part6

ဟီအဲတစ်ယောက်ပိတ်ရပ်မှာဟီခါရုအိမ်မှာပဲနေလိုက်တယ်.......

ဟီအဲအိမ်ပြန်ရောက်တော့.....

'ဟီအဲနင်ပိတ်ရက်တေအိမ်မှာလဲမရှိဘူး ဘယ်တေသွားနေတာလဲ'(ခါအီ)

'အမေ့ကိုပြောထားတယ်လေ..ငါသူငယ်ချင်းအိမ်မှာအိပ်မယ်လို့'(ဟီအဲ)

'ဘယ်သူလဲယောက်ျားလေးလားမိန်းကလေးလား'(ခါအီ)

'ဟီခါရုလေ...အိုပါးလဲသိရဲ့သားနဲ့'(ဟီအဲ)

'အော်.....ဒါနဲ့နင့်လက်ထဲကဘာလဲ'(ခါအီ)

'အော်..ဟီခါရုမုန့်လုပ်ပြီးထည့်ပေးလိုက်တာ...စားရင်စားလေ'(ဟီအဲ)

အစားပုတ်လေးခါအီတစ်ယောက်ဟီအဲပါလာတဲ့မုန့်ကိုထုတ်စားလိုက်တယ်.....

'ကောင်းသားပဲ....'(ခါအီ)

'သမီးအခန်းထဲသွားတော့မယ်.....'(ဟီအဲ)
..........

Hueba:ဟီခါရု မနက်ဖြန်ကျောင်းမှာဘယ်အချိန်ဆုံကြမလဲ...

Hika:ငါစောစောထွက်လာပြီးနင့်အိမ်လာခဲ့မယ်လေ.....

Hueba:ok ငါလိပ်စာပို့လိုက်မယ်....

Hika:ok....

Hueba:.............
.
.
.
.
.
နောက်တစ်နေ့.....

ဟီခါရုတစ်ယောက်စီနီယာခါအီနဲ့တွေ့ဖို့ဟီအဲပေးထားတဲ့အိမ်လိပ်စာအတိုင်းရောက်လာခဲ့တယ်.....

တီး..တောင်...
.
.
.
.
'ရား..အိုပါး..မနေ့ကမုန့်တေအကုန်စားပစ်တာလား'(ဟီအဲ)

'နင်ဘဲစားလို့ရတယ်ဆို'(ခါအီ)

'ရတယ်လေ..ဒါပေမဲ့အကုန်မဟုတ်ဘူးလေ....'(ဟီအဲ)

'တော်ကြပါတော့ဒီမောင်နှမနှစ်ယောက်..မိုးလင်းတာနဲ့ကိုက်နေကြတာပဲ...သွားကျောင်းသွားတော့ လီယာလိုက်ပို့လိမ့်မယ်'

တီး..တောင်...

'ခါအီသွားဖွင့်လိုက်စမ်း'

'ဟုတ်မာမီ'

.....
'ဟိုင်း....ဟီ...စီနီယာခါအီ'

ဟီခါရုတစ်ယောက်...မနက်ခင်းမှာစီနီယာခါအီကိုတွေ့လိုက်ရလို့....စိတ်ထဲမှာအရမ်းကျေနပ်နေတယ်......

'ဟီအဲရှိလားမသိဘူး'(ဟီခါရု)

'အင်း......ဟီအဲ....ဟီခါရုရောက်နေတယ်'(ခါအီ)

'လာပြီ.....မာမီသမီးသွားတော့မယ်.....'(ဟီအဲ)

'အစ်မလိုက်ပို့ပေးလိမ့်မယ်လေ'

'တော်ပါပြီ..အိုပါးနဲ့အတူမသွားချင်ဘူး...သူသမီးမုန်တေအကုန်စားပစ်တာ'(ဟီအဲ)

.......
.
.
.
'ဘာဖြစ်လို့လဲဟီအဲ'

'မနေ့ကနင်ပေးတဲ့မုန့်နေ...ငါအစ်ကိုအကုန်စားပစ်လိုက်လို့'

စီနီယာခါအီသူလုပ်ထားတဲ့မုန့်ကိုစားတယ်ဆိုတဲ့စားကြောင့်သူအရမ်းပျော်သွားတယ်......

'ငါနောက်ရက်ထပ်လုပ်ပေးမယ်နော်'

'အင်း......'
.
.
.
.
.
.
.
.
.
.
.
ကျောင်းကောင်စီအစည်းအဝေးတွင်.....

'ကျောင်းပွဲတော်နီးလာပြီ...ငါတို့တေကျောင်းပွဲတော်အတွက်ပြင်ဆင်ထားမှရမယ်......တခြားကျောင်းတေကလဲလာမှာဆိုတော့သေချာပြင်ဆင်ရမယ်........တခြားပြောပြချင်တာရှိသေးရင် messageကနေလာမေးလို့ရတယ်....အစည်းအဝေးကတော့ဒီ​လောက်ပဲ'(ချွဲဆူဘင်း)
.
.
.
.
.
'ကျောင်းပွဲတော်ရောက်ခါနီးပြီဆိုတော့သေချာပြင်စေရမယ်တခြားကျောင်းကကောလာမှာဆိုတော့ငါတို့တေသေချာပြင်ဆင်ရမယ်...ဟီခါရု စီနီယာချွဲဆူဘင်းငါတို့လုပ်ရမဲ့အလုပ်တေကိုခွဲပေးလိုက်တယ်.....'(ဟီအဲ)

ဟီခါရုတစ်ယောက်မကြားပါသူစီနီယာခါအီသူ့သူငယ်ချင်းတေနဲ့ကျောင်းအတွက်ပြင်ဆင်နေတာကိုကြည့်ပြီးပြုံးနေတယ်......

'ဟီခါရု...ဟီခါရု'(ဟီအဲ)

'အင်....ဘာပြောလိုက်တာလဲ'(ဟီခါရု)

'နင်ဘာနေကြည့်နေတာလဲ...လာစီနီယာချွဲဆူဘင်းခိုင်းလိုက်တာသွားလုပ်ရအောင်....'(ဟီအဲ)

'အွန်း....အင်း'
.
.
.
.
.
.
.
.
.
ဟီအဲနဲ့ဟီခါရုကျောင်းပွဲတော်အတွက်ပြင်ဆင်နေစဉ်......

'ဟီအဲ....ကျောင်းပွဲတော်ကျရင်ငါသဘောကျနဲ့သူကိုဖွင့်ပြောရင်ကောင်းမလား'(ဟီခါရု)

'အင်း.....ငါ့အစ်ကိုကိုလား'(ဟီအဲ)

'နင်...ဘယ်လိုသိတာလဲ'(ဟီခါရု)

'သိတာပေါ့နင့်မျက်လုံးတေကြည့်ရင် သူ့ပဲငေးနေတာကို'(ဟီအဲ)

'ငါ.....နင့်ကိုဖုံးကွယ်ထားဖို့မရည်ရွယ်ပါဘူး'(ဟီခါရု)

'ရပါတယ်......ဒါနဲ့နင်ဘယ်လိုဖွင့်ပြောဖို့စဉ်းစားထားလဲ'(ဟီအဲ)

'အဲ့နေကျရင် pepero day နဲ့တိုက်တယ်လေအဲ့ဒါကြောင့်ငါကိုယ်တိုင်လုပ်ထားတဲ့ pepero နဲ့ဖွင့်ပြောဖို့စဉ်းစားထားတယ်.....'(ဟီခါရု)

'အင်း.....အဲ့နေကျရင်အောင်မြင်ပါစေနော်'(ဟီအဲ)

ဟီအဲတစ်ယောက်ပြောသာပြောလိုက်ပေမဲ့စိတ်ထဲမှာဝမ်းနဲမှုကိုခံစားနေရတယ်......

ဟီအဲသူ့ကိုယ်သူတောင်မသိလိုက်ဘဲ ဟီခါရုကိုသဘောကျနေမိတယ်.........
.
.
.
.
.
.
.
.
ကျောင်းစတက်တဲ့နေ့

ဟီခါရုရဲ့အခန်းထဲကိုဝင်လာတဲ့ပုံရိပ်လေးကအရမ်းချစ်ဖို့ကောင်းနေခဲ့တယ် ဆရာမကသူ့ဘေးမှာဟီခါရုကိုထိုင်ခိုင်းခဲ့တယ်....ပြီးတော့သူမကသူ့ကိုယ်သူစတင်မိတ်ဆက်လာခဲ့လို့ သူလဲပြန်နှုတ်ဆက်လိုက်တယ်.....
.
.
.
နေ့လည်စာစားချိန်မှာ..သူ့အစ်ကိုနဲ့အတူထိုင်နေတဲ့အချိန်မှာ.....သူမတို့နားကိုသူလာထိုင်ခဲ့တယ်..
ပြီးတော့သူတို့ကျောင်းကောင်စီအသင်းထဲကို ဝင်ချင်လို့ပြောလာခဲ့တယ်.....
.
.
.
သူကျောင်းကောင်စီအဖွဲ့ထဲစဝင်တဲ့ရက်မှာတင်နောက်ကျခဲ့တယ်......အဲ့အချိန်မှာသူ ခါအီကိုစိုက်ကြည့်နေတာကြောင့်သူခါအီကိုသဘောကျနေမှန်းသိသွားတယ်.....
.
.
.
.
ကျောင်းတက်တော့သူအတန်းထဲမှာ စိတ်ကူးယဉ်နေတယ်..ဆရာမခေါ်တာလဲမကြာတော့သူကိုယ်တိုင်လက်တို့လိုက်မှာပဲစိကူးယဉ်နေတာပျောက်သွားတယ်....သင်္ချာအချိန်တစ်ချိန်လုံးသူလက်မြောက်လိုက်ရတယ်........
.
.
.
.
.
နေ့လည်ထမင်းစားကျောင်းဆင်ချိန်မှာ...စီနီယာချွဲဆူဘင်းရုတ်တရက်အစည်းအဝေးခေါ်တာကြောင့်သူတောင်မသိလိုက်ပဲဟီခါရုရဲ့လက်ကိုဆဲပြီးခေါ်သွားတယ်......

အစည်းဝေးလုပ်နေတဲ့တစ်ချိန်လုံးဟီခါရုဗိုက်ဆာနေတာကိုသတိထားမိသွားတယ်......အဲ့တာကြောင့်သူပါလာတဲ့ချောကလပ်နို့နဲ့ပေါင်မုန့်လေးကိုပေးလိုက်တယ်.....
.
.
.
.
.
အပြန်ကျတော့သူလမ်းမှာစိတ်ကူးယဉ်ရင်လမ်းလျှောက်နေတဲ့ဟီခါရုကိုတွေ့လိုက်ရတယ်....

ပြီးတော့သူတို့တေတော့ပိုကီဆိုင်သွားကြချိန်.....တော့ပိုကီစားတဲ့အချိန်မှာ......ရုတ်တရက်ဟီခါရုကသူ့ကိုခွံ့ကျွေးတော့.သူ့ပါးလေးတေနီလာတယ်.......
.
.
.
.
.
.
.
နောက်ရက်သူဟီခါရုအိမ်မှာလိုက်အိပ်တော့ဟီခါရုသူရှိတာကိုမေ့သွားတယ်ထင်တယ် အင်္ကျီချွတ်ဖို့လုပ်လိုက်တဲ့အချိန်မှာ..သူအမြန်သတိပေးလိုက်တယ်.....ပြီးတော့သူသန့်စင်ခန်းကိုမေးလိုက်ပြီးအဲ့ထဲမှာပဲအဝတ်လဲလိုက်တာ်......

အဲ့ဒီနေ့ကသူဟီခါရုနဲ့အတူညနက်တဲ့အထိနေပြီး၂နာရီမှအိပ်ကြတယ်.....

ဟီခါရုအိပ်ပျော်သွားပေမဲ့သူကဟီခါရုရဲ့ပုံလေးကြည့်ပြီးပြုံးနေတယ်.....
.
.
.
.
.
အဲ့အချိန်တည်းကသူဟီခါရုကိုသဘောကျမိသွားတယ်.......

Comment