Part 26

[Zawgyi]

" ကိုယ္တို႔ ရပ္လိုက္ၾကရေအာင္ ... အရာအားလံုးမရိွခဲ့သလို ဒီေလာက္နဲ႔ရပ္ၾကမယ္ "

" ဟင့္အင္း Dany ... ကေလးေလးေျပာေတာ့ ကိုကို႔ကို မထားခဲ့ဘူးဆို ... ေနာက္ေနတာမလား Dany ... မေနာက္ပါနဲ႔ေနာ္ ကိုကိုေသလိမ့္မယ္ "

" ဟင့္အင္း မေနာက္ဘူး ... လမ္းခြဲၾကမယ္ ... ဒီေလာက္နဲ႔ ရပ္တန႔္လို႔ရၿပီမလား ... ခင္ဗ်ားကိုအားနာလို႔ စိတ္တိုင္းက်ေနေပးခဲ့တာ လံုေလာက္ၿပီမလား ... ဒီမွာေလ ကိုယ့္ honey လည္း ေရာက္လာၿပီ ... တစ္ေလ်ွာက္လံုး ခင္ဗ်ားက အပ်င္းေတာ့ေျပခဲ့ပါတယ္ "

ၾကားလိုက္ရတဲ့ စကားတို႔ကို စစ္မင္းမယံုႏိုင္။ စစ္မင္းေရ႔ွက ဗလာသတ္သတ္ ပတ္ဝန္းက်င္တစ္ခုမွာ Daniel က ရပ္ေနခဲ့ၿပီး လက္တစ္ဖက္ကို ကိုင္ဆြဲထားသည္။ ဒါေပမယ့္ တြဲထားသၫ့္လက္က စစ္မင္းရဲ့ လက္တစ္ဖက္ ဟုတ္မေနခဲ့ေခ်။ Daniel ေျပာလိုက္တဲ့ စကားတိုင္းက စစ္မင္းကို ေသေလာက္ေအာင္ နာက်င္ေစသည္။

စကားေျပာေနရင္း ခနဲ႔တဲ့အၿပံဳးနဲ႔ ေျပာေနတာေၾကာင့္ ဘယ္ဘက္ပါးျပင္က စစ္မင္းသိပ္ကို သေဘာက်ရတဲ့ ပါးခ်ိဳင့္နက္နက္ေလးက ေပၚလာေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ မက္ေမာစရာ ေကာင္းမေနခဲ့။ ေခၚေနက် baby ဆိုတဲ့ နာမ္စားေနရာမွာ ခင္ဗ်ားဆိုတဲ့ ခပ္စိမ္းစိမ္း နာမ္စားတစ္ခု အစားထိုးသည္။ လိမ္ေနတယ္ထင္တာေၾကာင့္ မ်က္ဝန္းညိုတၫ့္တၫ့္ကို စစ္မင္းစိုက္ၾကၫ့္မိေတာ့လည္း ဘာအဓိပၸါယ္ေတြမွရိွမေနတဲ့ Daniel ရဲ့ မ်က္ဝန္းေတြက ဗလာသတ္သတ္သာ။

"ကိုကို႔ကို စိတ္ဆိုးေနရင္ စိတ္ဆိုးလိုက္ပါ ... အခုလိုေတြမေျပာပါနဲ႔ ကေလးေလးရာေနာ္ ... ေသတာျမင္ေစခ်င္လို႔လား ... ကိုကို႔ကို ေသေစခ်င္တာလား ... ကိုကို႔ဆီ ျပန္လာပါေနာ္ ... ခင္ဗ်ားလို႔လည္းမေခၚပါနဲ႔ ... အရင္လိုပဲ baby လို႔ေခၚေပးပါ ... အဲ့လိုေတြမလုပ္ပါနဲ႔ ကိုကို႔ Dany ေလးရဲ့ ... ကိုကို႔လက္ကိုပဲ တြဲထားေပး "

" ဒီမွာတြဲထားရမယ့္ လက္ရိွတယ္ ... ခင္ဗ်ားကိုမလိုဘူး "

လက္ေခ်ာင္းသြယ္သြယ္ေတြခ်င္း ယွက္သြယ္ထားသၫ့္ လက္တစ္စံုကို Daniel က ေျမာက္ျပလာတာေၾကာင့္ စစ္မင္းမွာ သည္းေျခပ်က္လုလု။

" ဖယ္ အဲ့လက္ေတြ ... အား . ဖယ္လို႔ ... ငါ့ ကေလးေလး လက္ကိုလႊတ္ ... လႊတ္ေပးလို႔ "

မ်က္ရည္ေတြက တာက်ိဳးသလိုက်လာၿပီး စိတ္ေတြဂေယာက္ဂယက္ဆန္စြာ စစ္မင္းရဲ့လက္ေတြက မ်က္စိေရ႔ွမွာ တြဲထားတဲ့ လက္တစ္စံုကို ဆြဲျဖဳတ္ေနမိသည္။ တတ္ႏိုင္သေလာက္ အားထၫ့္ေနေပမယ့္ ဂေဟဆက္သလို ၿမဲျမံေနတဲ့ လက္ေတြကို ကြဲကြာေစဖို႔ စစ္မင္း ဘယ္လိုမွမတတ္ႏိုင္ပဲ အားစိုက္ထုတ္သမ်ွက အခ်ည္းႏွီးသာ။ ေအာ္ဟစ္ငိုယိုေနမိေပမယ့္ စစ္မင္းရဲ့ကိုယ္ကို အားနဲ႔ းေဆာင့္တြန္းခံလိုက္ရသည္။ ယိုင္နဲ႔စြာႏွင့္ ေနာက္ကိုေျခလွမ္းေတြ ဆုတ္သြားရေပမယ့္ Daniel ရဲ့ မ်က္ႏွာကို ျပန္ၾကၫ့္မိေတာ့ ခနဲ႔ၿပံဳးတို႔က အစဉ္မပ်က္ထုတ္လႊတ္လ်က္သား။

" ခင္ဗ်ားက အပ်င္းေျပလို႔ ေျပာခဲ့ၿပီးၿပီထင္တယ္ေနာ္ ... နားမလည္ဘူးလား ... အဟြန္း ခင္ဗ်ားက ထင္သေလာက္ေတာ့ မတံုးဘူးမလား "

" ဒါေတြ အကုန္အလိမ္စကားေတြလို႔ ေျပာေပး ... လိမ္ေနတာ ... ကေလးေလးက ကိုကို႔ကိုလိမ္တာ ... လိမ္ေနတာလို႔ ... အား ... မေျပာပါနဲ႔ "

စစ္မင္း နားႏွစ္ဖက္ကို လက္ဖဝါးေတြနဲ႔ ဖိပိတ္ၿပီး မ်က္လံုးစံုမိွတ္ကာ အသံကုန္ေအာ္ဟစ္မိသည္။ ၾကားေနရတာေတြကို မယံုႏိုင္။ ၾကားရသမ်ွေတြက စစ္မင္းရဲ့ လူသားငယ္ေလး ေျပာတာမဟုတ္ဘူးလို႔သာ အထပ္ထပ္ဆုေတာင္းမိသည္။

" ထပ္ေျပာစရာ မလိုေလာက္ေတာ့ဘူးထင္တယ္ . အဟြန္း ... ဒီေလာက္ဆို လံုေလာက္ပါၿပီ ... လာ honey သြားရေအာင္ "

" မသြားပါနဲ႔ Dany ... ဟင့္အင္း . ကိုကို႔ကို မထားခဲ့နဲ႔လို႔ ... ေတာင္းပန္ပါတယ္ ... ေတာင္းပန္ပါတယ္ ... ကိုကို႔ဆီ ျပန္လာလို႔ Dany ေလးရဲ့ ... ကိုကို႔ကေလးေလး "

လက္တြဲလို႔ ေက်ာခိုင္းၿပီးထြက္သြားတဲ့ Daniel နဲ႔ ေနာက္တစ္ေယာက္ရဲ့ ေနာက္ကို စစ္မင္းေျပးလိုက္ေပမယ့္ ေျခေထာက္ေတြက ခဲဆြဲထားသလို ေနရာကေန ေရြ့လို႔မရ။ ေအာ္ဟစ္ငိုယိုၿပီး Daniel ထြက္မသြားရန္ ေတာင္းပန္ဖို႔ကိုသာ တတ္ႏိုင္ခဲ့သည္။ ျမင္လႊာကေန တျဖည္းျဖည္းေဝဝါးသြားတဲ့ ေက်ာျပင္ႏွစ္ခုရဲ့ ေနာက္မွာေတာ့ စစ္မင္းမွာ အလဲလဲအၿပိျပိဳႏွင့္ အရုပ္က်ိဳးပ်က္ လဲက်သည္။

" ဟင့္အင္း မသြားပါနဲ႔ ... ကိုကို႔ဆီျပန္လာ ကေလးေလး ~ "

အားအင္ေတြ ယုတ္ေလ်ာ့ၿပီး ထိုင္ရာကေနပင္ ေျမျပင္ေပၚ လဲက်လုမတတ္ ျဖစ္ေနတာေၾကာင့္ အသံတို႔ကလည္း တိုးလ်လ်ေနသည္။

" မဟုတ္ဘူး ကေလးေလးက ငါ့ကိုေနာက္ေနတာ ... ဆိုးလိုက္တာ ကေလးေလးက ... အႀကီးကို ေနာက္ေနတာ ... ငါသာျပန္လိုက္ေခၚရင္ ျပန္လွၫ့္လာမွာ ... ဟုတ္တယ္ ကေလးေလးက . အဟား ... ငါ့ကို ကေလးေလးက သိပ္ခ်စ္တာ ... ေျပးၿပီးလိုက္ေခၚရင္ ျပန္လာမွာ "

စစ္မင္း မတည္မၿငိမ္နဲ႔ပဲ တစ္ေယာက္ထဲ တတြတ္တြတ္ေရရြတ္လ်က္ ေပ်ာ့ေခြေနတဲ့ ေျခေထာက္ေတြကို အားယူကာ မတ္တပ္ရပ္ၿပီး တေရြ့ေရြ့ထြက္ခြာသြားတဲ့ ေက်ာျပင္ႏွစ္ခုေနာက္ကို ေျပးလိုက္ေတာ့သည္။

" ကေလးေလး . ကိုကို႔ကို မထားခဲ့နဲ႔လို႔ ... ကေလးေလးက ခ်စ္တယ္ဆို ... ထားမသြားဘူးဆို ... ကတိေပးထားတယ္ေလကြာ ... အား . ကေလးေလး ... Daniel "

အားကုန္ေအာ္ဟစ္လ်က္ Daniel ရဲ့ ေနာက္ကို ေျပးလိုက္ေနတဲ့ စစ္မင္းရဲ့ ေျခေထာက္ေတြက ျပန္ၿပီးေပ်ာ့ေခြလဲက်ကုန္သည္။

"Baby . baby ထဦးလို႔ ... baby ... ဘာေတျြဖစ္ေနတာလဲ ... baby လို႔ "

" ဟင္ . ဟင္ ... ကေလးေလး ကိုကို႔ ကေလးေလး "

" အင့္ . ခဏေလး .. baby baby ... ဘာျဖစ္လို႔လဲ ... အိမ္မက္ဆိုးေတြ မက္ေနတာလား "

Winary ကေန ညစာစားၿပီးမွ ျပန္လာၾကၿပီး ညပိုင္းမွာ Daniel က အေသးလံုးေလးကို ေပြ့ပိုက္ရင္း စကားတေျပာေျပာႏွင့္ အိပ္ေပ်ာ္သြားၾကသည္။ အိပ္ေနရင္းကေန ေအာ္သံသဲ့သဲ့ၾကားရတာမလို႔ Daniel ႏိုးလာရသည္။ ရင္ခြင္ထဲမွာ အိပ္ေနရင္း မ်က္ႏွာျပင္အႏွံ႔ ေခြၽးသီးေခြၽးေပါက္ေတြႏွင့္ မ်က္ရည္ေတြစိုရႊဲကာ Daniel နဲ႔ နာမည္ကို ေအာ္ေခၚေနတဲ့ အေသးလံုးေလးေၾကာင့္ Daniel အိပ္ေနရင္းကေန ထထိုင္ကာ အေသးလံုးေလးကို လႈပ္ႏိႈးရသည္။ လက္ေမာင္းႏွစ္ဖက္ကို ခပ္ဆတ္ဆတ္ဆြဲယမ္းၿပီး ႏိႈးလိုက္တာေၾကာင့္ မိွတ္ထားသၫ့္ မ်က္လံုးေလးေတြက ပြင့္လာကာ ရုတ္တရက္ ထလာၿပီး Daniel ကို ဆြဲဖက္သည္။

" ဟင့္ Daniel ... အင့္ . ကေလးေလး ... ကိုကို႔ကို မထားခဲ့ဘူးေပါ့ေနာ္ ... ဟင့္ မထားခဲ့ဘူး ... ေတာ္ပါေသးတယ္ "

" ဘာေတျြဖစ္ေနတာလဲ baby ရာ ... ကိုယ္က baby ေဘးမွာ အိပ္ေနတာေလ ... ဘယ္လို အိမ္မက္ေတြမက္ေနလို႔ ကိုယ္က baby ကို ထားသြားရမွာလဲ ... ၿပီးေတာ့မငိုရဘူးေလ ... တိတ္ေတာ့ ... လာပါဦး မ်က္ရည္ေတြသုတ္ရေအာင္ "

" ဟင့္အင္း "

အျငင္းစကားတစ္ခြန္းသာ ျပန္ေျပာလာတဲ့ အေသးလံုးေလးက Daniel ရဲ့ လည္ပင္ကို သိုင္းဖက္ထားရာကေန ျပန္မလႊတ္ေပးေသးပဲ ပိုလို႔သာအားထၫ့္ၿပီး ခပ္တင္းတင္းဖက္ထားသည္။ ရိႈက္ရိႈက္ၿပီး ငိုေနတာေၾကာင့္ တုန္ရင္ေနတဲ့ ေက်ာျပင္ငယ္ေလးကိုသာ Daniel ျပန္ေပြ့ပိုက္လို႔ ပြတ္သပ္ၿပီး စိတ္ေျပေအာင္ ေခ်ာ့ျမဴေပးရသည္။

" အိပ္မက္ထဲမွာေလ ... အိပ္မက္ထဲမွာ ... အင့္ ... "

" တိတ္တိတ္ ... အိမ္မက္ထဲမွာ ဘာျဖစ္လဲ ... ဘာအေၾကာင္းေတြ အိပ္မက္မက္တာလဲ ကိုယ့္ကိုေျပာ "

" ကေလးေလးက ကိုကို႔ကို ထားသြားတာ ... တစ္ျခားတစ္ေယာက္ရဲ့ လက္ကိုဆြဲၿပီးေတာ့ ... ကိုကို ဘယ္ေလာက္ေတာင္းပန္ပန္ ကေလးေလးက ျပန္လွၫ့္မၾကၫ့္ဘူး ... ကိုကို႔ကိုထားခဲ့တယ္ "

" Baby ရာ ~ "

Daniel မွာေတာ့ ေပြ့ပိုက္ထားမိတဲ့ တုန္တုန္ရင္ရင္ ကိုယ္လံုးေလးကို ပိုတိုးဖက္လို႔ အနားကိုဆြဲယူသည္။ ထိုင္ေနရက္ကေန အေသးလံုးေလးကို ေပြ့ခ်ီမလိုက္ေတာ့ Daniel ရဲ့ ေပါင္ေပၚမွာ ခြရက္သားေလးျဖစ္သြားသည္။ ဖက္ထားတာကိုလည္း မလႊတ္ေပးေသးတာေၾကာင့္ ရင္ခြင္ထဲ ကိုအာလာေလး တစ္ေကာင္ကို ေပြ့ပိုက္ထားရသလို ျဖစ္ေနသည္။

" ကိုယ္ကဘယ္လိုလုပ္ၿပီးမ်ား ဒီအေသးလံုးေလးကို ထားခဲ့ရက္မွာလဲကြာ ... ကိုယ္ေျပာၿပီးၿပီေလ ... ကိုယ္ခ်စ္တာက baby ပါဆို ... ၿပီးေတာ့ ခ်စ္တာသိတယ္ဆို ... သိရင္မငိုရဘူးေလ ... အိပ္မက္ထဲမွာ ထားခဲ့တယ္ဆိုရင္ေတာင္ ကိုယ္ကအျပင္မွာ ဘယ္ေတာ့မွမထားခဲ့ဘူးေလ ... baby မ်က္ရည္က်ေနတာကို ကိုယ္မႀကိဳက္ဘူးဆိုတာ မသိတာလား "

" အိမ္မက္ကေလ တကယ္လိုပဲ ... ကိုကို႔ကို တကယ္ ထားခဲ့တဲ့အတိုင္းပဲ ... တကယ္ ေသေတာ့မလိုႀကီး ... ကိုကို႔ကို တကယ္ထားခဲ့ရင္ ေသမွာ ... အင့္ "

ေျပာေနရင္းကေန ျပန္ၿပီး မ်က္ရည္ေတြ တသြင္သြင္စီးက်လာကာ ထပ္ငိုေနတဲ့ အေသးလံုးေလးေၾကာင့္ Daniel မွာ ငိုရအခက္ ရယ္ရအခက္။ ေခ်ာ့ေပးကာမွ ငိုခ်င္ရက္လက္တို႔ဆိုသလို ျဖစ္ေနသည္။

" အဆိုးေလးကကြာ ... တကယ့္အငိုသန္ေလး ... ညနက္ေနၿပီ baby ရဲ့ ... မငိုနဲ႔ေတာ့ ေခါင္းေတြကိုက္မယ္ေလ baby ရာ ... တိတ္ေတာ့ေနာ္ ... လာ ဖက္ထားတာ ခဏခြာဦး ... မ်က္ႏွာေလးကို ၾကၫ့္ရေအာင္ "

" အင္း "

ပုခံုးေလးႏွစ္ဖက္ကို Daniel က တြန္းကိုင္လို႔ ဖယ္မွသာ အေသးလံုးေလးက ဖက္ထားရာက ခြာေပးကာ မ်က္ႏွာခ်င္းဆိုင္ ၾကၫ့္လာသည္။ မငိုေတာ့ေပမယ့္လည္း တအင့္အင့္နဲ႔ေတာ့ ရိႈက္ေနေသးတာေၾကာင့္ တဆတ္ဆတ္တုန္ေနသၫ့္ ႏႈတ္ခမ္းေလးကို တစ္ခ်က္ဆြဲငံုလိုက္သည္။ မ်က္ရည္ေတြရႊဲေနတဲ့ မ်က္ႏွာေလးကို Daniel က လက္မေလးေတြနဲ႔ ဖိသုတ္ေပးေတာ့ အသာေလးၿငိမ္ၿပီး လက္ခံသည္။ မ်က္ရည္စိုေနတဲ့ မ်က္ေတာင္ဖ်ားေလးေတြေၾကာင့္ မ်က္လံုးေပၚ ဖြဖြေလးဖိသုတ္ေပးေတာ့လည္း မလႈပ္မယွက္ႏွင့္ ၿငိမ္ခံသည္။

" ေၾကာင္ခ်ီးရုပ္ေလးကြာ ... ညစ္ပတ္အိုးေလး "

" ဟာ Dany ... "

" ဟားဟားး စတာပါကြာ ... ၾကၫ့္ပါဦး ေၾကာင္ခ်ီးရုပ္ေလးလို႔ ေျပာေတာ့လည္းမႀကိဳက္ဘူး ... မငိုနဲ႔ေတာ့ ေတာ္ၿပီ "

" အင္း မငိုေတာ့ဘူး "

မ်ည္ရည္ေလးေတြ စိုၿပီးက်န္ေနေသးတဲ့ မ်က္လံုးဝိုင္းဝိုင္းေလးေတြနဲ႔ Daniel ကို စိုက္ၾကၫ့္ၿပီး ေျပာလာတဲ့ အေသးလံုးေလးရဲ့ ပံုစံေလးက Daniel အတြက္ ျမတ္ႏိုးစရာျဖစ္သည္။ အေသးလံုးေလးရဲ့ ပါးႏွစ္ဖက္ကို အုပ္ကိုင္လို႔ နဖူးျပင္ေျပျပေလးေပၚ ႏႈတ္ခမ္းေတြနဲ႔ ခပ္ၾကာၾကာဖိနမ္းေတာ့လဲ Daniel ရဲ့ လည္ပင္းေတြကို သိုင္းဖက္ထားကာ ၿငိမ္ေနသည္။

" ခ်စ္တယ္ baby ... ကိုယ္က ထားသြားတယ္ဆိုတာကို ဘယ္ေတာ့မွ မေတြးမိေစနဲ႔ ... အိမ္မက္ထဲမွာ ထားသြားတယ္ဆိုတာေတာင္ ထပ္ၿပီးမမက္ေတာ့ေအာင္ ကိုယ္ကပိုခ်စ္ေပးမွာမလို႔ ... ယံုေပးပါလို႔ မေျပာဘူး ... ကိုယ္က လက္ေတြ့ခ်စ္ေပးၿပီး သက္ေသျပမွာမလို႔ "

" ကိုကိုခ်စ္တာထက္ ကေလးေလးက ပိုခ်စ္တယ္ဆိုတာ အရင္ကတည္းက သိပါတယ္ "

" သိရင္ ျပန္အိပ္ေတာ့ ... ငိုထားတာ ေခါင္းကိုက္ေနမယ္ ... လာ ဒီမွာလွဲ baby ... ကိုယ္ေခ်ာ့သိပ္မယ္ "

" ဟင့္အင္း ဒီလိုေလးပဲ ... ဒီလို ထိုင္ေနရင္း ကေလးေလးကို ဖက္ၿပီးအိပ္မယ္ "

Daniel ရဲ့ အေသးလံုးေလးကေတာ့ ခြၽဲေနပံုမ်ား ဖက္ထားလ်က္နဲ႔ပင္ Daniel ရဲ့ လည္ပင္းနဲ႔ ပုခံုးၾကားေလးကို မ်က္ႏွာအပ္လာသည္။ ခြထိုင္လ်က္ေလးနဲ႔ ဖက္ထားတာေၾကာင့္ Daniel က ထိုင္မရ ထမရနဲ႔ လႈပ္လို႔မလြယ္ကူ။

" Baby ဒီလိုအိပ္ရင္ ေညာင္းေနမွာေပါ့ ... လွဲအိပ္ေလေနာ္ ... ကိုယ္ဖက္ထားေပးမယ္ "

" ဒီလိုေလးပဲဆိုေန "

" အင္း အင္း ဟုတ္ပါၿပီ ... အဲ့တာဆို ခဏလႊတ္ေပးေနာ္ baby ... ကိုယ္ကုတင္မွာ မွီလိုက္မယ္ေနာ္ ... baby ကိုယ့္ကိုအားျပဳျပီး မွီလို႔ရေအာင္ "

Daniel ေျပာမွ အေသးလံုးေလးက ေခါင္းျပန္ေထာင္လာကာ ဖက္ထားၿပီး ကိုယ္ေပၚ ခြထိုင္ရက္ကေန ဖယ္ေပးသည္။ Daniel လဲ ကုတင္ေခါင္းရင္းမွာ ေခါင္းဦး ႏွစ္လံုးေလာက္ကိုထပ္ကာ ေထာင္လိုက္ၿပီး အရင္ သက္ေတာင့္သက္သာျဖစ္ေအာင္ ထိုင္ၿပီးတာနဲ႔ အေသးလံုးေလးက အခ်ိန္မဆိုင္းပဲ ခ်က္ခ်င္း ေပါင္ေပၚကို ခြထိုင္ၿပီး လည္ပင္းကို ျပန္သိုင္းဖက္လာသည္။

" အိပ္ေတာ့ baby ... မ်က္လံုးေလးေတြက အိပ္ခ်င္ေနၿပီကို ... အာ . ေနပါဦး ... လာ ကိုယ္နမ္းဦးမယ္ "

မ်က္လံုးေလး မိွတ္ကာ ၿငိမ္ေနေပးတဲ့ အေသးလံုးေလးရဲ့ မ်က္ႏွာကို Daniel လက္တစ္ဖက္နဲ႔ ဆြဲယူကာ ငိုထားလို႔ ရဲေနတဲ့ ႏွာေခါင္းလံုးလံုးေလးကို အရင္ဆံုး ခပ္ဖြဖြ ဖိကိုက္ၿပီးမွ နမ္းပစ္သည္။ ၿပီးကာမွ ႏႈတ္ခမ္းေလးကို ငံု႔နမ္းေတာ့လည္း အလိုက္သင့္ေလး ျပန္တံု႔ျပန္ေပးသည္။

" ကိုယ့္ရင္ခြင္က baby တစ္ေယာက္ထဲ အပိုင္ပါကြာ ... စိတ္ခ်လက္ခ် အိပ္ေတာ့ baby "

" အင္း ... "

" ဟား ... အဆိုးေလး "

Daniel ရဲ့ ပါးခ်ိဳင့္ရိွရာ ဘယ္ဘက္ပါးေလးကို အေသးလံုးေလးက တဖြဖြနမ္းတာေၾကာင့္ Daniel သေဘာတက် ရယ္မိသည္။ ပါးခ်ိဳင့္ကိုေတာ့ ဒီအေသးလံုးက အေတာ္သေဘာက်ေနပံုရသည္။

" Dany ေလးကို ကိုကိုက သိပ္ခ်စ္တယ္ ... ကေလးေလးက ကိုကို႔အပိုင္ ... ကိုကို႔ကို ထားသြားလို႔မရဘူး ... ထားသြားရင္ေတာင္ ကပ္တြယ္လို႔ရရင္ ကပ္တြယ္ေနမွာ ... မရေတာ့တဲ့အခ်ိန္က ကိုကို ~ ... ကိုကိုေသမွာ ကေလးေလးရဲ့ ~~~'

Daniel ကို ဖက္လ်က္နဲ႔ပင္ လည္ပင္းနဲ႔ ပုခံုးၾကားထဲမွာ မ်က္ႏွာအပ္ၿပီး စကားေတြ တတြတ္တြတ္ ေျပာေနတဲ့ အေသးလံုးေလးရဲ့ အသံက တိုးလ်လြန္းသည္။ ႏႈတ္ဖ်ားက ထြက္လာတဲ့ ေလႏြေးေနြးေလးေတြကလည္း Daniel ရဲ့ လည္ပင္းကို ကလူေနေသးသည္။ ေနာက္ဆံုးစကားေလးမွာ တိုးသြားၿပီး ဘာအသံမွ ထြက္မလာေတာ့တာေၾကာင့္ အိပ္ေပ်ာ္သြားၿပီ ဆိုတာ Daniel သိလိုက္သည္။

" ဖြင့္ေျပာတဲ့သူက baby ေပမယ့္ စၿပီးခ်စ္ခဲ့ရတာက ကိုယ္ပါ baby ... "

အသက္ရႉသံမွန္မွန္နဲ႔ အိပ္ေပ်ာ္ေနတဲ့ အေသးလံုးေလးကို Daniel ပိုတိုးဖက္လိုက္ၿပီး ေခါင္းေလးေစာင္းငဲ့ကာ အေသးလံုးေလးရဲ့ ေခါင္းက ဆံႏြယ္ေလးေတြထဲ မ်က္ႏွာႏွစ္ကာ ခပ္ျပင္းျပင္းနမ္းေမႊးမိသည္။ Daniel ရင္ခြင္ထဲမွာ ေပြ့ပိုက္ထားရတဲ့ အေသးလံုးေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၿပီဆိုတာ ေသခ်ာမွ ကိုယ္ေလးကို ေစာင္းကာထိန္းၿပီး ကုတင္ေပၚခ်ေပးလိုက္သည္။

" အင့္ ... Daniel ~ "

ရင္ေငြ့နဲ႔ ခဏတာေဝးသြားလို႔ထင္ပါရဲ့။ တအင္းအင္းနဲ႔ လူးလြန႔္ကာ ရင္ေငြ့လိုက္ရွာေနတဲ့ ကေလးေပါက္စေလးလို အေသးလံုးေလးလက္တစ္ဖက္က ေဘးကိုလိုက္စမ္းေနေသးသည္။

" ကြၽတ္ . ကြၽတ္ . ကြၽတ္ ... အိပ္အိပ္ baby ကိုယ္ရိွတယ္ "

ေက်ာျပင္ေလးကို ေျဖးေျဖးခ်င္းပုတ္သိပ္ေပးေတာ့ လူးလြန႔္ေနရာကေန ၿငိမ္က်သြားသည္။ အေသးလံုးငယ္ရဲ့ လည္ပင္းေအာက္ကို Daniel ရဲ့ လက္တစ္ဖက္ ေျဖးေျဖးခ်င္း လ်ိႈထၫ့္လိုက္ၿပီး ေဘးနားမွာ အသာေလး ဝင္လွဲလိုက္သည္။ လက္တစ္ဖက္ကလည္း အေသးလံုးေလးရဲ့ခါးကို ခပ္တင္းတင္းေပြ့ဖက္ရင္း နဖူးျပင္ေလးကို ေနာက္တစ္ႀကိမ္နမ္းေမႊးၿပီးတာနဲ႔ ေခါင္းေပၚက ဆံႏြယ္ေလးေတြဆီ မ်က္ႏွာျပန္အပ္ကာ Daniel အိပ္စက္လိုက္ပါေတာ့သည္။

___________

နြးေထြးမႈေတြနဲ႔ ေအးေအးခ်မ္းခ်မ္းညေလး ...

To be continue ...







[Unicode]

" ကိုယ်တို့ ရပ်လိုက်ကြရအောင် ... အရာအားလုံးမရှိခဲ့သလို ဒီလောက်နဲ့ရပ်ကြမယ် "

" ဟင့်အင်း Dany ... ကလေးလေးပြောတော့ ကိုကို့ကို မထားခဲ့ဘူးဆို ... နောက်နေတာမလား Dany ... မနောက်ပါနဲ့နော် ကိုကိုသေလိမ့်မယ် "

" ဟင့်အင်း မနောက်ဘူး ... လမ်းခွဲကြမယ် ... ဒီလောက်နဲ့ ရပ်တန့်လို့ရပြီမလား ... ခင်ဗျားကိုအားနာလို့ စိတ်တိုင်းကျနေပေးခဲ့တာ လုံလောက်ပြီမလား ... ဒီမှာလေ ကိုယ့် honey လည်း ရောက်လာပြီ ... တစ်လျှောက်လုံး ခင်ဗျားက အပျင်းတော့ပြေခဲ့ပါတယ် "

ကြားလိုက်ရတဲ့ စကားတို့ကို စစ်မင်းမယုံနိုင်။ စစ်မင်းရှေ့က ဗလာသတ်သတ် ပတ်ဝန်းကျင်တစ်ခုမှာ Daniel က ရပ်နေခဲ့ပြီး လက်တစ်ဖက်ကို ကိုင်ဆွဲထားသည်။ ဒါပေမယ့် တွဲထားသည့်လက်က စစ်မင်းရဲ့ လက်တစ်ဖက် ဟုတ်မနေခဲ့ချေ။ Daniel ပြောလိုက်တဲ့ စကားတိုင်းက စစ်မင်းကို သေလောက်အောင် နာကျင်စေသည်။

စကားပြောနေရင်း ခနဲ့တဲ့အပြုံးနဲ့ ပြောနေတာကြောင့် ဘယ်ဘက်ပါးပြင်က စစ်မင်းသိပ်ကို သဘောကျရတဲ့ ပါးချိုင့်နက်နက်လေးက ပေါ်လာပေမယ့် ဒီတစ်ကြိမ်မှာတော့ မက်မောစရာ ကောင်းမနေခဲ့။ ခေါ်နေကျ baby ဆိုတဲ့ နာမ်စားနေရာမှာ ခင်ဗျားဆိုတဲ့ ခပ်စိမ်းစိမ်း နာမ်စားတစ်ခု အစားထိုးသည်။ လိမ်နေတယ်ထင်တာကြောင့် မျက်ဝန်းညိုတည့်တည့်ကို စစ်မင်းစိုက်ကြည့်မိတော့လည်း ဘာအဓိပ္ပါယ်တွေမှရှိမနေတဲ့ Daniel ရဲ့ မျက်ဝန်းတွေက ဗလာသတ်သတ်သာ။

"ကိုကို့ကို စိတ်ဆိုးနေရင် စိတ်ဆိုးလိုက်ပါ ... အခုလိုတွေမပြောပါနဲ့ ကလေးလေးရာနော် ... သေတာမြင်စေချင်လို့လား ... ကိုကို့ကို သေစေချင်တာလား ... ကိုကို့ဆီ ပြန်လာပါနော် ... ခင်ဗျားလို့လည်းမခေါ်ပါနဲ့ ... အရင်လိုပဲ baby လို့ခေါ်ပေးပါ ... အဲ့လိုတွေမလုပ်ပါနဲ့ ကိုကို့ Dany လေးရဲ့ ... ကိုကို့လက်ကိုပဲ တွဲထားပေး "

" ဒီမှာတွဲထားရမယ့် လက်ရှိတယ် ... ခင်ဗျားကိုမလိုဘူး "

လက်ချောင်းသွယ်သွယ်တွေချင်း ယှက်သွယ်ထားသည့် လက်တစ်စုံကို Daniel က မြောက်ပြလာတာကြောင့် စစ်မင်းမှာ သည်းခြေပျက်လုလု။

" ဖယ် အဲ့လက်တွေ ... အား . ဖယ်လို့ ... ငါ့ ကလေးလေး လက်ကိုလွှတ် ... လွှတ်ပေးလို့ "

မျက်ရည်တွေက တာကျိုးသလိုကျလာပြီး စိတ်တွေဂယောက်ဂယက်ဆန်စွာ စစ်မင်းရဲ့လက်တွေက မျက်စိရှေ့မှာ တွဲထားတဲ့ လက်တစ်စုံကို ဆွဲဖြုတ်နေမိသည်။ တတ်နိုင်သလောက် အားထည့်နေပေမယ့် ဂဟေဆက်သလို မြဲမြံနေတဲ့ လက်တွေကို ကွဲကွာစေဖို့ စစ်မင်း ဘယ်လိုမှမတတ်နိုင်ပဲ အားစိုက်ထုတ်သမျှက အချည်းနှီးသာ။ အော်ဟစ်ငိုယိုနေမိပေမယ့် စစ်မင်းရဲ့ကိုယ်ကို အားနဲ့ းဆောင့်တွန်းခံလိုက်ရသည်။ ယိုင်နဲ့စွာနှင့် နောက်ကိုခြေလှမ်းတွေ ဆုတ်သွားရပေမယ့် Daniel ရဲ့ မျက်နှာကို ပြန်ကြည့်မိတော့ ခနဲ့ပြုံးတို့က အစဉ်မပျက်ထုတ်လွှတ်လျက်သား။

" ခင်ဗျားက အပျင်းပြေလို့ ပြောခဲ့ပြီးပြီထင်တယ်နော် ... နားမလည်ဘူးလား ... အဟွန်း ခင်ဗျားက ထင်သလောက်တော့ မတုံးဘူးမလား "

" ဒါတွေ အကုန်အလိမ်စကားတွေလို့ ပြောပေး ... လိမ်နေတာ ... ကလေးလေးက ကိုကို့ကိုလိမ်တာ ... လိမ်နေတာလို့ ... အား ... မပြောပါနဲ့ "

စစ်မင်း နားနှစ်ဖက်ကို လက်ဖဝါးတွေနဲ့ ဖိပိတ်ပြီး မျက်လုံးစုံမှိတ်ကာ အသံကုန်အော်ဟစ်မိသည်။ ကြားနေရတာတွေကို မယုံနိုင်။ ကြားရသမျှတွေက စစ်မင်းရဲ့ လူသားငယ်လေး ပြောတာမဟုတ်ဘူးလို့သာ အထပ်ထပ်ဆုတောင်းမိသည်။

" ထပ်ပြောစရာ မလိုလောက်တော့ဘူးထင်တယ် . အဟွန်း ... ဒီလောက်ဆို လုံလောက်ပါပြီ ... လာ honey သွားရအောင် "

" မသွားပါနဲ့ Dany ... ဟင့်အင်း . ကိုကို့ကို မထားခဲ့နဲ့လို့ ... တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ... ကိုကို့ဆီ ပြန်လာလို့ Dany လေးရဲ့ ... ကိုကို့ကလေးလေး "

လက်တွဲလို့ ကျောခိုင်းပြီးထွက်သွားတဲ့ Daniel နဲ့ နောက်တစ်ယောက်ရဲ့ နောက်ကို စစ်မင်းပြေးလိုက်ပေမယ့် ခြေထောက်တွေက ခဲဆွဲထားသလို နေရာကနေ ရွေ့လို့မရ။ အော်ဟစ်ငိုယိုပြီး Daniel ထွက်မသွားရန် တောင်းပန်ဖို့ကိုသာ တတ်နိုင်ခဲ့သည်။ မြင်လွှာကနေ တဖြည်းဖြည်းဝေဝါးသွားတဲ့ ကျောပြင်နှစ်ခုရဲ့ နောက်မှာတော့ စစ်မင်းမှာ အလဲလဲအပြိပြိုနှင့် အရုပ်ကျိုးပျက် လဲကျသည်။

" ဟင့်အင်း မသွားပါနဲ့ ... ကိုကို့ဆီပြန်လာ ကလေးလေး ~ "

အားအင်တွေ ယုတ်လျော့ပြီး ထိုင်ရာကနေပင် မြေပြင်ပေါ် လဲကျလုမတတ် ဖြစ်နေတာကြောင့် အသံတို့ကလည်း တိုးလျလျနေသည်။

" မဟုတ်ဘူး ကလေးလေးက ငါ့ကိုနောက်နေတာ ... ဆိုးလိုက်တာ ကလေးလေးက ... အကြီးကို နောက်နေတာ ... ငါသာပြန်လိုက်ခေါ်ရင် ပြန်လှည့်လာမှာ ... ဟုတ်တယ် ကလေးလေးက . အဟား ... ငါ့ကို ကလေးလေးက သိပ်ချစ်တာ ... ပြေးပြီးလိုက်ခေါ်ရင် ပြန်လာမှာ "

စစ်မင်း မတည်မငြိမ်နဲ့ပဲ တစ်ယောက်ထဲ တတွတ်တွတ်ရေရွတ်လျက် ပျော့ခွေနေတဲ့ ခြေထောက်တွေကို အားယူကာ မတ်တပ်ရပ်ပြီး တရွေ့ရွေ့ထွက်ခွာသွားတဲ့ ကျောပြင်နှစ်ခုနောက်ကို ပြေးလိုက်တော့သည်။

" ကလေးလေး . ကိုကို့ကို မထားခဲ့နဲ့လို့ ... ကလေးလေးက ချစ်တယ်ဆို ... ထားမသွားဘူးဆို ... ကတိပေးထားတယ်လေကွာ ... အား . ကလေးလေး ... Daniel "

အားကုန်အော်ဟစ်လျက် Daniel ရဲ့ နောက်ကို ပြေးလိုက်နေတဲ့ စစ်မင်းရဲ့ ခြေထောက်တွေက ပြန်ပြီးပျော့ခွေလဲကျကုန်သည်။

"Baby . baby ထဦးလို့ ... baby ... ဘာတွေဖြစ်နေတာလဲ ... baby လို့ "

" ဟင် . ဟင် ... ကလေးလေး ကိုကို့ ကလေးလေး "

" အင့် . ခဏလေး .. baby baby ... ဘာဖြစ်လို့လဲ ... အိမ်မက်ဆိုးတွေ မက်နေတာလား "

Winary ကနေ ညစာစားပြီးမှ ပြန်လာကြပြီး ညပိုင်းမှာ Daniel က အသေးလုံးလေးကို ပွေ့ပိုက်ရင်း စကားတပြောပြောနှင့် အိပ်ပျော်သွားကြသည်။ အိပ်နေရင်းကနေ အော်သံသဲ့သဲ့ကြားရတာမလို့ Daniel နိုးလာရသည်။ ရင်ခွင်ထဲမှာ အိပ်နေရင်း မျက်နှာပြင်အနှံ့ ချွေးသီးချွေးပေါက်တွေနှင့် မျက်ရည်တွေစိုရွှဲကာ Daniel နဲ့ နာမည်ကို အော်ခေါ်နေတဲ့ အသေးလုံးလေးကြောင့် Daniel အိပ်နေရင်းကနေ ထထိုင်ကာ အသေးလုံးလေးကို လှုပ်နှိုးရသည်။ လက်မောင်းနှစ်ဖက်ကို ခပ်ဆတ်ဆတ်ဆွဲယမ်းပြီး နှိုးလိုက်တာကြောင့် မှိတ်ထားသည့် မျက်လုံးလေးတွေက ပွင့်လာကာ ရုတ်တရက် ထလာပြီး Daniel ကို ဆွဲဖက်သည်။

" ဟင့် Daniel ... အင့် . ကလေးလေး ... ကိုကို့ကို မထားခဲ့ဘူးပေါ့နော် ... ဟင့် မထားခဲ့ဘူး ... တော်ပါသေးတယ် "

" ဘာတွေဖြစ်နေတာလဲ baby ရာ ... ကိုယ်က baby ဘေးမှာ အိပ်နေတာလေ ... ဘယ်လို အိမ်မက်တွေမက်နေလို့ ကိုယ်က baby ကို ထားသွားရမှာလဲ ... ပြီးတော့မငိုရဘူးလေ ... တိတ်တော့ ... လာပါဦး မျက်ရည်တွေသုတ်ရအောင် "

" ဟင့်အင်း "

အငြင်းစကားတစ်ခွန်းသာ ပြန်ပြောလာတဲ့ အသေးလုံးလေးက Daniel ရဲ့ လည်ပင်ကို သိုင်းဖက်ထားရာကနေ ပြန်မလွှတ်ပေးသေးပဲ ပိုလို့သာအားထည့်ပြီး ခပ်တင်းတင်းဖက်ထားသည်။ ရှိုက်ရှိုက်ပြီး ငိုနေတာကြောင့် တုန်ရင်နေတဲ့ ကျောပြင်ငယ်လေးကိုသာ Daniel ပြန်ပွေ့ပိုက်လို့ ပွတ်သပ်ပြီး စိတ်ပြေအောင် ချော့မြူပေးရသည်။

" အိပ်မက်ထဲမှာလေ ... အိပ်မက်ထဲမှာ ... အင့် ... "

" တိတ်တိတ် ... အိမ်မက်ထဲမှာ ဘာဖြစ်လဲ ... ဘာအကြောင်းတွေ အိပ်မက်မက်တာလဲ ကိုယ့်ကိုပြော "

" ကလေးလေးက ကိုကို့ကို ထားသွားတာ ... တစ်ခြားတစ်ယောက်ရဲ့ လက်ကိုဆွဲပြီးတော့ ... ကိုကို ဘယ်လောက်တောင်းပန်ပန် ကလေးလေးက ပြန်လှည့်မကြည့်ဘူး ... ကိုကို့ကိုထားခဲ့တယ် "

" Baby ရာ ~ "

Daniel မှာတော့ ပွေ့ပိုက်ထားမိတဲ့ တုန်တုန်ရင်ရင် ကိုယ်လုံးလေးကို ပိုတိုးဖက်လို့ အနားကိုဆွဲယူသည်။ ထိုင်နေရက်ကနေ အသေးလုံးလေးကို ပွေ့ချီမလိုက်တော့ Daniel ရဲ့ ပေါင်ပေါ်မှာ ခွရက်သားလေးဖြစ်သွားသည်။ ဖက်ထားတာကိုလည်း မလွှတ်ပေးသေးတာကြောင့် ရင်ခွင်ထဲ ကိုအာလာလေး တစ်ကောင်ကို ပွေ့ပိုက်ထားရသလို ဖြစ်နေသည်။

" ကိုယ်ကဘယ်လိုလုပ်ပြီးများ ဒီအသေးလုံးလေးကို ထားခဲ့ရက်မှာလဲကွာ ... ကိုယ်ပြောပြီးပြီလေ ... ကိုယ်ချစ်တာက baby ပါဆို ... ပြီးတော့ ချစ်တာသိတယ်ဆို ... သိရင်မငိုရဘူးလေ ... အိပ်မက်ထဲမှာ ထားခဲ့တယ်ဆိုရင်တောင် ကိုယ်ကအပြင်မှာ ဘယ်တော့မှမထားခဲ့ဘူးလေ ... baby မျက်ရည်ကျနေတာကို ကိုယ်မကြိုက်ဘူးဆိုတာ မသိတာလား "

" အိမ်မက်ကလေ တကယ်လိုပဲ ... ကိုကို့ကို တကယ် ထားခဲ့တဲ့အတိုင်းပဲ ... တကယ် သေတော့မလိုကြီး ... ကိုကို့ကို တကယ်ထားခဲ့ရင် သေမှာ ... အင့် "

ပြောနေရင်းကနေ ပြန်ပြီး မျက်ရည်တွေ တသွင်သွင်စီးကျလာကာ ထပ်ငိုနေတဲ့ အသေးလုံးလေးကြောင့် Daniel မှာ ငိုရအခက် ရယ်ရအခက်။ ချော့ပေးကာမှ ငိုချင်ရက်လက်တို့ဆိုသလို ဖြစ်နေသည်။

" အဆိုးလေးကကွာ ... တကယ့်အငိုသန်လေး ... ညနက်နေပြီ baby ရဲ့ ... မငိုနဲ့တော့ ခေါင်းတွေကိုက်မယ်လေ baby ရာ ... တိတ်တော့နော် ... လာ ဖက်ထားတာ ခဏခွာဦး ... မျက်နှာလေးကို ကြည့်ရအောင် "

" အင်း "

ပုခုံးလေးနှစ်ဖက်ကို Daniel က တွန်းကိုင်လို့ ဖယ်မှသာ အသေးလုံးလေးက ဖက်ထားရာက ခွာပေးကာ မျက်နှာချင်းဆိုင် ကြည့်လာသည်။ မငိုတော့ပေမယ့်လည်း တအင့်အင့်နဲ့တော့ ရှိုက်နေသေးတာကြောင့် တဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းလေးကို တစ်ချက်ဆွဲငုံလိုက်သည်။ မျက်ရည်တွေရွှဲနေတဲ့ မျက်နှာလေးကို Daniel က လက်မလေးတွေနဲ့ ဖိသုတ်ပေးတော့ အသာလေးငြိမ်ပြီး လက်ခံသည်။ မျက်ရည်စိုနေတဲ့ မျက်တောင်ဖျားလေးတွေကြောင့် မျက်လုံးပေါ် ဖွဖွလေးဖိသုတ်ပေးတော့လည်း မလှုပ်မယှက်နှင့် ငြိမ်ခံသည်။

" ကြောင်ချီးရုပ်လေးကွာ ... ညစ်ပတ်အိုးလေး "

" ဟာ Dany ... "

" ဟားဟားး စတာပါကွာ ... ကြည့်ပါဦး ကြောင်ချီးရုပ်လေးလို့ ပြောတော့လည်းမကြိုက်ဘူး ... မငိုနဲ့တော့ တော်ပြီ "

" အင်း မငိုတော့ဘူး "

မျည်ရည်လေးတွေ စိုပြီးကျန်နေသေးတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ Daniel ကို စိုက်ကြည့်ပြီး ပြောလာတဲ့ အသေးလုံးလေးရဲ့ ပုံစံလေးက Daniel အတွက် မြတ်နိုးစရာဖြစ်သည်။ အသေးလုံးလေးရဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်လို့ နဖူးပြင်ပြေပြေလေးပေါ် နှုတ်ခမ်းတွေနဲ့ ခပ်ကြာကြာဖိနမ်းတော့လဲ Daniel ရဲ့ လည်ပင်းတွေကို သိုင်းဖက်ထားကာ ငြိမ်နေသည်။

" ချစ်တယ် baby ... ကိုယ်က ထားသွားတယ်ဆိုတာကို ဘယ်တော့မှ မတွေးမိစေနဲ့ ... အိမ်မက်ထဲမှာ ထားသွားတယ်ဆိုတာတောင် ထပ်ပြီးမမက်တော့အောင် ကိုယ်ကပိုချစ်ပေးမှာမလို့ ... ယုံပေးပါလို့ မပြောဘူး ... ကိုယ်က လက်တွေ့ချစ်ပေးပြီး သက်သေပြမှာမလို့ "

" ကိုကိုချစ်တာထက် ကလေးလေးက ပိုချစ်တယ်ဆိုတာ အရင်ကတည်းက သိပါတယ် "

" သိရင် ပြန်အိပ်တော့ ... ငိုထားတာ ခေါင်းကိုက်နေမယ် ... လာ ဒီမှာလှဲ baby ... ကိုယ်ချော့သိပ်မယ် "

" ဟင့်အင်း ဒီလိုလေးပဲ ... ဒီလို ထိုင်နေရင်း ကလေးလေးကို ဖက်ပြီးအိပ်မယ် "

Daniel ရဲ့ အသေးလုံးလေးကတော့ ချွဲနေပုံများ ဖက်ထားလျက်နဲ့ပင် Daniel ရဲ့ လည်ပင်းနဲ့ ပုခုံးကြားလေးကို မျက်နှာအပ်လာသည်။ ခွထိုင်လျက်လေးနဲ့ ဖက်ထားတာကြောင့် Daniel က ထိုင်မရ ထမရနဲ့ လှုပ်လို့မလွယ်ကူ။

" Baby ဒီလိုအိပ်ရင် ညောင်းနေမှာပေါ့ ... လှဲအိပ်လေနော် ... ကိုယ်ဖက်ထားပေးမယ် "

" ဒီလိုလေးပဲဆိုနေ "

" အင်း အင်း ဟုတ်ပါပြီ ... အဲ့တာဆို ခဏလွှတ်ပေးနော် baby ... ကိုယ်ကုတင်မှာ မှီလိုက်မယ်နော် ... baby ကိုယ့်ကိုအားပြုပြီး မှီလို့ရအောင် "

Daniel ပြောမှ အသေးလုံးလေးက ခေါင်းပြန်ထောင်လာကာ ဖက်ထားပြီး ကိုယ်ပေါ် ခွထိုင်ရက်ကနေ ဖယ်ပေးသည်။ Daniel လဲ ကုတင်ခေါင်းရင်းမှာ ခေါင်းဦး နှစ်လုံးလောက်ကိုထပ်ကာ ထောင်လိုက်ပြီး အရင် သက်တောင့်သက်သာဖြစ်အောင် ထိုင်ပြီးတာနဲ့ အသေးလုံးလေးက အချိန်မဆိုင်းပဲ ချက်ချင်း ပေါင်ပေါ်ကို ခွထိုင်ပြီး လည်ပင်းကို ပြန်သိုင်းဖက်လာသည်။

" အိပ်တော့ baby ... မျက်လုံးလေးတွေက အိပ်ချင်နေပြီကို ... အာ . နေပါဦး ... လာ ကိုယ်နမ်းဦးမယ် "

မျက်လုံးလေး မှိတ်ကာ ငြိမ်နေပေးတဲ့ အသေးလုံးလေးရဲ့ မျက်နှာကို Daniel လက်တစ်ဖက်နဲ့ ဆွဲယူကာ ငိုထားလို့ ရဲနေတဲ့ နှာခေါင်းလုံးလုံးလေးကို အရင်ဆုံး ခပ်ဖွဖွ ဖိကိုက်ပြီးမှ နမ်းပစ်သည်။ ပြီးကာမှ နှုတ်ခမ်းလေးကို ငုံ့နမ်းတော့လည်း အလိုက်သင့်လေး ပြန်တုံ့ပြန်ပေးသည်။

" ကိုယ့်ရင်ခွင်က baby တစ်ယောက်ထဲ အပိုင်ပါကွာ ... စိတ်ချလက်ချ အိပ်တော့ baby "

" အင်း ... "

" ဟား ... အဆိုးလေး "

Daniel ရဲ့ ပါးချိုင့်ရှိရာ ဘယ်ဘက်ပါးလေးကို အသေးလုံးလေးက တဖွဖွနမ်းတာကြောင့် Daniel သဘောတကျ ရယ်မိသည်။ ပါးချိုင့်ကိုတော့ ဒီအသေးလုံးက အတော်သဘောကျနေပံုရသည်။

" Dany လေးကို ကိုကိုက သိပ်ချစ်တယ် ... ကလေးလေးက ကိုကို့အပိုင် ... ကိုကို့ကို ထားသွားလို့မရဘူး ... ထားသွားရင်တောင် ကပ်တွယ်လို့ရရင် ကပ်တွယ်နေမှာ ... မရတော့တဲ့အချိန်က ကိုကို ~ ... ကိုကိုသေမှာ ကလေးလေးရဲ့ ~~~'

Daniel ကို ဖက်လျက်နဲ့ပင် လည်ပင်းနဲ့ ပုခုံးကြားထဲမှာ မျက်နှာအပ်ပြီး စကားတွေ တတွတ်တွတ် ပြောနေတဲ့ အသေးလုံးလေးရဲ့ အသံက တိုးလျလွန်းသည်။ နှုတ်ဖျားက ထွက်လာတဲ့ လေနွေးနွေးလေးတွေကလည်း Daniel ရဲ့ လည်ပင်းကို ကလူနေသေးသည်။ နောက်ဆုံးစကားလေးမှာ တိုးသွားပြီး ဘာအသံမှ ထွက်မလာတော့တာကြောင့် အိပ်ပျော်သွားပြီ ဆိုတာ Daniel သိလိုက်သည်။

" ဖွင့်ပြောတဲ့သူက baby ပေမယ့် စပြီးချစ်ခဲ့ရတာက ကိုယ်ပါ baby ... "

အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်နေတဲ့ အသေးလုံးလေးကို Daniel ပိုတိုးဖက်လိုက်ပြီး ခေါင်းလေးစောင်းငဲ့ကာ အသေးလုံးလေးရဲ့ ခေါင်းက ဆံနွယ်လေးတွေထဲ မျက်နှာနှစ်ကာ ခပ်ပြင်းပြင်းနမ်းမွှေးမိသည်။ Daniel ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားရတဲ့ အသေးလုံးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဆိုတာ သေချာမှ ကိုယ်လေးကို စောင်းကာထိန်းပြီး ကုတင်ပေါ်ချပေးလိုက်သည်။

" အင့် ... Daniel ~ "

ရင်ငွေ့နဲ့ ခဏတာဝေးသွားလို့ထင်ပါရဲ့။ တအင်းအင်းနဲ့ လူးလွန့်ကာ ရင်ငွေ့လိုက်ရှာနေတဲ့ ကလေးပေါက်စလေးလို အသေးလုံးလေးလက်တစ်ဖက်က ဘေးကိုလိုက်စမ်းနေသေးသည်။

" ကျွတ် . ကျွတ် . ကျွတ် ... အိပ်အိပ် baby ကိုယ်ရှိတယ် "

ကျောပြင်လေးကို ဖြေးဖြေးချင်းပုတ်သိပ်ပေးတော့ လူးလွန့်နေရာကနေ ငြိမ်ကျသွားသည်။ အသေးလုံးငယ်ရဲ့ လည်ပင်းအောက်ကို Daniel ရဲ့ လက်တစ်ဖက် ဖြေးဖြေးချင်း လျှိုထည့်လိုက်ပြီး ဘေးနားမှာ အသာလေး ဝင်လှဲလိုက်သည်။ လက်တစ်ဖက်ကလည်း အသေးလုံးလေးရဲ့ခါးကို ခပ်တင်းတင်းပွေ့ဖက်ရင်း နဖူးပြင်လေးကို နောက်တစ်ကြိမ်နမ်းမွှေးပြီးတာနဲ့ ခေါင်းပေါ်က ဆံနွယ်လေးတွေဆီ မျက်နှာပြန်အပ်ကာ Daniel အိပ်စက်လိုက်ပါတော့သည်။

___________

နွေးထွေးမှုတွေနဲ့ အေးအေးချမ်းချမ်းညလေး ...

To be continue ...

Comment