UNICODE
၂၁.
ကောင်လေးက ပြတင်းပေါက်တံခါးကို သေချာပိတ်လိုက်ပြီး မီးဖိုချောင်ဘက် လမ်းလျှောက်ထွက်သွားတယ်။
အားမရှိတဲ့ ပိုးဟပ်လေးကတော့ ပြတင်းပေါက်ဘောင်နားလေးမှာ ခြေပစ်လက်ပစ်လဲကျနေတုန်းပဲ။ ပိုးဟပ်လေးက ကောင်လေးကို သူ့နံဘေးမှာ ရှိနေစေချင်ပြီး အဖော်ပြုပေးစေချင်တာ။
ပိုးဟပ်လေးဟာ ပြန်ထဖို့တောင် အားအင်ကုန်ခမ်းနေပြီး နေရာမှာတင် ခြေကားယားလက်ကားယားလေးနဲ့ ရှိနေတုန်း။
တစ်အောင့်နေတော့ ကောင်လေး ပြန်လာတယ်။ ပြီးတော့ ကြက်ဥနို့ပေါင်းအရသာကွတ်ကီးလေးတစ်ချပ်ကို ပိုးဟပ်လေးဆီ တွန်းပေးလိုက်တယ်။
ပိုးဟပ်လေးက ကြောင်အမ်းအမ်းနဲ့ပဲ ကွတ်ကီးကို ကြည့်လိုက်၊ ကောင်လေးကို ကြည့်လိုက် လုပ်နေတော့တယ်။
၂၂.
ကောင်လေးက အပြင်မှာအရမ်းအေးတာမို့ လျှောက်မသွားဘဲ အိမ်ထဲမှာပဲနေဖို့ပြောတယ်။
ပြီးတော့ သူက ပိုးဟပ်လေးကို စားစရာကျွေးမှာဆိုပေမယ့် တခြားသူငယ်ချင်းတွေကိုတော့ အိမ်ထဲ ခေါ်မလာဖို့ ပြောသေးတယ်။
"ငါလည်း မင်းတစ်ကောင်နဲ့ ဘယ်လိုလုပ်ရပါ့.. ဘယ်လိုပဲ လိုက်ဖမ်းဖမ်း မင်းမှ ထွက်မပြေးဘဲ"
"ခေါင်းမာလွန်းတဲ့ ပိစိအကောင်လေး.. ငါပြောတာ နားလည်ရဲ့လား?"
"ရော့ ဒီကွတ်ကီးကိုစား.. ဟမ် မင်းဘာသာမင်း ရယ်နေတာလား? ပိုးဟပ်တွေက ရယ်နိုင်လို့လား?"
"ဟေး အရူးလေး မင်းရယ်လွန်းလို့ မျက်ရည်တောင်ထွက်နေပြီ"
၂၃.
ကောင်လေးရဲ့အိမ်က သန့်ရှင်းသပ်ရပ်ဆဲပဲ။ ဖုန်တစ်စက်မှမရှိဘဲ နေချင့်စဖွယ်အိမ်လေးဖြစ်နေတုန်းပဲ။ အမှိုက်ဆိုတာကလည်း ရှားပါးပစ္စည်းဖြစ်သလို ပိုးသတ်ဆေးဆိုတာ ဘယ်ချောင်မှာ သွားပုန်းနေမှန်းတောင် မသိတော့ဘူး။
နေ့တိုင်းနေ့တိုင်း ကောင်လေးက အလုပ်မသွားခင် မီးဖိုချောင်ထောင့်နားလေးမှာ ကြက်ဥနို့ပေါင်းခရင်မ်ကွတ်ကီးပဲ့လေးကို အမြဲ ထားထားပေးခဲ့တယ်။
ကောင်လေး အလုပ်ကနေ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ကြက်ဥနို့ပေါင်းခရင်မ်လေး မရှိတော့ဘူး။
ကောင်လေးက ထောင့်နားလေးက ကွတ်ကီးမှုန်လေးတွေကို ကြည့်လိုက်တယ်။ ပြီးတာနဲ့ ဗီရိုအက်ကြားနောက်မှာ တထောင်ထောင်နဲ့ ဟိုယိမ်းဒီယိမ်းနေတဲ့ ဦးမှင်သေးသေးလေးနှစ်ချောင်းကို မော့ကြည့်လိုက်တယ်။
သူ မပြုံးဘဲ ဝါးလုံးကွဲရယ်ပါလေရော။
__သူ ရယ်လိုက်ရင်လေ... အရမ်းအရမ်းအရမ်း ကြည့်ကောင်းတာပဲ။
၂၄.
ပိုးဟပ်ငယ်လေးက တစ်ရှူးစလေးကို တရွတ်တိုက် ဆွဲလာတယ်။ ကောင်လေးအတွက် စဥ့်တီတုံး ကူသန့်ရှင်းပေးဖို့လုပ်ရင်း ပါးစပ်လေးတဟဟနဲ့ မောလွန်းလို့ ဟောဟဲလိုက်နေပြီ။
ကောင်လေးက မီးဖိုချောင်ထဲ လျှောက်လာပြီး သူ့လက်ညှိုးလေးနဲ့ ပိုးဟပ်လေးရဲ့ခေါင်းကို ဖွဖွလေး ပုတ်လိုက်တယ်။
"အလုပ်ကြိုးစားနေတာလား?"
ကောင်လေးက ပန်းကန်စင်အောက်ကို လက်ညှိုးထိုးပြလိုက်တယ်။
"ကြည့်.. မင်းမနေ့က စားပြီးကျန်ခဲ့တဲ့ မုန့်အစအနတွေကို မရှင်းရသေးဘူးနော်"
ပိုးဟပ်လေးက ရှက်သွားပြီး ကောင်လေးရဲ့လက်ညှိုးထိပ်ကို ပွတ်သီးပွတ်သပ်လုပ်လိုက်တယ်။ ပြီးတာနဲ့ တစ်ရှူးကို တရွတ်တိုက်ဆွဲပြီး လှစ်ခနဲထွက်ပြေးသွားရော။
ကောင်လေးက ပြောတယ်။
"မင်းကတော့ တကယ်ထူးဆန်းတဲ့အကောင်ပေါက်လေးပဲ"
၂၅.
နွေဦးရာသီရောက်လာခဲ့ပြီ။ ပန်းရောင်စုံကလည်း နေရာအနှံ့ပွင့်လန်းနေရော။ ပိုးဟပ်လေးက ပြတင်းပေါက်ကနေတစ်ဆင့် မက်မွန်ဖူးပွင့်လေးတွေ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်နေတာကို ငေးကြည့်နေမိတယ်။
ကောင်လေးက ကြောင်အိမ်ထဲကနေ ကြက်ဥနို့ပေါင်းခရင်မ်ကွတ်ကီးထုပ်ကြီးကို ယူထုတ်လိုက်တယ်။ အခု သူ မီးပူသေချာတိုက်ထားတဲ့ သားသားနားနားဝတ်စုံပြည့်ကို ဝတ်ထားတာ။
ကောင်လေးက အကျယ်ကြီးအော်ပြောလိုက်တယ်။
"ငါ ဒီနေ့ရာထူးတိုးသွားပြီကွ.. ဂုဏ်ပြုပွဲလုပ်တဲ့အနေနဲ့ မင်းကို ကြက်ဥနို့ပေါင်းခရင်မ်ကွတ်ကီးနှစ်ချပ် ကျွေးမယ်"
ပိုးဟပ်လေးက ကွတ်ကီးပေါ် ဝမ်းလျားမှောက်လိုက်တယ်။ ပြီးတော့ ကောင်လေးကို ဦးမှင်လေး ဟိုယိမ်းဒီယိမ်းနဲ့ မော့ကြည့်ပြီး ပဲစေ့လေးလိုဝိုင်းစက်နေတဲ့မျက်လုံးနက်လေးတွေကို ပေကလပ်ပေကလပ် ခတ်လိုက်တယ်။
ကောင်လေးက မေးလာရော။
"ချစ်ဖို့ကောင်းအောင် လုပ်ပြနေတာလား?"
•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
ZAWGYI
၂၁.
ေကာင္ေလးက ျပတင္းေပါက္တံခါးကို ေသခ်ာပိတ္လိုက္ၿပီး မီးဖိုေခ်ာင္ဘက္ လမ္းေလွ်ာက္ထြက္သြားတယ္။
အားမရွိတဲ့ ပိုးဟပ္ေလးကေတာ့ ျပတင္းေပါက္ေဘာင္နားေလးမွာ ေျခပစ္လက္ပစ္လဲက်ေနတုန္းပဲ။ ပိုးဟပ္ေလးက ေကာင္ေလးကို သူ႔နံေဘးမွာ ရွိေနေစခ်င္ၿပီး အေဖာ္ျပဳေပးေစခ်င္တာ။
ပိုးဟပ္ေလးဟာ ျပန္ထဖို႔ေတာင္ အားအင္ကုန္ခမ္းေနၿပီး ေနရာမွာတင္ ေျခကားယားလက္ကားယားေလးနဲ႔ ရွိေနတုန္း။
တစ္ေအာင့္ေနေတာ့ ေကာင္ေလး ျပန္လာတယ္။ ၿပီးေတာ့ ၾကက္ဥႏို႔ေပါင္းအရသာကြတ္ကီးေလးတစ္ခ်ပ္ကို ပိုးဟပ္ေလးဆီ တြန္းေပးလိုက္တယ္။
ပိုးဟပ္ေလးက ေၾကာင္အမ္းအမ္းနဲ႔ပဲ ကြတ္ကီးကို ၾကည့္လိုက္၊ ေကာင္ေလးကို ၾကည့္လိုက္ လုပ္ေနေတာ့တယ္။
၂၂.
ေကာင္ေလးက အျပင္မွာအရမ္းေအးတာမို႔ ေလွ်ာက္မသြားဘဲ အိမ္ထဲမွာပဲေနဖို႔ေျပာတယ္။
ၿပီးေတာ့ သူက ပိုးဟပ္ေလးကို စားစရာေကြၽးမွာဆိုေပမယ့္ တျခားသူငယ္ခ်င္းေတြကိုေတာ့ အိမ္ထဲ ေခၚမလာဖို႔ ေျပာေသးတယ္။
"ငါလည္း မင္းတစ္ေကာင္နဲ႔ ဘယ္လိုလုပ္ရပါ့.. ဘယ္လိုပဲ လိုက္ဖမ္းဖမ္း မင္းမွ ထြက္မေျပးဘဲ"
"ေခါင္းမာလြန္းတဲ့ ပိစိအေကာင္ေလး.. ငါေျပာတာ နားလည္ရဲ႕လား?"
"ေရာ့ ဒီကြတ္ကီးကိုစား.. ဟမ္ မင္းဘာသာမင္း ရယ္ေနတာလား? ပိုးဟပ္ေတြက ရယ္ႏိုင္လို႔လား?"
"ေဟး အ႐ူးေလး မင္းရယ္လြန္းလို႔ မ်က္ရည္ေတာင္ထြက္ေနၿပီ"
၂၃.
ေကာင္ေလးရဲ႕အိမ္က သန္႔ရွင္းသပ္ရပ္ဆဲပဲ။ ဖုန္တစ္စက္မွမရွိဘဲ ေနခ်င့္စဖြယ္အိမ္ေလးျဖစ္ေနတုန္းပဲ။ အမႈိက္ဆိုတာကလည္း ရွားပါးပစၥည္းျဖစ္သလို ပိုးသတ္ေဆးဆိုတာ ဘယ္ေခ်ာင္မွာ သြားပုန္းေနမွန္းေတာင္ မသိေတာ့ဘူး။
ေန႔တိုင္းေန႔တိုင္း ေကာင္ေလးက အလုပ္မသြားခင္ မီးဖိုေခ်ာင္ေထာင့္နားေလးမွာ ၾကက္ဥႏို႔ေပါင္းခရင္မ္ကြတ္ကီးပဲ့ေလးကို အၿမဲ ထားထားေပးခဲ့တယ္။
ေကာင္ေလး အလုပ္ကေန အိမ္ျပန္ေရာက္ၿပီဆိုတာနဲ႔ ၾကက္ဥႏို႔ေပါင္းခရင္မ္ေလး မရွိေတာ့ဘူး။
ေကာင္ေလးက ေထာင့္နားေလးက ကြတ္ကီးမႈန္ေလးေတြကို ၾကည့္လိုက္တယ္။ ၿပီးတာနဲ႔ ဗီ႐ိုအက္ၾကားေနာက္မွာ တေထာင္ေထာင္နဲ႔ ဟိုယိမ္းဒီယိမ္းေနတဲ့ ဦးမွင္ေသးေသးေလးႏွစ္ေခ်ာင္းကို ေမာ့ၾကည့္လိုက္တယ္။
သူ မၿပဳံးဘဲ ဝါးလုံးကြဲရယ္ပါေလေရာ။ သူ ရယ္လိုက္ရင္ေလ... အရမ္းအရမ္းအရမ္း ၾကည့္ေကာင္းတာပဲ။
၂၄.
.ေပိုးဟပ္ငယ္ေလးက တစ္ရွဴးစေလးကို တ႐ြတ္တိုက္ ဆြဲလာတယ္။ ေကာင္ေလးအတြက္ စဥ့္တီတုံး ကူသန္႔ရွင္းေပးဖို႔လုပ္ရင္း ပါးစပ္ေလးတဟဟနဲ႔ ေမာလြန္းလို႔ ေဟာဟဲလိုက္ေနၿပီ။ကာင္ေလးက မီးဖိုေခ်ာင္ထဲ ေလွ်ာက္လာၿပီး သူ႔လက္ညႇိဳးေလးနဲ႔ ပိုးဟပ္ေလးရဲ႕ေခါင္းကို ဖြဖြေလး ပုတ္လိုက္တယ္။
"အလုပ္ႀကိဳးစားေနတာလား?"
ေကာင္ေလးက ပန္းကန္စင္ေအာက္ကို လက္ညႇိဳးထိုးျပလိုက္တယ္။
"ၾကည့္.. မင္းမေန႔က စားၿပီးက်န္ခဲ့တဲ့ မုန္႔အစအနေတြကို မရွင္းရေသးဘူးေနာ္"
ပိုးဟပ္ေလးက ရွက္သြားၿပီး ေကာင္ေလးရဲ႕လက္ညႇိဳးထိပ္ကို ပြတ္သီးပြတ္သပ္လုပ္လိုက္တယ္။ ၿပီးတာနဲ႔ တစ္ရွဴးကို တ႐ြတ္တိုက္ဆြဲၿပီး လွစ္ခနဲထြက္ေျပးသြားေရာ။
ေကာင္ေလးက ေျပာတယ္။
"မင္းကေတာ့ တကယ္ထူးဆန္းတဲ့အေကာင္ေပါက္ေလးပဲ"
၂၅.
ေႏြဦးရာသီေရာက္လာခဲ့ၿပီ။ ပန္းေရာင္စုံကလည္း ေနရာအႏွံ႔ပြင့္လန္းေနေရာ။ ပိုးဟပ္ေလးက ျပတင္းေပါက္ကေနတစ္ဆင့္ မက္မြန္ဖူးပြင့္ေလးေတြ တစ္ပြင့္ၿပီးတစ္ပြင့္ ပြင့္ေနတာကို ေငးၾကည့္ေနမိတယ္။
ေကာင္ေလးက ေၾကာင္အိမ္ထဲကေန ၾကက္ဥႏို႔ေပါင္းခရင္မ္ကြတ္ကီးထုပ္ႀကီးကို ယူထုတ္လိုက္တယ္။ မီးပူေသခ်ာတိုက္ထားတဲ့ သားသားနားနားဝတ္စုံျပည့္ကို ဝတ္ထားတယ္။
ေကာင္ေလးက အက်ယ္ႀကီးေအာ္ေျပာလိုက္တယ္။
"ငါ ဒီေန႔ရာထူးတိုးသြားၿပီကြ.. ဂုဏ္ျပဳပြဲလုပ္တဲ့အေနနဲ႔ မင္းကို ၾကက္ဥႏို႔ေပါင္းခရင္မ္ကြတ္ကီးႏွစ္ခ်ပ္ ေကြၽးမယ္"
ပိုးဟပ္ေလးက ကြတ္ကီးေပၚ ဝမ္းလ်ားေမွာက္လိုက္တယ္။ ၿပီးေတာ့ ေကာင္ေလးကို ဦးမွင္ေလး ဟိုယိမ္းဒီယိမ္းနဲ႔ ေမာ့ၾကည့္ၿပီး ပဲေစ့ေလးလိုဝိုင္းစက္ေနတဲ့မ်က္လုံးနက္ေလးေတြကို ေပကလပ္ေပကလပ္ ခတ္လိုက္တယ္။
ေကာင္ေလးက ေမးလာေရာ။
"ခ်စ္ဖို႔ေကာင္းေအာင္ လုပ္ျပေနတာလား?"
•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•