Part - 5

"မင်းအသိတွေထဲ ဟာအို ဆိုတာ ငါတစ်ခါမှမကြားဖူးဘူး။သူက ဘယ်သူလဲ ဟန်ဘင်း ! "

ဂျီဝူး ရဲ့ အသံကြားမှ ဟာအို ကို ကြည့်နေရာကနေ အကြည့်လွှဲမိတော့သည်။

"ကျန်းဟာအို တဲ့၊ ငါ့အခန်းဖော်။ ဒါပေမယ့် ငါ့ဘက်ကတော့ သူ့ကို ဖွင့်ပြောထားတယ်"

ဟန်ဘင်း ရဲ့ စကားအဆုံး ချွဲဂျီဝူး ရဲ့ မျက်နှာက ထိန်းမရအောင် ပျက်ယွင်းသွားသည်။ သူခရီးလေးခဏထွက်သွားတုံးမှာ  ဟန်ဘင်း က ချစ်တတ်သွားပြီတဲ့လား ။ မဖြစ်ရဘူး !

"သူက Omega လား "

"ဟင့်အင်း ။ သိပ်ချစ်ဖို့ကောင်းတဲ့ Beta "

အခု ဟန်ဘင်း က ဘာပြောလိုက်တာလဲ ! မက်မောစရာဘာမှမရှိတဲ့ သာမန် Beta တစ်ယောက်ကို ဟန်ဘင်း လို Dominant Alpha က ချစ်သွားတယ်တဲ့လား ။ သူ့လို   အဖက်ဖက်ကပြည့်စုံတဲ့ Omega တစ်ယောက်က Beta တစ်ယောက်ကို ရှုံးတယ်တဲ့လား ။

မဖြစ်ရဘူး။ ဟန်ဘင်း က သူ့ကိုပဲ ချစ်ရမှာ !

"သူက သာမန်Beta တစ်ယောက်လေ၊ ဘာမှ မက်လောက်စရာလည်းမရှိတာကို ၊ မင်းက လက်တွဲဖော်အဖြစ်ရွေးမလို့လား ! "

"ချွဲဂျီဝူး ၊ ဟာအို့ ကို မင်းဘာမှဝေဖန်စရာမလိုဘူး !
ငါ့လူကို နောက်တစ်ခါထိပါးလို့ကတော့ ငါ ခွင့်လွှတ်မှာမဟုတ်ဘူး !! "

ဟန်ဘင်း က သူ့ကိုသတိပေးပြီး ကျောင်းထဲဝင်သွားတော့ အနောက်မှာ မကျေမနပ်နဲ့ ကျန်ခဲ့ရတာက ချွဲဂျီဝူးပဲ ။

အလယ်တန်းကျောင်းသားဘဝထဲက ဟန်ဘင်း ဘေးမှာ အရိပ်တစ်ခုလို အမြဲတမ်းရှိနေတဲ့သူ့ကိုကျ မမြင်ပဲ အခုမှ စတွေ့တဲ့ Beta က ဘာတွေကောင်းမွန်နေလို့ ကျန်းဟာအို မှ ကျန်းဟာအို ဖြစ်နေရတာလဲ။

"ဟန်ဘင်း ! မင်းက ငါ့ Alpha ပဲဖြစ်ရမယ် !!  "

လိုချင်တာမှန်သမျှရခဲ့တဲ့ ချွဲဂျီဝူး ရဲ့ ဘဝမှာ အရှုံးဆိုတာ မရှိဘူး။ သူ့လိုလူကိုမှ အရှုံးဆိုတာမျိုးကို ထိတွေ့စေခဲ့တဲ့ ကျန်းဟာအို ကို သူမုန်းတယ်။ သဝန်တိုစိတ်တွေနဲ့အတူ ဂျီဝူး ရဲ့ ရင်ထဲ အမုန်းတရာတွေ စတင်ဖြစ်တည်လာတယ်။

-

-

"ဟာအို ၊ ဘာလို့ ကျွန်တော့်ကို မစောင့်ပဲ ထွက်သွားရတာလဲ"

"ချွမ်‌ရွေ့ကို တွေ့လိုက်လို့လေ ၊ ပြီးတော့ မင်းလည်း မအားဘူးမလား "

ဒီစကားကိုပြောလိုက်တဲ့ ဟာအိုရဲ့ မျက်နှာဟာ ခနဲ့ချင်တဲ့ အရိပ်အယောင်တွေပြည့်နေတယ် ။ ကျန်းဟာအို တို့ ကုသိုလ်ကံကောင်းချက်က ဒီလိုမျက်နှာထားလေးကတောင် အသဲယားဖို့ကောင်းနေပြန်တယ် ။

ဟာအိုက သူ့ကို သဝန်တိုတာလား ၊ ဒေါသထွက်နေတာလားမသဲကွဲပေမယ့် ဟန်ဘင်း ကတော့ သူ့ကို သဝန်တိုတယ်လို့ပဲ တစ်ဖက်သတ်ယူဆပါသည်။ ကျန်းဟာအို နဲ့ပတ်သတ်ရင် ဆောင်းဟန်ဘင်း က သူ့ဘက်သူယက်တဲ့ လိပ်ကလေး။

"ချွဲဂျီဝူးက အလယ်တန်းထဲက သူငယ်ချင်းပါ ။ ကျွန်တော့်ဘက်က သူ့ကို သူငယ်ချင်းထက်မပိုဘူး။ ကျွန်တော်က ဟာအို ကိုပဲ ချစ်တာ "

"ဘယ်သူကသိချင်နေလို့ ဟန်ဘင်း က ပြောပြနေရတာလဲ"

"ဟာအို စိတ်ခုသွားမှာစိုးလို့ပါ ။ ကျွန်တော့်အပေါ်  ဟာအိုကို စိတ်ရှင်းစေချင်တယ်။ ကျွန်တော့်စိတ်နဲ့အာရုံထဲ ဟာအို တစ်ယောက်ပဲရှိတာ "

"......."

"ဟာအို က ကျွန်တော့်ရဲ့ပထမဆုံးအချစ် ၊ ကျွန်တော့ရဲ့ ဆန္ဒက ဟာအို ရဲ့ လက်ကလေးကို မြတ်မြတ်နိုးနိုးနဲ့  တရားဝင်ဆုပ်ကိုင်နိုင်ဖို့ပဲ။ ဒါကြောင့် ဟာအိုသာ ကျွန်တော့်ကို ပြန်ချစ်ရင် သိပ်ကောင်းမှာပဲ "

ဒီလိုရင်ခုန်စရာစကားမျိုးကို သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး ဆောင်းဟန်ဘင်း က ဘယ်လိုပြောနိုင်ရတာလဲ။
ပြောတဲ့သူတော့မသိဘူး ၊ နားထောင်ရတဲ့ သူကတော့ မျက်နှာပူလွန်းလို့ ကျွင်းတစ်ခုတူးပြီး ဝင်နေချင်နေပြီဖြစ်သည်။
အခု သူ့မျက်နှာက စတော်ဘယ်ရီသီးလို နီရဲနေလောက်ပြီဖြစ်သည်။

"ဟာအို က ကျွန်တော့်ကို ပြန်မချစ်သေးဘူးလား"

တစ်ယောက်ယောက်များ ဆောင်းဟန်ဘင်း ကို သူ့အနားကနေ ဆွဲခေါ်မသွားချင်ကြဘူးလား။

ကြယ်တွေလို တဖျက်ဖျက်လက်နေတဲ့ မျက်ဝန်းတွေနဲ့ မျက်နှာလွှဲနေတဲ့သူ့ကို အကြည့်ချင်းတမင်လိုက်ဆုံရင်း အဖြေတောင်းနေတော့တာဖြစ်သည် ။

"ဟာအို က သိပ်ရက်စက်တာပဲ "

Minor ဘာသာတွေမလို့ အတန်းတတ်သူသိပ်မရှိတာကို အခွင့်ကောင်းယူပြီး ဆောင်းဟန်ဘင်း တို့က လုပ်ချင်တာလုပ်နေတော့တယ် ။ အခုလည်း Alpha ဖြစ်ပြီး လူကို လာချွဲနေပြန်ပြီ ။ ဆောင်းဟန်ဘင်း က သူတွေ့ဖူးသမျှ Alpha တွေနဲ့ တော်တော်ကွာခြားတာဖြစ်သည် ။

"ဟာအို လို့ ! "

"ကိုယ် စဉ်းစားပေးမယ် ဟုတ်ပြီလား။"

"ဗျာ ! တကယ်ကြီး !! "

သူ့စကားကိုကြားပြီး ဟန်ဘင်းက ကယောင်ကတမ်း နဲ့ ဝုန်းခနဲ မတ်တပ်ထရပ်တာကြောင့် အတန်းသားတွေရဲ့ မျက်လုံးက သူတို့ဆီစုပြုံလာတယ် ။သူကပဲ အားလုံးကို ဘာမှထွေထွေထူးထူးမဟုတ်ကြောင်း ပြောရင်း မတ်တပ်ရပ်ကြီးနဲ့ ပြုံးစိစိဖြစ်နေတဲ့ ဟန်ဘင်း ကို ခုံပေါ်ပြန်ထိုင်ခိုင်းရတယ် ။
ခုံပေါ်ထိုင်ခိုင်းလိုက်တဲ့အထိ ဟန်ဘင်း က အသိစိတ်ကပ်မလာသေး။

စဉ်စားပေးမယ်လို့ပြောရုံနဲ့တောင် ဒီလောက်ဖြစ်နေရင် သူအဖြေပြန်ပေးတဲ့အခါ ဆောင်းဟန်ဘင်း တစ်ယောက် ရူးများသွားမလားမသိ ။ 

"ဟန်ဘင်း ! ဟန်ဘင်း !! "

"ကျွန်တော် ဟာအိုနားမှာ ဆက်နေရင် ငိုမိတော့မယ်ထင်တယ်"

မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ဟန်ဘင်း က Alpha လို့ကို မထင်ရဘူး။ သူ့အတွက်တော့  စိတ်ခံစားမှုလွယ်တဲ့ ကလေးလေးတစ်ယောက်လိုပဲ။ ‌ဟန်ဘင်း ရဲ့ ဆံပင်တွေကို သူ့လက်တွေနဲ့ ထိုးဖွမိတော့ တအံ့တဩမျက်ဝန်းတွေနဲ့ သူ့ကို အလန့်တကြားကြည့်လာတယ်။

"ဟာအို ! ဟာအို ကျစ် !! "

အခန်းထဲကပြေးထွက်သွားတဲ့ ဟန်ဘင်းက ဒေါသထွက်သွားတာလား' လို့ စိုးရိမ်သွားပေမယ့် သူ့ကိုကြည့်သွားတဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်စတွေမြင်လိုက်တော့မှ သူ သဘောတကျ  နဲ့ ရယ်မိသွားတော့သည်။

"ဟော.....ငိုသွားပြီ"

Dominant Alpha လေးက မျက်ရည်လွယ်လိုက်တာ ။

ငိုမိမယ် ဆိုတာကို စကားအဖြစ်ပဲ ပြောတယ်ထင်ခဲ့တာ ကလေးလေးတစ်ယောက်က တကယ်ငိုသွားတာပဲ ။ သူတော့ ကလေးထိန်းရတော့မယ်ထင်တယ်

-

-

ဟာအိုဘက်က စဉ်းစားပေးမယ်လို့ပြောပြီးတဲ့အချိန်ထဲက ဆောင်းဟန်ဘင်းဟာ Dominant Alpha ဘဝကနေ တောက်တဲ့ဘဝကို တရားဝင်ကူးပြောင်းသွားပြီဖြစ်သည်။
မိုးလင်းကနေမိုးချုပ်အထိ ဘေးလူတွေအမြင်ကပ်လောက်အောင် ဟာအိုအနားမှာ ကပ်နေတော့တာပဲ ။

အရမ်းတွယ်ကပ်လွန်းတဲ့သူ့ကို ဟာအို က အမြင်မကြည်တော့ရင် ချွဲပြလိုက် ၊ နှင်ထုတ်တဲ့အခါမျိုးဆို ငိုပြလိုက်နဲ့ မငြင်းနိုင်အောင် ပူးကပ်နေတော့သည်။  ဟာအို တစ်ယောက်ကတော့ ဆောင်းဟန်ဘင်းကို Dominant Alpha မှ ဟုတ်ရဲ့လား လို့တောင် တွေးနေမိပြီး ဆေးပဲထပ်စစ်ကြည့်ချင်မိတော့သည်။

"ဟာအို အတွက် သံပုရာရည်ဖျော်လာတယ်။ စာလုပ်နေရင်း စားဖို့ မုန့်တွေလည်း ဝယ်ထားသေးတယ် "

"ဟာအိုလေး ၊ ဘာလိုအပ်သေးလဲ ကိုယ့်ကိုပြော"

အင်း .... ဒီလိုအခါမျိုးဆိုရင်တော့ Alpha တစ်ယောက်ရဲ့အရှိန်အဝါကို ခံစားမိပြန်ရော ။ ဆောင်းဟန်ဘင်း ဟာ သူ့အတွက်တော့ မတူညီတဲ့ခံစားချက်တွေကို အမျိုးမျိုးပေးနေတဲ့ ဆန်းကြယ်တဲ့ အရာတစ်ခုလိုပဲ ။

သူက ဘွဲ့ရပြီးရင် အဖေ့လုပ်ငန်းကို ဦးစီးကာ လူကြီးတွေပေးစားတဲ့ beta မလေးတစ်ယောက်နဲ့ လက်ထပ်ရမယ်လို့ အဖေက အမိန့်ထုတ်ထားပြီးသားဖြစ်သည်။

သူ့ရဲ့ဘဝဟာ သူ့အဖေစီမံကိန်းချထားတဲ့အတိုင်း ဖြတ်သန်းရမှာသိနေတာကြောင့် ဆောင်းဟန်ဘင်း ရဲ့ အပြုအမူတွေကြား သူ့မှာ ဦးနှောက် နဲ့ နှလုံးသားကို အချန်ပြည့်လွန်ဆွဲနေရသည်။

-

-

"ဟန်ဘင်း အတွက် "

ဖခင်နဲ့ ဆောင်းဟန်ဘင်းကြား ဗျာများနေရတဲ့သူ့ကို စိတ်ညစ်အောင်အလုပ်နိုင်ဆုံးက ချွဲဂျီဝူး ဆိုတဲ့ Omega ပဲ ။
အခုလည်း အတန်းရှေ့မှာ ဟန်ဘင်း အတွက် ကိတ်မုန့်ကြီး လာပေးနေပြန်ပြီ ။

ချွဲဂျီဝူး က သူတို့ကျောင်းက ပါမောက္မချွဲရဲ့ သားဖြစ်တာကြောင့် မျက်စိနောက်လောက်အောင် ဟန်ဘင်းနား မှာ ခဏ၊ ခဏကို မြင်နေရသည် ။ ချွဲဂျီဝူး က ဟန်ဘင်း ကို ကြိုက်နေမှန်း တစ်ကျောင်းလုံးနီးပါး သိနေပြီဖြစ်သလို ဟန်ဘင်း ဆီ ချွဲဂျီဝူး လာတိုင်း သူတို့နှစ်ယောက်ကို ဝိုင်းစကြတဲ့သူတွေ၊ ဝိုင်းလှော်ပေးတဲ့သူတွေကလည်း အမြဲလိုလိုရှိနေတတ်တယ် ။

"Wow ! ချွဲဂျီဝူးကတော့ ဆောင်းဟန်ဘင်း မှ ဆောင်းဟန်ဘင်း ပဲ ! "

"ဆောင်းဟန်ဘင်း က အလှလေးကိုမှ ရထားတာပဲ။ အားကျတယ်ကွာ "

ဘေးကလူတွေရဲ့ ပြောစကားတွေကြောင့် ဟာအို ဟာ အလိုမကျစိတ်တွေနဲ့  ခုံအောက်ကလက်ကိုသာ တင်းတင်းဆုပ်ထားမိတော့သည်။ ဆောင်းဟန်ဘင်း နဲ့ ဟိုomega အတူတူရှိနေတာ သူမကြိုက်ဘူး။ပြီးတော့ သူတို့နှစ်ယောက်ကို သဘောတူသလို ပြောဆိုနေကြတာကိုလည်း သဘောမကျဘူး ။

ချွဲဂျီဝူး ဆိုတဲ့သူက တခြား omega တွေထက် ‌ပိုလှတယ်ဆိုတာတော့ သူဝန်ခံပါတယ် ။ ကြည့်ရုံနဲ့ နူးနူးညံ့ညံ့လေးမှန်းသိသာတဲ့ omega လေးနဲ့ယှဉ်တဲ့အခါ beta တစ်ယောက်လို ရှင်သန်နေထိုင်ရတဲ့သူက ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိတာတော့အမှန် ။ဟန်ဘင်း ကို သူယုံပေမယ့် သူ့ကိုယ်သူ သိမ်ငယ်စိတ်ဝင်နေတာဖြစ်သည်။

"ကိတ်အတွက် ကျေးဇူးပါပဲ ။ အားနာလို့ နောက်တခါတော့ မလုပ်လာပါနဲ့ ။မင်းအတွက်လည်း အလုပ်ပိုတယ်လေ "

တစ်ဖက်ကိုဂရုစိုက်မှန်းသိသာတဲ့ ဆောင်းဟန်ဘင်း ရဲ့ စကားတွေကြောင့် ခုံပေါ်ကို ခေါင်းမှောက်ကာ အိပ်လိုက်တော့သည်။

အရင်က ကျန်းဟာအို နဲ့မတူတော့လောက်အောင် သူက ဘာလို့ ဒီလောက်ထိ ခံစားလွယ်နေရတာလဲ ။

စောနက မြင်ခဲ့ ၊ ကြားခဲ့ရတာတွေကို သူ့ခေါင်းထဲက အမြန်ထုတ်ပစ်ရမယ် ။ မဟုတ်ရင် သူ ငိုမိတော့မှာ !
သူ့လိုလူကလေ ဆောင်းဟန်ဘင်း နဲ့ တခြားတစ်ယောက် စကားပြောနေရုံလေးနဲ့တင် မျက်ရည်ကျတော့မှာတဲ့ ။ ဘယ်လောက်တောင် အသုံးမကျလိုက်လဲ !!!

"ဟာအို - ဟင် - အိပ်နေတာလား "

သူ့အနားပြန်ရောက်လာတဲ့ ဟန်ဘင်း က သူအိပ်နေပြီထင်ပြီး   သူ့ပေါ်နေမထိုးအောင် စာအုပ်လေးနဲ့ ကွယ်ပေးလာသည်။
ချွဲဂျီဝူး ကို ဂရုစိုက်နေပြီး သူ့ကို အခုလိုမျိုးတွေလာလုပ်နေတယ် ။ ဒီ ဆောင်းဟန်ဘင်း ကတော့ .......

မှောက်အိပ်နေရာကနေထပြီး ဟန်ဘင်း ကို အကြည့်စူးစူးတွေနဲ့ ကြည့်ပစ်လိုက်သည်။ သို့ပေမယ့် ဟာအို ရဲ့ ထိုပုံစံလေးက ဟန်ဘင်းမျက်လုံးထဲတော့ စားချင်တာမစားရလို့ စိတ်ဆိုးနေတဲ့ ကလေးလေးတစ်ယောက်နဲ့ တူနေခဲ့တယ် ။

"ဟာအို..အိပ်နေတာ မဟုတ်ဘူးလား "

"ငါ့တစ်ယောက်တည်းကို ဂရုစိုက်တာလည်းမဟုတ်ပဲ အခုမှ အပိုတွေလာလုပ်မနေနဲ့ ၊  သွားစမ်းပါ ! "

"ဟာအို..ဘာတွေပြော - ဪ... စောနက ကိစ္စလား "

"ဘယ်သူက သိချင်နေလို့လဲ !!! "

"ဟာအို မသိချင်လည်း ကျွန်တော်က ပြောပြချင်လို့ ။
အတန်းရှေ့မှာ လူတွေကဝိုင်းကြည့်နေတာလေ ၊တကယ်လို့ ကျွန်တော်သာ သူ့ကို အတင်းငြင်းလိုက်ရင် သူရှက်သွားမှာပေါ့။ စကားချောချောမွေ့မွေ့လေးနဲ့ ငြင်းတာကလည်း ငြင်းနည်းတစ်မျိုးပဲလေ ၊ မဟုတ်ဘူးလား "

အဲ့မှာ စိတ်မဆိုးနိုင်တော့အောင် ‌ဖြေရှင်းချက်ကောင်းကောင်းတွေ ပေးနေလိုက်တော့ ဆောင်းဟန်ဘင်း ရေ ။
ဟန်ဘင်း ကို စိတ်အကြာကြီး မဆိုးနိုင်တာဟာ သူ့ရဲ့အားနည်းချက်တစ်ခု ။

"ကိုယ့်အဖြေကို ကျေနပ်ရဲ့လား ဟာအိုလေး"

"မသိဘူး ! မသိဘူး။ အခုကတော့  ရေသောက်ချင်တာပဲသိတယ် !! "

"ကိုယ်သွားဝယ်ပေးမယ် ၊ ခဏလေးပဲစောင့်နော် "

သူ့မျက်နှာကို ကြည့်ပြီး 'ဟာအိုလေး' လို့ လာခေါ်မှတော့ ဘယ်သူက ရင်မခုန်ပဲနေမလဲ ။ အရမ်းရင်ခုန်လာလို့ ဟန်ဘင်း ကို အကြောင်းမရှိအကြောင်းရှာပြီး သူ့အနားက ပထုတ်လိုက်မှပဲ နေရထိုင်ရတာ သက်သာသွားတော့တယ် ။

"ဆောင်းဟန်ဘင်းနဲ့တော့ ခက်ပါတယ်"

-

-

"ဟယ်လို ပါး "

"ကျောင်းမှာ အဆင်ပြေရဲ့လား ။ ဘာအခက်အခဲတွေရှိလဲ"

"အကုန်အဆင်ပြေပါတယ်။ဘာမှလိုအပ်တာမရှိဘူး ပါး "

"မင်းအခန်းဖော်က Alpha ဆိုတာဒီနေ့မှ ငါသိတယ်။Beta အချင်းချင်းပဲ ထားပါလို့ သေချာပြောထားတာကို ၊ မင်းတို့အဆောင်မှူးလုပ်ပုံကို  ကျောင်းအုပ်ကို ပြောပြမှဖြစ်မယ် "

"ကျောင်းသားတွေများသွားလို့ အခုလိုဖြစ်သွားတာပဲ ပါးရယ်၊ ဒီတစ်ခါတော့ နားလည်ပေးလိုက်ပါ ။ ကျွန်တော်လည်း မရိပ်မိအောင် ဂရုစိုက်ပြီးနေပါတယ် "

"မင်း ရော အခု ဘယ်လိုနေနေလဲ။ မင်း Omega ဆိုတာ သိသွားရင်ဘယ်လိုလုပ်မလဲ ။ ဒီကိစ္စက ဘယ်သူမှသိလို့မဖြစ်ဘူးဆိုတာ သိတယ်မလား "

"ကျွန်တော်သိပါတယ် ပါး "

"ဘယ် Alpha နဲ့မှ နီးနီးကပ်ကပ်မနေနဲ့ ၊ မင်းက Beta လို့ပဲ စိတ်ထဲမှာ စွဲနေအောင်မှတ်ထား ။ မင်းဘဝအတွက် အကောင်းဆုံးဖြစ်အောင် ငါလုပ်ပေးနေတာ "

"......"

"ဘွဲ့ရရင် ငါစီစဉ်ပေးထားတဲ့လမ်းအတိုင်းပဲလျှောက် ။ မင်းအိမ်ထောင်ဘက်ကလည်း ငါသဘောတူထားတဲ့ Beta တစ်ယောက်ပဲဖြစ်ရမယ်။ ငါ့ကို လွန်ဆန်ဖို့ မစဉ်းစားနဲ့ ၊ ကြားလား ဟာအို "

"ကြားပါတယ် ပါး ။ ကျွန်တော် ပါးကို မလွန်ဆန်ပါဘူး"

"ပါး မင်းကို စိတ်မပျက်ချင်ဘူး သားငယ် "

ဖိအားတွေထဲမှာ မိသားစုကပေးတဲ့ ဖိအားက အပြင်းဆုံး။သူငယ်စဉ်ထဲက သူ့အပေါ်ထားတဲ့ ပါး ရဲ့မျှော်လင့်ချက်တွေက သူ့အတွက် ဘယ်လိုမှမရုန်းထွက်နိုင်တဲ့ ဖိအားတွေပဲ ။

ပါးရဲ့ စိတ်ပျက်တယ် ဆိုတဲ့စကားက သူ့အတွက်Trauma တစ်ခုပဲ ။ မူလတန်းတုံးက အတန်းထဲ အဆင့်၂ ရလို့ ပါးက သူ့ကို စိတ်ပျက်တယ်လို့ပြောဖူးတယ်။ အဲ့တုံးက ညစာစားနေရင်းနဲ့ သူ့ရဲ့အကိုနှစ်ယောက်ကိုပဲ ဂရုစိုက်နေတဲ့ပါးကြောင့် သူက ပစ်ပယ်ထားခြင်း ရဲ့ အဓိပ္ပာယ်ကို နားလည်ခဲ့တယ်။
ပါးက သူ့ကို သားငယ် လို့လည်း မခေါ်တော့တာကြောင့် အလိုလိုက်ခံခဲ့ရတဲ့သူက  အခုလို ဂရုစိုက်မခံရချိန်မှာ ကြောက်မိတာမဆန်း ။ 'ဒီလိုနဲ့ သူ့ကိုမချစ်တော့ရင်' ဆိုပြီး ကလေးငယ်လေး ကျန်းဟာအို ဟာ တစ်ယောက်တည်းထိုင်ငိုခဲ့ဖူးတယ်။  သူ ပစ်ထားမခံချင်ဘူး။ ဒါကြောင့် အဆင့် ၁ ရအောင် သူကြိုးစားခဲ့တယ် ။ ထိုအခါမှ 'သားငယ်က တော်တယ်' ဆိုတဲ့ စကားကို ပြန်ကြားခဲ့ရတယ် ။

ပါးရဲ့ ချီးကျူးစကားတစ်ခုအတွက် အတန်းထဲ အဆင့် ၁ အမြဲရအောင် သူလုပ်ခဲ့တယ်။ နွေကျောင်းပိတ်ရက်တွေမှာလည်း မနားပဲ နောက်နှစ်အတွက် စာတွေကြိုလေ့လာခဲ့တယ် ။
အသက်တဖြည်းဖြည်းကြီးလာတော့ သူဝါသနာပါတဲ့တယောကိုပါချောင်ထိုးထားပြီး ရှယ်ယာတွေကိုလေ့လာခဲ့ရတယ် ။
အသက်အရွယ်နဲ့မလိုက်အောင် ကျန်းဟာအိုလေးဟာ သိပ်ပင်ပန်းခဲ့တယ် ။

အသက် ၁၈ နှစ်ပြည့်မှာဆေးစစ်တော့ Omega ဆိုတဲ့ရလဒ်ကြောင့် ပါးက သူ့ကို နောက်တစ်ကြိမ်စိတ်ပျက်တယ်လို့ ပြောလာပြန်တယ် ။ ငယ်ငယ်က သူစိတ်ထဲမှတ်ထားခဲ့တဲ့  'သူက ပါးကိုစိတ်ပျက်အောင်လုပ်ရင် ပါးကသူ့ကိုပစ်ထားလိမ့်မယ်' ဆိုတဲ့ ကလေးအတွေးက အခုအရွယ်ထိ သူ့ဦးနှောက်ထဲ စွဲနေခဲ့တယ် ။ သူ့မိသားစုထဲ သူကအရေးမပါ‌တော့မှာ သူကြောက်တယ် ။

တကယ်တော့ Omega ဆိုတာ မကောင်းတဲ့ရလဒ်လည်းမဟုတ်ပါဘူး ။ သူကတော့ သူ့ရဲ့အဖြေကို သဘောကျတာပဲ။
လက်ကောက်ဝတ်ပိစိလေးတွေ ၊ ခါးသေးသေးလေးနဲ့  သူ့ရဲ့ ပျားလိမ္မော်နံ Pheromones တွေကိုလည်း သူသဘောကျတယ်။ ဒါပေမယ့် သူထုတ်ပြောလိုက်ရင် ပါးက သူ့က်ုစိတ်ပျက်သွားလိမ့်မယ် ။

"ကျွန်တော် Omega ဘဝကို မလိုချင်ဘူး ။ Beta တစ်ယောက်လိုပဲ ဟန်ဆောင်ပါ့မယ် ပါး "

ပါး သူ့ကိုစိတ်မပျက်အောင် လိမ်ညာပြီး ပြောလိုက်တဲ့စကားတွေပါပဲ။ ပါး ဆီက ချီးကျူးခံရဖို့ Beta တစ်ယောက်လို ဟန်ဆောင်းရင်း သူကြိုးစားခဲ့တယ် ။ Heat တွေတတ်လာတိုင်း heat တားဆေးတွေနဲ့ သူ ဖြတ်သန်းခဲ့တယ်။

အဲ့လိုနေထိုင်နေတဲ့သူ့ဘဝထဲ ဆောင်းဟန်ဘင်း ဆိုတဲ့ Alpha လေးက သူ့ဘဝထဲ ဝင်လာခဲ့တယ် ။ ဖွင့်ထုတ်မပြခဲ့ပေမယ့် ဟန်ဘင်း အပေါ်ကိုတော့ သူချစ်ပါတယ်။ ဘယ်လောက်ချစ်တယ် ဆိုပြီး တိုင်းတာပြတာထက် ဟန်ဘင်းအပေါ် သူ့ရဲ့ စိတ်က ဖော်ပြလို့မရအောင် နစ်ဝင်နေမိပြီဆိုတာပဲ ။

မိသားစု နဲ့ ဟန်ဘင်း ကြားမှာ ဘယ်တစ်ခုကို ရွေးချယ်ရမလဲ သူမသိဘူး။ ဘယ်တစ်ခုကိုမှလည်း မစွန့်လွှတ်နိုင်ဘူး။ "စုပ်လည်းစူး စားလည်းရူး " အဖြစ်တွေပါပဲ ။ မိသားစုမရှိရင် သူ့အသက်သေမှာဖြစ်သလို ဟန်ဘင်း မရှိရင်လည်း သူ့ဘဝသေမှာဖြစ်တယ်။

// ဟာအို ၊ အခန်းထဲမှာ စောင့်နေမယ်နော် //

မနက်ပိုင်းအတန်းချိန်တွေ မတတ်တဲ့ ဟာအို ကို နေ့လယ်ရောက်တော့  အခန်းထဲမှာ သူစောင့်နေကြောင်း message ပို့လာတဲ့ ဟန်ဘင်း ။ ဒီစာတိုလေး မြင်တော့ သူ ငိုမိတော့တာပဲ ။ သူ့ဘဝမှာ ဆောင်းဟန်ဘင်း သာမရှိရင် သူဘယ်လိုလုပ်ရပါ့မလဲ ။

ခက်တယ် ၊ ဆောင်းဟန်ဘင်း ရယ် ။ မင်းနဲ့တော့ ကိုယ့်မှာ သိပ်ကို ခက်ရတယ် ~~

-

-

"အတန်းရှေ့မှာ ဆောင်းဟန်ဘင်း ရန်ဖြစ်နေတယ်တဲ့ "

"သွားကြည့်ရအောင် ၊ လာ !! "

အခန်းရှေ့မှာစောင့်နေမယ် လို့စာပို့ထားတဲ့ ဟန်ဘင်းကို  ကျောင်းထဲရောက်နေပြီလို့ စာပြန်ပို့ကာ ‌လျှောက်လမ်းမှာ လမ်းလျှောက်နေရင်း ဘေးကပြောသံတွေကြောင့် ခြေလှမ်းတွေကို အရှိန်တင်ကာ စာသင်ခန်းကိုပြေးရတော့သည်။ ဆောင်းဟန်ဘင်း လို အမြဲပြုံးနေတတ်တဲ့ အေးအေးဆေးဆေးလူက ဘယ်လိုကိစ္စတွေကြောင့် ရန်တောင်ဖြစ်ရတဲ့အထိလဲ ။

အတန်းရှေ့ကအုံခဲနေတဲ့လူအုပ်ကြား တိုးဝင်ကာကြည့်လိုက်တော့ Alpha သုံးယောက်နဲ့ တစ်ယောက်တည်းထိုးကြိတ်နေတဲ့ ဟန်ဘင်း ။ တခြား Alpha နှစ်ယောက်က ဒဏ်ရာတွေနဲ့လဲနေပြီး နောက် Alpha တစ်ယောက်ကတော့ ဟန်ဘင်း ရဲ့ ထိုးနှက်မှုတွေကို ခံနေရတယ် ။ မျက်လုံးတွေနီရဲလျက် သူ့အောက်ကလူကို ဆက်တိုက်ထိုးနေတဲ့ ဟန်ဘင်း က သူ အရင်တွေ့ဖူးနေကျ ဟန်ဘင်း နဲ့ တစ်စက်မှတူမနေဘူး။

လိမ္မာရိုကျိုးတဲ့ Alpha ဆောင်းဟန်ဘင်း ပုံစံပဲ အမြဲမြင်တွေ့ခဲ့ဖူးတာမို့ အခုလို ဒေါသတချောင်းချောင်းထွက်ကာ ထိုးကြိတ်ချင်စိတ်တွေစိုးမိုးနေတဲ့ Dominant Alpha ဆောင်းဟန်ဘင်း က သူ့အတွက်တော့ တခြားတစ်ယောက်လိုပဲ ။

အင်းပေါ့ ။ Alpha တွေထက်တောင် အဆင့်မြင့်တဲ့ Dominant Alpha ပဲ ။ ခွန်အားကြီးပြီး စိုးမိုးချင်တဲ့စိတ်တွေက ဒီလောက်တော့ရှိမှာပေါ့ ။

"မင်းတို့တွေ သူ့ကို နောက်တခါပြောဦးမှာလား ဟမ် ! "

ဟန်ဘင်း ရဲ့ စကားအရ တစ်ဖက်က လူသုံးယောက်က ဟန်ဘင်းဒေါသကို စွလိုက်လို့ အခုလိုရန်ပွဲဖြစ်ကြပုံပင် ။ ပြဿနာဘယ်ကစဖြစ်သလဲ ဆိုတာထက် ရန်ပွဲရပ်ဖို့က အရေးကြီးတယ် ၊ မဟုတ်ရင် ဟို Alpha သုံးကောင်က ဟန်ဘင်းလက်ချက်နဲ့ နောက်ဘဝကူးသွားတော့မည် ။

"ဟန်ဘင်း တော်ပါတော့ ! သူတို့လည်း ငါ့ကိုတောင်းပန်ပြီးပြီပဲ !! "

ရှိုက်ကြီးတငင်အော်ငိုသံက လူအုပ်ကြားထဲက ထွက်ပေါ်လာသည်။ ဒီအသံက နှစ်ယောက်မရှိတဲ့ ချွဲဂျီဝူး ပဲ  ။

"အမေ့ ! "

ချွဲဂျီဝူးရဲ့ စကားသံကြောင့် သူ့လက်ထဲက ရေဗူးလေး က သူမသိလိုက်ခင်မှာပဲ လွတ်ကျသွားတာ‌ကြောင့် သူယောင်ယမ်းပြီး အော်မိသွားတယ် ။ ဟန်ဘင်း ကလည်း ထိုအခါမှ သတိဝင်လာပုံပေါ်ကာ သူ့ကို အံ့ဩသလိုကြည့်လာတယ် ။

ဆောင်းဟန်ဘင်း လို အေးဆေးတဲ့လူက ချွဲဂျီဝူး ကြောင့် ဒီလောက်ထိတောင် ဖြစ်ခဲ့တယ်ပေါ့ ။  ချွဲဂျီဝူးကသာ အဓိကဇာတ်လိုက်ဖြစ်ခဲ့ပြီး သူကတော့ အရန်ဇာတ်ကောင်တစ်ယောက်ပဲဖြစ်ခဲ့တယ်ထင်တယ် ။ ဒါကို သူကသာ တစ်ယောက်တည်း စိတ်ကူးယဉ်ပြီး အိပ်မက်တွေမက်ခဲ့တာထင်တယ် ။

"ဟာအို "

မခေါ်နဲ့ ! မင်း ပါးစပ်က ငါ့နာမည်ကို မခေါ်နဲ့  ! မဟုတ်ရင် ငါ မင်းကို  ဒီနေရာမှာပဲ သတ်ပစ်မိလိမ့်မယ် ။

သူ မသိလိုက်ခင်မှာပဲ ပါးပြင်ပေါ် အလုအယက်ကျလာတဲ့ မျက်ရည်တွေ  ။ ရင်တွေနာလိုက်တာ ! ဘာလို့များ ဒီလောက်ထိ နာကျင်နေရတာလဲ !

မင်း ရက်စက်လိုက်တာ ဟန်ဘင်း ရယ်

မျက်ရည်တွေကို လက်နှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်းပွတ်သပ်ပြီး ထိုနေရာကနေ ထွက်ပြေးလာခဲ့တော့တယ် ။

သူတို့အဖြစ်ကို စိတ်ဝင်တစားငေးနေတဲ့ လူအုပ်ကြီးကိုရော ၊ အော်ဟစ်ငိုယိုနေတဲ့ ချွဲဂျီဝူးကိုရော ဂရုမစိုက်တော့ဘူး။

သူ့နာမည်ကို အော်ခေါ်နေတဲ့ ဆောင်းဟန်ဘင်း ကိုရော သူ ဘာကိုမှ ဂရုမစိုက်တော့ဘူး.......

                           -T.B.C-

AN - Zawgyi font ကို ထပ်ဖြည့်မှာပါ။ noti တွေအများကြီးတတ်မှာဖြစ်လို့ ကြိုပြီးတောင်းပန်ပါတယ်။

လင်းရဲ့ My Ulterior Omega လေးကို သဘောကျရဲ့လားဟင် ။ ရေးသာရေးနေပေမယ့် စိတ်ထဲလိုအပ်ချက်တွေရှိနေသေးသလို ခံစားရလို့၊ အကြံလေးပေးပါဦး ဟီးးး

Zawgyi

"မင္းအသိေတြထဲ ဟာအို ဆိုတာ ငါတစ္ခါမွမၾကားဖူးဘူး။
သူက ဘယ္သူလဲ ဟန္ဘင္း ! "

ဂ်ီဝူး ရဲ႕ အသံၾကားမွ ဟာအို ကို ၾကည့္ေနရာကေန အၾကည့္လႊဲမိေတာ့သည္။

"က်န္းဟာအို တဲ့၊ ငါ့အခန္းေဖာ္။ ဒါေပမယ့္ ငါ့ဘက္ကေတာ့ သူ႕ကို ဖြင့္ေျပာထားတယ္"

ဟန္ဘင္း ရဲ႕ စကားအဆုံး ခြၽဲဂ်ီဝူး ရဲ႕ မ်က္ႏွာက ထိန္းမရေအာင္ ပ်က္ယြင္းသြားသည္။ သူခရီးေလးခဏထြက္သြားတုံးမွာ  ဟန္ဘင္း က ခ်စ္တတ္သြားၿပီတဲ့လား ။ မျဖစ္ရဘူး !

"သူက Omega လား "

"ဟင့္အင္း ။ သိပ္ခ်စ္ဖို႔ေကာင္းတဲ့ Beta "

အခု ဟန္ဘင္း က ဘာေျပာလိုက္တာလဲ ! မက္ေမာစရာဘာမွမရွိတဲ့ သာမန္ Beta တစ္ေယာက္ကို ဟန္ဘင္း လို Dominant Alpha က ခ်စ္သြားတယ္တဲ့လား ။ သူ႕လို   အဖက္ဖက္ကျပည့္စုံတဲ့ Omega တစ္ေယာက္က Beta တစ္ေယာက္ကို ရႈံးတယ္တဲ့လား ။

မျဖစ္ရဘူး။ ဟန္ဘင္း က သူ႕ကိုပဲ ခ်စ္ရမွာ !

"သူက သာမန္Beta တစ္ေယာက္ေလ၊ ဘာမွ မက္ေလာက္စရာလည္းမရွိတာကို ၊ မင္းက လက္တြဲေဖာ္အျဖစ္ေ႐ြးမလို႔လား ! "

"ခြၽဲဂ်ီဝူး ၊ ဟာအို႔ ကို မင္းဘာမွေဝဖန္စရာမလိုဘူး !
ငါ့လူကို ေနာက္တစ္ခါထိပါးလို႔ကေတာ့ ငါ ခြင့္လႊတ္မွာမဟုတ္ဘူး !! "

ဟန္ဘင္း က သူ႕ကိုသတိေပးၿပီး ေက်ာင္းထဲဝင္သြားေတာ့ အေနာက္မွာ မေက်မနပ္နဲ႕ က်န္ခဲ့ရတာက ခြၽဲဂ်ီဝူးပဲ ။

အလယ္တန္းေက်ာင္းသားဘဝထဲက ဟန္ဘင္း ေဘးမွာ အရိပ္တစ္ခုလို အၿမဲတမ္းရွိေနတဲ့သူ႕ကိုက် မျမင္ပဲ အခုမွ စေတြ႕တဲ့ Beta က ဘာေတြေကာင္းမြန္ေနလို႔ က်န္းဟာအို မွ က်န္းဟာအို ျဖစ္ေနရတာလဲ။

"ဟန္ဘင္း ! မင္းက ငါ့ Alpha ပဲျဖစ္ရမယ္ !!  "

လိုခ်င္တာမွန္သမွ်ရခဲ့တဲ့ ခြၽဲဂ်ီဝူး ရဲ႕ ဘဝမွာ အရႈံးဆိုတာ မရွိဘူး။ သူ႕လိုလူကိုမွ အရႈံးဆိုတာမ်ိဳးကို ထိေတြ႕ေစခဲ့တဲ့ က်န္းဟာအို ကို သူမုန္းတယ္။ သဝန္တိုစိတ္ေတြနဲ႕အတူ ဂ်ီဝူး ရဲ႕ ရင္ထဲ အမုန္းတရာေတြ စတင္ျဖစ္တည္လာတယ္။

-

-

"ဟာအို ၊ ဘာလို႔ ကြၽန္ေတာ့္ကို မေစာင့္ပဲ ထြက္သြားရတာလဲ"

"ခြၽမ္‌ေ႐ြ႕ကို ေတြ႕လိုက္လို႔ေလ ၊ ၿပီးေတာ့ မင္းလည္း မအားဘူးမလား "

ဒီစကားကိုေျပာလိုက္တဲ့ ဟာအိုရဲ႕ မ်က္ႏွာဟာ ခနဲ႕ခ်င္တဲ့ အရိပ္အေယာင္ေတြျပည့္ေနတယ္ ။ က်န္းဟာအို တို႔ ကုသိုလ္ကံေကာင္းခ်က္က ဒီလိုမ်က္ႏွာထားေလးကေတာင္ အသဲယားဖို႔ေကာင္းေနျပန္တယ္ ။

ဟာအိုက သူ႕ကို သဝန္တိုတာလား ၊ ေဒါသထြက္ေနတာလားမသဲကြဲေပမယ့္ ဟန္ဘင္း ကေတာ့ သူ႕ကို သဝန္တိုတယ္လို႔ပဲ တစ္ဖက္သတ္ယူဆပါသည္။ က်န္းဟာအို နဲ႕ပတ္သတ္ရင္ ေဆာင္းဟန္ဘင္း က သူ႕ဘက္သူယက္တဲ့ လိပ္ကေလး။

"ခြၽဲဂ်ီဝူးက အလယ္တန္းထဲက သူငယ္ခ်င္းပါ ။ ကြၽန္ေတာ့္ဘက္က သူ႕ကို သူငယ္ခ်င္းထက္မပိုဘူး။ ကြၽန္ေတာ္က ဟာအို ကိုပဲ ခ်စ္တာ "

"ဘယ္သူကသိခ်င္ေနလို႔ ဟန္ဘင္း က ေျပာျပေနရတာလဲ"

"ဟာအို စိတ္ခုသြားမွာစိုးလို႔ပါ ။ ကြၽန္ေတာ့္အေပၚ  ဟာအိုကို စိတ္ရွင္းေစခ်င္တယ္။ ကြၽန္ေတာ့္စိတ္နဲ႕အာ႐ုံထဲ ဟာအို တစ္ေယာက္ပဲရွိတာ "

"......."

"ဟာအို က ကြၽန္ေတာ့္ရဲ႕ပထမဆုံးအခ်စ္ ၊ ကြၽန္ေတာ့ရဲ႕ ဆႏၵက ဟာအို ရဲ႕ လက္ကေလးကို ျမတ္ျမတ္နိုးနိုးနဲ႕  တရားဝင္ဆုပ္ကိုင္နိုင္ဖို႔ပဲ။ ဒါေၾကာင့္ ဟာအိုသာ ကြၽန္ေတာ့္ကို ျပန္ခ်စ္ရင္ သိပ္ေကာင္းမွာပဲ "

ဒီလိုရင္ခုန္စရာစကားမ်ိဳးကို သူ႕မ်က္ႏွာကို တည့္တည့္ၾကည့္ၿပီး ေဆာင္းဟန္ဘင္း က ဘယ္လိုေျပာနိုင္ရတာလဲ။
ေျပာတဲ့သူေတာ့မသိဘူး ၊ နားေထာင္ရတဲ့ သူကေတာ့ မ်က္ႏွာပူလြန္းလို႔ ကြၽင္းတစ္ခုတူးၿပီး ဝင္ေနခ်င္ေနၿပီျဖစ္သည္။
အခု သူ႕မ်က္ႏွာက စေတာ္ဘယ္ရီသီးလို နီရဲေနေလာက္ၿပီျဖစ္သည္။

"ဟာအို က ကြၽန္ေတာ့္ကို ျပန္မခ်စ္ေသးဘူးလား"

တစ္ေယာက္ေယာက္မ်ား ေဆာင္းဟန္ဘင္း ကို သူ႕အနားကေန ဆြဲေခၚမသြားခ်င္ၾကဘူးလား။

ၾကယ္ေတြလို တဖ်က္ဖ်က္လက္ေနတဲ့ မ်က္ဝန္းေတြနဲ႕ မ်က္ႏွာလႊဲေနတဲ့သူ႕ကို အၾကည့္ခ်င္းတမင္လိုက္ဆုံရင္း အေျဖေတာင္းေနေတာ့တာျဖစ္သည္ ။

"ဟာအို က သိပ္ရက္စက္တာပဲ "

Minor ဘာသာေတြမလို႔ အတန္းတတ္သူသိပ္မရွိတာကို အခြင့္ေကာင္းယူၿပီး ေဆာင္းဟန္ဘင္း တို႔က လုပ္ခ်င္တာလုပ္ေနေတာ့တယ္ ။ အခုလည္း Alpha ျဖစ္ၿပီး လူကို လာခြၽဲေနျပန္ၿပီ ။ ေဆာင္းဟန္ဘင္း က သူေတြ႕ဖူးသမွ် Alpha ေတြနဲ႕ ေတာ္ေတာ္ကြာျခားတာျဖစ္သည္ ။

"ဟာအို လို႔ ! "

"ကိုယ္ စဥ္းစားေပးမယ္ ဟုတ္ၿပီလား။"

"ဗ်ာ ! တကယ္ႀကီး !! "

သူ႕စကားကိုၾကားၿပီး ဟန္ဘင္းက ကေယာင္ကတမ္း နဲ႕ ဝုန္းခနဲ မတ္တပ္ထရပ္တာေၾကာင့္ အတန္းသားေတြရဲ႕ မ်က္လုံးက သူတို႔ဆီစုၿပဳံလာတယ္ ။သူကပဲ အားလုံးကို ဘာမွေထြေထြထူးထူးမဟုတ္ေၾကာင္း ေျပာရင္း မတ္တပ္ရပ္ႀကီးနဲ႕ ၿပဳံးစိစိျဖစ္ေနတဲ့ ဟန္ဘင္း ကို ခုံေပၚျပန္ထိုင္ခိုင္းရတယ္ ။
ခုံေပၚထိုင္ခိုင္းလိုက္တဲ့အထိ ဟန္ဘင္း က အသိစိတ္ကပ္မလာေသး။

စဥ္စားေပးမယ္လို႔ေျပာ႐ုံနဲ႕ေတာင္ ဒီေလာက္ျဖစ္ေနရင္ သူအေျဖျပန္ေပးတဲ့အခါ ေဆာင္းဟန္ဘင္း တစ္ေယာက္ ႐ူးမ်ားသြားမလားမသိ ။ 

"ဟန္ဘင္း ! ဟန္ဘင္း !! "

"ကြၽန္ေတာ္ ဟာအိုနားမွာ ဆက္ေနရင္ ငိုမိေတာ့မယ္ထင္တယ္"

မ်က္ႏွာငယ္ေလးနဲ႕ ေျပာလာတဲ့ ဟန္ဘင္း က Alpha လို႔ကို မထင္ရဘူး။ သူ႕အတြက္ေတာ့  စိတ္ခံစားမႈလြယ္တဲ့ ကေလးေလးတစ္ေယာက္လိုပဲ။ ‌ဟန္ဘင္း ရဲ႕ ဆံပင္ေတြကို သူ႕လက္ေတြနဲ႕ ထိုးဖြမိေတာ့ တအံ့တဩမ်က္ဝန္းေတြနဲ႕ သူ႕ကို အလန႔္တၾကားၾကည့္လာတယ္။

"ဟာအို ! ဟာအို က်စ္ !! "

အခန္းထဲကေျပးထြက္သြားတဲ့ ဟန္ဘင္းက ေဒါသထြက္သြားတာလား' လို႔ စိုးရိမ္သြားေပမယ့္ သူ႕ကိုၾကည့္သြားတဲ့ မ်က္ဝန္းေတြထဲမွာ မ်က္ရည္စေတြျမင္လိုက္ေတာ့မွ သူ သေဘာတက်  နဲ႕ ရယ္မိသြားေတာ့သည္။

"ေဟာ.....ငိုသြားၿပီ"

Dominant Alpha ေလးက မ်က္ရည္လြယ္လိုက္တာ ။

ငိုမိမယ္ ဆိုတာကို စကားအျဖစ္ပဲ ေျပာတယ္ထင္ခဲ့တာ ကေလးေလးတစ္ေယာက္က တကယ္ငိုသြားတာပဲ ။ သူေတာ့ ကေလးထိန္းရေတာ့မယ္ထင္တယ္

-

-

ဟာအိုဘက္က စဥ္းစားေပးမယ္လို႔ေျပာၿပီးတဲ့အခ်ိန္ထဲက ေဆာင္းဟန္ဘင္းဟာ Dominant Alpha ဘဝကေန ေတာက္တဲ့ဘဝကို တရားဝင္ကူးေျပာင္းသြားၿပီျဖစ္သည္။
မိုးလင္းကေနမိုးခ်ဳပ္အထိ ေဘးလူေတြအျမင္ကပ္ေလာက္ေအာင္ ဟာအိုအနားမွာ ကပ္ေနေတာ့တာပဲ ။

အရမ္းတြယ္ကပ္လြန္းတဲ့သူ႕ကို ဟာအို က အျမင္မၾကည္ေတာ့ရင္ ခြၽဲျပလိုက္ ၊ ႏွင္ထုတ္တဲ့အခါမ်ိဳးဆို ငိုျပလိုက္နဲ႕ မျငင္းနိုင္ေအာင္ ပူးကပ္ေနေတာ့သည္။  ဟာအို တစ္ေယာက္ကေတာ့ ေဆာင္းဟန္ဘင္းကို Dominant Alpha မွ ဟုတ္ရဲ႕လား လို႔ေတာင္ ေတြးေနမိၿပီး ေဆးပဲထပ္စစ္ၾကည့္ခ်င္မိေတာ့သည္။

"ဟာအို အတြက္ သံပုရာရည္ေဖ်ာ္လာတယ္။ စာလုပ္ေနရင္း စားဖို႔ မုန႔္ေတြလည္း ဝယ္ထားေသးတယ္ "

"ဟာအိုေလး ၊ ဘာလိုအပ္ေသးလဲ ကိုယ့္ကိုေျပာ"

အင္း .... ဒီလိုအခါမ်ိဳးဆိုရင္ေတာ့ Alpha တစ္ေယာက္ရဲ႕အရွိန္အဝါကို ခံစားမိျပန္ေရာ ။ ေဆာင္းဟန္ဘင္း ဟာ သူ႕အတြက္ေတာ့ မတူညီတဲ့ခံစားခ်က္ေတြကို အမ်ိဳးမ်ိဳးေပးေနတဲ့ ဆန္းၾကယ္တဲ့ အရာတစ္ခုလိုပဲ ။

သူက ဘြဲ႕ရၿပီးရင္ အေဖ့လုပ္ငန္းကို ဦးစီးကာ လူႀကီးေတြေပးစားတဲ့ beta မေလးတစ္ေယာက္နဲ႕ လက္ထပ္ရမယ္လို႔ အေဖက အမိန႔္ထုတ္ထားၿပီးသားျဖစ္သည္။

သူ႕ရဲ႕ဘဝဟာ သူ႕အေဖစီမံကိန္းခ်ထားတဲ့အတိုင္း ျဖတ္သန္းရမွာသိေနတာေၾကာင့္ ေဆာင္းဟန္ဘင္း ရဲ႕ အျပဳအမူေတြၾကား သူ႕မွာ ဦးေႏွာက္ နဲ႕ ႏွလုံးသားကို အခ်န္ျပည့္လြန္ဆြဲေနရသည္။

-

-

"ဟန္ဘင္း အတြက္ "

ဖခင္နဲ႕ ေဆာင္းဟန္ဘင္းၾကား ဗ်ာမ်ားေနရတဲ့သူ႕ကို စိတ္ညစ္ေအာင္အလုပ္နိုင္ဆုံးက ခြၽဲဂ်ီဝူး ဆိုတဲ့ Omega ပဲ ။
အခုလည္း အတန္းေရွ႕မွာ ဟန္ဘင္း အတြက္ ကိတ္မုန႔္ႀကီး လာေပးေနျပန္ၿပီ ။

ခြၽဲဂ်ီဝူး က သူတို႔ေက်ာင္းက ပါေမာကၼခြၽဲရဲ႕ သားျဖစ္တာေၾကာင့္ မ်က္စိေနာက္ေလာက္ေအာင္ ဟန္ဘင္းနား မွာ ခဏ၊ ခဏကို ျမင္ေနရသည္ ။ ခြၽဲဂ်ီဝူး က ဟန္ဘင္း ကို ႀကိဳက္ေနမွန္း တစ္ေက်ာင္းလုံးနီးပါး သိေနၿပီျဖစ္သလို ဟန္ဘင္း ဆီ ခြၽဲဂ်ီဝူး လာတိုင္း သူတို႔ႏွစ္ေယာက္ကို ဝိုင္းစၾကတဲ့သူေတြ၊ ဝိုင္းေလွာ္ေပးတဲ့သူေတြကလည္း အၿမဲလိုလိုရွိေနတတ္တယ္ ။

"Wow ! ခြၽဲဂ်ီဝူးကေတာ့ ေဆာင္းဟန္ဘင္း မွ ေဆာင္းဟန္ဘင္း ပဲ ! "

"ေဆာင္းဟန္ဘင္း က အလွေလးကိုမွ ရထားတာပဲ။ အားက်တယ္ကြာ "

ေဘးကလူေတြရဲ႕ ေျပာစကားေတြေၾကာင့္ ဟာအို ဟာ အလိုမက်စိတ္ေတြနဲ႕  ခုံေအာက္ကလက္ကိုသာ တင္းတင္းဆုပ္ထားမိေတာ့သည္။ ေဆာင္းဟန္ဘင္း နဲ႕ ဟိုomega အတူတူရွိေနတာ သူမႀကိဳက္ဘူး။ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ကို သေဘာတူသလို ေျပာဆိုေနၾကတာကိုလည္း သေဘာမက်ဘဴး ။

ခြၽဲဂ်ီဝူး ဆိုတဲ့သူက တျခား omega ေတြထက္ ‌ပိုလွတယ္ဆိုတာေတာ့ သူဝန္ခံပါတယ္ ။ ၾကည့္႐ုံနဲ႕ ႏူးႏူးညံ့ညံ့ေလးမွန္းသိသာတဲ့ omega ေလးနဲ႕ယွဥ္တဲ့အခါ beta တစ္ေယာက္လို ရွင္သန္ေနထိုင္ရတဲ့သူက ကိုယ့္ကိုကိုယ္ယုံၾကည္ခ်က္မရွိတာေတာ့အမွန္ ။ဟန္ဘင္း ကို သူယုံေပမယ့္ သူ႕ကိုယ္သူ သိမ္ငယ္စိတ္ဝင္ေနတာျဖစ္သည္။

"ကိတ္အတြက္ ေက်းဇူးပါပဲ ။ အားနာလို႔ ေနာက္တခါေတာ့ မလုပ္လာပါနဲ႕ ။မင္းအတြက္လည္း အလုပ္ပိုတယ္ေလ "

တစ္ဖက္ကိုဂ႐ုစိုက္မွန္းသိသာတဲ့ ေဆာင္းဟန္ဘင္း ရဲ႕ စကားေတြေၾကာင့္ ခုံေပၚကို ေခါင္းေမွာက္ကာ အိပ္လိုက္ေတာ့သည္။

အရင္က က်န္းဟာအို နဲ႕မတူေတာ့ေလာက္ေအာင္ သူက ဘာလို႔ ဒီေလာက္ထိ ခံစားလြယ္ေနရတာလဲ ။

ေစာနက ျမင္ခဲ့ ၊ ၾကားခဲ့ရတာေတြကို သူ႕ေခါင္းထဲက အျမန္ထုတ္ပစ္ရမယ္ ။ မဟုတ္ရင္ သူ ငိုမိေတာ့မွာ !
သူ႕လိုလူကေလ ေဆာင္းဟန္ဘင္း နဲ႕ တျခားတစ္ေယာက္ စကားေျပာေန႐ုံေလးနဲ႕တင္ မ်က္ရည္က်ေတာ့မွာတဲ့ ။ ဘယ္ေလာက္ေတာင္ အသုံးမက်လိဳက္လဲ !!!

"ဟာအို - ဟင္ - အိပ္ေနတာလား "

သူ႕အနားျပန္ေရာက္လာတဲ့ ဟန္ဘင္း က သူအိပ္ေနၿပီထင္ၿပီး   သူ႕ေပၚေနမထိုးေအာင္ စာအုပ္ေလးနဲ႕ ကြယ္ေပးလာသည္။
ခြၽဲဂ်ီဝူး ကို ဂ႐ုစိုက္ေနၿပီး သူ႕ကို အခုလိုမ်ိဳးေတြလာလုပ္ေနတယ္ ။ ဒီ ေဆာင္းဟန္ဘင္း ကေတာ့ .......

ေမွာက္အိပ္ေနရာကေနထၿပီး ဟန္ဘင္း ကို အၾကည့္စူးစူးေတြနဲ႕ ၾကည့္ပစ္လိုက္သည္။ သို႔ေပမယ့္ ဟာအို ရဲ႕ ထိုပုံစံေလးက ဟန္ဘင္းမ်က္လုံးထဲေတာ့ စားခ်င္တာမစားရလို႔ စိတ္ဆိုးေနတဲ့ ကေလးေလးတစ္ေယာက္နဲ႕ တူေနခဲ့တယ္ ။

"ဟာအို..အိပ္ေနတာ မဟုတ္ဘူးလား "

"ငါ့တစ္ေယာက္တည္းကို ဂ႐ုစိုက္တာလည္းမဟုတ္ပဲ အခုမွ အပိုေတြလာလုပ္မေနနဲ႕ ၊  သြားစမ္းပါ ! "

"ဟာအို..ဘာေတြေျပာ - ဪ... ေစာနက ကိစၥလား "

"ဘယ္သူက သိခ်င္ေနလို႔လဲ !!! "

"ဟာအို မသိခ်င္လည္း ကြၽန္ေတာ္က ေျပာျပခ်င္လို႔ ။
အတန္းေရွ႕မွာ လူေတြကဝိုင္းၾကည့္ေနတာေလ ၊တကယ္လို႔ ကြၽန္ေတာ္သာ သူ႕ကို အတင္းျငင္းလိုက္ရင္ သူရွက္သြားမွာေပါ့။ စကားေခ်ာေခ်ာေမြ႕ေမြ႕ေလးနဲ႕ ျငင္းတာကလည္း ျငင္းနည္းတစ္မ်ိဳးပဲေလ ၊ မဟုတ္ဘူးလား "

အဲ့မွာ စိတ္မဆိုးနိုင္ေတာ့ေအာင္ ‌ေျဖရွင္းခ်က္ေကာင္းေကာင္းေတြ ေပးေနလိုက္ေတာ့ ေဆာင္းဟန္ဘင္း ေရ ။
ဟန္ဘင္း ကို စိတ္အၾကာႀကီး မဆိုးနိုင္တာဟာ သူ႕ရဲ႕အားနည္းခ်က္တစ္ခု ။

"ကိုယ့္အေျဖကို ေက်နပ္ရဲ႕လား ဟာအိုေလး"

"မသိဘူး ! မသိဘူး။ အခုကေတာ့  ေရေသာက္ခ်င္တာပဲသိတယ္ !! "

"ကိုယ္သြားဝယ္ေပးမယ္ ၊ ခဏေလးပဲေစာင့္ေနာ္ "

သူ႕မ်က္ႏွာကို ၾကည့္ၿပီး 'ဟာအိုေလး' လို႔ လာေခၚမွေတာ့ ဘယ္သူက ရင္မခုန္ပဲေနမလဲ ။ အရမ္းရင္ခုန္လာလို႔ ဟန္ဘင္း ကို အေၾကာင္းမရွိအေၾကာင္းရွာၿပီး သူ႕အနားက ပထုတ္လိုက္မွပဲ ေနရထိုင္ရတာ သက္သာသြားေတာ့တယ္ ။

"ေဆာင္းဟန္ဘင္းနဲ႕ေတာ့ ခက္ပါတယ္"

-

-

"ဟယ္လို ပါး "

"ေက်ာင္းမွာ အဆင္ေျပရဲ႕လား ။ ဘာအခက္အခဲေတြရွိလဲ"

"အကုန္အဆင္ေျပပါတယ္။ဘာမွလိုအပ္တာမရွိဘူး ပါး "

"မင္းအခန္းေဖာ္က Alpha ဆိုတာဒီေန႕မွ ငါသိတယ္။Beta အခ်င္းခ်င္းပဲ ထားပါလို႔ ေသခ်ာေျပာထားတာကို ၊ မင္းတို႔အေဆာင္မႉးလုပ္ပုံကို  ေက်ာင္းအုပ္ကို ေျပာျပမွျဖစ္မယ္ "

"ေက်ာင္းသားေတြမ်ားသြားလို႔ အခုလိုျဖစ္သြားတာပဲ ပါးရယ္၊
ဒီတစ္ခါေတာ့ နားလည္ေပးလိုက္ပါ "

"မင္း ေရာ အခု ဘယ္လိုေနေနလဲ။ မင္း Omega ဆိုတာ သိသြားရင္ဘယ္လိုလုပ္မလဲ ။ ဒီကိစၥက ဘယ္သူမွသိလို႔မျဖစ္ဘူးဆိုတာ သိတယ္မလား "

"ကြၽန္ေတာ္သိပါတယ္ ပါး "

"ဘယ္ Alpha နဲ႕မွ နီးနီးကပ္ကပ္မေနနဲ႕ ၊ မင္းက Beta လို႔ပဲ စိတ္ထဲမွာ စြဲေနေအာင္မွတ္ထား ။ မင္းဘဝအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ငါလုပ္ေပးေနတာ "

"......"

"ဘြဲ႕ရရင္ ငါစီစဥ္ေပးထားတဲ့လမ္းအတိုင္းပဲေလွ်ာက္ ။ မင္းအိမ္ေထာင္ဘက္ကလည္း ငါသေဘာတူထားတဲ့ Beta တစ္ေယာက္ပဲျဖစ္ရမယ္။ ငါ့ကို လြန္ဆန္ဖို႔ မစဥ္းစားနဲ႕ ၊ ၾကားလား ဟာအို "

"ၾကားပါတယ္ ပါး ။ ကြၽန္ေတာ္ ပါးကို မလြန္ဆန္ပါဘူး"

"ပါး မင္းကို စိတ္မပ်က္ခ်င္ဘူး သားငယ္ "

ဖိအားေတြထဲမွာ မိသားစုကေပးတဲ့ ဖိအားက အျပင္းဆုံး။
သူငယ္စဥ္ထဲက သူ႕အေပၚထားတဲ့ ပါး ရဲ႕ေမွ်ာ္လင့္ခ်က္ေတြက သူ႕အတြက္ ဘယ္လိုမွမ႐ုန္းထြက္နိုင္တဲ့ ဖိအားေတြပဲ ။

ပါးရဲ႕ စိတ္ပ်က္တယ္ ဆိုတဲ့စကားက သူ႕အတြက္Trauma တစ္ခုပဲ ။ မူလတန္းတုံးက အတန္းထဲ အဆင့္၂ ရလို႔ ပါးက သူ႕ကို စိတ္ပ်က္တယ္လို႔ေျပာဖူးတယ္။ အဲ့တုံးက ညစာစားေနရင္းနဲ႕ သူ႕ရဲ႕အကိုႏွစ္ေယာက္ကိုပဲ ဂ႐ုစိုက္ေနတဲ့ပါးေၾကာင့္ သူက ပစ္ပယ္ထားျခင္း ရဲ႕ အဓိပၸာယ္ကို နားလည္ခဲ့တယ္။
ပါးက သူ႕ကို သားငယ္ လို႔လည္း မေခၚေတာ့တာေၾကာင့္ အလိုလိုက္ခံခဲ့ရတဲ့သူက  အခုလို ဂ႐ုစိုက္မခံရခ်ိန္မွာ ေၾကာက္မိတာမဆန္း ။ 'ဒီလိုနဲ႕ သူ႕ကိုမခ်စ္ေတာ့ရင္' ဆိုၿပီး ကေလးငယ္ေလး က်န္းဟာအို ဟာ တစ္ေယာက္တည္းထိုင္ငိုခဲ့ဖူးတယ္။  သူ ပစ္ထားမခံခ်င္ဘူး။ ဒါေၾကာင့္ အဆင့္ ၁ ရေအာင္ သူႀကိဳးစားခဲ့တယ္ ။ ထိုအခါမွ 'သားငယ္က ေတာ္တယ္' ဆိုတဲ့ စကားကို ျပန္ၾကားခဲ့ရတယ္ ။

ပါးရဲ႕ ခ်ီးက်ဴးစကားတစ္ခုအတြက္ အတန္းထဲ အဆင့္ ၁ အၿမဲရေအာင္ သူလုပ္ခဲ့တယ္။ ေႏြေက်ာင္းပိတ္ရက္ေတြမွာလည္း မနားပဲ ေနာက္ႏွစ္အတြက္ စာေတြႀကိဳေလ့လာခဲ့တယ္ ။
အသက္တျဖည္းျဖည္းႀကီးလာေတာ့ သူဝါသနာပါတဲ့တေယာကိုပါေခ်ာင္ထိုးထားၿပီး ရွယ္ယာေတြကိုေလ့လာခဲ့ရတယ္ ။
အသက္အ႐ြယ္နဲ႕မလိုက္ေအာင္ က်န္းဟာအိုေလးဟာ သိပ္ပင္ပန္းခဲ့တယ္ ။

အသက္ ၁၈ ႏွစ္ျပည့္မွာေဆးစစ္ေတာ့ Omega ဆိုတဲ့ရလဒ္ေၾကာင့္ ပါးက သူ႕ကို ေနာက္တစ္ႀကိမ္စိတ္ပ်က္တယ္လို႔ ေျပာလာျပန္တယ္ ။ ငယ္ငယ္က သူစိတ္ထဲမွတ္ထားခဲ့တဲ့  'သူက ပါးကိုစိတ္ပ်က္ေအာင္လုပ္ရင္ ပါးကသူ႕ကိုပစ္ထားလိမ့္မယ္' ဆိုတဲ့ ကေလးအေတြးက အခုအ႐ြယ္ထိ သူ႕ဦးေႏွာက္ထဲ စြဲေနခဲ့တယ္ ။ သူ႕မိသားစုထဲ သူကအေရးမပါ‌ေတာ့မွာ သူေၾကာက္တယ္ ။

တကယ္ေတာ့ Omega ဆိုတာ မေကာင္းတဲ့ရလဒ္လည္းမဟုတ္ပါဘူး ။ သူကေတာ့ သူ႕ရဲ႕အေျဖကို သေဘာက်တာပဲ။
လက္ေကာက္ဝတ္ပိစိေလးေတြ ၊ ခါးေသးေသးေလးနဲ႕  သူ႕ရဲ႕ ပ်ားလိေမၼာ္နံ Pheromones ေတြကိုလည္း သူသေဘာက်တယ္။ ဒါေပမယ့္ သူထုတ္ေျပာလိုက္ရင္ ပါးက သူ႕က္ုစိတ္ပ်က္သြားလိမ့္မယ္ ။

"ကြၽန္ေတာ္ Omega ဘဝကို မလိုခ်င္ဘူး ။ Beta တစ္ေယာက္လိုပဲ ဟန္ေဆာင္ပါ့မယ္ ပါး "

ပါး သူ႕ကိုစိတ္မပ်က္ေအာင္ လိမ္ညာၿပီး ေျပာလိုက္တဲ့စကားေတြပါပဲ။ ပါး ဆီက ခ်ီးက်ဴးခံရဖို႔ Beta တစ္ေယာက္လို ဟန္ေဆာင္းရင္း သူႀကိဳးစားခဲ့တယ္ ။ Heat ေတြတတ္လာတိုင္း heat တားေဆးေတြနဲ႕ သူ ျဖတ္သန္းခဲ့တယ္။

အဲ့လိုေနထိုင္ေနတဲ့သူ႕ဘဝထဲ ေဆာင္းဟန္ဘင္း ဆိုတဲ့ Alpha ေလးက သူ႕ဘဝထဲ ဝင္လာခဲ့တယ္ ။ ဖြင့္ထုတ္မျပခဲ့ေပမယ့္ ဟန္ဘင္း အေပၚကိုေတာ့ သူခ်စ္ပါတယ္။ ဘယ္ေလာက္ခ်စ္တယ္ ဆိုၿပီး တိုင္းတာျပတာထက္ ဟန္ဘင္းအေပၚ သူ႕ရဲ႕ စိတ္က ေဖာ္ျပလို႔မရေအာင္ နစ္ဝင္ေနမိၿပီဆိုတာပဲ ။

မိသားစု နဲ႕ ဟန္ဘင္း ၾကားမွာ ဘယ္တစ္ခုကို ေ႐ြးခ်ယ္ရမလဲ သူမသိဘူး။ ဘယ္တစ္ခုကိုမွလည္း မစြန႔္လႊတ္နိုင္ဘူး။ "စုပ္လည္းစူး စားလည္း႐ူး " အျဖစ္ေတြပါပဲ ။ မိသားစုမရွိရင္ သူ႕အသက္ေသမွာျဖစ္သလို ဟန္ဘင္း မရွိရင္လည္း သူ႕ဘဝေသမွာျဖစ္တယ္။

// ဟာအို ၊ အခန္းထဲမွာ ေစာင့္ေနမယ္ေနာ္ //

မနက္ပိုင္းအတန္းခ်ိန္ေတြ မတတ္တဲ့ ဟာအို ကို ေန႕လယ္ေရာက္ေတာ့  အခန္းထဲမွာ သူေစာင့္ေနေၾကာင္း message ပို႔လာတဲ့ ဟန္ဘင္း ။ ဒီစာတိုေလး ျမင္ေတာ့ သူ ငိုမိေတာ့တာပဲ ။ သူ႕ဘဝမွာ ေဆာင္းဟန္ဘင္း သာမရွိရင္ သူဘယ္လိုလုပ္ရပါ့မလဲ ။

ခက္တယ္ ၊ ေဆာင္းဟန္ဘင္း ရယ္ ။ မင္းနဲ႕ေတာ့ ကိုယ့္မွာ သိပ္ကို ခက္ရတယ္ ~~

-

-

"အတန္းေရွ႕မွာ ေဆာင္းဟန္ဘင္း ရန္ျဖစ္ေနတယ္တဲ့ "

"သြားၾကည့္ရေအာင္ ၊ လာ !! "

‌ေလွ်ာက္လမ္းမွာ လမ္းေလွ်ာက္ေနရင္း ေဘးကေျပာသံေတြေၾကာင့္ ေျခလွမ္းေတြကို အရွိန္တင္ကာ စာသင္ခန္းကိုေျပးရေတာ့သည္။ ေဆာင္းဟန္ဘင္း လို အၿမဲၿပဳံးေနတတ္တဲ့ ေအးေအးေဆးေဆးလူက ဘယ္လိုကိစၥေတြေၾကာင့္ ရန္ေတာင္ျဖစ္ရတဲ့အထိလဲ ။

အတန္းေရွ႕ကအုံခဲေနတဲ့လူအုပ္ၾကား တိုးဝင္ကာၾကည့္လိုက္ေတာ့ Alpha သုံးေယာက္နဲ႕ တစ္ေယာက္တည္းထိုးႀကိတ္ေနတဲ့ ဟန္ဘင္း ။ တျခား Alpha ႏွစ္ေယာက္က ဒဏ္ရာေတြနဲ႕လဲေနၿပီး ေနာက္ Alpha တစ္ေယာက္ကေတာ့ ဟန္ဘင္း ရဲ႕ ထိုးႏွက္မႈေတြကို ခံေနရတယ္ ။ မ်က္လုံးေတြနီရဲလ်က္ သူ႕ေအာက္ကလူကို ဆက္တိုက္ထိုးေနတဲ့ ဟန္ဘင္း က သူ အရင္ေတြ႕ဖူးေနက် ဟန္ဘင္း နဲ႕ တစ္စက္မွတူမေနဘူး။

လိမၼာရိုက်ိဳးတဲ့ Alpha ေဆာင္းဟန္ဘင္း ပုံစံပဲ အၿမဲျမင္ေတြ႕ခဲ့ဖူးတာမို႔ အခုလို ေဒါသတေခ်ာင္းေခ်ာင္းထြက္ကာ ထိုးႀကိတ္ခ်င္စိတ္ေတြစိုးမိုးေနတဲ့ Dominant Alpha ေဆာင္းဟန္ဘင္း က သူ႕အတြက္ေတာ့ တျခားတစ္ေယာက္လိုပဲ ။

အင္းေပါ့ ။ Alpha ေတြထက္ေတာင္ အဆင့္ျမင့္တဲ့ Dominant Alpha ပဲ ။ ခြန္အားႀကီးၿပီး စိုးမိုးခ်င္တဲ့စိတ္ေတြက ဒီေလာက္ေတာ့ရွိမွာေပါ့ ။

"မင္းတို႔ေတြ သူ႕ကို ေနာက္တခါေျပာဦးမွာလား ဟမ္ ! "

ဟန္ဘင္း ရဲ႕ စကားအရ တစ္ဖက္က လူသုံးေယာက္က ဟန္ဘင္းေဒါသကို စြလိုက္လို႔ အခုလိုရန္ပြဲျဖစ္ၾကပုံပင္ ။ ျပႆနာဘယ္ကစျဖစ္သလဲ ဆိုတာထက္ ရန္ပြဲရပ္ဖို႔က အေရးႀကီးတယ္ ၊ မဟုတ္ရင္ ဟို Alpha သုံးေကာင္က ဟန္ဘင္းလက္ခ်က္နဲ႕ ေနာက္ဘဝကူးသြားေတာ့မည္ ။

"ဟန္ဘင္း ေတာ္ပါေတာ့ ! သူတို႔လည္း ငါ့ကိုေတာင္းပန္ၿပီးၿပီပဲ !! "

ရွိုက္ႀကီးတငင္ေအာ္ငိုသံက လူအုပ္ၾကားထဲက ထြက္ေပၚလာသည္။ ဒီအသံက ႏွစ္ေယာက္မရွိတဲ့ ခြၽဲဂ်ီဝူး ပဲ  ။

"အေမ့ ! "

ခြၽဲဂ်ီဝူးရဲ႕ စကားသံေၾကာင့္ သူ႕လက္ထဲက ေရဗူးေလး က သူမလိုက္ခင္မွာပဲ လြတ္က်သြားတာ‌ေၾကာင့္ သူေယာင္ယမ္းၿပီး ေအာ္မိသြားတယ္ ။ ဟန္ဘင္း ကလည္း ထိုအခါမွ သတိဝင္လာပုံေပၚကာ သူ႕ကို အံ့ဩသလိုၾကည့္လာတယ္ ။

ေဆာင္းဟန္ဘင္း လို ေအးေဆးတဲ့လူက ခြၽဲဂ်ီဝူး ေၾကာင့္ ဒီေလာက္ထိေတာင္ ျဖစ္ခဲ့တယ္ေပါ့ ။  ခြၽဲဂ်ီဝူးကသာ အဓိကဇာတ္လိုက္ျဖစ္ခဲ့ၿပီး သူကေတာ့ အရန္ဇာတ္ေကာင္တစ္ေယာက္ပဲျဖစ္ခဲ့တယ္ထင္တယ္ ။ ဒါကို သူကသာ တစ္ေယာက္တည္း စိတ္ကူးယဥ္ၿပီး အိပ္မက္ေတြမက္ခဲ့တာထင္တယ္ ။

"ဟာအို "

မေခၚနဲ႕ ! မင္း ပါးစပ္က ငါ့နာမည္ကို မေခၚနဲ႕  ! မဟုတ္ရင္ ငါ မင္းကို  ဒီေနရာမွာပဲ သတ္ပစ္မိလိမ့္မယ္ ။

သူ မသိလိုက္ခင္မွာပဲ ပါးျပင္ေပၚ အလုအယက္က်လာတဲ့ မ်က္ရည္ေတြ  ။ ရင္ေတြနာလိုက္တာ ! ဘာလို႔မ်ား ဒီေလာက္ထိ နာက်င္ေနရတာလဲ !

မင္း ရက္စက္လိုက္တာ ဟန္ဘင္း ရယ္

မ်က္ရည္ေတြကို လက္ႏွစ္ဖက္နဲ႕ ခပ္ၾကမ္းၾကမ္းပြတ္သပ္ၿပီး ထိုေနရာကေန ထြက္ေျပးလာခဲ့ေတာ့တယ္ ။

သူတို႔အျဖစ္ကို စိတ္ဝင္တစားေငးေနတဲ့ လူအုပ္ႀကီးကိုေရာ ၊ ေအာ္ဟစ္ငိုယိုေနတဲ့ ခြၽဲဂ်ီဝူးကိုေရာ ဂ႐ုမစိုက္ေတာ့ဘူး။

သူ႕နာမည္ကို ေအာ္ေခၚေနတဲ့ ေဆာင္းဟန္ဘင္း ကိုေရာ သူ ဘာကိုမွ ဂ႐ုမစိုက္ေတာ့ဘူး.......

Comment