International Play Boy Mg 33 ( Past _2)
Taehyungကို Jungkookနေ့တိုင်းနီးပါးအကြိုအပို့လုပ်ပေးလေသည်။
အိမ်လိုက်ပို့တိုင်းလဲ ဘာစကားမှမပြောဘဲ အမြဲလိုလို Taehyungကို ငေးကြည့်ကာ ပြုံးနေတက်သေးသည်။
အရင်ကမှ Jungkookကို သူချစ်ခဲ့ပါတယ်ဆိုနေမှ အခုလို့ အေးဆေးတည်ငြိမ်တဲ့ပုံလေးကြောင့် Taehyungခဗျာ သူကိုယ်သူအဝောာ်ထိန်းနေရလေသည်။
ဒီနေ့လည်းအရင်နေ့တွေလို့ ငေးကြည့်နေပြန်လေသည်။
" အဟမ်း Jungkook "
" ဗျာ မောင့်အချစ်ပြောလေ "
အဲတာကတော့တစ်ခုပေါ့။
ဘာလေးဘဲပြောပြော သူကိုယ်သူ မောင် လို့သုံးတက်တဲ့ Jungkookပါရယ်။
" ဘာလို့ ငါကိုငေးကြည့်ပြီးပြုံးနေတာလဲ "
" မောင်ကလေ  အချစ်ကို တန်ဖိုးမထားခဲ့ဘူး အစက ခင်ဗျားမရှိလည်း မောင်နေနိုင်မယ်ထင်ခဲ့ဝာာ မဖြစ်ဘူး သိလား အချစ် မောင်ကလေ ခင်ဗျားမရှိလို့ကိုမဖြစ်တာပါ "
Jungkookစကားကို‌ဆက်မပြောဘဲ Kim Taehyungဘက်ကို လှည့်ကြည့်လိုက်သည်။
" ..... "
Kim Taehyungရဲ့ မျက်နှာက အသက်မဲ့နေလေသည်။
" မောင်ခင်ဗျားကိုကြည့်နေရင်လည်း အဆင်ပြေပါတယ် "
Taehyung Jungkookကိုကြည့်မိတော့ ပြုံးပြတဲ့ ချစ်ရဖူးသူ
Taehyungအခုချိန်မှာ လုံး၀ကြီးကို စိတ်ထွေပြားနေမိသည်။
Jungkookလာကြိုပို့နေတာ သူမကြိုက်ဘူးလားဆိုတော့ သူသိပ်သဘောကျဝာာပေါ့။
သူလက်မခံချင်ပေမဲ့ လက်ခံရမဲ့ အမှန်တရားပင်။
‌ဒါပေမဲ့သူကြောက်မိလေသည်။
Jungkook အရင်လိုဘဲ ထားပစ်ခဲ့မလားဆိုတာ သူသိပ်ကြောက်မိသည်။
ခဲမှန်ဘူးတဲ့ စာသူငယ်လို့ နောက်ထပ်ပျံသန်းရမှာ သူကြောက်မိသည်။
လှိုင်းပုတ်သံကြောင့် ကြောက်သွေးဖျာနေတဲ့ ဇင်ယော်လိုမဟုတ်ဘူး။
မုန်တိုင်းထဲပါကာ ရေနှစ်ဖူးတဲ့ ဇင်ယော်‌တစ်ကောင်ပင်။
‌" မောင်ကို ပြန်စဉ်းစားပေးပါနော် "
အသနားခံနေတဲ့ မျက်၀န်းတွေ။
အို ဒီမျက်၀န်းတွေကို Taehyungမူးယစ်ဆေးလို စွဲလမ်းခဲ့ဘူးသည်မဟုတ်လား။
ရူးနေအောင်နှစ်ချိုက့်ဘူးတာကြောင့် သူနှစ်သက်ရူးမူးသွားနိုင်သည်မဟုတ်ဘူးလား။
ထိုမျက်၀န်းတွေကို Taehyungရှောင်ဖယ်လိုက်သည်။
" .... "
ဘာစကားမှပြန်မပြောတဲ့ Kim Taehyung
" ခင်‌ဗျားအချိန်စိတ်ကြိုက်ယူနိုင်ပါတယ် ဒါပေမဲ့ မောင့်ကိုကတိပေးပါ အခြားဝာစ်ယောက်မရှိရဘူးလို့ "
Taehyungခေါင်းညိတ်ပြလိုက်သည်။
ထိုမှ Jungkookက စိတ်လိုလက်ရ ပြုံးလေတော့သည်။
.....……
Bogumတစ်ယောက် သားလာမည်ဆိုသဖြင့် လေယာဉ်ကွင်းတွင် လာစောင့်နေလေသည်။
‌သားနဲ့မတွေ့ရတာတောင် လနဲ့ချီနေပြီပင်။
သားငယ်ကို သူသိပ်လွမ်းလှပေသည်။
Taeကိုရော လွမ်းနေသတိရနေသည်မှန်ပေမဲ့ သားနဲ့အတူ Taeလိုက်လာလိမ့်မည်ဟု သူမတွေးရဲပါ။
စောင့်နေရသူတစ်ယောက်အဖို့ အချိန်တွေဟာကြာသည်တဲ့။
ထိုနည်းတူ သူအ‌တွက်လဲ နာရီလက်တံများဟာ ဖြည်းညင်းစွာ ရွေ့လျားနေသလိုပင်။
သားနဲ့တွေ့ရမည်ကို တွေးမိတိုင်း Bogumမျက်နှာတွင် အပြုံးချိုချိုတို့ ပေါက်ဖွားလာလေသည်။
သူစောင့်မျှော်နေတဲ့ လေယာဉ်ရောက်လာတော့ Bogumမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
တစ်အောင့်လောက်အကြာတွင် ကလေးငယ်တစ်ယောက်ပြေးထွက်လာသည်။
သေချာပါသည်။
ထိုကလေးဟာ နှစ်ယောက်မရှိတဲ့ သူရဲ့သား Park Yejunပင်။
" ဖေဖေ.... "
ပြေးဖက်လာတဲ့ ကလေးငယ်ကို ဆီးကြိုသိမ်းဖက်ထားလိုက်မိသည်။
" သားငယ်ကို ဖေဖေက သိပ်လွမ်းနေတာ "
" Yejunရောဘဲ "
သူရင်ခွင်ထဲကနေ၍ နှုတ်ခမ်းတဆူဆူပြောနေတဲ့သားငယ်
သူနှစ်ခြိုက်စွာပြုံးမိလေသည်။
" Tulip! ဖေဖေ Yejunအတွက် ယူလာပေးတာလားဟင် "
" ဒါပေါ့ ဖေဖေသားငယ်က ကျုးလစ်ကြိုက်မှန်းသိလို့ ဖေဖေကိုယ်တိုင်ခူးလာတာ "
" ဖေဖေက အကောင်းဆုံးဘဲ "
လက်မလေး တစ်ထောင်ထောင်ပြောတဲ့ Yejun
" သားကလေ PaPaနဲ့ Apaကိုတောင်မစောင့်ဘူး "
အသံကြားရာ လှမ်းကြည့်မိတော့
Jiminနဲ့ Yoongiက Bogumတို့ အနီးကိုရောက်လာကြသည်။
" ဟီး "
Yejunက ရယ်သံလေးလုပ်ပြီး Jiminကိုဖက်ကာ
" Yejunက ဖေဖေကို တွေ့ချင်သွားလို့ပါ PaPaက Yejunကို ငြိုငြိုင်တာလား "
စကားတက်လွန်းတဲ့ ကလေးကို Jimin ချစ်လွန်းလို့ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပေ။
" ငြိုငြိုင်ပါဘူးကွာ "
Jiminလည်း Yejunလေးရဲ့ နှာခေါင်းလေးကိုဆွဲကာ ပြောလိုက်လေသည်။
ပျော်ရွင်စွာ ရယ်မောနေကြတဲ့ လူတစ်စု
ဖြစ်ခဲ့သမျှကိစ္စတွေကို ခဏမေ့လျောထားပြီ သူတို့ပျော်ရွင်ခွင့်ရှိသည်မလား။
.....
တီ တီ တီ
ဖုန်းခေါ်သံကြောင့် Taehyung အိပ်ရာမှ ထလိုက်သည်။
ဒီနေ့ရုံးပိတ်ရက်မို့ သူနေမြင့်တဲ့ထိ အိပ်မိနေခြင်းပေ။
" ဟယ်လို "
" ဟယ်လို ပါးပါး "
" သားငယ် ရောက်နေပြီလား "
" ဟုတ်တယ် ပါးပါး ဟီး ရောက်ပြီဗျာ့ ရောက်ပြီဆိုတာ ပါးပါးကို လှမ်းပြောတာပါဗျာ့ "
သားငယ်အသံနားထောင်ရတာ ပျော်ရွင်နေပုံ
သူပါလိုက်ပြုံးပျော်မိသည်ထိပေ။
" ပါးကလေးလေး ပျော်နေပုံဘဲ ဟုတ်လား "
" ဟုတ် ပါးပါး ပါးလည်းပါရင် ပျော်မှာ ပါးသိလား ဖေဖေကလေ Yejunအတွက် Tulipပန်းတွေ ယူလာပေးတယ် အရမ်းလှဝာာဘဲ "
" ဟုတ်လား "
" ဟုတ်တယ် ပြီးတော့ ဒီမှာအရင်လို့ဘဲ "
သားငယ်က စကားတွေ တတွတ်တွတ်ပြောနေလေသည်။ သားသူနဲ့ဒီလိုစကားမပြောတာ အတော်ကြာပြီ‌ပင်။
" ဟုတ်ပါပြီ ပါးအတွက်ပိုပျော်ပေးခဲ့နော် Yejunလေး "
" ဟုတ် ပါးပါး "
" ချစ်တယ် Park Yejun "
သားက သူကို နာမည်အပြည့်အစုံခေါ်ပြီ ချစ်တယ် ပြောရင် သိပ်သဘောကျသည်။
" ချစ်တယ် Park Yejunရဲ့ ပါးပါး ဟီး "
Taehyungအနည်းတော့ ကြောင်သွားသည်။
ဒါက Bogum Hyungသူကို ပြောနေကျ စကားစုပင်။
သားဘက်က ဖုန်းချသွားတဲ့ထိ သူကြောင်အနေမိတုန်းပေ။
" Kim Taehyung "
Taehyungလှည့်ကြည့်မိတော့ Jungkook
" ဟင် Jungkook  "
Jungkookရောက်တာကြာပြီပေ၊ သားနဲ့ဖုန်းပြောနေတာကြောင့် သူရပ်ကြည့်နေလေသည်။
နောက်ဆုံး Park Yejunလို့ ခေါ်လိုက်တာကို သူသဘောမကျပါ၊ အမှန်ဆို သားက သူ့သားလေ၊
" မောင် ခင်ဗျားကိုမေးမယ် သားက မောင့်ကလေးမဟုတ်လား "
Taehyungနှုတ်ဆိတ်နေသည်။
Jungkookအနေနဲ့ Yejunက သူ့သားဆိုတာသိပေမဲ့ Taehyungဆီကလည်း တိကျတဲ့ အတည်ပြုချက်လိုချင်သည်။
အတော်ကြာသည်ထိ နှုတ်ဆိတ်ကာ ဘာမှမပြောတဲ့သူကို Jungkook စိတ်လျော့လိုက်ပါသည်။
" အင်းပါ မောင်တောင်းပန်ပါတယ်နော် ခင်ဗျားက သားမျိုးရိုးနာမည်ကို Parkလို့ပြောတော့ မောင့်က သဘောမကျလို့ပါ အချစ်ရယ် "
Taehyung Jungkookရဲ့ နူးညံ့လှတဲ့ အပြောအဆို အပြုအမူတွေကြောင့် အံဩမိသည်။
အရင်က Jungkookက ဒီလိုတွေ မလုပ်တက်မပြောတက်ပါဘူး။
" မောင်က ဒီနေ့ မောင့်အချစ်ကို မနက်စားချက်ကျွေးမလိုလေ "
တိုက်ခန်းနဲ့ သက်သက်နေတဲ့ Taehyung ဆီကို Jungkookတစ်ယောက်နေ့တိုင်းနီးပါးလာသည်။
တိုက်ခန်း password ကိုပါ သိနေတော့ တံခါးမရှိဓားမရှိ ၀င်ထွက်နေတော့လေသည်။
ထိုမနက်မှာတော့ Jungkookပြင်ပေးတဲ့ မနက်စာကို Taehyungတစ်ယောက် ဗိုက်ကားအောင်စားခဲ့လေသည်။
........
အချစ်ဆိုတာ လူကိုပြောင်းလဲစေတယ်တဲ့
ကြမ်းတမ်းတဲ့သူကို နူးညံ့စေတယ်
ဆိုးသွမ်းတဲ့သူကို ကောင်းမွန်စေတယ်
ဒါပေမဲ့ ပြောင်းလဲခြင်းတွေ မကောင်းခဲ့ရင်ရော
....
1503words
4:11Pm
6.11.2023
Tulip V
" အဟမ်း Jungkook "
အဲတာကတော့တစ်ခုပေါ့။
" ..... "
Jungkookလာကြိုပို့နေတာ သူမကြိုက်ဘူးလားဆိုတော့ သူသိပျသဘောကဝြာာပေါ့။
" .... "
.....
သေချာပါသည်။
" ဖေဖေ.... "
" Yejunရောဘဲ "
" ဖေဖေက အကောင်းဆုံးဘဲ "
" ဟီး "
" ငြိုငြိုင်ပါဘူးကွာ "
.....
တီ တီ တီ
" ဟယ်လို "
" ဟယ်လို ပါးပါး "
" သားငယ် ရောက်နေပြီလား "
" ဟုတ် ပါးပါး ပါးလည်းပါရင် ပျော်မှာ ပါးသိလား ဖေဖေကလေ Yejunအတွက် Tulipပန်းတွေ ယူလာပေးတယ် အရမျးလှဝာာဘဲ "
" ဟုတ်လား "
" ဟုတ် ပါးပါး "
" ချစ်တယ် Park Yejun "
" Kim Taehyung "
" ဟင် Jungkook "
........
....
1503words
4:11Pm
6.11.2023
Tulip V
Comment