွားပြီ။ ဒီနေ့တော့ ငါချိန်းတာဆိုတော့ ငါ့cardနဲ့ပဲ ရှင်းပေးခဲ့ပါရစေ"


ပြောသင့်သည့်စကားများ တစ်ခွန်းမကျန် ပြောပြီးတာနှင့် တစ်ပြိုင်နက် ကောင်တာသို့ ငွေရှင်းရန် ထသွားသည့် ဂျီမင်အား ကြည့်ရင်း ယွန်းဂီ စားပွဲတွင် တစ်ယောက်ထဲ ငူငူငိုင်ငိုင်ကြီး ထိုင်ကာ ကျန်ခဲ့သည်။ သူမကို ချစ်လို့ ပိုင်ဆိုင်ချင်သည်ထက် ပတ်ဂျီမင်ကို အရှုံးမပေးချင်သည့်စိတ်က ပိုအလေးသာနေသည်။ ဒါဆို ဘာလုပ်ရမလဲ...။


ကိုယ်တိုင်လည်း နည်းမျိုးစုံသုံးပြီး ဆွန်းဟာယွန်းကို ကာကွယ်ဖို့ပဲ ရှိတာပေါ့...။





===============





နေ့ခင်းက ဂျီမင်နှင့် ပြောခဲ့သမျှကို ပြန်လည်တွေးမိရင်း အိမ်သို့ ရောက်လာမှန်းတောင် မသိခဲ့။ ဒရိုင်ဘာက ကားတံခါးလာဖွင့်ပေးမှသာ သတိဝင်လာသည်။ ကားပေါ်က ဆင်းသည်နှင့် အိမ်ထဲသို့ ခပ်သွက်သွက်ဝင်လာခဲ့လိုက်သည်။ ဧည့်ခန်းတွင် သူမ ရှိမနေခဲ့...။ ခါတိုင်းလို သူပြန်လာတိုင်း ဆီးကြိုနေတတ်သည့် ဝတ္တရားကိုပင် သူမ ပျက်ကွက်နိုင်ခဲ့ပြီပေါ့လေ...။


တဖြည်းဖြည်းသိသာလာသည့် ဟာယွန်းဘက်မှ စိမ်းကားမှုများသည် ယွန်းဂီအား နေရခက်စေသည်။ သူမကို မချစ်သော်လည်း မမုန်းခဲ့မှန်းတော့ သူ့ကိုသူ သေချာသိပါသည်။


အခန်းထဲကို ဝင်လိုက်တော့ ခုတင်ပေါ်တွင် လှဲကာ စာအုပ်ဖတ်လျက်ရှိသော ဟာယွန်း... သူဝင်လာတာကို မြင်တော့ အခန်းတံခါးဝဘက်ကို မျက်လုံးတစ်ချက် ဆွေကြည့်ကာ စာအုပ်ကိုပင် ဟန်မပျက်ဆက်ဖတ်နေသည်။ အရင်လို ထမင်းစားခဲ့ပြီလား ဘာညာတောင် မမေးတော့လောက်အောင် အေးစက်သွားပြီလား။


"ဒီမှာ ဘာလာလုပ်တာလဲ"


သူမ၏ ဘေး၊ ခုတင်တစ်ဖက် လွတ်နေသည့်နေရာသို့ ယွန်းဂီ ဝင်လှဲလိုက်စဉ် ထွက်လာသည့် မာဆတ်ဆတ်အသံလေး။ အဲ့လို အဖက်လုပ်တာကို ခံချင်လို့ ယွန်းဂီကလည်း တမင်လုပ်ခြင်းပင်။


"အလုပ်က ပင်ပန်းလာလို့"


"ကိုယ့်အခန်းကိုယ်သွား... ဒါမှမဟုတ်လည်း ဧည့်ခန်းထဲက ဆိုဖာပေါ်သွားလှဲချည်"


စာအုပ်ကိုကျ အဖတ်မပျက်ဘဲ ပါးစပ်ကလေးဖြင့်သာ အမိန့်ပေးနေသော ဟာယွန်းအား စချင်လာသဖြင့် သူမ၏ လက်ကလေးကို လှမ်းအဆွဲ...


"Ahhhh... shittt... နာတယ်ဟ!"


ဟာယွန်းက ယွန်းဂီ၏ လက်ကို ပုတ်ချပြီး နှာနုရိုးတည့်တည့်ကို ဖတ်လက်စစာအုပ်ဖြင့် ပေါက်လိုက်ခြင်းပင်။ ပြီးတော့ အဲ့ဒီစာအုပ်ကိုပင် မမှီမကမ်း လက်ဖြင့်ပြန်ယူပြီး သူမဟုတ်သလို စာပြန်ဖတ်နေပြန်သည်။ ရှောင်တခင်တိုက်ကွက်မိသွားသော ယွန်းဂီကတော့ သူ့နှာခေါင်းကို လက်ဖြင့်ပွတ်ကာ ပွစိပွစိလုပ်လျက်။ သိပ်အားအပြင်းကြီးမဟုတ်သော်လည်း ရှောင်ချိန်မရလိုက်ကြောင့် နည်းနည်းတော့ အီဆိမ့်သွားသည်။


စိတ်ပေါက်ပေါက်ဖြင့် ဘာမှမပြောတော့ဘဲ အခန်းအပြင်ထထွက်သွားသည်။ ခေါ်သံလေးများကြားရမလားဟု တံခါးအဝတွင် ဟာယွန်းအား အသာလေးချောင်းကြည့်လိုက်သော်လည်း ဟိုက စာဖတ်မြဲ ဖတ်ဆဲ။ မထူးခြားသည့်အနေအထားကြောင့် ရေချိုးရန် မိမိအခန်းရှိရာသို့သာ ဦးတည်လိုက်တော့သည်။


"ဘာတွေ စိတ်ဝင်စားစရာကောင်းနေလို့များ အဲ့လောက်ထိ သည်းကြီးမည်းကြီးတွေ ဖတ်နေတာလဲ မသိဘူး..."





===============





ဗိုက်ထဲက ဆန္ဒပြသံများကြောင့် ယွန်းဂီ ရေချိုးပြီးပြီးချင်း bathrobeဖြင့်ပင် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။ ရေခဲသေတ္တာကိုဆွဲဖွင့်လိုက်တော့ readymade kimchi တစ်ဗူး နှင့် ရေသန့်ဘူး အချို့အပြင် ဘာမှမရှိ။


ဆွန်းဟာယွန်း ဒီရက်ပိုင်း ဘာတွေများ စားပြီး အသက်ဆက်နေတာလဲ...။


အမှိုက်ပုံးထဲတွင် ခေါက်ဆွဲထုတ်အခွံများကို မြင်လိုက်ရသဖြင့် ယွန်းဂီ စိတ်ထဲ တော်တော်ခုသွားမိသည်။ သူမကိုယ်တိုင် ဈေးဝယ်မထွက်နိုင်ဘူးဆိုရင်တောင် ဂျီဆိုးကို အဖော်အဖြစ်ထားပေးခဲ့တာ ဒီလို ဖြစ်သလိုတွေ စားဖို့မှ မဟုတ်တာ။ ကျန်းမာရေးကလည်း လုံးဝကြီး ကောင်းသေးတာမဟုတ်.. တော်ကြာ တစ်ခုခုထပ်ဖြစ်ရင် ဂျီမင်က ငါ့ပဲလက်ညှိုးလာထိုးမှာဟုပင် ယွန်းဂီ စိတ်ပေါက်ပေါက်ဖြင့် တွေးလိုက်မိသည်။


ဒီလိုနဲ့ ကြောင်အိမ်တွေ၊ ဗီဒိုတွေထဲ ရှာကြည့်လိုက်တော့ သူမ၏ရိက္ခာများ ဖြစ်သည့် ခေါက်ဆွဲခြောက်ထုတ်များကို တွေ့လိုက်သည်။ မတတ်နိုင်... သူလည်း ဒီနေ့တော့ ဒါပဲစားရမှာပဲ။


ခေါက်ဆွဲပြုတ်နေရင်းဖြင့်ပင် ယွန်းဂီ၏ အတွေးတို့သည် ဟာယွန်းဆီမှာ။ သူမ ဘယ်လောက်ခေါင်းမာကြောင်း အလုပ်တူတူလုပ်ရင်းဖြင့် သူသိခဲ့သည်မှာ ကြာပြီ။ ပြတ်သားပြီဆိုရင်လည်း ဘယ်လောက်ထိ လှည့်မကြည့်တတ်တော့လဲဆိုတာက အစပေါ့လေ။ ဟာယွန်း၏ အလျော့ပေးမှုတို့က သူ့အတွက် သီးသန့်သာဖြစ်မှန်း သိခဲ့တည်းက သူအနိုင်ယူနေခဲ့မိတာ အခုအချိန်ထိ။ တစ်နှစ်ဟူသည့် အချိန်အတောအတွင်း သူ့ရဲ့ စိမ်းကားမှုတွေအတွက် ဟာယွန်းကို တစ်ခုခု ပြန်ပေးဆပ်သင့်သည်ဟူသည့် အတွေးများကလည်း ထူးထူးခြားခြား ဝင်ရောက်လာခဲ့သည်။


တစ်ခါလောက်ပဲဖြစ်ဖြစ် ဟာယွန်း စိတ်ချမ်းသာဖို့ ကြိုးစားကြည့်ချင်တယ်..။





....................



Unedited


29/05/2018





~~~~~


(Zawgyi)


မွာထားသည့္ ေကာ္ဖီပူပူကို တစ္ငံုခ်င္းအရသာခံေသာက္ရင္း မင္ယြန္းဂီတစ္ေယာက္ ဂ်ီမင္းအလာကို ေစာင့္လ်က္႐ွိသည္။ လက္တြင္ ပတ္ထားသည့္ နာရီကို ၾကည့္လိုက္ေတာ့ ၁၂နာရီမတ္တင္းသို႔ ၫြန္ျပလ်က္။ အမွတ္တမဲ့နာရီၾကည့္ရင္းျဖင့္ပင္ သူမအေၾကာင္းတို႔က အေတြးထဲသို႔ မဖိတ္ေခၚဘဲ ေရာက္လာသည္။


ေမြးေန႔အမွတ္တရျဖင့္ ဟာယြန္း လက္ေဆာင္ေပးခဲ့သည့္ ယြန္းဂီသိပ္ႀကိဳက္ေသာ Rolexနာရီ...။ သူမေပးသည့္ လက္ေဆာင္ကို အသိအမွတ္ျပဳ ဝတ္ဆင္ေလတိုင္း ယြန္းဂီ မျမင္ေအာင္ ခိုးျပံဳးတတ္တဲ့ သူမ၏အက်င့္... ထိုအျပံဳးေလးကို မေတြ႔ရတာ ၾကာခဲ့ၿပီဟုပင္ ထင္မိသည္။


"ေဆာရီး... ထြက္လာတာ နည္းနည္း ေနာက္က်သြားလို႔"


ေရာက္ေရာက္ခ်င္း ေတာင္းပန္စကားဆိုကာ မ်က္ႏွာခ်င္းဆိုင္႐ွိ ထိုင္ခံုကို ဝင္ထိုင္လိုက္ေသာ ဂ်ီမင္းေၾကာင့္ အေတြးစတို႔ ရပ္တန္႔သြားခဲ့သည္။ စားပဲြထိုးေရာက္လာသည္မို႔  ယြန္းဂီက steakတစ္ပဲြမွာရင္း ဂ်ီမင္းက carbonaraတစ္ပဲြမွာသည္။ အားလံုးမွာၿပီးသည့္ေနာက္ စားပဲြထိုးအနားမွ ထြက္သြားသည္အထိ ဂ်ီမင္းပံုစံကို ၾကည့္ရသည္မွာ စကားစရန္ ေတြေဝေနသည္ျဖစ္၍ ယြန္းဂီကသာ ဦးေဆာင္ရန္ ဆံုးျဖတ္လိုက္သည္။


"ဟာယြန္း အေျခအေနတိုးတက္လာတယ္မလား...။ သူက ထင္ထားတာထက္ စိတ္မာတဲ့ မိန္းကေလးတစ္ေယာက္ဆိုေတာ့"


"သူ အမ်ားႀကီး ေကာင္းလာပါၿပီ။. တစ္ခုပဲ မင္းဘက္က သူ႔ကို ဒီထပ္ပိုၿပီး စိတ္ဖိစီးမႈမေပးေစခ်င္ေတာ့ဘူး.. သူ႔ကို စိတ္ရင္းအတိုင္း အေကာင္းဆံုးဆက္ဆံေပးဖို႔ ေတာင္းဆိုခ်င္တယ္"


"ငါ့ဘက္က အတတ္ႏိုင္ဆံုး ျဖည့္ဆည္းထားတာပဲေလ...။  ဒီထက္ပိုၿပီး ေမွ်ာ္လင့္ေနရင္ေတာ့ မတတ္ႏိုင္ဘူးေပါ့"


ယြန္းဂီ၏ ေျပာစကားေၾကာင့္ ဂ်ီမင္း မ်က္ႏွာေပၚတြင္ မခ်ိတင္ကဲ အျပံဳးေလးတစ္ခု ျဖတ္ေျပးသြားသည္။ မွတ္မွတ္ရရ ဟာယြန္းႏွင့္ သူ လက္ထပ္ပဲြေန႔ကလည္း ဂ်ီမင္းထံမွ ထိုအျပံဳးကို ျမင္ခဲ့ရဖူးသည္။ ဒီေန႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာရန္ ခ်ိန္းဆိုကတည္းက တစ္ခုခု ထူးျခားေနမွန္း ယြန္းဂီ ရိပ္မိပါသည္။


"မင္ယြန္းဂီ... မင္းစဥ္းစားၾကည့္ပါဦး။ ဒီအေတာအတြင္း ဟာယြန္းကို နည္းနည္းေလးမွ မခ်စ္မိဘူးလားလို႔"


"စိတ္ေတာင္ မဝင္စားခဲ့ဘူးဆိုရင္ေရာ...? ငါထင္တာေတာ့ ခုခ်ိန္ထိ အခ်စ္မေလ်ာ့ႏိုင္ေသးတာ မင္းပဲေလ... ဟုတ္တယ္မလား ပတ္ဂ်ီမင္း"


"ငါ ဝန္ခံပါတယ္...။ ဒါေပမယ့္ မင္းသာ မင္းရဲ႕ခုလို အခ်ိဳးေတြနဲ႔ဆက္သြားရင္ေတာ့ ဟာယြန္းက မင္းမွမင္း ျဖစ္ေနဦးမယ္လို႔ ယံုၾကည္မႈေတြ အျပည့္အဝမထားတာ ေကာင္းမယ္ထင္တယ္"


"ဒါက မင္း ဝင္ေျပာဖို႔ မလိုတဲ့အပိုင္းလို႔ ထင္တာပဲ။ ခု လက္႐ွိအခ်ိန္မွာ ဟာယြန္းက ငါ့မိန္းကေလးဆုိတာ မေမ့နဲ႔"


"မင္းကို ကိုယ့္ခံစားခ်က္ေတာင္ ကိုယ္မရိပ္မိေလာက္ေအာင္ မရင့္က်က္ေသးတဲ့သူလို႔ ထင္မထားမိဘူး မင္ယြန္းဂီ...။. ဒါဆို သူ႔ကို မခ်စ္ရင္လည္း ဘာလို႔အနားမွာ ဆဲြထားေသးလဲ.. သူက မင္းကို ခ်စ္ေနတယ္ဆိုတာေလးကိုလည္း မစြန္႔လႊတ္ႏိုင္ျပန္ဘူး...။ အတၱမႀကီးလြန္းဘူးလားကြာ"


ဂ်ီမင္း၏ စကားေၾကာင့္ ယြန္းဂီ အထိနာသြားသည္။ သူ႔ကိုယ္သူလည္း ေဝခဲြမရျဖစ္ေနခဲ့တာ သူမ မေတာ္မဆမႈျဖစ္သည္ကို ၾကားၾကားခ်င္း စိုးရိမ္ပူပန္မႈႀကီးစြာျဖင့္ အေမာတေကာ ေဆးရံုသို႔ လာခဲ့မိသည့္ အခ်ိန္ကတည္းကပင္။ လုပ္ၾကံမႈဟု သတင္းသဲ့သဲ့ၾကားသည့္အခ်ိန္တြင္ ႏိုင္ငံရပ္ျခားသို႔ အေရးႀကီး အလုပ္ကိစၥျဖင့္ သြားေနသည့္ၾကားကပင္ ေနာက္ကြယ္ကသူမ်ားအား ေျမလွန္ရွာဖို႔ လုပ္ခဲ့သည္အထိ...။


မွာထားသည့္ ဟင္းပဲြတို႔လာအခ် ႏွစ္ေယာက္လံုး တိတ္ဆိတ္ၿငိမ္သက္ေနေသာ္လည္း ရင္ထဲတြင္ အေတြးကိုယ္စီတ႔ိုျဖင့္ ပူေလာင္ေနသည္။


"ဟာယြန္း... ခါးဆစ္႐ိုး နည္းနည္းထိသြားတယ္။ လံုးဝ ျပန္မေလွ်ာက္ႏိုင္ေလာက္တဲ့အထိ ပ်က္စီးသြားတာေတာ့ မဟုတ္ေပမယ့္... တစ္ရာရာခိုင္ႏႈန္းေတာ့ အာမခံႏိုင္တဲ့ အေနအထားမွာ မ႐ွိဘူး"


႐ုတ္တရက္ထြက္ေပၚလာေသာ ဂ်ီမင္း၏ စကားသံေၾကာင့္ ယြန္းဂီ မင္သက္သြားမိသည္။ ထို႔အတူ ရင္ဘက္၏ တစ္ေထာင့္တစ္ေနရာက ဆူးနစ္သြားသည့္ အမည္မသိ ခံစားခ်က္အခ်ိဳ႕။ သူ႔ဘက္က တိတ္ဆိတ္ေနမႈေၾကာင့္ ဂ်ီမင္းကပင္ စကားဆက္သည္။


"ခုခ်ိန္မွာ သူ႔ က်န္းမာေရးအရေရာ... mental supportပိုင္းအရေရာ... ဟာယြန္းက မင္းထက္ငါ့ကို ပိုလိုအပ္ေနတယ္လို႔ မထင္မိဘူးလား"


ဂ်ီမင္း၏စကားတို႔သည္ ႏူးညံ့သည္။ လွပသည္။ သို႔ေသာ္ ေနာက္ကြယ္တြင္ ယြန္းဂီအား စိန္ေခၚလိုသည့္ အဓိပၸာယ္ေတြ ျပည့္ႏွက္လ်က္႐ွိသည္။ ဒီစကားေတြ ေျပာဖို႔ တကူးတက ခ်ိန္းလိုက္တာလား ပတ္ဂ်ီမင္း...။


"မင္းက ဘာျဖစ္ခ်င္လို႔လဲ ပတ္ဂ်ီမင္း... ငါ့ဆီကေန ဟာယြန္းကို ဆဲြထုတ္သြားခ်င္ေနတာလား"


"ဟုတ္တယ္ဆိုရင္ေကာ...? မင္းက အသာတၾကည္ထည့္ေပးလိုက္မွာလား"


"ရႏုိင္မယ္ထင္ရင္ ယူၾကည့္လိုက္ေပါ့"


"အိုေကေလ deal... ငါ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေစာင့္ခဲ့ၿပီးၿပီလို႔ ထင္လို႔ ဒီလို တရားဝင္ ဖြင့္ေျပာတာပဲ။ မင္းသာ သူ႔အေပၚ ခ်စ္တတ္ခဲ့မယ္ဆိုရင္ ငါ စြန္႔လႊတ္ေပးမလို႔ပါပဲ...။ ဒါေပမယ့္ ငါ အခုကစၿပီး နည္းလမ္းေပါင္းစံုသံုးၿပီး ဟာယြန္းကို ပိုင္ဆိုင္ႏုိင္ဖို႔ ႀကိဳးစားေတာ့မယ္။ တန္ဖိုးမထားတတ္တဲ့သူလက္ထဲမွာ တန္ဖိုးမဲ့ေနတာ မၾကည့္ရက္လြန္းလို႔... ငါ သြားၿပီ။ ဒီေန႔ေတာ့ ငါခ်ိန္းတာဆိုေတာ့ ငါ့cardနဲ႔ပဲ ႐ွင္းေပးခဲ့ပါရေစ"


ေျပာသင့္သည့္စကားမ်ား တစ္ခြန္းမက်န္ ေျပာၿပီးတာႏွင့္ တစ္ၿပိဳင္နက္ ေကာင္တာသို႔ ေငြ႐ွင္းရန္ ထသြားသည့္ ဂ်ီမင္းအား ၾကည့္ရင္း ယြန္းဂီ စားပဲြတြင္ တစ္ေယာက္ထဲ ငူငူငိုင္ငိုင္ႀကီး ထိုင္ကာ က်န္ခဲ့သည္။ သူမကို ခ်စ္လို႔ ပိုင္ဆိုင္ခ်င္သည္ထက္ ပတ္ဂ်ီမင္းကို အရံႈးမေပးခ်င္သည့္စိတ္က ပိုအေလးသာေနသည္။ ဒါဆို ဘာလုပ္ရမလဲ...။


ကိုယ္တိုင္လည္း နည္းမ်ိဳးစံုသံုးၿပီး ဆြန္းဟာယြန္းကို ကာကြယ္ဖို႔ပဲ ႐ွိတာေပါ့...။





===============





ေန႔ခင္းက ဂ်ီမင္းႏွင့္ ေျပာခဲ့သမွ်ကို ျပန္လည္ေတြးမိရင္း အိမ္သို႔ ေရာက္လာမွန္းေတာင္ မသိခဲ့။ ဒ႐ိုင္ဘာက ကားတံခါးလာဖြင့္ေပးမွသာ သတိဝင္လာသည္။ ကားေပၚက ဆင္းသည္ႏွင့္ အိမ္ထဲသို႔ ခပ္သြက္သြက္ဝင္လာခဲ့လိုက္သည္။ ဧည့္ခန္းတြင္ သူမ ႐ွိမေနခဲ့..။ ခါတိုင္းလို သူျပန္လာတိုင္း ဆီးႀကိဳေနတတ္သည့္ ဝတၱရားကိုပင္ သူမ ပ်က္ကြက္ႏိုင္ခဲ့ၿပီေပါ့ေလ...။


တျဖည္းျဖည္းသိသာလာသည့္ ဟာယြန္းဘက္မွ စိမ္းကားမႈမ်ားသည္ ယြန္းဂီအား ေနရခက္ေစသည္။ သူမကို မခ်စ္ေသာ္လည္း မမုန္းခဲ့မွန္းေတာ့ သူ႔ကိုသူ ေသခ်ာသိပါသည္။


အခန္းထဲကို ဝင္လိုက္ေတာ့ ခုတင္ေပၚတြင္ လွဲကာ စာအုပ္ဖတ္လ်က္႐ွိေသာ ဟာယြန္း... သူဝင္လာတာကို ျမင္ေတာ့ အခန္းတံခါးဝဘက္ကို မ်က္လံုးတစ္ခ်က္ ေဆြၾကည့္ကာ စာအုပ္ကိုပင္ ဟန္မပ်က္ဆက္ဖတ္ေနသည္။ အရင္လို ထမင္းစားခဲ့ၿပီလား ဘာညာေတာင္ မေမးေတာ့ေလာက္ေအာင္ ေအးစက္သြားၿပီလား။


"ဒီမွာ ဘာလာလုပ္တာလဲ"


သူမ၏ ေဘး၊ ခုတင္တစ္ဖက္ လြတ္ေနသည့္ေနရာသို႔ ယြန္းဂီ ဝင္လွဲလိုက္စဥ္ ထြက္လာသည့္ မာဆတ္ဆတ္အသံေလး။ အဲ့လို အဖက္လုပ္တာကို ခံခ်င္လို႔ ယြန္းဂီကလည္း တမင္လုပ္ျခင္းပင္။


"အလုပ္က ပင္ပန္းလာလို႔"


"ကိုယ့္အခန္းကိုယ္သြား... ဒါမွမဟုတ္လည္း ဧည့္ခန္းထဲက ဆိုဖာေပၚသြားလွဲခ်ည္"


စာအုပ္ကိုက် အဖတ္မပ်က္ဘဲ ပါးစပ္ကေလးျဖင့္သာ အမိန္႔ေပးေနေသာ ဟာယြန္းအား စခ်င္လာသျဖင့္ သူမ၏ လက္ကေလးကို လွမ္းအဆဲြ...


"Ahhhh... shittt... နာတယ္ဟ!"


ဟာယြန္းက ယြန္းဂီ၏ လက္ကို ပုတ္ခ်ၿပီး ႏွာႏု႐ိုးတည့္တည့္ကို ဖတ္လက္စစာအုပ္ျဖင့္ ေပါက္လိုက္ျခင္းပင္။ ၿပီးေတာ့ အဲ့ဒီစာအုပ္ကိုပင္ မမွီမကမ္း လက္ျဖင့္ျပန္ယူၿပီး သူမဟုတ္သလို စာျပန္ဖတ္ေနျပန္သည္။ ေ႐ွာင္တခင္တိုက္ကြက္မိသြားေသာ ယြန္းဂီကေတာ့ သူ႔ႏွာေခါင္းကို လက္ျဖင့္ပြတ္ကာ ပြစိပြစိလုပ္လ်က္။ သိပ္အားအျပင္းႀကီးမဟုတ္ေသာ္လည္း ေ႐ွာင္ခ်ိန္မရလိုက္ေၾကာင့္ နည္းနည္းေတာ့ အီဆိမ့္သြားသည္။


စိတ္ေပါက္ေပါက္ျဖင့္ ဘာမွမေျပာေတာ့ဘဲ အခန္းအျပင္ထထြက္သြားသည္။ ေခၚသံေလးမ်ားၾကားရမလားဟု တံခါးအဝတြင္ ဟာယြန္းအား အသာေလးေခ်ာင္းၾကည့္လိုက္ေသာ္လည္း ဟိုက စာဖတ္ျမဲ ဖတ္ဆဲ။ မထူးျခားသည့္အေနအထားေၾကာင့္ ေရခ်ိဳးရန္ မိမိအခန္း႐ွိရာသို႔သာ ဦးတည္လိုက္ေတာ့သည္။


"ဘာေတြ စိတ္ဝင္စားစရာေကာင္းေနလို႔မ်ား အဲ့ေလာက္ထိ သည္းႀကီးမည္းႀကီးေတြ ဖတ္ေနတာလဲ မသိဘူး..."





===============





ဗိုက္ထဲက ဆႏၵျပသံမ်ားေၾကာင့္ ယြန္းဂီ ေရခ်ိဳးၿပီးၿပီးခ်င္း bathrobeျဖင့္ပင္ မီးဖိုေခ်ာင္ထဲသို႔ ဝင္လာခဲ့လိုက္သည္။ ေရခဲေသတၱာကိုဆဲြဖြင့္လိုက္ေတာ့ readymade kimchi တစ္ဗူး ႏွင့္ ေရသန္႔ဘူး အခ်ိဳ႕အျပင္ ဘာမွမ႐ွိ။


ဆြန္းဟာယြန္း ဒီရက္ပိုင္း ဘာေတြမ်ား စားၿပီး အသက္ဆက္ေနတာလဲ...။


အမိႈက္ပံုးထဲတြင္ ေခါက္ဆဲြထုတ္အခြံမ်ားကို ျမင္လိုက္ရသျဖင့္ ယြန္းဂီ စိတ္ထဲ ေတာ္ေတာ္ခုသြားမိသည္။ သူမကိုယ္တိုင္ ေစ်းဝယ္မထြက္ႏိုင္ဘူးဆိုရင္ေတာင္ ဂ်ီဆိုးကို အေဖာ္အျဖစ္ထားေပးခဲ့တာ ဒီလို ျဖစ္သလိုေတြ စားဖို႔မွ မဟုတ္တာ။ က်န္းမာေရးကလည္း လံုးဝႀကီး ေကာင္းေသးတာမဟုတ္.. ေတာ္ၾကာ တစ္ခုခုထပ္ျဖစ္ရင္ ဂ်ီမင္းက ငါ့ပဲလက္ညိႈးလာထိုးမွာဟုပင္ ယြန္းဂီ စိတ္ေပါက္ေပါက္ျဖင့္ ေတြးလိုက္မိသည္။


ဒီလိုနဲ႔ ေၾကာင္အိမ္ေတြ၊ ဗီဒိုေတြထဲ ႐ွာၾကည့္လိုက္ေတာ့ သူမ၏ရိကၡာမ်ား ျဖစ္သည့္ ေခါက္ဆဲြေျခာက္ထုတ္မ်ားကို ေတြ႔လိုက္သည္။ မတတ္ႏိုင္... သူလည္း ဒီေန႔ေတာ့ ဒါပဲစားရမွာပဲ။


ေခါက္ဆဲြျပဳတ္ေနရင္းျဖင့္ပင္ ယြန္းဂီ၏ အေတြးတို႔သည္ ဟာယြန္းဆီမွာ။ သူမ ဘယ္ေလာက္ေခါင္းမာေၾကာင္း အလုပ္တူတူလုပ္ရင္းျဖင့္ သူသိခဲ့သည္မွာ ၾကာၿပီ။ ျပတ္သားၿပီဆိုရင္လည္း ဘယ္ေလာက္ထိ လွည့္မၾကည့္တတ္ေတာ့လဲဆိုတာက အစေပါ့ေလ။ ဟာယြန္း၏ အေလ်ာ့ေပးမႈတို႔က သူ႔အတြက္ သီးသန္႔သာျဖစ္မွန္း သိခဲ့တည္းက သူအႏိုင္ယူေနခဲ့မိတာ အခုအခ်ိန္ထိ။ တစ္ႏွစ္ဟူသည့္ အခ်ိန္အေတာအတြင္း သူ႔ရဲ႕ စိမ္းကားမႈေတြအတြက္ ဟာယြန္းကို တစ္ခုခု ျပန္ေပးဆပ္သင့္သည္ဟူသည့္ အေတြးမ်ားကလည္း ထူးထူးျခားျခား ဝင္ေရာက္လာခဲ့သည္။


တစ္ခါေလာက္ပဲျဖစ္ျဖစ္ ဟာယြန္း စိတ္ခ်မ္းသာဖို႔ ႀကိဳးစားၾကည့္ခ်င္တယ္..။





....................



Unedited


29/05/2018


A.n
ျမန္မာကားေတြ သိပ္ဆန္သြားရင္လည္း ခြင့္လႊတ္ေပးၾကဘာ :"3 မင္ယြန္းဂီႀကီးကို ဗီလိန္ေရးဖို႔ ပလန္ထားရာကေန ေရးရင္း ကိုယ့္ဘာကို အ႐ွိန္ေတြလြန္ၿပီး ဆိြခ်င္ခ်င္ေတြ ျဖစ္ကုန္တယ္..။ ဘယ္လိုဆက္လုပ္ရပါ့

Comment