Zawgyi
"အင်းရိပေါ်.."
"တကယ်ဆင်းရတော့မှာလား.."
သေးရဲ့လား။ငါ့အထင်တော့နည်းနည်း
အခုတော့လာ..သွားကြမယ်"
"ဟင်းးပြီးရောကွာ.လာ.."
တင်းတောင်~~
"အို့.!ကော.."
ကော..!လက်ခံမယ်မလား.."
"ဟို..ငါမအားဘူးထင်.."
ခွင့်ပြုပါဦးနော်.."
သူလိုရာဆွဲသွင်းပြောပြီးထွက်သွားတဲ့ ရိပေါ်ကြောင့်ခေါင်းတရမ်းရမ်းနှင့်သာ
သွားတာဗျ။"
ကြည့်လိုက်သည်။
စိတ်ဝင်စားစရာပဲ.."
**သေမင်းတမန်တွေကိုမြင်နိုင်တဲ့သူအချို့ ရှိတာကိုကျွန်တော်တို့လက်ခံရပါမယ်။
လန့်သွားသည်။
တော့တာပါ"
လုပ်တော့မယ်"
"အင်းလေ..ဘာလို့လဲ.."
(A/N-ဘယ်သူမှလည်းမမေးမိပါဘူး
Dr-Xiaoရယ် (◔‿◔))
____👻_____
"ဟုတ်ကဲ့မား.."
"ဟုတ်.."
ကြိုသိနေပါပြီ..
ထောင်းခနဲ..
"၀မ်ရိပေါ်..!!!"
အရိုင်းအစိုင်းကောင်..!"
"မင်း..!"
______👻______
ပြတ်ပြတ်လာတယ်ပေါ့လေ.."
.
.
.
.
"အင်းလာပြီလား..သွားမယ်"
"ကော..အရမ်းလှတာပဲဗျ.."
ထင်လို့လား။လာပါဗျာ.."
"အင်း.."
"ဗျာ..!စားပါတယ်ကောရဲ့.."
"ဟီးးဟုတ်ကဲ့ကော.."
"ကော..တော်ပြီလား.."
"အင်း..ကလေးကချစ်စရာလေး..
ငါတောင်လိုချင်တယ်.."
ကျွီ~~
ဝုန်း..!!!
"ရိပေါ်..!!"
ရိပေါ်ကဘေးကိုဆွဲခေါ်လိုက်တာမို့ ကလေးရောရိပေါ်ရောဘာမှမဖြစ်သွားခဲ့
သတိထားဦး.!"
"အား..!ကော~~ကျွန်တော်..အ့..!"
"ရိပေါ်..!!!"
~~~~~~~~~~~~~~👻~~~~~~~~~~~~~~~
thidar1485
90° bow to all my readers...💚💗
_____________
Unicode
"ကျိုးချန်..ဒီနေ့ဆေးရုံဆင်းရမှာနော်..ဟုတ်လား"
"အင်းရိပေါ်.."
ကျိုးချန်ကပစ္စည်းတွေသိမ်းနေရင်း ကုတင်ပေါ်ထိုင်ကာမေးမြန်းနေတဲ့ရိပေါ်ကို ပြန်ဖြေလေသည်။
"တကယ်ဆင်းရတော့မှာလား.."
"အေးဆို..ဘာဖြစ်နေတာလဲအဲ့တာ..!"
"မင်းဒဏ်ရာကတစ်ကယ်ရောသက်သာ
သေးရဲ့လား။ငါ့အထင်တော့နည်းနည်း
စောင့်ကြည့်သင့်သေးတယ်ထင်တယ်နော်.."
"ကဲ..၀မ်ရိပေါ်..!ဆရာ၀န်တွေကဆင်းလို့ရပြီပြော နေတာမင်းကဘာဖြစ်နေတာလဲ။ငါသိတယ်နော်..မင်းငါ့ကိုရစ်နေတာ.."
၀မ်ရိပေါ်ရဲ့စိတ်ကိုသိတာပေါ့..
ဒီကောင်ကျွန်တော်ဆေးရုံဆင်းရင် ဟိုDr.Xiao ဆိုတဲ့တစ်ယောက်ကိုမတွေ့ရတော့မှာစိုးလို့ ဖြစ်နေတာ။ဘယ့်နှယ်..ကိုယ့်သူငယ်ချင်း ဆေးရုံကဆင်းတာ၀မ်းသာရမဲ့ဟာကို ဒင်းကအပူမိနေတဲ့ရုပ်နဲ့..
"ဟေး..!၀မ်ရိပေါ်..မင်းငါ့ကိုဘယ်လိုကြီး ကြည့်နေတာလဲ"
ကုတင်ပေါ်ကနေကျိုးချန်ကိုခေါင်းစခြေဆုံး သေချာထိုင်ကြည့်နေတဲ့ရိပေါ်ကြောင့်ကျိုးချန် လန့်သွားသည်။၀မ်ရိပေါ်ကြည့်နေတဲ့အကြည့်က ကျိုးချန်ကိုတစ်ခုခုဖြစ်အောင် ထလုပ်ရန် ကြံစည်နေတဲ့အကြည့်မျိုးပင်..
"ဟမ်..?မကြည့်ပါဘူးမင်းကလဲ.."
"ကဲပါ၀မ်ရိပေါ်ရယ်..မင်းအဲ့ဒီဆရာ၀န်ကို ထပ်တွေ့ချင်ရင်နောက်မှတွေ့လည်းရတာပဲကွာ..
အခုတော့လာ..သွားကြမယ်"
"ဟင်းးပြီးရောကွာ.လာ.."
"ဟာ..!ဟေ့.!ရိပေါ်.နေဦးလေ..!ဒီအထုပ်မင်းဆွဲရမှာလေ..ဟေ့ကောင်..!"
သက်ပြင်းချပြီးထွက်သွားတဲ့ရိပေါ်ကတော့ ကျိုးချန်လှမ်းခေါ်တာတောင် အဖက်မလုပ်။လက်ထိထားတဲ့လူကိုအထုပ်တစ်ထုပ်နဲ့ ထားခဲ့တဲ့ရိပေါ်ကိုကျိုးချန်ကတော့မေတ္တာပို့သ ရင်းသာကျန်ခဲ့သည်။
တင်းတောင်~~
"အို့.!ကော.."
"ဪ..၀မ်ရိပေါ်..ဆေးရုံဆင်းပြီလား"
ရိပေါ်တို့ဓာတ်လှေကားကနေအထွက် ရှောင်ကျန့်ကအ၀င်နဲ့တိုးလေတော့ ၀မ်ရိပေါ်တို့ချက်ချင်းမျက်နှာထားပြောင်းကာ ရှောင်ကျန့်ကိုနှုတ်ဆက်လေသည်။
"ဟုတ်တယ်ကောရဲ့..ဒါနဲ့လေ..ကျွန်တော်တို့ တစ်ရက်လောက်ထမင်းအတူစားကြမလား။ ကျွန်တော်ကကျိုးချန်ကိုကုသပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ပါ.."
၀မ်ရိပေါ်ရဲ့စကားကြောင့်နောက်က တစ်ကယ့်လူနာကျိုးချန်ကစိတ်လေစွာ ကြည့်လေသည်။သူပြောကာမှပဲကိုယ်က ကျေးဇူးမတင်တတ်တဲ့သူလိုလို..
"အဟမ်း..၀မ်ကျိုးချန်ရဲ့တာ၀န်ခံဆရာ၀န်က ကျွန်တော်ပါနော် ၀မ်ရိပေါ်ရဲ့.."
ရှောင်ကျန့်ဘေးက Dr-စုန့်က၀င်ပြောလေသည်။
"ဟုတ်လား..ဒါဆို Dr-စုန့်လည်းလိုက်ခဲ့ပေါ့
ကော..!လက်ခံမယ်မလား.."
"ဟို..ငါမအားဘူးထင်.."
"ကောင်းပြီ.!လက်ခံလိုက်ပြီနော် ဒါဆို ကျွန်တော်မနက်ဖြန်လာခေါ်လိုက်မယ်ဗျ..
ခွင့်ပြုပါဦးနော်.."
ရှောင်ကျန့်မှာငြင်းမယ်ကြံကာရှိသေး
သူလိုရာဆွဲသွင်းပြောပြီးထွက်သွားတဲ့ ရိပေါ်ေကြာင့်ခေါင်းတရမ်းရမ်းနှင့်သာ
ကျန်ခဲ့ေတာ့သည်။တစ်ကယ်ဘယ်လို ကောင်လေးလဲ မသိ..သူလုပ်ချင်ရာလုပ်တာပဲ..
"ဪ..ရဲမှူးကျောက်ရောက်နေတာပဲ.."
ရှောင်ကျန့်နားနေခန်းထဲပြန်၀င်တော့ ရဲမှူးကျောက်ကထိုင်နေလေသည်။
"ဟုတ်တယ်..ဒီမှာကျွန်တော်မုန့်၀ယ်လာတယ်။အဟဲ..ရှင်းလီရာရဲ့အမှုကလည်း တရားခံမိပြီဆိုတော့ဒီကဒေါက်တာရှောင်း ကိုကျေးဇူးတင်တဲ့အနေနဲ့ပါ.."
"မလိုပါဘူးဗျာ..ကျွန်တော်ကကိုယ့်တာ၀န်ကို လုပ်ရုံပါပဲ။"
"ဟုတ်ပါပြီ..ဒီအမှုကလေအမှန်ဆိုဒီလောက် မြန်မြန်ပြီးမှာမဟုတ်ဘူးသိလား Mr-Wang ရဲ့ကျေးဇူးက ၇၀%လောက်ပါတယ်.."
ရိပေါ်ရဲ့နာမည်ပြောတော့ရှောင်ကျန့်
တစ်ယောက်ကိုယ်တိုင်တောင် သတိမထားမိပဲပြုံးမိသွားပါသေးသည်။
"အင်း..ဒါမဲ့သူကဘယ်လိုလုပ်ရုတ်တစ်ရပ်ကြီး တရားခံကိုသိသွားလဲဆိုတာတော့ နဲနဲထူးဆန်းတယ်နော်.."
"ဟုတ်တယ်..ကျွန်တော်လည်းထူးဆန်းနေတာ
သူကလုံး၀အတိအကျကြီးကိုလာပြော
သွားတာဗျ။"
"အဟင်း..ထားပါတော့..ဘာပဲဖြစ်ဖြစ် တရားခံမိသွားပြီပဲ"
"ကဲ..ဒေါက်တာဒါဆိုကျွန်တော်ပြန်ပြီနော်
မုန့်တွေစားနော်..သူများကိုပဲပေးမပစ်နဲ့ဦး"
ရှောင်ကျန့်အကြောင်းသိနေသည့် ရဲမှူးကျောက်ကပြောလာသည်။ရှောင်ကျန့်က သူများပေးတာဆိုလက်မခံတာများပြီး လက်ခံရင်လည်းသူများပေးပစ်တတ်သူကိုး..
"ဟဟ..!ကောင်းပါပြီဗျာ.. ကောင်းကောင်းပြန်ပါ"
ရဲမှူးကျောက်ကတော့ရှောင်ကျန့်ကိုနှုတ်ဆက်ကာ ပြန်ထွက်သွားသည်။ရှောင်ကျန့်လည်း အားနေသေးတာနဲ့laptopခနသုံးနေလိုက်သည်။
ရှောင်ကျန့်သုံးနေရင်းနဲ့ websiteတစ်ခုကို မျက်စိကျသွားသည်။နာမည်က
*supernatural world*ဖြစ်သည် သဘာ၀လွန်ဖြစ်ရပ်တွေကိုတင်ပေးတဲ့ websiteတစ်ခုဖြစ်ဟန်တူသည်။ရှောင်ကျန့်ကဒီလိုကိစ္စတွေအနည်းငယ် စိတ်၀င်စားတာကြောင့်၀င်ကြည့်
ကြည့်လိုက်သည်။
တင်ထားတာတော့အစုံပင်..သရဲတစ္ဆေ
အကြောင်းတွေ စွမ်းအားအကြောင်းတွေရော
ရှောင်ကျန့်တစ်ခုချင်းလိုက်ကြည့်နေရင်း စာတစ်ခုကိုအတော်စိတ်၀င်စားသွားသည်။
"သေမင်းတမန်တွေကိုမြင်နိုင်တဲ့သူ..တဲ့လား
စိတ်၀င်စားစရာပဲ.."
**သေမင်းတမန်တွေကိုမြင်နိုင်တဲ့သူအချို့ ရှိတာကိုကျွန်ေတာ်တို့လက်ခံရပါမယ်။
သူတို့ဟာ ဆဌမအာရုံကိုပိုင်ဆိုင် ထားပြီးသာမန်လူတွေ မမြင်နိုင်တဲ့အရာ တွေကိုမြင်နိုင်တယ်။သရဲတစ္ဆေတွေကို မြင်နိုင်တဲ့သူတွေနဲ့တော့ ဆင်တူပေမဲ့သူတို့က တော့သေမင်းတမန်တော်တွေကိုပဲမြင်နိုင်တာပါ။အဲ့လိုမြင်နိုင်တဲ့သူတွေထဲမှာမှသေခြင်းတရား ကိုပါမြင်နိုင်တဲ့သူ ဆိုပြီးထပ်ရှိပါသေးတယ်။သူတို့ကတော့၁၀၀မှာ၁ယောက်လောက် ကိုမရှိသလောက်ပါပဲ..**
(A/N- website nameတွေရောစာတွေရောက Authorစိတ်ကူးယဉ်တွေပါနော်)
ရှောင်ကျန့်ထိုစာတွေကိုဆက်မဖတ်တော့ပဲ ခေါင်းရမ်းမိလိုက်သည်။သရဲတစ္ဆေတွေကိုတော့ယုံပေမဲ့ဒီဟာကကျ နဲနဲမဖြစ်နိုင်ဘူးမဟုတ်လား။အဟက်.!အရမ်းစိတ်ကူးယဉ်ဆန်လွန်းနေတာပဲ..
"Drကအဲ့လိုဟာတွေယုံတယ်လား.."
ဘယ်ချိန်ကရောက်နေမှန်းမသိ laptopကိုလာပြူးကြည့်ပြီးစကားထပြော တဲ့ယွိပင်းကြောင့်ရှောင်ကျန့်ရုတ်တရပ်
လန့်သွားသည်။
"အော်..!ယွိပင်း..လန့်လိုက်တာကွာ ၀င်လာတာအသံမပေးဘာမပေးနဲ့"
"ဟီးSorryပါနော်..ကျွန်တော်ကDr စိတ်၀င်တစားဖြစ်နေတော့အသံမပေး
တော့တာပါ"
"အေးပါ..တော်ပြီဒီလောက်ပဲ..အလုပ်သွား
လုပ်တော့မယ်"
"အယ်Dr..အခုချိန်ရောက်မှအလောင်း ခွဲစိတ်ဦးမလို့လား.."
"အင်းလေ..ဘာလို့လဲ.."
"အလုပ်ဆင်းချိန်ကနီးနေပြီလေနော်..
မနက်ဖြန်မှလုပ်ကြမယ်လေ"
"ဒီနေ့လုပ်လိုက်တော့ မနက်ဖြန်အလုပ် နည်းနည်းလျော့တာပေါ့ လာ..သွားမယ်.."
အလုပ်ဆင်းခါနီးမှထပြီးအလုပ်ထက်လုပ်မဲ့ ရှောင်ကျန့်ကြောင့်ယွိပင်းမှာတော့ မျက်နှာကြီးမဲပြီးသာလိုက်ရတော့သည်။ပြန်လည်းမပြောရဲဘူး..ကိုယ့်ထပ် အသက်ရောလုပ်သက်ရောကြီးတဲ့စီနီယာလေ
ရှေ့ကနေခပ်တည်တည်နဲ့ထွက်သွားတဲ့ ရှောင်ကျန့်ကတော့"မနက်ဖြန်လာခေါ်မယ်ဗျ" ဟူသောစကားလေးကြောင့် အရင်ကထပ် ရွှင်လန်းနေကာအလုပ်တွေပါ အားကြိုးမာန်တက်ရှင်းနေလေသည်။
အဟမ်း..!ဟိုကတကူးတကလာခေါ်မယ်ပြော ထားတာကိုယ်ကအားမနေရင်အားနာ စရာတွေဖြစ်ကုန်မှာစိုးလို့လေ..အင်း.!"
(A/N-ဘယ်သူမှလည်းမေမးမိပါဘူး
Dr-Xiaoရယ် (◔‿◔))
____👻_____
"သားရိပေါ်..ပြန်လာပြီလား"
"ဟုတ်ကဲ့မား.."
"အေးအေး..သားခနနားပြီးဆင်းခဲ့နော် မားထမင်းပြင်ထားမယ်"
"ဟုတ်.."
ရိပေါ်မားကိုနှုတ်ဆက်ပြီးအပေါ်ကိုတက်လာ
လိုက်သည်။ပင်ပန်းနေသမျှကိုပြေလျော့စေ ဖို့ရေကိုသေချာစပ်ကာခနစိမ်နေလိုက်သည်။
ဘာပဲဖြစ်ဖြစ်ရှင်းလီရာရဲ့ကိစ္စရှင်းသွားတာ တော်တော်အေးချမ်းသွားသည်။အိပ်မက်ထဲမှာနာနာကျင်ကျင်နဲ့လူသတ်သမား ကိုဖမ်းေပးဖို့ တောင်းဆိုနေတဲ့သူမကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ အခုသူ့ကိုသတ်တဲ့လူကိုဖမ်းပေးလိုက်နိုင် တာကြောင့်စိတ်ထဲတော့ပေါ့သွားတာအမှန်ပင်။
ရိပေါ်ရေချိုးအ၀တ်စားလဲပြီး ထမင်းစားခန်းကို၀င်ခဲ့လိုက်သည်။မားကတော့ထမင်းပွဲတွေပြင်ပေးနေပြီး ပါးကတော့မားကိုထိုင်ကြည့်နေလေသည်။အင်း..သူတို့အတွဲပဲအေးတယ်..
"ပါး..ဒီနေ့တော့စောတယ်နော်"
"အေး..ရိပေါ်ကိုပါးပြောစရာရှိတယ်"
"အကိုကလဲ..ထမင်းစားပြီးမှပြောကြပေါ့"
မားကရုတ်တရပ်၀င်တားနေပြီဆိုထဲက ရိပေါ်ပါးပြောတော့မည့်စကားကို
ကြိုသိနေပါပြီ..
"ရပါတယ်..ဘာပြောမလို့လဲပါး.."
"ရိပေါ်..မင်းဘယ်တော့ Yicella Groupကို လာမှာလဲ။မင်းကတစ်ဦးထဲသောဆက်ခံသူနော်"
တွေ့လား..ထင်တဲ့အတိုင်းပဲ.ပါးမို့လို့ မမောနိုင်မပန်းနိုင်ပြောပြောနိုင်လွန်းတယ်
"ကျွန်တော်ပြောပြီးပါရောလားပါးရယ်..
ပါးရဲ့အလုပ်တွေကိုစိတ်မ၀င်စားဘူးလို့"
"မင်းရဲ့မဖြစ်စလောက် show roomလေးနဲ့ပဲ ကျေနပ်မနေနဲ့ကွ.!"
တစ်ဦးတည်းသောသားဖြစ်သူကို အမွေဆက်ခံစေချင်တဲ့ပါးရဲ့ဆန္ဒကို နားလည်ပေမဲ့ရိပေါ်သူ့ရဲ့အလုပ်ကို ထိခိုက်ပြောလာတာကြောင့်ဒေါသက
ထောင်းခနဲ..
"မဖြစ်စလောက်..?ပါးတောင်ကျွန်တော့် အရွယ်တုန်းကကျွန်တော့်လိုအခြေနေ ရောက်အောင်လုပ်နိုင်ခဲ့လို့လား။ကျွန်တော်သိသလောက်တော့..ပါးကဒီတိုင်း Yicella Groupကိုအေးဆေးလေးအမွေရပြီး အခန့်သားCEOဖြစ်လာခဲ့ရုံပါပဲ.."
"၀မ်ရိပေါ်..!!!"
"ပါးရဲ့လုပ်ငန်းစုအတွက်ဆက်ခံသူလိုချင်ရင် မားနဲ့နောက်တစ်ယောက်ထပ်မွေးလိုက်။ကျွန်တော့်ကိုတော့ဒီတစ်သက်မျှော်လင့်မနေနဲ့"
"၀မ်ရိပေါ်..!!မင်း.အဖေကိုခြေရာတိုင်းရသလား
အရိုင်းအစိုင်းကောင်..!"
"အဟက်..!အရိုင်းအစိုင်းကောင်က ပါးနဲ့မားရဲ့သားဆိုတော့..အဲ့သွေးက ဘယ်တစ်ယောက်ဆီကပါလာပါလိမ့်နော်.."
"မင်း..!"
ရိပေါ်ကမထီမဲ့မြင်ပုံစံနဲ့ပြောကာအပေါ်ထပ် ပြန်တက်သွားသည်။ပါးဖြစ်သူကတော့ ဒေါသတထောင်းထောင်း ထွက်ပြီးသာ ကျန်ခဲ့သည်။ဒါကရိပေါ်ကိုသူအမွေဆက်ခံ ဖို့ပြောတိုင်းတက်ရတဲ့ပြဿနာ။ဒီကလေးက ဘာလို့ဒီလောက်ခေါင်းမာရတာလဲ..
"မိန်းမမင်းကြည့်စမ်း..!မင်းသား ဘယ်လောက်ခေါင်းမာလဲဆိုတာ.."
"ဒါကြောင့်အကို့ကိုပြောပါတယ်..ထမင်းစား
ပြီးမှပြောပါဆို အခုကြည့်.!သားကထမင်းမစား ပဲတက်သွားပြီ။တော်ပြီမစားနဲ့တော့..!"
"ဟော..!မင်းယောင်္ကျားငါမစားရသေးဘူးလေ"
"မစားနဲ့ပေါ့..!တစ်ခါမှပြောမရတဲ့ကလေးကို စိတ်ဆင်းရဲအောင်သွားလုပ်နေတယ်"
"အဟက်..!ကောင်းပြီလေ..ဒါဆိုမင်းသား ပြောသွားသလို..ဆက်ခံသူနောက်တယောက်.."
"အကိုနော်..!!သွား..မကြီးမငယ်နဲ့.!"
၀မ်မားကရှက်ကာအခန်းထဲ၀င်သွားလေသည်။
ပါးကတော့ငါးခူပြုံးပြုံးပြီး မားနောက်ကိုလိုက်သွားလေသည်။၀မ်ရိပေါ်ရဲ့သွေးထိုးလှုံ့ဆော်မှုကို ၀မ်ပါးကသဘောကျသွားဟန်တူပါသည်။
______👻______
"အံမယ်.. Dr-Xiaoဒီနေ့သန့်ပြန့်နေပါလား.."
အရင်နေ့တွေနဲ့မတူအနည်းငယ်ပိုပြီး ပြင်ဆင်ထားပုံရတဲ့ရှောင်ကျန့်ကိုကျိရန်(Dr-စုန့်)
ကရွှတ်နောက်နောက်နဲ့ပြောလာသည်။
"ကျွန်တော်ကအရင်နေ့တွေကစုတ်စုတ်
ပြတ်ပြတ်လာတယ်ပေါ့လေ.."
"အဲ့လိုပြောတာမဟုတ်ပါဘူး..ဒီနေ့ပိုခန့်နေလို့ ပါဗျာ။ကြည့်ရတာ..ဒီနေ့ဟိုတယောက်က လာခေါ်မယ်ဆိုလို့ထင်တယ်နော်.."
"Dr-စုန့်ကသိပ်စကားများတာပဲ..!အဟမ်း..!ကျွန်တော်လုပ်စရာတွေရှိသေးတယ်"
"ဟဟ..!ဟုတ်ပါပြီဗျာ.. Dr-Xiaoက ရှက်ရမ်းရမ်းနေပြန်ပါပြီ.."
မရရအောင်စသွားသေးတဲ့ကျိရန်ကို ရှောင်ကျန့်ပြောမနိုင်တော့ပဲခေါင်းသာရမ်းမိ တော့သည်။ပြတင်းပေါက်တံခါးကမှန်ကို လည်းတစ်ချက်လှမ်းကြည့်လိုက်သေးသည်။
"ငါအရမ်းပြင်ထားလို့လား.သာမန်ပါပဲ..ဟွန့်~
ငါကအရင်ထဲကချောနေတာကိုများ"
.
.
.
.
နေ့လည်လောက်ရောက်တော့ရိပေါ်က ရှောင်ကျန့်ကိုလာခေါ်လေသည်။
"ကော..ကျွန်တော်ရောက်ပြီနော်။"
"အင်းလာပြီလား..သွားမယ်"
ရှောင်ကျန့်ကဂျူတီကုတ်ကိုချွတ်ကာ ရိပေါ်ကိုပြန်ပြောသည်။ရိပေါ်ကတော့ ရှောင်ကျန့်ကိုမျက်၀န်းရွဲကြီးတွေနဲ့ကြည့်ကာ
"ကော..အရမ်းလှတာပဲဗျ.."
ရိပေါ်စကားကြောင့်ရှောင်ကျန့်မှာ ဒေါသထွက်ရမလို၀မ်းသာရမလိုဖြစ်သွားသည်။
ဘယ့်နှယ်..လှတယ်တဲ့လား၀မ်ရိပေါ်ရယ်..
"ယောင်္ကျားလေးကိုလှတယ်သုံးစရာလား..!လာ..သွားမယ်"
မိမိကိုမျက်စောင်းထိုးကာထွက်သွားတဲ့ ဒေါက်တာလေးကိုကြည့်ကာရိပေါ်ကတော့ ပြုံးစပ်စပ်ပင်။တစ်ကယ်ပါ..၀မ်ရိပေါ်ဆိုတဲ့ သူကတော့ရှောင်ကျန့်ဘာလုပ်လုပ် ပြုံးပြုံးကြီးကြည့်နေမဲ့လူပင်..
ရိပေါ်ရှောင်ကျန့်နဲ့အတူ bookingကြိုယူထား တဲ့စားသောက်ဆိုင်ကိုထွက်လာလိုက်သည်။
ရှောင်ကျန့်ကအရင်ကလိုခပ်တည်တည်အေး စက်စက်ကြီးသိပ်မဆက်ဆံတော့တာကြောင့် ရိပေါ်ပျော်ရွှင်နေသည်။
"၀မ်ရိပေါ်..ဒီဆိုင်မှာလား ဈေးကြီးမယ်ထင်တယ်"
"ကောကလည်း..ကျွန်တော့်ကိုပိုက်ဆံမရှိဘူး
ထင်လို့လား။လာပါဗျာ.."
"ကော..သီးသန့်ခန်းမယူထားဘူး။ကော..စိတ်ကျဉ်းကျပ်မှာစိုးလို့.."
"အင်..ကောင်းပါတယ်။ဒါနဲ့ Dr-စုန့်ကမလာ သေးဘူးနော်"
"ဪ..Dr-စုန့်ကမလိုက်တော့ဘူးတဲ့ အဲ့တာကြောင့်"
ရိပေါ်ကိုယ်တိုင် Dr-စုန့်ဆီသွားပြီး ဒီတစ်ခေါက်တော့မလိုက်ဖို့ပြောထားခဲ့ ခြင်းကိုတော့ထည့်မပြောခဲ့ပါ။
"အင်း.."
ရိပေါ်နဲ့ရှောင်ကျန့်နှစ်ယောက်ပဲ စားစရာတွေမှာလိုက်သည်။စားတော့လည်း တစ်ချန်လုံးလူကိုကြည့်နေတဲ့ရိပေါ်ကြောင့် ရှောင်ကျန့်အေနခက်လာသည်။
"၀မ်ရိပေါ်..ထမင်းမစားဘူးလား"
"ဗျာ..!စားပါတယ်ကောရဲ့.."
"ငါ့ကိုဒီလောက်ပဲကြည့်ပြီးထမင်းကို ကောင်းကောင်းစားတော့.."
"ဟီးးဟုတ်ကဲ့ကော.."
ရှောင်ကျန့်ထမင်းစားနေရင်းဆိုင်ထဲ ကော့တော့ေကာ့တော့၀င်လာတဲ့ကလေး သေးသေးလေးကိုကြည့်မိသွားသည်။ကလေးကတစ်ကယ့်ကိုချစ်စရာလေးဖြစ် နေတာကြောင့်ရှောင်ကျန့်အကြည့်မလွှဲနိုင် အောင်အသည်းတွေယားနေလေသည်။ကြည့်ရတာကလေးကတစ်ယောက်ထဲ
လျှောက်သွားနေဟန်တူသည်။
"ကော..တော်ပြီလား.."
"မဟုတ်ဘူး..ဟိုကလေးလေး လေချစ်စရာလေးနော်.."
ရှောင်ကျန့်လှမ်းပြတဲ့ကလေးကိုရိပေါ်ပါ လှမ်းကြည့်လိုက်တော့ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကမျက်လုံးထဲ၀င်လာသည်။ဘာမှမသိတဲ့ကလေးငယ်လေးနောက်မှာ လိုက်နေတဲ့တမန်တော်နဲ့အတူ ကလေးငယ်ရဲ့သေဆုံးခြင်းပုံရိပ်တွေ
ရိပေါ်အမြန်အကြည့်လွှဲလိုက်မိသည်..
ရှောင်ကျန့်ကတော့ထမင်းပင်ဆက်မစားပဲ ထိုကလေးကိုသာပြုံးပြီးကြည့်နေဆဲ
"ကော..အဲ့ကလေးကိုအရမ်းချစ်တာပဲလား"
"အင်း..ကလေးကချစ်စရာလေး..
ငါတောင်လိုချင်တယ်.."
ထိုကလေးငယ်ရဲ့သေဆုံးခြင်းဟာ ဒီဆိုင်ထဲမှာပဲဖြစ်မှာဖြစ်တဲ့အတွက်ရိပေါ် ပိုပြီးစိုးထိတ်လာသည်။ကလေးလေးကို စစမြင်ခြင်းဒီလောက်ချစ်နေတဲ့ရှောင်ကျန့်က သူ့ရှေ့မှာဒီကလေးတခုခုဖြစ်သွားတာ မြင်ရင်သေချာပေါက်၀မ်းနည်းသွားမှာအမှန်ပင်။ရှောင်ကျန့်၀မ်းနည်းသွားမှာကိုတော့
ရိပေါ်အဖြစ်မခံနိုင်ပါ..
ကျွီ~~
ဝုန်း..!!!
"ရိပေါ်..!!"
""အမလေး..ဟိုမှာကလေးလေးနဲ့..!""
""တော်သေးတာပေါ့..!ဟိုကောင်လေး ဆွဲတာမြန်လို့..""
ပျက်ကျလာတဲ့မီးဆိုင်းအကြီးကြီးဟာ ကလေးပေါ်ပိတော့မှာကိုရိပေါ် အမြန်၀င်ဆွဲလိုက်သည်။ထိုကလေးရဲ့သေဆုံးခြင်းကအဲ့တာပင်..
ရိပေါ်ကဘေးကိုဆွဲခေါ်လိုက်တာမို့ ကေလးရောရိေပါ်ေရာဘာမှမဖြစ်သွားခဲ့
"ရိပေါ်..!ဘာဖြစ်သွားသေးလဲ..ထိသွားလား..!"
"ကျွန်တော်ဘာမှမဖြစ်..အ့..!အား..ကျစ်.!"
ရုတ်တစ်ရပ်ခေါင်းထဲကထိုးကိုက်လာမှု ကြောင့်ရိပေါ်ဒူးထောက်လျက်လဲကျသွားသည်။
ခုနကကလေးကိုလှမ်းကြည့်မိတော့ ကလေးနောက်မှာရှိနေခဲ့တဲ့တမန်တော်က အနီရောင်အငွေ့တွေအဖြစ်လွင့်ပျောက်
သွားသည်။ကြည့်ရတာတော့ဒီကလေးရဲ့ ကံကြမ္မာပြောင်းသွားပြီဖြစ်သည်။
*ဒါပေမဲ့..ဒါပေမဲ့ဘာဖြစ်လို့ ငါကဒီလိုဖြစ်နေရတာလဲ..*
"ရိပေါ်..ဘာဖြစ်လို့လဲ..ရိပေါ်..!
သတိထားဦး.!"
"အား..!ကော~~ကျွန်တော်..အ့..!"
"ရိပေါ်..!!!"
ရှောင်ကျန့်ရဲ့စိုးရိမ်တကြီးခေါ်သံကို နောက်ဆုံးအဖြစ်ကြားလိုက်ရပြီးရိပေါ် ကမ္ဘာကြီးအမှောင်ကျသွားခဲ့သည်။
~~~~~~~~~~~~~~👻~~~~~~~~~~~~~~~
ရိပေါ်ဘာဖြစ်သွားတယ်ထင်ပါသလဲ..?
ဟုတ်ကဲ့..နောက်တပိုင်းမှလာပါမယ်နော်😜
sorry for my late update.
90° bow to all my readers...💚💗