Chapter 15



[ Unicode ]


ယွမ်ယွမ် Aမြို့ကနေပြန်ရောက်ပြီးနှစ်ရက်နေတော့ ရှောင်ထယ့်နှင့်အိုလီဗီယာတို့လည်း Tမြို့ကိုပြန်လာကြသည်။ ဟိုမှာ သူတို့လည်စရာပတ်စရာနေရာများများမရှိတာတစ်ကြောင်း၊ ထိုမြို့ကတစ်ဆင့် အခြားကိုသွားလည်ဖို့အတွက် တိုက်ရိုက်လေယာဉ်မရှိတာရောကြောင့် ခပ်ကြာကြာမနေဖြစ်ကြ။


ဟိုမှာက နေ့တိုင်း နေပူစာလှုံဖြစ်အောင်ကို သာယာ၏။ Tမြို့မှာတော့ နှင်းကျပြီးအေးလွန်းသည်က လူပါတောင့်ခဲမတတ်ပင်။ ထို့ကြောင့် သူတို့ပြန်ဖို့ လေယာဉ်လက်မှတ်အလောတကြီး ဘိုကင်လုပ်လိုက်တော့သည်။


ဒီရက်အတောအတွင်း သူတို့ကိုဂရုစိုက်ပေးခဲ့တာအတွက် ကျေးဇူးတင်တဲ့အနေနှင့် ချန်တုံလန့်ကို ညစာလိုက်ကျွေးချင်ကြောင်း ရှောင်ထယ့်ကပြောလာသည်။


ဒါ ရှောင်ထယ့်ပုံစံမဟုတ်။ အသေအချာမေးကြည့်လိုက်တော့မှ ချန်တုံလန့်ပထွေးဖြစ်သူ၊ ရှောင်ထယ့်အဖေက သူ့ကိုဒီလိုလုပ်ဖို့ပြောထားတာကြောင့်ဆိုတာ သဘောပေါက်လိုက်သည်။ အိမ်အပြန်မှာ ချန်တုံလန့်ကို ညစာလိုက်ကျွေးထားသည့် ပြေစာပါမသွားရင် ကားလီဗာခြေနင်းကိုတောင် မနင်းနိုင်လောက်အောင် အရိုက်ခံရမည်ဖြစ်ကြောင်းလည်း ပြောသည်။


အစ်ကိုအကြီးဆိုတော့ ချန်တုံလန်အစက ငြင်းလိုက်သည်။ ဒါပေမဲ့ ဦးလေးရှုလုပ်ခိုင်းတာမှန်းသိလိုက်ရတော့ သူလက်ခံလိုက်သည်။


သူတို့ သိပ်ရင်းရင်းနီးနီးမရှိသည်ကြောင့် သင့်တင့်သည့်လောကဝတ်တို့အတိုင်း ဆက်ဆံရဦးမည်။


ညစာအတွက် ခုနစ်နာရီမှချိန်းထားတာဆိုတော့ ချန်တုံလန် အလျင်မလိုနေ။ အလုပ်ဆင်းတော့ သူလုပ်နေကျအတိုင်း ဟင်းသီးဟင်းရွက်ဝယ်ပြီး ဟင်းချက်သည်။


ယွမ်ယွမ် သူ့နှင့်အတူ အရွက်တွေဆေးနေရင်း ချန်တုံလန် ထမင်းကို နို့ဆီဘူးတစ်လုံးပဲချက်တာ သတိထားမိပြီး စိတ်ထဲတစ်မျိုးဖြစ်မိကာ မေးလိုက်သည်


"မင်းဘာလို့ တစ်ယောက်စာပဲချက်တာလဲ?"


ချန်တုံလန် ယွမ်ယွမ့်ကိုမပြောပြရသေး "ငါ့ညီက ပြန်ရောက်နေပြီ။ ဒီနေ့ သူတို့နဲ့ အပြင်မှာသွားစားမလို့"


ယွမ်ယွမ် ခေါင်းညိတ်လိုက်သည်


"ဘယ်အချိန်လဲ? ငါ မင်းကိုလိုက်ပို့ပေးမယ်"


"မလိုပါဘူး"


ချန်တုံလန် ပုံမှန်ပဲပြောလိုက်သည်။


ယွမ်ယွမ်လည်း မတတ်နိုင်တော့။ သူ့လို ခေါင်းမာနေလို့ မရသေးဘူးလေ။


ရှစ်နာရီထိုးခါနီးတော့ ချန်တုံလန် အပေါ်ထပ်ကုတ်အင်္ကျီထပ်ဝတ်ပြီး "ငါသွားပြီ"လို့ပြောကာ အပြင်ထွက်ဖို့ပြင်ဆင်နေသည်။ ယွမ်ယွမ် ဒီနေ့ရာသီဥတုကို သတိရသွားပြီး အခန်းထဲဝင်ကာ လည်စည်းပဝါ သွားယူလိုက်သည်။ သူ ချန်တုံလန့်ဆီ တည့်တည့်လျှောက်သွားလိုက်ပြီး သူ့ပခုံးကိုလှမ်းဆွဲကာ လည်ပင်းမှာ လည်စည်းပဝါပတ်ပေးလိုက်သည်။


ချန်တုံလန့်မျက်နှာတစ်ဝက်က သိုးမွှေးလည်စည်းပဝါအောက်မှာ မြုပ်နေသည်။ မျက်လုံးတစ်စုံကိုပဲ မြင်နေရသည့် ကြောင်အအပုံစံလေးက ရယ်ချင်စဖွယ်အတိ။


"အအေးထပ်မမိစေနဲ့"


ယွမ်ယွမ် လည်စည်းပဝါအနေအထားကို ကူညှိပေးပြီး မေးစေ့အောက်ကို ဆွဲချပေးလိုက်သည်။


သူကဆွဲချပေးထားပေမဲ့ ချန်တုံလန်က ခေါင်းငုံ့ကာ လည်စည်းပဝါကိုအပေါ်ပြန်ဆွဲတင်ပြီး သူ့မျက်နှာတစ်ဝက်ကိုဖုံးလိုက်သည်


"ကျေးဇူး..."


သူ တံခါးဖွင့်ပြီးထွက်သွားတော့ တံခါးဘောင်နှင့်ခလုတ်တိုက်လဲတော့မလိုဖြစ်သွားသေးသည်။


ချန်တုံလန် လေအေးတွေတိုက်ခတ်နေတဲ့ လေထုထဲ တိုးခွေ့လျှောက်လှမ်းနေပေသည့် မျက်နှာကပူကျစ်လို့နေသည်။ စားသောက်ဆိုင်မှာ ရှောင်ထယ့်တို့ အိုလီဗီယာတို့နှင့်တွေ့တဲ့အချိန်ထိအောင် ပုံမှန်အခြေအနေကို အပြည့်အဝ ပြန်မရောက်သေး။


"ကော"


သူ့ကိုတွေ့သွားတော့ ရှောင်ထယ့်ကပြုံးကာ သေသေချာချာထုတ်ပိုးထားသည့်ဘူးတစ်ဘူး သူ့ဆီထိုးပေးလာသည်


"ဟိုရောက်တုန်းက ကျွန်တော်တို့ ကောအတွက် လက်ဆောင်ဝယ်လာခဲ့တယ်။ ကောက ဒါလေးဆိုကြိုက်မှာဆိုပြီး အိုလီဗီယာကိုယ်တိုင် ရွေးပေးထားတာ"


ရှောင်ထယ့်က ဒီလိုအလိုက်တသိ ခေါင်းထဲသတိရပေးတတ်တဲ့လူမဟုတ်။ ဒါ ဦးလေးရှုလုပ်ခိုင်းတာမှန်း ချန်တုံလန်သိလိုက်သည်။ သူမငြင်းတော့ဘဲ လက်ဆောင်ဘူးကိုလက်ခံယူလိုက်သည်။


"ကျေးဇူးပဲ။ မင်းတို့တွေ ဒုက္ခများရမှာပဲ"


အိုလီဗီယာက ရှောင်ထယ့်ကို မျှော့တွယ်သလိုတွယ်ဖက်ထားပြီး ချိုချိုသာသာလေး ပြောလာသည်


"ကောကော၊ ဒါကို ဖွင့်ပြီးကြည့်ကြည့်လေ"


ပွင့်ပွင့်လင်းလင်းပြောရရင် ချန်တုံလန် အိုလီဗီယာ့ကို စိတ်ထဲတကယ်သဘာမကျမိ။ ဒါပေမဲ့လည်း သူမက ရှောင်ထယ့်ကောင်မလေးဆိုတော့ သူ ဖော်ဖော်ရွေရွေပဲ ပြောလိုက်သည်


"အရင်စားကြရအောင်။ စားပြီးမှ ကြည့်ကြည့်ကြတာပေါ့။ ကျေးဇူးနော်"


အိုလီဗီယာက နှုတ်ခမ်းစူပုတ်သွားပေမဲ့ ဘာမှတော့မပြောလာ။


ဒီတစ်ခေါက်လည်း ရှောင်ထယ့်နှင့် အိုလီဗီယာတို့ နိုင်ငံခြားဖြစ်အရက်အချို့မှာပြန်သည်။ ချန်တုံလန်က ထုံးစံအတိုင်း ရိုးရိုးရေပဲမှာချင်ပေမဲ့ အိုလီဗီယာက ချန်တုံလန့်လက်ထဲက မီနူးကို ဆွဲချပြီး ပြုံးကာပြောသည်


"ဒီဆိုင်မှာ နာမည်ကြီးအသီးဖျော်ရည်အမျိုးအစားတွေရှိတာ ညီမသိထားတယ်။ ကောကောအတွက် ကူပြီးမှာပေးမယ်လေနော်"


သူမ အရမ်းစိတ်အားထက်သန်နေတာတွေ့တော့ သူ့ကိုကိုအပေါ် ကောင်းတဲ့အချက်လေးတွေပြဖို့ ကြိုးစားပေးနေတယ်လို့ တွေးပြီး ရှောင်ထယ့်လည်း လိုက်ပြောပေးလိုက်သည်


"အဲ့လိုလုပ်တာ ကောင်းတာပေါ့လို့။ ကော၊ ကောအတွက် သူ့ကိုပဲမှာခိုင်းလိုက်ပါ"


အိုလီဗီယာ့ စိတ်လိုလက်ရဖြစ်နေတဲ့ပုံက ထူးဆန်းသည်ဟု ချန်တုံလန်ခံစားမိသည်။ ဒါပေမဲ့ ရှောင်ထယ့်ကပါ ထောက်ခံပေးနေတော့ သူခေါင်းညိတ် သဘောတူလိုက်သည်


"မင်းကို ဒုက္ခပေးရတော့မယ်"


အိုလီဗီယာ ပျော်သွားပြီး ဝမ်းသာအားရနှင့် မီနူးကိုကြည့်နေသည်။ သူမ အရမ်းပျော်နေတာတွေ့တော့ ရှောင်ထယ့်မျက်နှာက ပြုံးဖြီးနေတော့သည်။


ချန်တုံလန်လည်း မတတ်သာသည့်အဆုံး စိတ်ပူနေတာတွေကို ခေါင်းထဲကထုတ်လိုက်တော့သည်။ သမီးရည်းစားဆက်ဆံရေးတစ်ခုဆိုတာ ဒီလိုမျိုးပေါ့။ အပြင်လူတွေအနေနဲ့ တစ်ခုခုက အဆင်မပြေမသင့်တော်ဘူးလို့ ဘယ်လိုပဲထင်ကြပါစေ ကာယကံရှင်တွေ ပျော်နေစိတ်ချမ်းသာနေသ၍ အခြားလူတွေအနေနှင့် ဝေဖန်နိုင်ခွင့်လုံးဝမရှိ။


တအောင့်လောက်ကြာတော့ စားပွဲထိုးက ချန်တုံလန့်အတွက် လိမ္မော်ရည်တစ်ခွက်ယူလာသည်။ ဆိုဒါလိုအရသာမျိုးနှင့် လိမ္မောသီးနံ့လည်းရသည်ဆိုပေမဲ့ ဘာဖျော်ရည်လဲဆိုတာ ချန်တုံလန်မသိ။


စားနေတုန်း ရှောင်ထယ့်ကမေးလာသည်


"ကော၊ မားနဲ့ပါးတို့ကို သွားတွေ့ဖို့ တွေးဖြစ်ဖူးလား?"


ဒီမေးခွန်းက ရှောင်ထယ့်ကိုယ်တိုင်မေးချင်တဲ့မေးခွန်းလား မားနှင့်ဦးလေးရှုတို့မေးချင်တာလားဆိုတာ ချန်တုံလန် သေချာရှင်းရှင်း တွေးဆကြည့်လို့မရ။ သူတို့နှင့် အထက်တန်းတတိယနှစ်တည်းကပြန်မတွေ့ဖြစ်တော့တာဖြစ်သည်။ နောင်လည်း တွေ့စရာမလိုဟုတွေးမိသည်။


"ငါ့အလုပ်မှာ အရမ်းအလုပ်များတာမလို့ သွားဖို့အတွက်က အချိန်ရှိမနေတော့ မတွေးဖြစ်ဘူး"


ရှောင်ထယ့်ကြည့်ရတာ သူ့စကားကိုယုံပုံမရ


"ကောတို့ကုမ္ပဏီမှာက နှစ်စဉ်လစာပြည့်ခွင့်ရက်ဆိုပြီးမရှိဘူးလား? အကြာကြီးမနေရင်တောင် သုံးရက်လောက်လာရင်ကို ရနေတာပဲ"


"ခရီးအတွက် နှစ်ရက်တစ်ပိုင်းလောက် အချိန်ဖြုန်းပစ်ရတာကျ အရမ်းပင်ပန်းလို့။ မားနဲ့ ဦးလေးရှုတို့ကို အဲ့လိုကြီးတွေ့ရတာကျလည်း မကောင်းဘူးလေ"


ချန်တုံလန် အအေးကိုတစ်ငုံအပြည့်သောက်လိုက်ပြီး တမင်ခေါင်းစဉ်လွှဲပြီးပြောလိုက်သည်


"မင်း ဘွဲ့ရပြီးပြီမလား၊ မင်းအခုဘာလုပ်မှာလဲ?"


သူ့အစ်ကိုပြန်ဖြေလာတဲ့စကားက သူ့ကို ကသိကအောက်ဖြစ်သွားစေပြီး သူ့အလုပ်အကြောင်းမေးတာကြားလိုက်ရတော့ ပိုလို့တောင် စကားပြောရခက်လာတော့သည်


"ကျွန်တော်တို့တီးဝိုင်းအတွက် ပြင်ဆင်နေကြတုန်းပဲ"


သူ ဂီတပိုင်းကိုလေ့လာခဲ့ပြီး ကောလိပ်တက်နေတုန်းမှာပဲ သူငယ်ချင်းတွေနှင့်တီးဝိုင်းတစ်ခုဖွဲ့ထားသည်။ အလုပ်အကိုင်တစ်ခုလို့မြင်ရပေသည့် အမှန်တော့ အလေလိုက်နေဖို့ ဆင်ခြေကောင်းတစ်ခုအနေနှင့် အသုံးချနေသည်သာ။ တကယ်တမ်း ဘာဆိုဘာမှမလုပ်ဖြစ်။


သူ ထိုအကြောင်းကြောင့်နှင့် အနေရခက်သွားရသည်ကို ချန်တုံလန်မသိဘဲ အားတက်သရောပြောသည်


"ကောင်းတာပေါ့။ ဆက်လုပ်ချေ"


"ဟုတ်ကဲ့ပါ..."


ရှောင်ထယ့် စိတ်မပါလက်မပါနှင့်ပြောလိုက်သည်။ သူ စကားလမ်းကြောင်းလွဲပစ်ချင်နေပေမဲ့ ချန်တုံလန့်ပုံက အဆင်မပြေဖြစ်နေမှန်း သူသတိထားမိသွားပြီး


"ကော၊ ကောမျက်နှာက ဘာလို့အရမ်းနီနေတာလဲ?"


ချန်တုံလန် နှဖူးကိုစမ်းကြည့်လိုက်တော့ တော်တော်လေးပူနေသည်


"ခေါင်းနည်းနည်းနောက်နေလို့ဖြစ်မယ်"


အစောပိုင်းထဲက သူ ခေါင်းနောက်နေတာဖြစ်သည်။ မီးရှောင်မှိန်ပြပြဖြစ်နေတာကြောင့်လို့ တွေးပြီး သိပ်အာရုံမထားဖြစ်။


ရှောင်ထယ့်လည်း ခေါင်းညိတ်ပြပြီး အာရုံထဲမထားနေတော့။


တအောင့်လောက်နေတော့ တဖြည်းဖြည်းချင်းပိုလို့မသက်မသာဖြစ်လာသည်။ ချန်တုံလန် မျက်မှောင်ကြုတ်ထားပြီး ခေါင်းကိုလက်နှင့်ထိန်းထားရသည်။


အိုလီဗီယာ မြင်သွားတော့ တခစ်ခစ်နှင့်ရယ်သည်


"ကောကောရဲ့ခေါင်းဆီ စတင်လို့ရောက်သွားပါပြီပေါ့"


"ကော?"


ရှောင်ထယ့် တစ်ခုခုကို သတိထားမိသွားပြီး ချန်တုံလန့်ရဲ့ တစ်ဝက်သောက်လက်စ လိမ္မော်ရည်ခွက်ကို ကောက်ယူကာ နှာခေါင်းနားကပ်ပြီး ရှိုက်ကြည့်လိုက်သည်


"ဗီယာ၊ ဒါကအသီးဖျော်ရည်မဟုတ်ဘူး။ အရက်တွေပဲ"


အိုလီဗီယာ အားရကျေနပ်စွာ ရယ်သည်


"ဟုတ်တယ် ဒီစားသောက်ဆိုင်ရဲ့ နာမည်အရမ်းကြီးတဲ့ အရက်ဆက်စပ်သောက်စရာတွေက အရမ်းသေသပ်တယ်။ အရက်လို့ကိုမထင်ရဘူး။ အရက်မသောက်တဲ့လူတွေဆို ဒါကအရက်ပါလို့ကိုပြောနိုင်မှာမဟုတ်ဘူး။ နောက်ပြီး ပါတဲ့အယ်ကိုဟောပမာဏက မနည်းဘူးနော်"


ရှောင်ထယ့် မျက်နာကိုတည်လိုက်ပြီး အိုလီဗီယာ့ကိုကြည့်ကာ


"ဗီယာ၊ ကောကောကို တောင်းပန်"


အိုလီဗီယာ သူ့ကိုအပြောပဲရှိတဲ့လူမှန်းသိတာကြောင့် ရယ်နေတာ မရပ်ဘဲ ဆက်ပြောသည်


"ဆောတီး။ ကောကော ဗီယာက စိတ်ရင်းနဲ့ကိုတောင်းပန်ပါတယ်နော်"


ချန်တုံလန် မျက်မှောင်ကြုတ်လိုက်သည်။ ခေါင်းကိုက်တာနှင့် မူးဝေတာက ပိုဆိုးလာပြီး အိုလီဗီယာ့စကားကိုတောင် ဘာဆိုတာနားမလည်တော့။


ချန်တုံလန် စိတ်မဆိုးတာတွေ့တော့ အနေရခက်တာမျိုးထက် ရှောင်ထယ့် နည်းနည်း စိတ်ပူသွားသည်


"ကော၊ အရက်နဲ့ အလက်ဂျစ်ရှိလား?"


ချန်တုံလန် ခေါင်းခါသည်။


ရှောင်ထယ့် စိတ်သက်သာသွားပြီး သက်ပြင်းရှည်ကြီးချကာ


"အဲ့တာဆို..."


"တော်သေးတာပေါ့"ဆိုတဲ့စကားမထွက်သွားခင် သူ ဘုတ်ခနဲ ကျသံကြားလိုက်ရပြီး ချန်တုံလန် စားပွဲပေါ် ခေါင်းမှောက်လျက်သား ပစ်လှဲသွားသည်။


"ကော!"


ရှောင်ထယ့် ထိုင်ခုံကနေ ထရပ်လိုက်သည်။ အိုလီဗီယာလည်း လန့်သွားသည်။


ချန်တုံလန် ခုံနှင့်ခေါင်းနှင့်ဆောင့်သွားတော့ နည်းနည်းတော့အမူးပြေသွားပြီး ထိုင်ရာကမတ်တပ်ရပ်ဖို့လုပ်ပေမဲ့ သူ့ကိုယ်သူမသယ်နိုင်တော့


"ရှောင်ထယ့်ရေ အားနာပါတယ်...ငါ အရင် ပြန်ရတော့မယ်"


ရှောင်ထယ့်က သူ့ကို ကူတွဲပေးသည်


"ဟုတ်ပြီ ဟုတ်ပြီ၊ ကျွန်တော် ကောကို အိမ်ပြန်ပို့ပေးမယ်"


ကျသင့်ငွေရှင်းပြီး ငွေရှင်းပြေစာသိမ်းထားဖို့ကို အိုလီဗီယာက သတိပေးလာသည်။


တစ်ယောက်တည်းအိမ်ပြန်ဖို့အတွက်က မဖြစ်နိုင်ဘူးဆိုတာသိလို့ ချန်တုံလန် မငြင်းလိုက်တော့။


"ငါ နေတာက..."


ချန်တုံလန် သူနေတဲ့လိပ်စာကို ဖတ်စာအုပ်ထဲကစာကိုအလွတ်ဆိုပြရသည်အတိုင်း အာဂုံဆောင်ပြီးနောက် အရမ်းမသက်မသာဖြစ်လာပြီး ဆက်တောင်အသံမထွက်နိုင်တော့ပေ။


အိုလီဗီယာ ကျသင့်ငွေမြန်မြန်ရှင်းလိုက်ပြီး နှစ်ယောက်သား ချန်တုံလန့်ကို တစ်ယောက်ကချီ တစ်ယောက်ကကူတွဲထားပေးရင်း ခက်ခက်ခဲခဲနှင့် တိုက်စီပေါ်တင်လိုက်နိုင်သည်။


အိမ်က စားသောက်ဆိုင်နှင့်သိပ်မဝေးလှ။ ဆယ်မိနစ်လောက်ပဲ တိုက်စီစီးလိုက်ရသည်။ ဒါပေမဲ့ ဒီလောက်အချိန်ခဏလေးအတွင်းမှာတင် ချန်တုံလန်တစ်ယောက် ကားတံခါးကိုမှီထားလျက် အိပ်ပျော်သွားပြီ။ နိုးလို့လည်းမရတော့။


ချန်တုံလန် ဘယ်အထပ်မှာနေမှန်းလည်း ရှောင်ထယ့်မသိတာကြောင့် သူ အိုလီဗီယာ့ကို တိုက်စီခအပြင် အပိုငွေပါ ထပ်ပေးလိုက်ဖို့ပြောပြီး ခဏလေးစောင့်နေပေးဖို့ ကားဆရာကို အကူအညီတောင်းရသည်။ ချန်တုံလန်က သူငယ်ချင်းတစ်ယောက်နှင့် အတူနေသည်ဟုပြောဖူးတာ သူသတိရသွားပြီး အင်္ကျီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ကာ ဖုန်းခေါ်တဲ့ဆီ ဝင်ကြည့်လိုက်သည်။


အစက သူ့အစ်ကိုနှင့်အတူနေတဲ့ အခန်းဖော်ကိုရှာတွေ့ဖို့ရာ ဖုန်းနံပါတ်တွေအများကြီးခေါ်ကြည့်ဖို့လိုမယ်ထင်ခဲ့ပေမဲ့ ဖုန်းခေါ်မှုစာရင်းကို တစ်ချက်ကြည့်လိုက်တာနှင့်တင် တစ်ယောက်တည်းကိုဆက်သွယ်ထားသည့် ဖုန်းခေါ်မှုစာရင်း အရှည့်အရှည်ကြီးကို ရှာတွေ့သွားသည်။ ထိုလူနာမည်က "ယွမ်ယွမ်"လို့မှတ်ထားပြီး ချန်တုံလန် သူနှင့်ပဲဆက်သွယ်ထားသည်။ သို့နှင့် သူ ယွမ်ယွမ့်ဆီပဲ တန်းပြီးဖုန်းခေါ်လိုက်သည်။


သူ အခြေအနေကိုရှင်းပြပြီးပြီးချင်းပဲ ယွမ်ယွမ်ဖုန်းချသွားပြီး နှစ်မိနစ်အတွင်း တိုက်စီရှေ့ ပေါက်ချလာသည်။


"မင်္ဂလာပါ..."


ယွမ်ယွမ့်ကိုတွေ့သွားတော့ ရှောင်ထယ့်သတိကပ်ထားရင်း နှုတ်ဆက်လိုက်သည်။


ယွမ်ယွမ် သူ့ကိုအဖက်မလုပ်ဘဲ ချန်တုံလန့်ဆီတန်းတန်းမတ်မတ်လျှောက်သွားသည်။ ဖုန်းထဲမှာပြောသည့်အတိုင်း "အရက်မူးပြီး မေ့လဲနေတယ်"ဆိုတာ အမှန်ပဲ။ မျက်နှာကနီရဲလို့ ကားတံခါးကိုမှီထားလျက် အသက်ရှူတာလည်း ခပ်ပျက်ပျက်နှင့် မြန်လို့နေသည်။ အိပ်ပျော်နေတာလား မူးလဲနေတာလားမသေချာ။


"တစ်ခွက်သောက်ပြီးတာနဲ့ မူးလဲသွားတတ်တာကို မင်း သူ့ညီဖြစ်နေပြီး ဒါတောင်မသိဘူးလား?"


ယွမ်ယွမ် ရှောင်ထယ့်ကိုအမိန့်ပေးသည့်လေသံဖြင့်ပြောလိုက်သည်


"ငါ သူ့ကိုကုန်းပိုးလိုက်မယ်။ မင်းထားခဲ့လို့ရပြီ"


ရှောင်ထယ့် ရှက်သွားရသည်။ သူ ချန်တုံလန့်ကို ယွမ်ယွမ့်ကျောပေါ်ကူပြီးပင့်တင်ပေးလိုက်သည်။


သူ့ကျောပေါ်မှာ နေရာကျသွားတော့ ယွမ်ယွမ့် ခက်ထန်နေသည့်မျက်နှာအမူအရာတို့က အနည်းငယ်ပြေလျော့သွားသည်။ ကြောက်လန့်နေရသည့် အိုလီဗီယာလည်း နောက်ဆုံးတော့ စိတ်သက်သာရာရသွားတော့သည်။


"သူ့ကိုပြန်ပို့ပေးတာ ကျေးဇူးပဲ"


ယွမ်ယွမ် ခြေလှမ်းကျဲကြီးတွေနှင့် တိုက်ဖက်ကိုလျှောက်သွားသည်။ ရှောင်ထယ့်လည်း သူ့နောက်ကနေ သုတ်တီးသုတ်ပျာလိုက်လာသည်။


ယွမ်ယွမ် သူ့ကိုလှည့်ကြည့်လိုက်ပြီး


"ငါ မင်းအကူအညီမလိုဘူး။ မင်းပြန်လို့ရပြီ"


ရှောင်ထယ့် အပြစ်ရှိသလိုခံစားရကာ


"ကောအဆင်ပြေတယ်ဆိုတာ ကျွန်တော်မြင်ရမှဖြစ်မယ်။ အဲ့တော့မှ ကျွန်တော် စိတ်သက်သာရမှာ"


ယွမ်ယွမ် မျက်မှောင်ခပ်ရေးရေးကြုတ်သွားပြီး နှစ်စက္ကန့်လောက်တုံ့ဆိုင်းနေပေမဲ့ ဘာမှမပြောနေတော့ဘဲ လက်ခံလိုက်သည်။


ရှောင်ထယ့် နောက်လှည့်ပြီး အိုလီဗီယာ့ကို ပြောလိုက်သည်


"ဗီယာ၊ ဟိုတယ်ပြန်နှင့်ပြီး ကိုယ့်ကိုစောင့်နေနော်"


ဒီစကားလေးတစ်ခွန်းပြောလိုက်ရုံလေးတင်ကို ယွမ်ယွမ်လမ်းလျှောက်တာ ရှေ့ကိုဝေးဝေးရောက်နှင့်နေပြီ။ ရှောင်ထယ့် အပြေးမှီအောင်လိုက်ရသည်။


သူ့ကျောပေါ်မှာ ချန်တုံလန်ရှိနေတော့ သူအသက်ရှူထုတ်လိုက်တဲ့လေနွေးနွေးရယ် အရက်နံ့ ချိုသင်းသင်းရယ်တို့ကို ယွမ်ယွမ်ခံစားမိနေသည်။


အစတုန်းကတော့ သူတော်တော်လေးစိတ်တိုမိသည်။ ဒါပေမဲ့ ချန်တုံလန်က အရပ်ရှည်တာတောင် ကုန်းပိုးရတာ ခက်ခက်ခဲခဲသိပ်မရှိ။ သူ့ရင်ထဲက ဒေါသအဟုန်ကို ပျော့ပြောင်းငြိမ်သက်သွားစေသည်။


တကယ့်ကိုပဲ... တစ်ချိန်လုံး မျက်လုံးဒေါက်ထောက်ကြည့်နေတဲ့ကြားထဲက တစ်မိနစ်လေးတောင် စိတ်မအေးနိုင်ဖြစ်ရသည်။


အိမ်ထဲရောက်တော့ ချန်တုံလန့်ကို အိပ်ရာပေါ်ချလိုက်ပြီး ရှောင်ထယ့်ကို ဖိနပ်ကူချွတ်ပေးဖို့ပြောလိုက်သည်။ သူ တဘက်အစိုတစ်ထည်သွားယူလိုက်ပြီး ချန်တုံလန့်မျက်နှာကို ရေပတ်ဝတ်ပွတ်ပေးသည်။


တဘက်က ရေအေးဆွတ်လာတာဆိုတော့ တော်တော်လေးအေးနေလောက်သည်။ နှာဖူးကိုတဘက်နှင့်ထိလိုက်တိုင်း ခေါင်းက ဘယ်ညာနည်းနည်းလေးလှုပ်သွားပြီး ညည်းသံပါထွက်လာသည်။


ချန်တုံလန့်ဖိနပ်ကို ချွတ်ပေးပြီးနောက် ရှောင်ထယ့် အနေရခက်ခက်နှင့် မေးလာသည်


"ဒီဟာ...ဒါကို ကျွန်တော်ဘယ်နားထားရမလဲ?"


ယွမ်ယွမ် အိမ်တံခါးကို ထိုးပြပြီး ပြောသည်


"အဲ့မှာ ဖိနပ်စင်ရှိတယ်။ စင်ပေါ်မှာ အိမ်စီးဖိနပ်လည်းရှိတယ်။ မင်းတစ်ခါတည်း လဲစီးလိုက်လို့ရတယ်"


ရှောင်ထယ့် သူ့ရှူးဖိနပ်ကိုငုံ့ကြည့်လိုက်တော့ ပိုလို့တောင်အနေရခက်သွားတော့သည်။


ဖိနပ်လဲစီးပြီးနောက် သူချန်တုံလန့်အခန်းဆီ ပြန်သွားလိုက်သည်။ ယွမ်ယွမ်က ချန်တုံလန့်ကိုစောင်ခြုံပေးထားပြီး အိပ်ရာဘေးမှာထိုင်နေသည်။ ရှောင်ထယ့် သူ့ကိုယ်သူ အပိုလူတစ်ယောက်လိုခံစားရသည်။ ဒါပေမဲ့လည်း ဒီတိုင်းကြီးလည်း လှည့်ပြေးသွားလို့မရသေး။ သူအိပ်ရာဘေးမှာ မတ်တပ်ရပ်ပြီး သူ့အစ်ကိုကို မသက်မသာနှင့်ကြည့်နေမိသည်။


"ရှောင်ထယ့်၊ ငါ မင်းကိုအဲ့လိုခေါ်လို့ဖြစ်လား?"


ရုတ်တရက်ကြီး ယွမ်ယွမ် သူ့ကိုစကားပြောလာသည်။


ယွမ်ယွမ်က အခုပိုပြီးတရင်းတနီးရှိလာတော့ ရှောင်ထယ့်လည်း သက်တောင့်သက်သာဖြစ်ရသည်။


"ရပါတယ်ဗျ။ အဲ့တာဆို ကျွန်တော်ရော အစ်ကို့ကိုဘယ်လိုခေါ်ရမလဲဟင်?"


အဲ့လိုပြောပြီးကာမှ သူ ယွမ်ယွမ့်နာမည်ကိုသိထားပြီးသားမှန်းသတိရသွားပြီး ရှောင်ထယ့် ရင်းရင်းနီးနီးပဲပြောလိုက်သည်


"ကျွန်တော် အစ်ကို့ကို ယွမ်ကောလို့ခေါ်မယ်နော်"


ယွမ်ယွမ် : "..."


တကယ်ရော ချန်တုံလန့်ညီဟုတ်ရဲ့လား?


သူ ချောင်းဟန့်လိုက်သည်


"မင်းအစ်ကိုက တစ်ညလောက်နားလိုက်ပြီးရင် အဆင်ပြေသွားမှာပါ။ မင်းပြန်လို့ရပြီ"


ရှောင်ထယ့်ခေါင်းညိတ်လိုက်ပေမဲ့ သူအလျင်စလိုမပြန်ချင်သေး


"ကျွန်တော် ခဏလေးနေလိုက်ဦးမယ်"


အပြန်အလှန် အသုံးအနှုန်းပြောင်းလိုက်ပြီးနောက် ရှောင်ထယ့်အသက်ရှူချောင်သွားပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။ ဒီမှာရှိနေရတာ သက်တောင့်သက်သာမဖြစ်တာမျိုးလည်းမခံစားမိတော့။ သူ ချန်တုံလန့်အခန်းကို လျှောက်ကြည့်လိုက်တော့ သူ့ရင်ထဲ အကျွမ်းတဝင်ရင်းရင်းနီးနီးရှိတဲ့ခံစားချက်တို့ ပြည့်တက်လာသည်။


တကယ်တော့ သူ့အစ်ကိုအကြောင်းကိုသိချင်ခဲ့တဲ့အချိန်တွေရှိခဲ့ဖူးသည်။ အဲ့တုန်းက ချန်တုံလန်က အထက်တန်း၊ သူက အလယ်တန်းစတက်ခါစ။ နိုင်ငံခြားသွားရင် အခြေခံကောင်းကောင်းရှိနေအောင်အတွက် သူ့မိဘတွေက သူ့ကိုစာလုပ်ဖို့ အတင်းဖိအားပေးခဲ့သည်။ အဲ့တာကြောင့်ပဲ သူပိုပြီး သောင်းကျန်းမိတော့သည်။


ချန်တုံလန်က သူ့ကိုတစ်ပတ်နေလို့ စကားတစ်ခွန်းလောက်တောင်မပြော။ သူ့မျက်လုံးထဲတော့ သူ့အစ်ကိုက သူ့အပေါ်အေးစက်ပြီး ထူးဆန်းလို့နေသည်။ ဒီလိုနဲ့ပဲ သူ့အစ်ကိုရဲ့အခန်းက သူစူးစမ်းလေ့လာရာနယ်မြေတစ်ခုဖြစ်လာတော့သည်။ "ကိုကို့အခန်းထဲမှာ ဘာတွေဖွက်ထားပါလိမ့်"ရယ်လို့ သူ့အတွေးထဲမှာ ထိုအခန်းက လျှို့ဝှက်ချက်တစ်ခုလိုဖြစ်နေပြီး သူ ထိုလျှို့ဝှက်ချက်ကို သိချင်ခဲ့သည်။


အခု ရှစ်နှစ်ကြာသွားပြီးတာတောင် သူ ထိုအတွေးလေးအကြောင်း ခေါင်းထဲပြန်ဝင်လာတာနှင့် သူ့နားမကပ်ရဲခဲ့သည့် စပ်စပ်စုစုကလေးလေးတစ်ယောက် ပြန်ဖြစ်သွားတော့သည်။


လက်နှစ်ဖက်ကိုစု ခြေထောက်နှစ်ချောင်းကိုလည်း ကျုံ့ကျုံ့လေးထားကာ လိမ်လိမ်မာမာအိပ်နေတဲ့ ချန်တုံလန့်ကိုတွေ့သွားပြီး ရှောင်ထယ့် မရယ်ပဲမနေနိုင်တော့


"ကျွန်တော့်အစ်ကိုက အရင်ကလည်း ဒီလိုလေးပဲ။ မအိပ်ခင် ဘယ်လိုအနေအထားနဲ့ပဲအိပ်အိပ် အိပ်ပျော်သွားပြီဆို အမြဲ ဒီပုံလေးအတိုင်းပဲ။ အဲ့တုန်းကဆို သူ့အိပ်ရာက တစ်ယောက်အိပ်ပင်မဲ့ နှစ်ယောက်ဝင်အိပ်လို့ရတယ်။ ခြေရောလက်ရောကို ဂွမ်းစောင်ထဲမှာထုတ်ထားသလိုမျိုးလေး ကွေးကွေးလုံးလုံးလေးအိပ်တာမှ အိပ်ရာဘေးနှစ်ဖက်လုံးမှာ နေရာအလွတ်ကြီးကျန်တယ်"


ရှောင်ထယ့် မပြီးနိုင်အောင်ကို ပြန်တွေးနေမိသည်။ ယွမ်ယွမ့်ကြည့်ရတာ နားထောင်ချင်နေသည့်ပုံပေါ်တာကြောင့် သူရေပတ်မဝင်ပြောပြမိသည်


"တကယ်တမ်းကျ ကောအခန်းထဲမှာ ဘာမှ ထွေထွေထူးထူးရှိမနေဘူး။ ထူးခြားတာဆိုလို့ သူ့စာအုပ်စင်တစ်ခုပဲတွေ့တယ်။ လူမှုသိပ္ပံစာအုပ်တွေ နာမည်ကြီးသိပ္ပံဆိုင်ရာစာအုပ်တွေအပြည့်ပဲ။ ဒါပေမဲ့ မထင်ထားဘဲ အဲ့မှာ ကဗျာစာအုပ်တစ်အုပ်တွေ့တယ်ရော်။ ပြီးတော့ အချစ်ကဗျာစာအုပ်ကြီး။ ကျွန်တော် အဲ့စာအုပ်နာမည်အမြဲမှတ်မိနေတယ် "ဝဏ္ဏ၁၀လုံးပါပေါ်တူဂီကဗျာပေါင်းချုပ်"တဲ့။


ယွမ်ယွမ် အပြင်ပန်းမှာတော့ ဘာမှတုန့်ပြန်မှုမရှိပေမဲ့ သူအံ့ဩသွားရသည်။ ချန်တုံလန် ထိုပျင်းစရာသိပ္ပံစာအုပ်တွေကိုဖတ်တတ်တာသူသိသည်။ အတူနေဖြစ်ထဲကနေတစ်လျှောက်လုံး ဓာတုဗေဒနှင့်ဆိုတဲ့စာအုပ်တွေဖတ်တာပဲတွေ့ရသည်။ ရသစာပေမျိုးကိုလုံးဝထိကိုမထိ။ အချစ်ကဗျာပေါင်းချုပ်စာအုပ်တစ်အုပ်ထဲကိုပဲသိမ်းထားတယ်ဆိုတာက သူ့ကိုလုံးဝကိုအံ့အားသင့်သွားစေသည်။


ရှောင်ထယ့်က မတ်တပ်ရပ်လိုက်ပြီး ထိုစာအုပ်ကို ချန်တုံလန့်စာအုပ်စင်မှာ သွားရှာကြည့်သည်။


"ကောက အဲ့ကဗျာပေါင်းချုပ်ကို အထက်တန်းသုံးနှစ်လုံး အရမ်းမြင်သာထင်သာရှိတဲ့နေရာမှာပဲတင်ထားတာ။ ရှိလောက်ဦးမလားတော့ မသိဘူး"


သူ စာအုပ်စင်ရဲ့အမြင့်ဆုံးအဆင့်မှာ အဖုံးပျက်စီးနေသည့်စာအုပ်အဟောင်းတွေအများကြီးတွေ့လိုက်ပြီး နောက်ဆုံးတော့ ထိုအဆင့်ရဲ့ထောင့်ဆုံးမှာ "ဝဏ္ဏ၁၀လုံးပါပေါ်တူဂီကဗျာပေါင်းချုပ်"ကြီးကိုရှာတွေ့သွားသည်။


သူ အံ့ဩတကြီးနှင့် စာအုပ်ကိုဆွဲထုတ်ပြီး ယွမ်ယွမ့်ဆီလှမ်းပေးလိုက်သည်


"ကြည့်ပါလား ဒီအချစ်ကဗျာစာအုပ်က တကယ်ကြီးရှိနေတယ်။ ကော အဲ့တာကို ဒီလောက်နှစ်တွေအများကြီး သိမ်းထားမယ်လို့မထင်ထားခဲ့ဘူး"


ယွမ်ယွမ် ထိုစာအုပ်ကိုလှမ်းမယူ။ သူနဲ့ ချန်တုံလန်က ဟိုးအစထဲက သဘောတူထားခဲ့သည်အတိုင်း


တစ်ယောက်ပစ္စည်းတစ်ယောက်လုံးဝမထိကြ။ ဒါပေမဲ့ ရှောင်ထယ့်ကတော့ ဒီလိုအတွေးမျိုးရှိပုံမပေါ်တာ သိသာသည်။


ပိတ်ထားသည့် ချန်တုံလန့်ဗီရိုကိုဖွင့်ပြီးတစ်ခုခုရှာကြည့်ဖို့မပြောနှင့် ဖွင့်စရာမလိုသည့် စာအုပ်စင်က စာအုပ်အဟောင်းတစ်အုပ်ကို ယူကိုင်ကြည့်ဖို့ဆိုတဲ့အတွေးမျိုး လုံးဝမရှိနေ။


ယွမ်ယွမ်လှမ်းမယူတော့ ရှောင်ခယ့်လည်း အတင်းထိုးပေးမနေတော့။ ကဗျာစာအုပ်ကို ဘေးမှချထားပြီး စာအုပ်စင်တစ်ခုလုံးကို စိတ်ဝင်တစားနှင့်ကိုရှာနေလေသည်။


ကဗျာပေါင်းချုပ်စာအုပ်ဟောင်းလေးက အခု ယွမ်ယွမ့်ရှေ့မှာရှိနေသည်။ ထိုစာအုပ်က သူအရင်ကဖတ်ဖူးသည်တို့နှင့်ကွဲပြားလှသည်။ စူးစမ်းသိချင်စိတ်ကတစ်ဝက် သူ့စာဖတ်ရတာကြိုက်တဲ့ စိတ်ကတစ်ဝက် တွန်းအားပေးနေသည်ကြောင့် နောက်ဆုံးတော့ စာအုပ်ကို ယွမ်ယွမ် ကောက်ကိုင်လိုက်ပြီး လှန်လှောကြည့်မိသည်။


အထဲကစာရွက်တွေက ဝါကျင့်ကျင့်နှင့် ဖွင့်လိုက်တဲ့အချိန်မှာ စာအုပ်အဟောင်းတွေမှာပဲရနိုင်သည့် ခပ်သင်းသင်းအနံ့လေး ရှိနေသည်။ ယွမ်ယွမ် တစ်ရွက်ချင်းလှန်ကြည့်နေရင် သတင်းစာဖြတ်ပိုင်းတစ်ခုညှပ်ထားသည့် စာမျက်နှာကိုရောက်တော့ သူ့လက်တွေ ရုတ်ခြည်း ရပ်တန့်သွားသည်။


ဒါ ချန်တုံလန်လုပ်ထားတဲ့ စာမှတ်ကဒ်လား?


ယွမ်ယွမ် စာအုပ်ကြားထဲညှပ်ထားတဲ့ သတင်းစာပိုင်းကို ထုတ်ဖတ်ကြည့်လိုက်သည်မှာ သူ့နှလုံးသား အရိုင်းဆန်စွာ စတင်ခုန်လှုပ်လာတော့၏။ သူ စာအုပ်ကို ဆောင့်ပိတ်လိုက်သည်။


သူ့လက်ချောင်းတွေ တုန်ယင်နေသည်။


ညှပ်ထည့်ထားသည့် သတင်းစာက ကိုင်မရလောက်အောင်ကို ဆွေးနေပြီ။ မှင်တွေကလည်းပျက်နေပြီး စာလုံးတွေကဖတ်လို့မရချင်တော့။


သတင်းစာက သူနှင့်ချန်တုံလန်တို့ ဂျူနီယာအထက်တန်းကျောင်းက ကျောင်းသတင်းစာအနေနှင့် ကျောင်းတွင်းဖြစ်ပျက်သမျှတို့ကိုပဲ ပုံနှိပ်ထုတ်ဝေသည့် သတင်းစာ... ကွက်ပြီးညှပ်ထားသည့်စာရွက်ပိုင်းမှာ ပါသည့် အကြောင်းအရာတို့က ယွမ်ယွမ့်အကြောင်း...


သူ ဂျူနီယာအထက်တန်းကျောင်း ဒုတိယနှစ်၊ ကျောင်းအားကစားပွဲတော်ရဲ့ သူမီတာလေးရာအပြေးပြိုင်ပွဲမှာ စံချိန်ချိုးခဲ့ကြောင်းသတင်းဖြစ်သည်။ ဖော်ပြထားသည့်သတင်းကော်လံအကွက်က တော်တော်လေးသေးသည်။ မိန့်ခွန်းပြောတဲ့တစ်ယောက်စာစားပွဲလေးရှေ့မှာ မတ်တပ်ရပ်နေသည့် သူ့ပုံလည်း ခပ်ဝါးဝါးပါသည်။


အဲ့နှစ်တုန်းက သတင်းစာထဲမှာ အသေအချာကိုထည့်ပေးထားမဲ့ သူ့ကတော့သိပ်ခေါင်းထဲမရှိ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ ဒီသတင်းပိုင်းကိုပဲ သပ်သပ်ညှပ်ယူထားပြီး အချစ်ကဗျာပေါင်းချုပ်စာအုပ်ထဲမှာ ဖွက်ထားသည်။


တစ်စုံတစ်ယောက်ကတော့ အပီအပြင်ကို သရုပ်ဆောင် ကောင်းနေသည်...


တစ်စုံတစ်ယောက်ကတော့ အပီအပြင်ကို သရုပ်ဆောင် ကောင်းခဲ့၏...


ဒီကမ္ဘာကြီးမှာ ရှားပါးလှတဲ့အခွင့်အရေးကို စောင့်ဆိုင်းနေတဲ့ကိစ္စအကြောင်းအဖြစ်အပျက်တို့များစွာရှိသည်။ တစ်ကြိမ်တစ်ခါမှ လွဲချော်သွားတာနှင့် တစ်သက်လုံးပြည်ဖုံးကားချလိုက်ရပြီး မိမိမျှော်လင့်ရာကိုလက်လွှတ်ဆုံးရှုံးရမည်။


ဒါပေမဲ့ ထိုအခွင့်အရေးရောက်ရှိလာလို့ဖမ်းဆုပ်နိုင်ရင်လည်း ၄င်းအားအသုံးပြုဖို့ရာ ထိန်းသိမ်းချုပ်ကိုင်ရသည်ကပင် ခက်ခဲပေ၏။


Arthur's Audrey


27:4.2021 // 12:02 PM


.................................


[T/N]


Portuguese Sonnet Collection


Sonnetဆိုတာ ဝဏ္ဏ၁၀လုံးပါကဗျာလို့လဲခေါ်သလို ၁၄ကြောင်းစပ်လင်္ကာလို့လဲခေါ်ပါတယ်တဲ့။ ကဗျာအကြောင်းကတော့ ကိုယ်သေချာမသိလို့ ရှာထားကြည့်သလောက်တော့ အဲ့လိုလို့တွေ့တယ်။


နောက်တစ်ခုက စာအုပ်စင်မှာ လူမှုသိပ္ပံစာအုပ်တွေရှိနေတဲ့ကိစ္စ။ Social scienceအောက်မှာက လူမှုရေးနဲ့ပတ်သက်တာတွေ Anthropology, Human Geography, Sociology, Psychology, Economics, Law, Communication, Criminology, Political Scienceတို့လို subjectအခွဲတွေပါတာပါ။ Labနဲ့ ဆိုတဲ့လိုမျိုး သိပ္ပံလို့ပြောတာနဲ့ ခေါင်းထဲပေါ်လာတဲ့ Chemistry, Physicsတို့လိုဘာသာရပ်မဟုတ်ပါဘူး။ ပထမတစ်ချက် introvertတစ်ယောက်ဆီမှာ အဲ့စာအုပ်မျိုးရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူးရယ်။ ဒုတိယတစ်ချက် တုံလန်က ဓာတုဗေဒမေဂျာနဲ့ပြီးထားတာပါ။ နောက်ပြီး သူက ငယ်ငယ်လေးထဲက သိပ္ပံနဲ့ပတ်သက်တာတွေပဲစိတ်ဝင်စားတာ။ အဲ့အကြောင်းက နောက်မှာပါပါတယ်။ ဘာသာပြန်တာမှားနေတာမျိုးဖြစ်လောက်မယ်ထင်တာပဲရော်။ မဖြစ်နိုင်ဘူးလို့မပြောပါဘူးနော်။


Comments from Chapter 15


[1] May


အမလေး နောက်ဆုံးတော့ ချန်တုံ့လန့်အတွက်နဲ့ ရင်တွေအသဲတွေတစ်စစီဖြစ်နေရပါပြီ။ ယွမ်ယွမ် မင်းချစ်ဇနီးလေးကို မြန်မြန်သိမ်းထားဥထားလိုက်ပါတော့။ သူကအရမ်းအဖိုးတန်လို့ပါ။


Reply from z0ara1.is.n4z4


အဲ့အိုလီဗီယာက သေချာပေါက်မကောင်းတဲ့ကောင်မလေးပဲနေမှာ။


ရှောင်ထယ့် သူ့အစ်ကိုအတွက် သူနဲ့ဝေးဝေးမှာနေသင့်တယ်။


ပြီးတော့ ယွမ်ယွမ်ရေ ချန်တုံလန့်ခံစားချက်တွေကို နောက်ဆုံးတော့သဘောပေါက်သွားပြီလားဟင်?


ယွမ်ယွမ်အတွက် အဲ့တာက ပျော်စရာဖြစ်သွားတာလား အနေရခက်သွားစေတာလားမသိဘူး။ ဘာပဲဖြစ်ဖြစ် သူစပြီး သတိထားမိသွားပြီဆိုတာကိုပဲ ဝမ်းသာနေရပြီ။


[2] _Phantom Shade


ယွမ်ယွမ်ရေ ငါ့ကလေးလေးကိုအဝေးကိုတွန်းထုတ်ပြီး သူဝမ်းနည်းရအောင်လုပ်ရင်ကတော့ သေပြီသာမှတ်။


[3] unihms


ငါဘာလို့ ယွမ်ယွမ်နဲ့အတူရင်တွေခုန်နေမိပါလိမ့်။ ဒီလိုတိုးတက်မှုနှေးတာလေးကိုပဲချစ်နေမိတာ။ ဒါပေမဲ့ ဒီပြောင်းလဲမှုအသစ်ကြီးအတွက် အားကြိုးမာန်တက်နဲ့ကိုမျှော်လင့်စောင့်စားနေမိပြီ။


စိတ်လှုပ်ရှားလိုက်တာ


[4] lamperouge0


နောက်ဆုံးတော့ ယွမ်ယွမ် သဘောပေါက်သွားပြီပေါ့!


[5] Loni


ဟားဟားဟားဟား ဒီအခြေအနေတွေဖြစ်အောင်လုပ်ပေးတဲ့ ငါတို့ရဲ့ကျူးပစ်လေးကို ကျေးဇူးတင်လိုက်ကြပါဦး


[6] Navleu


ဟုတ်ပါ့! ဒီညီလေးက အသုံးတော့ဝင်သား။ ချန်တုံလန့်အချစ်တွေကို သူထုတ်ဖော်ဖွင့်ချပေးလိုက်တာ အာာာာာ!


ယွမ်ယွမ်ရေ အဲ့အစုတ်ပလုပ်လေးကို ကန်ချလိုက်ပြီး ချန်တုံလန်အိပ်နေတာလေးကိုပဲထိုင်ကြည့်နေ


[7] Octaeon


ဒီတုံးတုံးအအနှစ်ကောင်နဲ့တော့ ဒီလိုအခြေအနေက ဘယ်လောက်ထိကြာကြာသွားနေမလဲဆိုပြီးတွေးနေမိတာ....


[8] Aki akii


အိုလီဗီယာဆိုတဲ့မိန်းမက သူထိလိုက်သမျှအကုန်ပြဿနာတက်အောင်လုပ်တဲ့မိန်းမမျိုးပဲ။ ဘုရားရေ ငါ့အစ်ကို အဲ့လိုမိန်းမမျိုးအိမ်မခေါ်လာပါစေနဲ့


[9] nix


အဲ့အိုလီဗီယာအစုတ်ပလုပ်အကြောင်းဆွေးနွေးလို့ရမလား? ဘယ်လိုလုပ်များ ချန်တုံလန်က သူ့ကိုမျက်နှာသာမပေးတာနဲ့ပဲ သူ ချန်တုံလန့်ကိုလှည့်စားရဲရတာလဲ။ ပျက်စီးနေတဲ့ကလေးပဲ။ သူကဘာမှလဲသူ့ကိုပြောတာလဲမဟုတ်၊ လုပ်တာလဲမဟုတ်ကို ။ ရှောင်ထယ့်ကလည်း တုံးလိုက်တာမှ အရိပ်အခြေလည်းနားမလည်ဘူး။


Arthur's Audrey


7.12.2020 // 8:34 PM


.........................
























သဲသဲကဲကဲတို့ကြားဒုက္ခရောက်နေတဲ့ ရှောင်ထယ့်လေးအတွက်မျက်ရည်တစ်စက်ခွဲ။ တစ်ဝက်ကတော့ သူများကလေးလေးကိုစိတ်ဒုက္ခပေးလို့ မကျပေးနိုင်ဘူး။ haha သဲသဲကဲကဲဆိုတဲ့ စကားလုံးကိုတစ်ခါမှမသုံးဖူးပါဘူး။ ဒင်းလေးတို့နဲ့ကျမှပဲ ဒီစကားမျိုးပါးစပ်ကကိုထွက်ပြီးပြောမိတယ်။


Riley တုံလန်တို့ကိုမခွဲနိုင်ဘူးရယ်


















[Zawgyi]


ယြမ္ယြမ္ Aၿမိဳ႕ကေနျပန္ေရာက္ၿပီးႏွစ္ရက္ေနေတာ့ ေရွာင္ထယ့္ႏွင့္အိုလီဗီယာတို႔လည္း Tၿမိဳ႕ကိုျပန္လာၾကသည္။ ဟိုမွာ သူတို႔လည္စရာပတ္စရာေနရာမ်ားမ်ားမရွိတာတစ္ေၾကာင္း၊ ထိုၿမိဳ႕ကတစ္ဆင့္ အျခားကိုသြားလည္ဖို႔အတြက္ တိုက္႐ိုက္ေလယာဥ္မရွိတာေရာေၾကာင့္ ခပ္ၾကာၾကာမေနျဖစ္ၾက။


ဟိုမွာက ေန႔တိုင္း ေနပူစာလႈံျဖစ္ေအာင္ကို သာယာ၏။ Tၿမိဳ႕မွာေတာ့ ႏွင္းက်ၿပီးေအးလြန္းသည္က လူပါေတာင့္ခဲမတတ္ပင္။ ထို႔ေၾကာင့္ သူတို႔ျပန္ဖို႔ ေလယာဥ္လက္မွတ္အေလာတႀကီး ဘိုကင္လုပ္လိုက္ေတာ့သည္။


ဒီရက္အေတာအတြင္း သူတို႔ကိုဂ႐ုစိုက္ေပးခဲ့တာအတြက္ ေက်းဇူးတင္တဲ့အေနႏွင့္ ခ်န္တုံလန႔္ကို ညစာလိုက္ေကြၽးခ်င္ေၾကာင္း ေရွာင္ထယ့္ကေျပာလာသည္။


ဒါ ေရွာင္ထယ့္ပုံစံမဟုတ္။ အေသအခ်ာေမးၾကည့္လိုက္ေတာ့မွ ခ်န္တုံလန႔္ပေထြးျဖစ္သူ၊ ေရွာင္ထယ့္အေဖက သူ႔ကိုဒီလိုလုပ္ဖို႔ေျပာထားတာေၾကာင့္ဆိုတာ သေဘာေပါက္လိုက္သည္။ အိမ္အျပန္မွာ ခ်န္တုံလန႔္ကို ညစာလိုက္ေကြၽးထားသည့္ ေျပစာပါမသြားရင္ ကားလီဗာေျခနင္းကိုေတာင္ မနင္းႏိုင္ေလာက္ေအာင္ အ႐ိုက္ခံရမည္ျဖစ္ေၾကာင္းလည္း ေျပာသည္။


အစ္ကိုအႀကီးဆိုေတာ့ ခ်န္တုံလန္အစက ျငင္းလိုက္သည္။ ဒါေပမဲ့ ဦးေလးရႈလုပ္ခိုင္းတာမွန္းသိလိုက္ရေတာ့ သူလက္ခံလိုက္သည္။


သူတို႔ သိပ္ရင္းရင္းနီးနီးမရွိသည္ေၾကာင့္ သင့္တင့္သည့္ေလာကဝတ္တို႔အတိုင္း ဆက္ဆံရဦးမည္။


ညစာအတြက္ ခုနစ္နာရီမွခ်ိန္းထားတာဆိုေတာ့ ခ်န္တုံလန္ အလ်င္မလိုေန။ အလုပ္ဆင္းေတာ့ သူလုပ္ေနက်အတိုင္း ဟင္းသီးဟင္း႐ြက္ဝယ္ၿပီး ဟင္းခ်က္သည္။


ယြမ္ယြမ္ သူ႔ႏွင့္အတူ အ႐ြက္ေတြေဆးေနရင္း ခ်န္တုံလန္ ထမင္းကို ႏို႔ဆီဘူးတစ္လုံးပဲခ်က္တာ သတိထားမိၿပီး စိတ္ထဲတစ္မ်ိဳးျဖစ္မိကာ ေမးလိုက္သည္


"မင္းဘာလို႔ တစ္ေယာက္စာပဲခ်က္တာလဲ?"


ခ်န္တုံလန္ ယြမ္ယြမ့္ကိုမေျပာျပရေသး "ငါ့ညီက ျပန္ေရာက္ေနၿပီ။ ဒီေန႔ သူတို႔နဲ႔ အျပင္မွာသြားစားမလို႔"


ယြမ္ယြမ္ ေခါင္းညိတ္လိုက္သည္


"ဘယ္အခ်ိန္လဲ? ငါ မင္းကိုလိုက္ပို႔ေပးမယ္"


"မလိုပါဘူး"


ခ်န္တုံလန္ ပုံမွန္ပဲေျပာလိုက္သည္။


ယြမ္ယြမ္လည္း မတတ္ႏိုင္ေတာ့။ သူ႔လို ေခါင္းမာေနလို႔ မရေသးဘူးေလ။


ရွစ္နာရီထိုးခါနီးေတာ့ ခ်န္တုံလန္ အေပၚထပ္ကုတ္အက်ႌထပ္ဝတ္ၿပီး "ငါသြားၿပီ"လို႔ေျပာကာ အျပင္ထြက္ဖို႔ျပင္ဆင္ေနသည္။ ယြမ္ယြမ္ ဒီေန႔ရာသီဥတုကို သတိရသြားၿပီး အခန္းထဲဝင္ကာ လည္စည္းပဝါ သြားယူလိုက္သည္။ သူ ခ်န္တုံလန႔္ဆီ တည့္တည့္ေလွ်ာက္သြားလိုက္ၿပီး သူ႔ပခုံးကိုလွမ္းဆြဲကာ လည္ပင္းမွာ လည္စည္းပဝါပတ္ေပးလိုက္သည္။


ခ်န္တုံလန႔္မ်က္ႏွာတစ္ဝက္က သိုးေမႊးလည္စည္းပဝါေအာက္မွာ ျမဳပ္ေနသည္။ မ်က္လုံးတစ္စုံကိုပဲ ျမင္ေနရသည့္ ေၾကာင္အအပုံစံေလးက ရယ္ခ်င္စဖြယ္အတိ။


"အေအးထပ္မမိေစနဲ႔"


ယြမ္ယြမ္ လည္စည္းပဝါအေနအထားကို ကူညႇိေပးၿပီး ေမးေစ့ေအာက္ကို ဆြဲခ်ေပးလိုက္သည္။


သူကဆြဲခ်ေပးထားေပမဲ့ ခ်န္တုံလန္က ေခါင္းငုံ႔ကာ လည္စည္းပဝါကိုအေပၚျပန္ဆြဲတင္ၿပီး သူ႔မ်က္ႏွာတစ္ဝက္ကိုဖုံးလိုက္သည္


"ေက်းဇူး..."


သူ တံခါးဖြင့္ၿပီးထြက္သြားေတာ့ တံခါးေဘာင္ႏွင့္ခလုတ္တိုက္လဲေတာ့မလိုျဖစ္သြားေသးသည္။


ခ်န္တုံလန္ ေလေအးေတြတိုက္ခတ္ေနတဲ့ ေလထုထဲ တိုးေခြ႕ေလွ်ာက္လွမ္းေနေပသည့္ မ်က္ႏွာကပူက်စ္လို႔ေနသည္။ စားေသာက္ဆိုင္မွာ ေရွာင္ထယ့္တို႔ အိုလီဗီယာတို႔ႏွင့္ေတြ႕တဲ့အခ်ိန္ထိေအာင္ ပုံမွန္အေျခအေနကို အျပည့္အဝ ျပန္မေရာက္ေသး။


"ေကာ"


သူ႔ကိုေတြ႕သြားေတာ့ ေရွာင္ထယ့္ကၿပဳံးကာ ေသေသခ်ာခ်ာထုတ္ပိုးထားသည့္ဘူးတစ္ဘူး သူ႔ဆီထိုးေပးလာသည္


"ဟိုေရာက္တုန္းက ကြၽန္ေတာ္တို႔ ေကာအတြက္ လက္ေဆာင္ဝယ္လာခဲ့တယ္။ ေကာက ဒါေလးဆိုႀကိဳက္မွာဆိုၿပီး အိုလီဗီယာကိုယ္တိုင္ ေ႐ြးေပးထားတာ"


ေရွာင္ထယ့္က ဒီလိုအလိုက္တသိ ေခါင္းထဲသတိရေပးတတ္တဲ့လူမဟုတ္။ ဒါ ဦးေလးရႈလုပ္ခိုင္းတာမွန္း ခ်န္တုံလန္သိလိုက္သည္။ သူမျငင္းေတာ့ဘဲ လက္ေဆာင္ဘူးကိုလက္ခံယူလိုက္သည္။


"ေက်းဇူးပဲ။ မင္းတို႔ေတြ ဒုကၡမ်ားရမွာပဲ"


အိုလီဗီယာက ေရွာင္ထယ့္ကို ေမွ်ာ့တြယ္သလိုတြယ္ဖက္ထားၿပီး ခ်ိဳခ်ိဳသာသာေလး ေျပာလာသည္


"ေကာေကာ၊ ဒါကို ဖြင့္ၿပီးၾကည့္ၾကည့္ေလ"


ပြင့္ပြင့္လင္းလင္းေျပာရရင္ ခ်န္တုံလန္ အိုလီဗီယာ့ကို စိတ္ထဲတကယ္သဘာမက်မိ။ ဒါေပမဲ့လည္း သူမက ေရွာင္ထယ့္ေကာင္မေလးဆိုေတာ့ သူ ေဖာ္ေဖာ္ေ႐ြေ႐ြပဲ ေျပာလိုက္သည္


"အရင္စားၾကရေအာင္။ စားၿပီးမွ ၾကည့္ၾကည့္ၾကတာေပါ့။ ေက်းဇူးေနာ္"


အိုလီဗီယာက ႏႈတ္ခမ္းစူပုတ္သြားေပမဲ့ ဘာမွေတာ့မေျပာလာ။


ဒီတစ္ေခါက္လည္း ေရွာင္ထယ့္ႏွင့္ အိုလီဗီယာတို႔ ႏိုင္ငံျခားျဖစ္အရက္အခ်ိဳ႕မွာျပန္သည္။ ခ်န္တုံလန္က ထုံးစံအတိုင္း ႐ိုး႐ိုးေရပဲမွာခ်င္ေပမဲ့ အိုလီဗီယာက ခ်န္တုံလန႔္လက္ထဲက မီႏူးကို ဆြဲခ်ၿပီး ၿပဳံးကာေျပာသည္


"ဒီဆိုင္မွာ နာမည္ႀကီးအသီးေဖ်ာ္ရည္အမ်ိဳးအစားေတြရွိတာ ညီမသိထားတယ္။ ေကာေကာအတြက္ ကူၿပီးမွာေပးမယ္ေလေနာ္"


သူမ အရမ္းစိတ္အားထက္သန္ေနတာေတြ႕ေတာ့ သူ႔ကိုကိုအေပၚ ေကာင္းတဲ့အခ်က္ေလးေတြျပဖို႔ ႀကိဳးစားေပးေနတယ္လို႔ ေတြးၿပီး ေရွာင္ထယ့္လည္း လိုက္ေျပာေပးလိုက္သည္


"အဲ့လိုလုပ္တာ ေကာင္းတာေပါ့လို႔။ ေကာ၊ ေကာအတြက္ သူ႔ကိုပဲမွာခိုင္းလိုက္ပါ"


အိုလီဗီယာ့ စိတ္လိုလက္ရျဖစ္ေနတဲ့ပုံက ထူးဆန္းသည္ဟု ခ်န္တုံလန္ခံစားမိသည္။ ဒါေပမဲ့ ေရွာင္ထယ့္ကပါ ေထာက္ခံေပးေနေတာ့ သူေခါင္းညိတ္ သေဘာတူလိုက္သည္


"မင္းကို ဒုကၡေပးရေတာ့မယ္"


အိုလီဗီယာ ေပ်ာ္သြားၿပီး ဝမ္းသာအားရႏွင့္ မီႏူးကိုၾကည့္ေနသည္။ သူမ အရမ္းေပ်ာ္ေနတာေတြ႕ေတာ့ ေရွာင္ထယ့္မ်က္ႏွာက ၿပဳံးၿဖီးေနေတာ့သည္။


ခ်န္တုံလန္လည္း မတတ္သာသည့္အဆုံး စိတ္ပူေနတာေတြကို ေခါင္းထဲကထုတ္လိုက္ေတာ့သည္။ သမီးရည္းစားဆက္ဆံေရးတစ္ခုဆိုတာ ဒီလိုမ်ိဳးေပါ့။ အျပင္လူေတြအေနနဲ႔ တစ္ခုခုက အဆင္မေျပမသင့္ေတာ္ဘူးလို႔ ဘယ္လိုပဲထင္ၾကပါေစ ကာယကံရွင္ေတြ ေပ်ာ္ေနစိတ္ခ်မ္းသာေနသ၍ အျခားလူေတြအေနႏွင့္ ေဝဖန္ႏိုင္ခြင့္လုံးဝမရွိ။


တေအာင့္ေလာက္ၾကာေတာ့ စားပြဲထိုးက ခ်န္တုံလန႔္အတြက္ လိေမၼာ္ရည္တစ္ခြက္ယူလာသည္။ ဆိုဒါလိုအရသာမ်ိဳးႏွင့္ လိေမၼာသီးနံ႔လည္းရသည္ဆိုေပမဲ့ ဘာေဖ်ာ္ရည္လဲဆိုတာ ခ်န္တုံလန္မသိ။


စားေနတုန္း ေရွာင္ထယ့္ကေမးလာသည္


"ေကာ၊ မားနဲ႔ပါးတို႔ကို သြားေတြ႕ဖို႔ ေတြးျဖစ္ဖူးလား?"


ဒီေမးခြန္းက ေရွာင္ထယ့္ကိုယ္တိုင္ေမးခ်င္တဲ့ေမးခြန္းလား မားႏွင့္ဦးေလးရႈတို႔ေမးခ်င္တာလားဆိုတာ ခ်န္တုံလန္ ေသခ်ာရွင္းရွင္း ေတြးဆၾကည့္လို႔မရ။ သူတို႔ႏွင့္ အထက္တန္းတတိယႏွစ္တည္းကျပန္မေတြ႕ျဖစ္ေတာ့တာျဖစ္သည္။ ေနာင္လည္း ေတြ႕စရာမလိုဟုေတြးမိသည္။


"ငါ့အလုပ္မွာ အရမ္းအလုပ္မ်ားတာမလို႔ သြားဖို႔အတြက္က အခ်ိန္ရွိမေနေတာ့ မေတြးျဖစ္ဘူး"


ေရွာင္ထယ့္ၾကည့္ရတာ သူ႔စကားကိုယုံပုံမရ


"ေကာတို႔ကုမၸဏီမွာက ႏွစ္စဥ္လစာျပည့္ခြင့္ရက္ဆိုၿပီးမရွိဘူးလား? အၾကာႀကီးမေနရင္ေတာင္ သုံးရက္ေလာက္လာရင္ကို ရေနတာပဲ"


"ခရီးအတြက္ ႏွစ္ရက္တစ္ပိုင္းေလာက္ အခ်ိန္ျဖဳန္းပစ္ရတာက် အရမ္းပင္ပန္းလို႔။ မားနဲ႔ ဦးေလးရႈတို႔ကို အဲ့လိုႀကီးေတြ႕ရတာက်လည္း မေကာင္းဘူးေလ"


ခ်န္တုံလန္ အေအးကိုတစ္ငုံအျပည့္ေသာက္လိုက္ၿပီး တမင္ေခါင္းစဥ္လႊဲၿပီးေျပာလိုက္သည္


"မင္း ဘြဲ႕ရၿပီးၿပီမလား၊ မင္းအခုဘာလုပ္မွာလဲ?"


သူ႔အစ္ကိုျပန္ေျဖလာတဲ့စကားက သူ႔ကို ကသိကေအာက္ျဖစ္သြားေစၿပီး သူ႔အလုပ္အေၾကာင္းေမးတာၾကားလိုက္ရေတာ့ ပိုလို႔ေတာင္ စကားေျပာရခက္လာေတာ့သည္


"ကြၽန္ေတာ္တို႔တီးဝိုင္းအတြက္ ျပင္ဆင္ေနၾကတုန္းပဲ"


သူ ဂီတပိုင္းကိုေလ့လာခဲ့ၿပီး ေကာလိပ္တက္ေနတုန္းမွာပဲ သူငယ္ခ်င္းေတြႏွင့္တီးဝိုင္းတစ္ခုဖြဲ႕ထားသည္။ အလုပ္အကိုင္တစ္ခုလို႔ျမင္ရေပသည့္ အမွန္ေတာ့ အေလလိုက္ေနဖို႔ ဆင္ေျခေကာင္းတစ္ခုအေနႏွင့္ အသုံးခ်ေနသည္သာ။ တကယ္တမ္း ဘာဆိုဘာမွမလုပ္ျဖစ္။


သူ ထိုအေၾကာင္းေၾကာင့္ႏွင့္ အေနရခက္သြားရသည္ကို ခ်န္တုံလန္မသိဘဲ အားတက္သေရာေျပာသည္


"ေကာင္းတာေပါ့။ ဆက္လုပ္ေခ်"


"ဟုတ္ကဲ့ပါ..."


ေရွာင္ထယ့္ စိတ္မပါလက္မပါႏွင့္ေျပာလိုက္သည္။ သူ စကားလမ္းေၾကာင္းလြဲပစ္ခ်င္ေနေပမဲ့ ခ်န္တုံလန႔္ပုံက အဆင္မေျပျဖစ္ေနမွန္း သူသတိထားမိသြားၿပီး


"ေကာ၊ ေကာမ်က္ႏွာက ဘာလို႔အရမ္းနီေနတာလဲ?"


ခ်န္တုံလန္ ႏွဖူးကိုစမ္းၾကည့္လိုက္ေတာ့ ေတာ္ေတာ္ေလးပူေနသည္


"ေခါင္းနည္းနည္းေနာက္ေနလို႔ျဖစ္မယ္"


အေစာပိုင္းထဲက သူ ေခါင္းေနာက္ေနတာျဖစ္သည္။ မီးေရွာင္မွိန္ျပျပျဖစ္ေနတာေၾကာင့္လို႔ ေတြးၿပီး သိပ္အာ႐ုံမထားျဖစ္။


ေရွာင္ထယ့္လည္း ေခါင္းညိတ္ျပၿပီး အာ႐ုံထဲမထားေနေတာ့။


တေအာင့္ေလာက္ေနေတာ့ တျဖည္းျဖည္းခ်င္းပိုလို႔မသက္မသာျဖစ္လာသည္။ ခ်န္တုံလန္ မ်က္ေမွာင္ၾကဳတ္ထားၿပီး ေခါင္းကိုလက္ႏွင့္ထိန္းထားရသည္။


အိုလီဗီယာ ျမင္သြားေတာ့ တခစ္ခစ္ႏွင့္ရယ္သည္


"ေကာေကာရဲ႕ေခါင္းဆီ စတင္လို႔ေရာက္သြားပါၿပီေပါ့"


"ေကာ?"


ေရွာင္ထယ့္ တစ္ခုခုကို သတိထားမိသြားၿပီး ခ်န္တုံလန႔္ရဲ႕ တစ္ဝက္ေသာက္လက္စ လိေမၼာ္ရည္ခြက္ကို ေကာက္ယူကာ ႏွာေခါင္းနားကပ္ၿပီး ရႈိက္ၾကည့္လိုက္သည္


"ဗီယာ၊ ဒါကအသီးေဖ်ာ္ရည္မဟုတ္ဘူး။ အရက္ေတြပဲ"


အိုလီဗီယာ အားရေက်နပ္စြာ ရယ္သည္


"ဟုတ္တယ္ ဒီစားေသာက္ဆိုင္ရဲ႕ နာမည္အရမ္းႀကီးတဲ့ အရက္ဆက္စပ္ေသာက္စရာေတြက အရမ္းေသသပ္တယ္။ အရက္လို႔ကိုမထင္ရဘူး။ အရက္မေသာက္တဲ့လူေတြဆို ဒါကအရက္ပါလို႔ကိုေျပာႏိုင္မွာမဟုတ္ဘူး။ ေနာက္ၿပီး ပါတဲ့အယ္ကိုေဟာပမာဏက မနည္းဘူးေနာ္"


ေရွာင္ထယ့္ မ်က္နာကိုတည္လိုက္ၿပီး အိုလီဗီယာ့ကိုၾကည့္ကာ


"ဗီယာ၊ ေကာေကာကို ေတာင္းပန္"


အိုလီဗီယာ သူ႔ကိုအေျပာပဲရွိတဲ့လူမွန္းသိတာေၾကာင့္ ရယ္ေနတာ မရပ္ဘဲ ဆက္ေျပာသည္


"ေဆာတီး။ ေကာေကာ ဗီယာက စိတ္ရင္းနဲ႔ကိုေတာင္းပန္ပါတယ္ေနာ္"


ခ်န္တုံလန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေခါင္းကိုက္တာႏွင့္ မူးေဝတာက ပိုဆိုးလာၿပီး အိုလီဗီယာ့စကားကိုေတာင္ ဘာဆိုတာနားမလည္ေတာ့။


ခ်န္တုံလန္ စိတ္မဆိုးတာေတြ႕ေတာ့ အေနရခက္တာမ်ိဳးထက္ ေရွာင္ထယ့္ နည္းနည္း စိတ္ပူသြားသည္


"ေကာ၊ အရက္နဲ႔ အလက္ဂ်စ္ရွိလား?"


ခ်န္တုံလန္ ေခါင္းခါသည္။


ေရွာင္ထယ့္ စိတ္သက္သာသြားၿပီး သက္ျပင္းရွည္ႀကီးခ်ကာ


"အဲ့တာဆို..."


"ေတာ္ေသးတာေပါ့"ဆိုတဲ့စကားမထြက္သြားခင္ သူ ဘုတ္ခနဲ က်သံၾကားလိုက္ရၿပီး ခ်န္တုံလန္ စားပြဲေပၚ ေခါင္းေမွာက္လ်က္သား ပစ္လွဲသြားသည္။


"ေကာ!"


ေရွာင္ထယ့္ ထိုင္ခုံကေန ထရပ္လိုက္သည္။ အိုလီဗီယာလည္း လန႔္သြားသည္။


ခ်န္တုံလန္ ခုံႏွင့္ေခါင္းႏွင့္ေဆာင့္သြားေတာ့ နည္းနည္းေတာ့အမူးေျပသြားၿပီး ထိုင္ရာကမတ္တပ္ရပ္ဖို႔လုပ္ေပမဲ့ သူ႔ကိုယ္သူမသယ္ႏိုင္ေတာ့


"ေရွာင္ထယ့္ေရ အားနာပါတယ္...ငါ အရင္ ျပန္ရေတာ့မယ္"


ေရွာင္ထယ့္က သူ႔ကို ကူတြဲေပးသည္


"ဟုတ္ၿပီ ဟုတ္ၿပီ၊ ကြၽန္ေတာ္ ေကာကို အိမ္ျပန္ပို႔ေပးမယ္"


က်သင့္ေငြရွင္းၿပီး ေငြရွင္းေျပစာသိမ္းထားဖို႔ကို အိုလီဗီယာက သတိေပးလာသည္။


တစ္ေယာက္တည္းအိမ္ျပန္ဖို႔အတြက္က မျဖစ္ႏိုင္ဘူးဆိုတာသိလို႔ ခ်န္တုံလန္ မျငင္းလိုက္ေတာ့။


"ငါ ေနတာက..."


ခ်န္တုံလန္ သူေနတဲ့လိပ္စာကို ဖတ္စာအုပ္ထဲကစာကိုအလြတ္ဆိုျပရသည္အတိုင္း အာဂုံေဆာင္ၿပီးေနာက္ အရမ္းမသက္မသာျဖစ္လာၿပီး ဆက္ေတာင္အသံမထြက္ႏိုင္ေတာ့ေပ။


အိုလီဗီယာ က်သင့္ေငြျမန္ျမန္ရွင္းလိုက္ၿပီး ႏွစ္ေယာက္သား ခ်န္တုံလန႔္ကို တစ္ေယာက္ကခ်ီ တစ္ေယာက္ကကူတြဲထားေပးရင္း ခက္ခက္ခဲခဲႏွင့္ တိုက္စီေပၚတင္လိုက္ႏိုင္သည္။


အိမ္က စားေသာက္ဆိုင္ႏွင့္သိပ္မေဝးလွ။ ဆယ္မိနစ္ေလာက္ပဲ တိုက္စီစီးလိုက္ရသည္။ ဒါေပမဲ့ ဒီေလာက္အခ်ိန္ခဏေလးအတြင္းမွာတင္ ခ်န္တုံလန္တစ္ေယာက္ ကားတံခါးကိုမွီထားလ်က္ အိပ္ေပ်ာ္သြားၿပီ။ ႏိုးလို႔လည္းမရေတာ့။


ခ်န္တုံလန္ ဘယ္အထပ္မွာေနမွန္းလည္း ေရွာင္ထယ့္မသိတာေၾကာင့္ သူ အိုလီဗီယာ့ကို တိုက္စီခအျပင္ အပိုေငြပါ ထပ္ေပးလိုက္ဖို႔ေျပာၿပီး ခဏေလးေစာင့္ေနေပးဖို႔ ကားဆရာကို အကူအညီေတာင္းရသည္။ ခ်န္တုံလန္က သူငယ္ခ်င္းတစ္ေယာက္ႏွင့္ အတူေနသည္ဟုေျပာဖူးတာ သူသတိရသြားၿပီး အက်ႌအိတ္ကပ္ထဲက ဖုန္းကို ထုတ္ကာ ဖုန္းေခၚတဲ့ဆီ ဝင္ၾကည့္လိုက္သည္။


အစက သူ႔အစ္ကိုႏွင့္အတူေနတဲ့ အခန္းေဖာ္ကိုရွာေတြ႕ဖို႔ရာ ဖုန္းနံပါတ္ေတြအမ်ားႀကီးေခၚၾကည့္ဖို႔လိုမယ္ထင္ခဲ့ေပမဲ့ ဖုန္းေခၚမႈစာရင္းကို တစ္ခ်က္ၾကည့္လိုက္တာႏွင့္တင္ တစ္ေယာက္တည္းကိုဆက္သြယ္ထားသည့္ ဖုန္းေခၚမႈစာရင္း အရွည့္အရွည္ႀကီးကို ရွာေတြ႕သြားသည္။ ထိုလူနာမည္က "ယြမ္ယြမ္"လို႔မွတ္ထားၿပီး ခ်န္တုံလန္ သူႏွင့္ပဲဆက္သြယ္ထားသည္။ သို႔ႏွင့္ သူ ယြမ္ယြမ့္ဆီပဲ တန္းၿပီးဖုန္းေခၚလိုက္သည္။


သူ အေျခအေနကိုရွင္းျပၿပီးၿပီးခ်င္းပဲ ယြမ္ယြမ္ဖုန္းခ်သြားၿပီး ႏွစ္မိနစ္အတြင္း တိုက္စီေရွ႕ ေပါက္ခ်လာသည္။


"မဂၤလာပါ..."


ယြမ္ယြမ့္ကိုေတြ႕သြားေတာ့ ေရွာင္ထယ့္သတိကပ္ထားရင္း ႏႈတ္ဆက္လိုက္သည္။


ယြမ္ယြမ္ သူ႔ကိုအဖက္မလုပ္ဘဲ ခ်န္တုံလန႔္ဆီတန္းတန္းမတ္မတ္ေလွ်ာက္သြားသည္။ ဖုန္းထဲမွာေျပာသည့္အတိုင္း "အရက္မူးၿပီး ေမ့လဲေနတယ္"ဆိုတာ အမွန္ပဲ။ မ်က္ႏွာကနီရဲလို႔ ကားတံခါးကိုမွီထားလ်က္ အသက္ရႉတာလည္း ခပ္ပ်က္ပ်က္ႏွင့္ ျမန္လို႔ေနသည္။ အိပ္ေပ်ာ္ေနတာလား မူးလဲေနတာလားမေသခ်ာ။


"တစ္ခြက္ေသာက္ၿပီးတာနဲ႔ မူးလဲသြားတတ္တာကို မင္း သူ႔ညီျဖစ္ေနၿပီး ဒါေတာင္မသိဘူးလား?"


ယြမ္ယြမ္ ေရွာင္ထယ့္ကိုအမိန႔္ေပးသည့္ေလသံျဖင့္ေျပာလိုက္သည္


"ငါ သူ႔ကိုကုန္းပိုးလိုက္မယ္။ မင္းထားခဲ့လို႔ရၿပီ"


ေရွာင္ထယ့္ ရွက္သြားရသည္။ သူ ခ်န္တုံလန႔္ကို ယြမ္ယြမ့္ေက်ာေပၚကူၿပီးပင့္တင္ေပးလိုက္သည္။


သူ႔ေက်ာေပၚမွာ ေနရာက်သြားေတာ့ ယြမ္ယြမ့္ ခက္ထန္ေနသည့္မ်က္ႏွာအမူအရာတို႔က အနည္းငယ္ေျပေလ်ာ့သြားသည္။ ေၾကာက္လန႔္ေနရသည့္ အိုလီဗီယာလည္း ေနာက္ဆုံးေတာ့ စိတ္သက္သာရာရသြားေတာ့သည္။


"သူ႔ကိုျပန္ပို႔ေပးတာ ေက်းဇူးပဲ"


ယြမ္ယြမ္ ေျခလွမ္းက်ဲႀကီးေတြႏွင့္ တိုက္ဖက္ကိုေလွ်ာက္သြားသည္။ ေရွာင္ထယ့္လည္း သူ႔ေနာက္ကေန သုတ္တီးသုတ္ပ်ာလိုက္လာသည္။


ယြမ္ယြမ္ သူ႔ကိုလွည့္ၾကည့္လိုက္ၿပီး


"ငါ မင္းအကူအညီမလိုဘူး။ မင္းျပန္လို႔ရၿပီ"


ေရွာင္ထယ့္ အျပစ္ရွိသလိုခံစားရကာ


"ေကာအဆင္ေျပတယ္ဆိုတာ ကြၽန္ေတာ္ျမင္ရမွျဖစ္မယ္။ အဲ့ေတာ့မွ ကြၽန္ေတာ္ စိတ္သက္သာရမွာ"


ယြမ္ယြမ္ မ်က္ေမွာင္ခပ္ေရးေရးၾကဳတ္သြားၿပီး ႏွစ္စကၠန႔္ေလာက္တုံ႔ဆိုင္းေနေပမဲ့ ဘာမွမေျပာေနေတာ့ဘဲ လက္ခံလိုက္သည္။


ေရွာင္ထယ့္ ေနာက္လွည့္ၿပီး အိုလီဗီယာ့ကို ေျပာလိုက္သည္


"ဗီယာ၊ ဟိုတယ္ျပန္ႏွင့္ၿပီး ကိုယ့္ကိုေစာင့္ေနေနာ္"


ဒီစကားေလးတစ္ခြန္းေျပာလိုက္႐ုံေလးတင္ကို ယြမ္ယြမ္လမ္းေလွ်ာက္တာ ေရွ႕ကိုေဝးေဝးေရာက္ႏွင့္ေနၿပီ။ ေရွာင္ထယ့္ အေျပးမွီေအာင္လိုက္ရသည္။


သူ႔ေက်ာေပၚမွာ ခ်န္တုံလန္ရွိေနေတာ့ သူအသက္ရႉထုတ္လိုက္တဲ့ေလေႏြးေႏြးရယ္ အရက္နံ႔ ခ်ိဳသင္းသင္းရယ္တို႔ကို ယြမ္ယြမ္ခံစားမိေနသည္။


အစတုန္းကေတာ့ သူေတာ္ေတာ္ေလးစိတ္တိုမိသည္။ ဒါေပမဲ့ ခ်န္တုံလန္က အရပ္ရွည္တာေတာင္ ကုန္းပိုးရတာ ခက္ခက္ခဲခဲသိပ္မရွိ။ သူ႔ရင္ထဲက ေဒါသအဟုန္ကို ေပ်ာ့ေျပာင္းၿငိမ္သက္သြားေစသည္။


တကယ့္ကိုပဲ... တစ္ခ်ိန္လုံး မ်က္လုံးေဒါက္ေထာက္ၾကည့္ေနတဲ့ၾကားထဲက တစ္မိနစ္ေလးေတာင္ စိတ္မေအးႏိုင္ျဖစ္ရသည္။


အိမ္ထဲေရာက္ေတာ့ ခ်န္တုံလန႔္ကို အိပ္ရာေပၚခ်လိုက္ၿပီး ေရွာင္ထယ့္ကို ဖိနပ္ကူခြၽတ္ေပးဖို႔ေျပာလိုက္သည္။ သူ တဘက္အစိုတစ္ထည္သြားယူလိုက္ၿပီး ခ်န္တုံလန႔္မ်က္ႏွာကို ေရပတ္ဝတ္ပြတ္ေပးသည္။


တဘက္က ေရေအးဆြတ္လာတာဆိုေတာ့ ေတာ္ေတာ္ေလးေအးေနေလာက္သည္။ ႏွာဖူးကိုတဘက္ႏွင့္ထိလိုက္တိုင္း ေခါင္းက ဘယ္ညာနည္းနည္းေလးလႈပ္သြားၿပီး ညည္းသံပါထြက္လာသည္။


ခ်န္တုံလန႔္ဖိနပ္ကို ခြၽတ္ေပးၿပီးေနာက္ ေရွာင္ထယ့္ အေနရခက္ခက္ႏွင့္ ေမးလာသည္


"ဒီဟာ...ဒါကို ကြၽန္ေတာ္ဘယ္နားထားရမလဲ?"


ယြမ္ယြမ္ အိမ္တံခါးကို ထိုးျပၿပီး ေျပာသည္


"အဲ့မွာ ဖိနပ္စင္ရွိတယ္။ စင္ေပၚမွာ အိမ္စီးဖိနပ္လည္းရွိတယ္။ မင္းတစ္ခါတည္း လဲစီးလိုက္လို႔ရတယ္"


ေရွာင္ထယ့္ သူ႔ရႉးဖိနပ္ကိုငုံ႔ၾကည့္လိုက္ေတာ့ ပိုလို႔ေတာင္အေနရခက္သြားေတာ့သည္။


ဖိနပ္လဲစီးၿပီးေနာက္ သူခ်န္တုံလန႔္အခန္းဆီ ျပန္သြားလိုက္သည္။ ယြမ္ယြမ္က ခ်န္တုံလန႔္ကိုေစာင္ၿခဳံေပးထားၿပီး အိပ္ရာေဘးမွာထိုင္ေနသည္။ ေရွာင္ထယ့္ သူ႔ကိုယ္သူ အပိုလူတစ္ေယာက္လိုခံစားရသည္။ ဒါေပမဲ့လည္း ဒီတိုင္းႀကီးလည္း လွည့္ေျပးသြားလို႔မရေသး။ သူအိပ္ရာေဘးမွာ မတ္တပ္ရပ္ၿပီး သူ႔အစ္ကိုကို မသက္မသာႏွင့္ၾကည့္ေနမိသည္။


"ေရွာင္ထယ့္၊ ငါ မင္းကိုအဲ့လိုေခၚလို႔ျဖစ္လား?"


႐ုတ္တရက္ႀကီး ယြမ္ယြမ္ သူ႔ကိုစကားေျပာလာသည္။


ယြမ္ယြမ္က အခုပိုၿပီးတရင္းတနီးရွိလာေတာ့ ေရွာင္ထယ့္လည္း သက္ေတာင့္သက္သာျဖစ္ရသည္။


"ရပါတယ္ဗ်။ အဲ့တာဆို ကြၽန္ေတာ္ေရာ အစ္ကို႔ကိုဘယ္လိုေခၚရမလဲဟင္?"


အဲ့လိုေျပာၿပီးကာမွ သူ ယြမ္ယြမ့္နာမည္ကိုသိထားၿပီးသားမွန္းသတိရသြားၿပီး ေရွာင္ထယ့္ ရင္းရင္းနီးနီးပဲေျပာလိုက္သည္


"ကြၽန္ေတာ္ အစ္ကို႔ကို ယြမ္ေကာလို႔ေခၚမယ္ေနာ္"


ယြမ္ယြမ္ : "..."


တကယ္ေရာ ခ်န္တုံလန႔္ညီဟုတ္ရဲ႕လား?


သူ ေခ်ာင္းဟန႔္လိုက္သည္


"မင္းအစ္ကိုက တစ္ညေလာက္နားလိုက္ၿပီးရင္ အဆင္ေျပသြားမွာပါ။ မင္းျပန္လို႔ရၿပီ"


ေရွာင္ထယ့္ေခါင္းညိတ္လိုက္ေပမဲ့ သူအလ်င္စလိုမျပန္ခ်င္ေသး


"ကြၽန္ေတာ္ ခဏေလးေနလိုက္ဦးမယ္"


အျပန္အလွန္ အသုံးအႏႈန္းေျပာင္းလိုက္ၿပီးေနာက္ ေရွာင္ထယ့္အသက္ရႉေခ်ာင္သြားၿပီး ေပါ့ေပါ့ပါးပါးျဖစ္သြားသည္။ ဒီမွာရွိေနရတာ သက္ေတာင့္သက္သာမျဖစ္တာမ်ိဳးလည္းမခံစားမိေတာ့။ သူ ခ်န္တုံလန႔္အခန္းကို ေလွ်ာက္ၾကည့္လိုက္ေတာ့ သူ႔ရင္ထဲ အကြၽမ္းတဝင္ရင္းရင္းနီးနီးရွိတဲ့ခံစားခ်က္တို႔ ျပည့္တက္လာသည္။


တကယ္ေတာ့ သူ႔အစ္ကိုအေၾကာင္းကိုသိခ်င္ခဲ့တဲ့အခ်ိန္ေတြရွိခဲ့ဖူးသည္။ အဲ့တုန္းက ခ်န္တုံလန္က အထက္တန္း၊ သူက အလယ္တန္းစတက္ခါစ။ ႏိုင္ငံျခားသြားရင္ အေျခခံေကာင္းေကာင္းရွိေနေအာင္အတြက္ သူ႔မိဘေတြက သူ႔ကိုစာလုပ္ဖို႔ အတင္းဖိအားေပးခဲ့သည္။ အဲ့တာေၾကာင့္ပဲ သူပိုၿပီး ေသာင္းက်န္းမိေတာ့သည္။


ခ်န္တုံလန္က သူ႔ကိုတစ္ပတ္ေနလို႔ စကားတစ္ခြန္းေလာက္ေတာင္မေျပာ။ သူ႔မ်က္လုံးထဲေတာ့ သူ႔အစ္ကိုက သူ႔အေပၚေအးစက္ၿပီး ထူးဆန္းလို႔ေနသည္။ ဒီလိုနဲ႔ပဲ သူ႔အစ္ကိုရဲ႕အခန္းက သူစူးစမ္းေလ့လာရာနယ္ေျမတစ္ခုျဖစ္လာေတာ့သည္။ "ကိုကို႔အခန္းထဲမွာ ဘာေတြဖြက္ထားပါလိမ့္"ရယ္လို႔ သူ႔အေတြးထဲမွာ ထိုအခန္းက လွ်ိဳ႕ဝွက္ခ်က္တစ္ခုလိုျဖစ္ေနၿပီး သူ ထိုလွ်ိဳ႕ဝွက္ခ်က္ကို သိခ်င္ခဲ့သည္။


အခု ရွစ္ႏွစ္ၾကာသြားၿပီးတာေတာင္ သူ ထိုအေတြးေလးအေၾကာင္း ေခါင္းထဲျပန္ဝင္လာတာႏွင့္ သူ႔နားမကပ္ရဲခဲ့သည့္ စပ္စပ္စုစုကေလးေလးတစ္ေယာက္ ျပန္ျဖစ္သြားေတာ့သည္။


လက္ႏွစ္ဖက္ကိုစု ေျခေထာက္ႏွစ္ေခ်ာင္းကိုလည္း က်ဳံ႕က်ဳံ႕ေလးထားကာ လိမ္လိမ္မာမာအိပ္ေနတဲ့ ခ်န္တုံလန္႔ကိုေတြ႕သြားၿပီး ေရွာင္ထယ့္ မရယ္ပဲမေနႏိုင္ေတာ့


"ကြၽန္ေတာ့္အစ္ကိုက အရင္ကလည္း ဒီလိုေလးပဲ။ မအိပ္ခင္ ဘယ္လိုအေနအထားနဲ႔ပဲအိပ္အိပ္ အိပ္ေပ်ာ္သြားၿပီဆို အၿမဲ ဒီပုံေလးအတိုင္းပဲ။ အဲ့တုန္းကဆို သူ႔အိပ္ရာက တစ္ေယာက္အိပ္ပင္မဲ့ ႏွစ္ေယာက္ဝင္အိပ္လို႔ရတယ္။ ေျခေရာလက္ေရာကို ဂြမ္းေစာင္ထဲမွာထုတ္ထားသလိုမ်ိဳးေလး ေကြးေကြးလုံးလုံးေလးအိပ္တာမွ အိပ္ရာေဘးႏွစ္ဖက္လုံးမွာ ေနရာအလြတ္ႀကီးက်န္တယ္"


ေရွာင္ထယ့္ မၿပီးႏိုင္ေအာင္ကို ျပန္ေတြးေနမိသည္။ ယြမ္ယြမ့္ၾကည့္ရတာ နားေထာင္ခ်င္ေနသည့္ပုံေပၚတာေၾကာင့္ သူေရပတ္မဝင္ေျပာျပမိသည္


"တကယ္တမ္းက် ေကာအခန္းထဲမွာ ဘာမွ ေထြေထြထူးထူးရွိမေနဘူး။ ထူးျခားတာဆိုလို႔ သူ႔စာအုပ္စင္တစ္ခုပဲေတြ႕တယ္။ လူမႈသိပၸံစာအုပ္ေတြ နာမည္ႀကီးသိပၸံဆိုင္ရာစာအုပ္ေတြအျပည့္ပဲ။ ဒါေပမဲ့ မထင္ထားဘဲ အဲ့မွာ ကဗ်ာစာအုပ္တစ္အုပ္ေတြ႕တယ္ေရာ္။ ၿပီးေတာ့ အခ်စ္ကဗ်ာစာအုပ္ႀကီး။ ကြၽန္ေတာ္ အဲ့စာအုပ္နာမည္အၿမဲမွတ္မိေနတယ္ "ဝဏၰ၁၀လုံးပါေပၚတူဂီကဗ်ာေပါင္းခ်ဳပ္"တဲ့။


ယြမ္ယြမ္ အျပင္ပန္းမွာေတာ့ ဘာမွတုန႔္ျပန္မႈမရွိေပမဲ့ သူအံ့ဩသြားရသည္။ ခ်န္တုံလန္ ထိုပ်င္းစရာသိပၸံစာအုပ္ေတြကိုဖတ္တတ္တာသူသိသည္။ အတူေနျဖစ္ထဲကေနတစ္ေလွ်ာက္လုံး ဓာတုေဗဒႏွင့္ဆိုတဲ့စာအုပ္ေတြဖတ္တာပဲေတြ႕ရသည္။ ရသစာေပမ်ိဳးကိုလုံးဝထိကိုမထိ။ အခ်စ္ကဗ်ာေပါင္းခ်ဳပ္စာအုပ္တစ္အုပ္ထဲကိုပဲသိမ္းထားတယ္ဆိုတာက သူ႔ကိုလုံးဝကိုအံ့အားသင့္သြားေစသည္။


ေရွာင္ထယ့္က မတ္တပ္ရပ္လိုက္ၿပီး ထိုစာအုပ္ကို ခ်န္တုံလန႔္စာအုပ္စင္မွာ သြားရွာၾကည့္သည္။


"ေကာက အဲ့ကဗ်ာေပါင္းခ်ဳပ္ကို အထက္တန္းသုံးႏွစ္လုံး အရမ္းျမင္သာထင္သာရွိတဲ့ေနရာမွာပဲတင္ထားတာ။ ရွိေလာက္ဦးမလားေတာ့ မသိဘူး"


သူ စာအုပ္စင္ရဲ႕အျမင့္ဆုံးအဆင့္မွာ အဖုံးပ်က္စီးေနသည့္စာအုပ္အေဟာင္းေတြအမ်ားႀကီးေတြ႕လိုက္ၿပီး ေနာက္ဆုံးေတာ့ ထိုအဆင့္ရဲ႕ေထာင့္ဆုံးမွာ "ဝဏၰ၁၀လုံးပါေပၚတူဂီကဗ်ာေပါင္းခ်ဳပ္"ႀကီးကိုရွာေတြ႕သြားသည္။


သူ အံ့ဩတႀကီးႏွင့္ စာအုပ္ကိုဆြဲထုတ္ၿပီး ယြမ္ယြမ့္ဆီလွမ္းေပးလိုက္သည္


"ၾကည့္ပါလား ဒီအခ်စ္ကဗ်ာစာအုပ္က တကယ္ႀကီးရွိေနတယ္။ ေကာ အဲ့တာကို ဒီေလာက္ႏွစ္ေတြအမ်ားႀကီး သိမ္းထားမယ္လို႔မထင္ထားခဲ့ဘူး"


ယြမ္ယြမ္ ထိုစာအုပ္ကိုလွမ္းမယူ။ သူနဲ႔ ခ်န္တုံလန္က ဟိုးအစထဲက သေဘာတူထားခဲ့သည္အတိုင္း


တစ္ေယာက္ပစၥည္းတစ္ေယာက္လုံးဝမထိၾက။ ဒါေပမဲ့ ေရွာင္ထယ့္ကေတာ့ ဒီလိုအေတြးမ်ိဳးရွိပုံမေပၚတာ သိသာသည္။


ပိတ္ထားသည့္ ခ်န္တုံလန႔္ဗီ႐ိုကိုဖြင့္ၿပီးတစ္ခုခုရွာၾကည့္ဖို႔မေျပာႏွင့္ ဖြင့္စရာမလိုသည့္ စာအုပ္စင္က စာအုပ္အေဟာင္းတစ္အုပ္ကို ယူကိုင္ၾကည့္ဖို႔ဆိုတဲ့အေတြးမ်ိဳး လုံးဝမရွိေန။


ယြမ္ယြမ္လွမ္းမယူေတာ့ ေရွာင္ခယ့္လည္း အတင္းထိုးေပးမေနေတာ့။ ကဗ်ာစာအုပ္ကို ေဘးမွခ်ထားၿပီး စာအုပ္စင္တစ္ခုလုံးကို စိတ္ဝင္တစားႏွင့္ကိုရွာေနေလသည္။


ကဗ်ာေပါင္းခ်ဳပ္စာအုပ္ေဟာင္းေလးက အခု ယြမ္ယြမ့္ေရွ႕မွာရွိေနသည္။ ထိုစာအုပ္က သူအရင္ကဖတ္ဖူးသည္တို႔ႏွင့္ကြဲျပားလွသည္။ စူးစမ္းသိခ်င္စိတ္ကတစ္ဝက္ သူ႔စာဖတ္ရတာႀကိဳက္တဲ့ စိတ္ကတစ္ဝက္ တြန္းအားေပးေနသည္ေၾကာင့္ ေနာက္ဆုံးေတာ့ စာအုပ္ကို ယြမ္ယြမ္ ေကာက္ကိုင္လိုက္ၿပီး လွန္ေလွာၾကည့္မိသည္။


အထဲကစာ႐ြက္ေတြက ဝါက်င့္က်င့္ႏွင့္ ဖြင့္လိုက္တဲ့အခ်ိန္မွာ စာအုပ္အေဟာင္းေတြမွာပဲရႏိုင္သည့္ ခပ္သင္းသင္းအနံ႔ေလး ရွိေနသည္။ ယြမ္ယြမ္ တစ္႐ြက္ခ်င္းလွန္ၾကည့္ေနရင္ သတင္းစာျဖတ္ပိုင္းတစ္ခုညႇပ္ထားသည့္ စာမ်က္ႏွာကိုေရာက္ေတာ့ သူ႔လက္ေတြ ႐ုတ္ျခည္း ရပ္တန႔္သြားသည္။


ဒါ ခ်န္တုံလန္လုပ္ထားတဲ့ စာမွတ္ကဒ္လား?


ယြမ္ယြမ္ စာအုပ္ၾကားထဲညႇပ္ထားတဲ့ သတင္းစာပိုင္းကို ထုတ္ဖတ္ၾကည့္လိုက္သည္မွာ သူ႔ႏွလုံးသား အ႐ိုင္းဆန္စြာ စတင္ခုန္လႈပ္လာေတာ့၏။ သူ စာအုပ္ကို ေဆာင့္ပိတ္လိုက္သည္။


သူ႔လက္ေခ်ာင္းေတြ တုန္ယင္ေနသည္။


ညႇပ္ထည့္ထားသည့္ သတင္းစာက ကိုင္မရေလာက္ေအာင္ကို ေဆြးေနၿပီ။ မွင္ေတြကလည္းပ်က္ေနၿပီး စာလုံးေတြကဖတ္လို႔မရခ်င္ေတာ့။


သတင္းစာက သူႏွင့္ခ်န္တုံလန္တို႔ ဂ်ဴနီယာအထက္တန္းေက်ာင္းက ေက်ာင္းသတင္းစာအေနႏွင့္ ေက်ာင္းတြင္းျဖစ္ပ်က္သမွ်တို႔ကိုပဲ ပုံႏွိပ္ထုတ္ေဝသည့္ သတင္းစာ... ကြက္ၿပီးညႇပ္ထားသည့္စာ႐ြက္ပိုင္းမွာ ပါသည့္ အေၾကာင္းအရာတို႔က ယြမ္ယြမ့္အေၾကာင္း...


သူ ဂ်ဴနီယာအထက္တန္းေက်ာင္း ဒုတိယႏွစ္၊ ေက်ာင္းအားကစားပြဲေတာ္ရဲ႕ သူမီတာေလးရာအေျပးၿပိဳင္ပြဲမွာ စံခ်ိန္ခ်ိဳးခဲ့ေၾကာင္းသတင္းျဖစ္သည္။ ေဖာ္ျပထားသည့္သတင္းေကာ္လံအကြက္က ေတာ္ေတာ္ေလးေသးသည္။ မိန႔္ခြန္းေျပာတဲ့တစ္ေယာက္စာစားပြဲေလးေရွ႕မွာ မတ္တပ္ရပ္ေနသည့္ သူ႔ပုံလည္း ခပ္ဝါးဝါးပါသည္။


အဲ့ႏွစ္တုန္းက သတင္းစာထဲမွာ အေသအခ်ာကိုထည့္ေပးထားမဲ့ သူ႔ကေတာ့သိပ္ေခါင္းထဲမရွိ။ ဒါေပမဲ့ တစ္စုံတစ္ေယာက္ကေတာ့ ဒီသတင္းပိုင္းကိုပဲ သပ္သပ္ညႇပ္ယူထားၿပီး အခ်စ္ကဗ်ာေပါင္းခ်ဳပ္စာအုပ္ထဲမွာ ဖြက္ထားသည္။


တစ္စုံတစ္ေယာက္ကေတာ့ အပီအျပင္ကို သ႐ုပ္ေဆာင္ ေကာင္းေနသည္...


တစ္စုံတစ္ေယာက္ကေတာ့ အပီအျပင္ကို သ႐ုပ္ေဆာင္ ေကာင္းခဲ့၏...


ဒီကမာၻႀကီးမွာ ရွားပါးလွတဲ့အခြင့္အေရးကို ေစာင့္ဆိုင္းေနတဲ့ကိစၥအေၾကာင္းအျဖစ္အပ်က္တို႔မ်ားစြာရွိသည္။ တစ္ႀကိမ္တစ္ခါမွ လြဲေခ်ာ္သြားတာႏွင့္ တစ္သက္လုံးျပည္ဖုံးကားခ်လိုက္ရၿပီး မိမိေမွ်ာ္လင့္ရာကိုလက္လႊတ္ဆုံးရႈံးရမည္။


ဒါေပမဲ့ ထိုအခြင့္အေရးေရာက္ရွိလာလို႔ဖမ္းဆုပ္ႏိုင္ရင္လည္း ၄င္းအားအသုံးျပဳဖို႔ရာ ထိန္းသိမ္းခ်ဳပ္ကိုင္ရသည္ကပင္ ခက္ခဲေပ၏။


Arthur's Audrey


27:4.2021 // 12:02 PM


.................................


[T/N]


Portuguese Sonnet Collection


Sonnetဆိုတာ ဝဏၰ၁၀လုံးပါကဗ်ာလို႔လဲေခၚသလို ၁၄ေၾကာင္းစပ္လကၤာလို႔လဲေခၚပါတယ္တဲ့။ ကဗ်ာအေၾကာင္းကေတာ့ ကိုယ္ေသခ်ာမသိလို႔ ရွာထားၾကည့္သေလာက္ေတာ့ အဲ့လိုလို႔ေတြ႕တယ္။


ေနာက္တစ္ခုက စာအုပ္စင္မွာ လူမႈသိပၸံစာအုပ္ေတြရွိေနတဲ့ကိစၥ။ Social scienceေအာက္မွာက လူမႈေရးနဲ႔ပတ္သက္တာေတြ Anthropology, Human Geography, Sociology, Psychology, Economics, Law, Communication, Criminology, Political Scienceတို႔လို subjectအခြဲေတြပါတာပါ။ Labနဲ႔ ဆိုတဲ့လိုမ်ိဳး သိပၸံလို႔ေျပာတာနဲ႔ ေခါင္းထဲေပၚလာတဲ့ Chemistry, Physicsတို႔လိုဘာသာရပ္မဟုတ္ပါဘူး။ ပထမတစ္ခ်က္ introvertတစ္ေယာက္ဆီမွာ အဲ့စာအုပ္မ်ိဳးရွိေနတယ္ဆိုတာ မျဖစ္ႏိုင္ဘူးရယ္။ ဒုတိယတစ္ခ်က္ တုံလန္က ဓာတုေဗဒေမဂ်ာနဲ႔ၿပီးထားတာပါ။ ေနာက္ၿပီး သူက ငယ္ငယ္ေလးထဲက သိပၸံနဲ႔ပတ္သက္တာေတြပဲစိတ္ဝင္စားတာ။ အဲ့အေၾကာင္းက ေနာက္မွာပါပါတယ္။ ဘာသာျပန္တာမွားေနတာမ်ိဳးျဖစ္ေလာက္မယ္ထင္တာပဲေရာ္။ မျဖစ္ႏိုင္ဘူးလို႔မေျပာပါဘူးေနာ္။


Comments from Chapter 15


[1] May


အမေလး ေနာက္ဆုံးေတာ့ ခ်န္တုံ႔လန႔္အတြက္နဲ႔ ရင္ေတြအသဲေတြတစ္စစီျဖစ္ေနရပါၿပီ။ ယြမ္ယြမ္ မင္းခ်စ္ဇနီးေလးကို ျမန္ျမန္သိမ္းထားဥထားလိုက္ပါေတာ့။ သူကအရမ္းအဖိုးတန္လို႔ပါ။


Reply from z0ara1.is.n4z4


အဲ့အိုလီဗီယာက ေသခ်ာေပါက္မေကာင္းတဲ့ေကာင္မေလးပဲေနမွာ။


ေရွာင္ထယ့္ သူ႔အစ္ကိုအတြက္ သူနဲ႔ေဝးေဝးမွာေနသင့္တယ္။


ၿပီးေတာ့ ယြမ္ယြမ္ေရ ခ်န္တုံလန႔္ခံစားခ်က္ေတြကို ေနာက္ဆုံးေတာ့သေဘာေပါက္သြားၿပီလားဟင္?


ယြမ္ယြမ္အတြက္ အဲ့တာက ေပ်ာ္စရာျဖစ္သြားတာလား အေနရခက္သြားေစတာလားမသိဘူး။ ဘာပဲျဖစ္ျဖစ္ သူစၿပီး သတိထားမိသြားၿပီဆိုတာကိုပဲ ဝမ္းသာေနရၿပီ။


[2] _Phantom Shade


ယြမ္ယြမ္ေရ ငါ့ကေလးေလးကိုအေဝးကိုတြန္းထုတ္ၿပီး သူဝမ္းနည္းရေအာင္လုပ္ရင္ကေတာ့ ေသၿပီသာမွတ္။


[3] unihms


ငါဘာလို႔ ယြမ္ယြမ္နဲ႔အတူရင္ေတြခုန္ေနမိပါလိမ့္။ ဒီလိုတိုးတက္မႈေႏွးတာေလးကိုပဲခ်စ္ေနမိတာ။ ဒါေပမဲ့ ဒီေျပာင္းလဲမႈအသစ္ႀကီးအတြက္ အားႀကိဳးမာန္တက္နဲ႔ကိုေမွ်ာ္လင့္ေစာင့္စားေနမိၿပီ။


စိတ္လႈပ္ရွားလိုက္တာ


[4] lamperouge0


ေနာက္ဆုံးေတာ့ ယြမ္ယြမ္ သေဘာေပါက္သြားၿပီေပါ့!


[5] Loni


ဟားဟားဟားဟား ဒီအေျခအေနေတြျဖစ္ေအာင္လုပ္ေပးတဲ့ ငါတို႔ရဲ႕က်ဴးပစ္ေလးကို ေက်းဇူးတင္လိုက္ၾကပါဦး


[6] Navleu


ဟုတ္ပါ့! ဒီညီေလးက အသုံးေတာ့ဝင္သား။ ခ်န္တုံလန႔္အခ်စ္ေတြကို သူထုတ္ေဖာ္ဖြင့္ခ်ေပးလိုက္တာ အာာာာာ!


ယြမ္ယြမ္ေရ အဲ့အစုတ္ပလုပ္ေလးကို ကန္ခ်လိုက္ၿပီး ခ်န္တုံလန္အိပ္ေနတာေလးကိုပဲထိုင္ၾကည့္ေန


[7] Octaeon


ဒီတုံးတုံးအအႏွစ္ေကာင္နဲ႔ေတာ့ ဒီလိုအေျခအေနက ဘယ္ေလာက္ထိၾကာၾကာသြားေနမလဲဆိုၿပီးေတြးေနမိတာ....


[8] Aki akii


အိုလီဗီယာဆိုတဲ့မိန္းမက သူထိလိုက္သမွ်အကုန္ျပႆနာတက္ေအာင္လုပ္တဲ့မိန္းမမ်ိဳးပဲ။ ဘုရားေရ ငါ့အစ္ကို အဲ့လိုမိန္းမမ်ိဳးအိမ္မေခၚလာပါေစနဲ႔


[9] nix


အဲ့အိုလီဗီယာအစုတ္ပလုပ္အေၾကာင္းေဆြးေႏြးလို႔ရမလား? ဘယ္လိုလုပ္မ်ား ခ်န္တုံလန္က သူ႔ကိုမ်က္ႏွာသာမေပးတာနဲ႔ပဲ သူ ခ်န္တုံလန႔္ကိုလွည့္စားရဲရတာလဲ။ ပ်က္စီးေနတဲ့ကေလးပဲ။ သူကဘာမွလဲသူ႔ကိုေျပာတာလဲမဟုတ္၊ လုပ္တာလဲမဟုတ္ကို ။ ေရွာင္ထယ့္ကလည္း တုံးလိုက္တာမွ အရိပ္အေျခလည္းနားမလည္ဘူး။


Arthur's Audrey


7.12.2020 // 8:34 PM


.........................

























သဲသဲကဲကဲတို႔ၾကားဒုကၡေရာက္ေနတဲ့ေရွာင္ထယ့္ေလးအတြက္မ်က္ရည္တစ္စက္ခြဲ။ တစ္ဝက္ကေတာ့ သူမ်ားကေလးေလးကိုစိတ္ဒုကၡေပးလို႔မက်ေပးႏိုင္ဘူး။ haha သဲသဲကဲကဲဆိုတဲ့ စကားလုံးကိုတစ္ခါမွမသုံးဖူးပါဘူး။ ဒင္းေလးတို႔နဲ႔က်မွပဲ ဒီစကားမ်ိဳးပါးစပ္ကကိုထြက္ၿပီးေျပာမိတယ္။


Riley တုံလန္တို႔ကိုမခြဲႏိုင္ဘူးရယ္



Comment