L

_Zawgyi_


'အဆင္ေျပရဲ႕လား'


ရင္းႏွီးေနတဲ့ အသံေၾကာင့္ ေမာ့ၾကည့္လိုက္မိေတာ့ ထင္တဲ့အတိုင္းပင္


*Oh My Goddddddd!!!!!!!!!
ငါဘဲအျမင္မွားတာလား အျမင္မွားစရာအေၾကာင္းလဲမရွိပါဘူး ဒါဆိုအိပ္မက္ မက္ေနတာလား အခုငါ့ေရွ႕မွာ ေရာက္ေနတဲ့သူက ငါသိပ္ျမတ္ႏိုးရတဲ့ ငါ့လူႀကီးမလား*


ဘယ္ေလာက္ေတာင္ အေတြးယဥ္ေၾကာထဲ နွစ္ေျမာၿပီး ေငးၾကည့္ေနမိသည္မသိ လူႀကီးကအတင္းလႈပ္ေမးေတာ့မွ


'မိန္းကေလး!မိန္းကေလး!အဆင္ေျပရဲ႕လား'


'ဟင္! ဟုတ္--ဟုတ္ကဲ့'


အခုမွ အသိျပန္ဝင္လာေသာလူလို အေယာင္ေယာင္ အနန ျဖင့္ျပန္ေျဖေသာ ကိုယ့္ကိုၾကည့္ကာ လူႀကီးက ႏႈတ္ခမ္းလႈပ္ရံုၿပံဳးရင္း


'ဘယ္လိုျဖစ္တာလဲ'


'စက္ဘီး slip ျဖစ္ၿပီးေျခေခါက္သြားတာ'


'ရရဲ႕လား အကိုကူထူေပးမယ္'


ဟုဆိုကာ လက္ကမ္းေပးလာတာေၾကာင့္ လူႀကီးရဲ႕လက္ကိုကိုင္ရင္း အားယူကာထလိုက္ေပမဲ့ ေျခေထာက္က မခံႏိုင္ေအာင္ နာလာတာေၾကာင့္


'အာ့!'


ယိုင္မလိုျဖစ္သြားေသာ ကိုယ့္ကို လူႀကီးက ကူထိန္းေပးၿပီး အနီးနားရွိ ခံုတန္းေပၚတြင္ထိုင္ေစသည္


'ေျခေထာက္က ေတာ္ေတာ္ထိသြားပံုဘဲ တစ္ေယာက္ေယာက္ကို လာေခၚခိုင္းလိုက္ပါလား'


လူႀကီးရဲ႕အေျပာေၾကာင့္ ေငးေနရင္းမွ အသိျပန္ဝင္လာကာ ေခါင္းကိုအသာငံု႔ရင္း


'မရွိဘူး'


'ဟင္'


နားမလည္သလို ျပန္ေမးလာတဲ့လူႀကီးေၾကာင့္


'လာေခၚေပးမဲ့သူမရွိဘူး ညီမကဒီကို တစ္ေယာက္တည္းအလည္လာတာမို႔ သိတဲ့သူမရွိဘူး'


ကိုယ့္အေျဖေၾကာင့္ လူႀကီးလဲ ဘာလုပ္ရမလဲဆိုတာ စဥ္းစားရက်ပ္သြားပံုရသည္
ခဏေလာက္ၾကာမွ


'ဒါဆိုအကို လံုၿခံဳေရးသြားေခၚေပးမယ္ ဒီမွာခနေစာင့္ေနေနာ္'


စကားဆံုးသည္ႏွင့္ စက္ဘီးစီးကာ ထြက္သြားေသာ
လူႀကီး၏ ေက်ာျပင္ကိုေငးၾကည့္ရင္း


*ဘာလို႔ေက်ာျပင္ကအစ ၾကည့္ေကာင္းေနရတာလဲ*
အၿမဲတမ္း screen ထက္ကေနသာ ေငးၾကည့္ခဲ့ရတဲ့လူႀကီးက အျပင္မွာအစေပါင္းမ်ားစြာ ပိုၾကည့္ေကာင္းသည္။ ရွပ္အျပာနဲ႔ ဂ်င္းကိုသာ ရိုးရွင္းစြာဝတ္ဆင္ထားေသာ္လဲ ခန္႔ညားေနဆဲပင္။ လူႀကီး၏ လက္ေတြကလဲ ကိုစိတ္ကူးယဥ္ထားတာထက္ကို လွပၿပီးေႏြးေထြးလြန္းလွသည္။


တေျဖးေျဖးေပ်ာက္ကြယ္သြားေသာ လူႀကီး၏ေက်ာျပင္က်ယ္ကို ေငးၾကည့္ရင္း ရင္ထဲတြင္လဲ လိပ္ျပာမ်ားစြာ ပ်ံဝဲေနသည္။ အခုထက္ထိလဲ ထိုအျဖစ္ကို မယံုၾကည္ႏိုင္ေသးေပ။


မိနစ္အနည္းငယ္ ကုန္ဆံုးၿပီးေနာက္တြင္ေတာ့
ဝန္ထမ္းေတြနဲ႔အတူ ျပန္ေရာက္လာခဲ့သည္။


'ေက်းဇူးတင္ပါတယ္ အကို႔အခ်ိန္ေတြကိုလဲ ျဖဳန္းတီးမိခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္'


'ကိစၥမရွိပါဘူး  ဒါဆိုအကိုသြားေတာ့မယ္'


ေႏြးေထြးစြာၿပံဳးျပရင္း လွည့္ထြက္သြားေသာ လူႀကီးကိုၾကည့္ကာ စိတ္ထဲဝမ္းနည္းလာသလိုလို


*အဲ့ပါးခ်ိဳင့္ေတြက တကယ္ၾကည့္ေကာင္းတာဘဲ*


ဝန္ထမ္းေတြရဲ႕အကူအညီျဖင့္ Taxi ဌားၿပီးေနာက္တြင္ေတာ့ ေဆးရံုဆီသို႔ ခ်ီတတ္ၿပီးမွ Hotel ျပန္လာခဲ့ရသည္


ေျခေထာက္က အဆစ္လြဲၿပီး အရမ္းေရာင္ေနတာေၾကာင့္ ႏွစ္ရက္ေလာက္ နားရမယ္တဲ့
လုပ္စရာေတြအမ်ားႀကီးရွိေနေသးတာကို ႏွစ္ရက္နားရမယ္ဆိုတာေၾကာင့္ စိတ္ပ်က္မိသည္


ရက္ေစာၿပီး လာခဲ့လို႔ေတာ္ေသးသည္ မဟုတ္ရင္
ပထမဆံုးအခြင့္ေရးေလး ဆံုးရွံးရေတာ့မို႔
ပထမဆံုးျဖစ္သလို ေနာက္ဆံုးလဲျဖစ္သြားႏိုင္တဲ့
မေသခ်ာတဲ့ကံတရားေၾကာင့္ ထိုေန႔ေလးကို မလြဲခ်င္ပါ


ၷဘယ္မွသြားလို႔မရဘူးဆိုေတာ့ ႏွစ္ရက္လံုး Hotel မွာေသာင္တင္ေနရမွာေပါ့ စိတ္ပ်က္စရာဘဲ


ဒါေပမဲ့လဲ လူႀကီးနဲ႔နီးနီးကပ္ကပ္ ရွိခြင့္ရခဲ့တာမို႔ အခုလိုျဖစ္တာ ေက်းဇူးတင္ရမလိုလို


ညေနကအေၾကာင္း ျပန္ေတြးမိေလေတာ့ ရင္ထဲတြင္ ပြဲေတာ္မ်ားက်င္းပေနေတာ့သည္
ၿပံဳးေနမိသည္မွာလဲ နား႐ြက္တက္ခ်ိတ္မတတ္
ပါးစပ္ကိုစိမရေပ


ျဖစ္ပ်က္ခဲ့သမ်ွ အေၾကာင္းအရာမ်ားကို တစ္ခုမက်န္ စာအုပ္ေလးေပၚတြင္ ခ်ေရးရင္း ၾကည္ႏူးေနမိသည္
အသက္ရွင္သမ်ွ ကာလတစ္ေလ်ွာက္ ဒီေန႔သည္
အေပ်ာ္ဆံုး၊ အေကာင္းဆံုးနဲ႔ လံုးဝေမ့မရႏိုင္ေသာေန႔ပင္


တစ္ညလံုးလဲ အိပ္မရႏိုင္ဘဲ တစ္ေယာက္တည္း ၿပံဳးလိုက္၊ ရယ္လိုက္ ေဆာင္ကိုကိုက္လိုက္၊ ကန္လိုက္ ဟိုဘက္လွည့္လိုက္၊ ဒီဘက္လွည့္လိုက္ႏွင့္


စိတ္ထဲတြင္လဲ ၾကည္ႏူးျခင္း၊ ေပ်ာ္႐ႊင္ျခင္း၊ မယံုၾကည္ႏိုင္ျခင္းႏွင့္ အမ်ိဳးအမည္မသိေသာ ခံစားခ်က္ေပါင္းမ်ားစြာ ျဖစ္ေပၚေနသည္


လူႀကီးရဲ႕ခန္႔ညားမႈနဲ႔ ေႏြးေထြးတဲ့အၿပံဳးေတြကလဲ
မ်က္လံုးထဲကမထြက္သလို ဒီတစ္သတ္ေမ့ရမယ္မထင္


_Unicode_


'အဆင်ပြေရဲ့လား'


ရင်းနှီးနေတဲ့ အသံကြောင့် မော့ကြည့်လိုက်မိတော့ ထင်တဲ့အတိုင်းပင်


*Oh My Goddddddd!!!!!!!!!
ငါဘဲအမြင်မှားတာလား အမြင်မှားစရာအကြောင်းလဲမရှိပါဘူး ဒါဆိုအိပ်မက် မက်နေတာလား အခုငါ့ရှေ့မှာ ရောက်နေတဲ့သူက ငါသိပ်မြတ်နိုးရတဲ့ ငါ့လူကြီးမလား*


ဘယ်လောက်တောင် အတွေးယဉ်ကြောထဲ နှစ်မြောပြီး ငေးကြည့်နေမိသည်မသိ လူကြီးကအတင်းလှုပ်မေးတော့မှ


'မိန်းကလေး!မိန်းကလေး!အဆင်ပြေရဲ့လား'


'ဟင်! ဟုတ်--ဟုတ်ကဲ့'


အခုမှ အသိပြန်ဝင်လာသောလူလို အယောင်ယောင် အနန ဖြင့်ပြန်ဖြေသော ကိုယ့်ကိုကြည့်ကာ လူကြီးက နှုတ်ခမ်းလှုပ်ရုံပြုံးရင်း


'ဘယ်လိုဖြစ်တာလဲ'


'စက်ဘီး slip ဖြစ်ပြီးခြေခေါက်သွားတာ'


'ရရဲ့လား အကိုကူထူပေးမယ်'


ဟုဆိုကာ လက်ကမ်းပေးလာတာကြောင့် လူကြီးရဲ့လက်ကိုကိုင်ရင်း အားယူကာထလိုက်ပေမဲ့ ခြေထောက်က မခံနိုင်အောင် နာလာတာကြောင့်


'အာ့!'


ယိုင်မလိုဖြစ်သွားသော ကိုယ့်ကို လူကြီးက ကူထိန်းပေးပြီး အနီးနားရှိ ခုံတန်းပေါ်တွင်ထိုင်စေသည်


'ခြေထောက်က တော်တော်ထိသွားပုံဘဲ တစ်ယောက်ယောက်ကို လာခေါ်ခိုင်းလိုက်ပါလား'


လူကြီးရဲ့အပြောကြောင့် ငေးနေရင်းမှ အသိပြန်ဝင်လာကာ ခေါင်းကိုအသာငုံ့ရင်း


'မရှိဘူး'


'ဟင်'


နားမလည်သလို ပြန်မေးလာတဲ့လူကြီးကြောင့်


'လာခေါ်ပေးမဲ့သူမရှိဘူး ညီမကဒီကို တစ်ယောက်တည်းအလည်လာတာမို့ သိတဲ့သူမရှိဘူး'


ကိုယ့်အဖြေကြောင့် လူကြီးလဲ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရကျပ်သွားပုံရသည်
ခဏလောက်ကြာမှ


'ဒါဆိုအကို လုံခြုံရေးသွားခေါ်ပေးမယ် ဒီမှာခနစောင့်နေနော်'


စကားဆုံးသည်နှင့် စက်ဘီးစီးကာ ထွက်သွားသော
လူကြီး၏ ကျောပြင်ကိုငေးကြည့်ရင်း


*ဘာလို့ကျောပြင်ကအစ ကြည့်ကောင်းနေရတာလဲ*
အမြဲတမ်း screen ထက်ကနေသာ ငေးကြည့်ခဲ့ရတဲ့လူကြီးက အပြင်မှာအစပေါင်းများစွာ ပိုကြည့်ကောင်းသည်။ ရှပ်အပြာနဲ့ ဂျင်းကိုသာ ရိုးရှင်းစွာဝတ်ဆင်ထားသော်လဲ ခန့်ညားနေဆဲပင်။ လူကြီး၏ လက်တွေကလဲ ကိုစိတ်ကူးယဉ်ထားတာထက်ကို လှပပြီးနွေးထွေးလွန်းလှသည်။


တဖြေးဖြေးပျောက်ကွယ်သွားသော လူကြီး၏ကျောပြင်ကျယ်ကို ငေးကြည့်ရင်း ရင်ထဲတွင်လဲ လိပ်ပြာများစွာ ပျံဝဲနေသည်။ အခုထက်ထိလဲ ထိုအဖြစ်ကို မယုံကြည်နိုင်သေးပေ။


မိနစ်အနည်းငယ် ကုန်ဆုံးပြီးနောက်တွင်တော့
ဝန်ထမ်းတွေနဲ့အတူ ပြန်ရောက်လာခဲ့သည်။


'ကျေးဇူးတင်ပါတယ် အကို့အချိန်တွေကိုလဲ ဖြုန်းတီးမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်'


'ကိစ္စမရှိပါဘူး  ဒါဆိုအကိုသွားတော့မယ်'


နွေးထွေးစွာပြုံးပြရင်း လှည့်ထွက်သွားသော လူကြီးကိုကြည့်ကာ စိတ်ထဲဝမ်းနည်းလာသလိုလို


*အဲ့ပါးချိုင့်တွေက တကယ်ကြည့်ကောင်းတာဘဲ*


ဝန်ထမ်းတွေရဲ့အကူအညီဖြင့် Taxi ဌားပြီးနောက်တွင်တော့ ဆေးရုံဆီသို့ ချီတတ်ပြီးမှ Hotel ပြန်လာခဲ့ရသည်


ခြေထောက်က အဆစ်လွဲပြီး အရမ်းရောင်နေတာကြောင့် နှစ်ရက်လောက် နားရမယ်တဲ့
လုပ်စရာတွေအများကြီးရှိနေသေးတာကို နှစ်ရက်နားရမယ်ဆိုတာကြောင့် စိတ်ပျက်မိသည်


ရက်စောပြီး လာခဲ့လို့တော်သေးသည် မဟုတ်ရင်
ပထမဆုံးအခွင့်ရေးလေး ဆုံးရှံးရတော့မို့
ပထမဆုံးဖြစ်သလို နောက်ဆုံးလဲဖြစ်သွားနိုင်တဲ့
မသေချာတဲ့ကံတရားကြောင့် ထိုနေ့လေးကို မလွဲချင်ပါ


္နဘယ်မှသွားလို့မရဘူးဆိုတော့ နှစ်ရက်လုံး Hotel မှာသောင်တင်နေရမှာပေါ့ စိတ်ပျက်စရာဘဲ


ဒါပေမဲ့လဲ လူကြီးနဲ့နီးနီးကပ်ကပ် ရှိခွင့်ရခဲ့တာမို့ အခုလိုဖြစ်တာ ကျေးဇူးတင်ရမလိုလို


ညနေကအကြောင်း ပြန်တွေးမိလေတော့ ရင်ထဲတွင် ပွဲတော်များကျင်းပနေတော့သည်
ပြုံးနေမိသည်မှာလဲ နားရွက်တက်ချိတ်မတတ်
ပါးစပ်ကိုစိမရပေ


ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို တစ်ခုမကျန် စာအုပ်လေးပေါ်တွင် ချရေးရင်း ကြည်နူးနေမိသည်
အသက်ရှင်သမျှ ကာလတစ်လျှောက် ဒီနေ့သည်
အပျော်ဆုံး၊ အကောင်းဆုံးနဲ့ လုံးဝမေ့မရနိုင်သောနေ့ပင်


တစ်ညလုံးလဲ အိပ်မရနိုင်ဘဲ တစ်ယောက်တည်း ပြုံးလိုက်၊ ရယ်လိုက် ဆောင်ကိုကိုက်လိုက်၊ ကန်လိုက် ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နှင့်


စိတ်ထဲတွင်လဲ ကြည်နူးခြင်း၊ ပျော်ရွှင်ခြင်း၊ မယုံကြည်နိုင်ခြင်းနှင့် အမျိုးအမည်မသိသော ခံစားချက်ပေါင်းများစွာ ဖြစ်ပေါ်နေသည်


လူကြီးရဲ့ခန့်ညားမှုနဲ့ နွေးထွေးတဲ့အပြုံးတွေကလဲ
မျက်လုံးထဲကမထွက်သလို ဒီတစ်သတ်မေ့ရမယ်မထင်

Comment