46- LURING HIM TOWARDS THE DEPTHS OF THE ABYSS

SCROLL DOWN FOR ZAWGYI


UNICODE


CH46 - LURING HIM TOWARDS THE DEPTHS OF THE ABYSS


လွန်ခဲ့သောဆယ်နှစ်တာလုံးတွင် လုဖုန်းယုံကြည်ထားခဲ့သည်ကား ရှန့်မင်အော်သည် မိမိ၌ဖြစ်ပျက်နေသောအရာများကိုလည်းကောင်း ၊ မိမိသေသည်ရှင်သည်ကိုလည်းကောင်း ဂရုမစိုက်ဟူ၍ပင် ။ မိမိအပေါ်  ရှန့်မင်အော်၏အပြုအမူများသည် လုဖုန်းနှလုံးသားလေး တုန်ယင်သွားရလောက်အောင်ထိ အမြဲတစေ စိတ်မပါဟန်ဖြင့် စိမ်းကားနေခဲ့ပေ၏ ။


သို့သော် အကယ်၍  , မျက်နှာပြင်အပေါ်ထိပ်ဆုံးတွင် ပေါ်နေသည့်အရာများက အမှန်တရားဟုတ်မနေခဲ့လျှင်မူ ?


လောင်ဟွမ်နှင့် လက်ဆွဲနှုတ်ဆက်ကာ စကားစမြည်ပြောကြပြီးနောက် လုဖုန်း အိမ်သို့ဦးတည်ခဲ့သည် ။ အိမ်ပြန်လမ်းတွင် စူပါမားကတ်တစ်ခုရှေ့ဖြတ်သွားမိချိန် စီးကရက်တစ်ဘူးနှင့် ဘီယာဘူးအချို့ပါ ဝင်ဝယ်ဖြစ်သေး၏ ။


အရက်သေစာသောက်ခြင်းက ခန္ဓာကိုယ်ကိုထိခိုက်စေသော်ငြား ဒီည လုဖုန်းခံစားနေရပုံမျိုးနှင့်ဆိုလျှင် မူးမိုက်သွားလောက်အောင် သောက်ပစ်လိုက်ဖို့ရန် သည့်ထက်ပိုကောင်းသော အခါသမယ မရှိတော့ပေ ။


စီးကရက်ကိုမီးညှိလိုက်ကာ အနံ့စူးရှရှ စီးကရက်ငွေ့များကို ရှူသွင်းရှူထုတ်ပြုမိသည် ။ မှတ်ဉာဏ်များကား လွန်ခဲ့သောဆယ်နှစ်ဆီ ဦးတည်လှော်ခတ်လျက် ။


ထိုနေ့က ဖြစ်ပျက်ခဲ့သည့်အရာများအပေါ်  လုဖုန်း ပြန်တွေးပြန်ပြောခြင်းမျိုးက အတော်အတန်ရှားပါးလှသည် ။ သို့သော် ဒီနေ့တွင်တော့ ထိုနေ့၏အသေးစိတ်များအထိ အလည်အပတ်မသွားပဲ မနေနိုင်တော့ ။


....


လုံးဝအဆက်အသွယ်မရသည်မှာ နှစ်လကြာပြီးနောက်ဝယ် ၊ နောက်ဆုံးတွင်တော့ ရှန့်မင်အော်က မိမိဖုန်းခေါ်သည်ကို လက်ခံဖြေကြားလေပြီ ။


သူတို့နှစ်ယောက်ကြား ငြိမ်းချမ်းရေးယူခြင်း၏လက္ခဏာတစ်ရပ်ဟု မှတ်ယူ၍ရနိုင်,မရနိုင် သူမသိ ။ သို့သော် အလွန်တရာပင် ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေခဲ့၏ ။ ယခုလက်ရှိဖြစ်ပျက်နေသည်က အိပ်မက်ဟုတ်မဟုတ် သေချာအောင် မိမိကိုယ်ကို လက်ဖြင့်ဆွဲဆိတ်ကြည့်မိသည်အထိပင် ။


"အကို.."


ရှန့်မင်အော်က ဖုန်းကိုင်လိုက်သည်ဖြစ်၍ လုဖုန်းဝမ်းသာပီတိဖြစ်နေပြီး မကြာမီမှာပင် မကျေနပ်မှုတို့ကပါ ချဥ်းနင်းဝင်ရောက်လာတော့သည် ။ ဤအရာက ဖုန်းခေါ်ဆိုခြင်းတစ်ခုမဟုတ်ခဲ့လျှင် အတော်ပင်ကောင်းမွန်ပေလိမ့်မည် ။ အကယ်၍ ရှန့်မင်အော်သာ မိမိရှေ့ရောက်နေခဲ့လျှင် ဖက်တွယ်ကာ ငြီးငြူစကားဆိုနိုင်ပေလိမ့်မည် ။ မည်သည့်အရာက မိမိကိုဝမ်းနည်းစေကြောင်းပြောပြကာ ရှန့်မင်အော်က မိမိအားတွန်းမထုတ်နိုင်စေရန် ဖက်တွယ်ထားလိုက်မည် ။


"လုဖုန်း ၊ ငါ့ကို အဲ့ဒါတွေပို့နေတာ ရပ်လိုက်တော့"


ရင်းနှီးကျွမ်းဝင်လှသော ၊ မပြောင်းမလဲတည်ရှိနေသော ရှန့်မင်အော်၏အသံက ဖုန်းတစ်ဖက်ခြမ်းစီမှ ထွက်ပေါ်လာခဲ့၏ ။


လက်ထဲရှိဖုန်းကို တင်းကြပ်နေအောင်ဖျစ်ညှစ်လိုက်ကာ ကွဲအက်သောအသံဖြင့်ပင် လုဖုန်းပြန်ပြောမိ၏ ။


"ကျွန်တော်ပို့ထားတဲ့ဟာတွေအကုန်လုံး အကိုမြင်တယ်ပေါ့ ?"


ရှန့်မင်အော်အတွက် သူစိုးရိမ်နေခဲ့စဥ်က ပို့ထားခဲ့သော မက်ဆေ့ချ်များ ၊ ရှန့်မင်အော်ကိုသူတောင်းပန်ခဲ့သောမက်ဆေ့ချ်များ ၊ နေ့စဥ်ဘဝအကြောင်း အဓိပ္ပာယ်မရှိ အမြီးအမောက်မတည့် ရေရွတ်ထားမှုများ ၊ လုဖုန်းကိုယ်တိုင်ကပင် ရူးနှမ်းလှသည်ဟုထင်ခဲ့သောစာတိုများ ၊ ထိုထိုသောအရာများအားလုံးကို ရှန့်မင်အော်က ကြည့်ခဲ့သည်လား ?


ရှန့်မင်အော်က ပြန်ပြောလာခဲ့သည် ။


"မဟုတ်ဘူး ၊ ငါ့မှာ အဲ့တာတွေဖတ်ဖို့ အချိန်မရှိဘူး ၊ အဲ့လိုဟာတွေ လိုလည်းမလိုဘူး ၊ ငါ့ဆီ နောက်ထပ် အဲ့လိုတွေထပ်မပို့နဲ့တော့ "


ရှန့်မင်အော်အတွက် စိုးရိမ်ပေးနေမည့်သူ့ကို ရှန့်မင်အော်က မလိုအပ် ။ ရှန့်မင်အော်၏ချစ်ခင်ကြင်နာမှုအတွက် ရူးမိုက်စွာ အန်တုကြိုးပမ်းနေသည့် သူ့ကိုလည်း မလိုအပ် ။ ရှန့်မင်အော်သည် သူ့ကိုတောင်မှ...မလိုအပ်ပေ ။


ထိုအချင်းအရာကို နားလည်လိုက်ရခြင်းနောက်ဝယ် အတန်ငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသလိုတောင် လုဖုန်းခံစားလိုက်ရ၏ ။


"ဟုတ်ပြီ ၊ ကျွန်တော် အကို့ဆီနောက်ထပ် အဲ့လိုတွေထပ်မပို့တော့ဘူး "


လုဖုန်း ကိုယ်ကိုညွတ်ကိုင်းကာ အကြည့်တို့အောက်စိုက်ထားမိလျက် စိတ်ဓာတ်ကျနေမိသည် ။ ရှန့်မင်အော်နှင့် ဖုန်းပြောခွင့်ရမှုအပေါ် ခံစားခဲ့ရသောပီတိအဟုန်သည်လည်း ခေတ္တမျှသာဖြစ်ပြီး ယခုတော့ ခါးသက်ခြင်းဆီသို့ တစ်ဖြည်းဖြည်းကူးပြောင်းသွားခဲ့လေပြီ ။


တစ်ဖက်ခြမ်း၌ ခေတ္တမျှတိတ်ဆိတ်သွားခဲ့ပြီးနောက်


"အဲ့ဒါဆို ကိစ္စပြတ်ပြီ "


ထိုစကား၌ လုဖုန်း ရုတ်တရက်ထိတ်လန့်သွားကာ ရုတ်ချည်းပင် ကျောကိုမတ်လိုက်မိလျက် အလျင်အမြန်ပင် စကားတုံ့ပြန်မိ၏ ။


"အကို...ကျွန်တော် အကို့ကိုတွေ့ချင်တယ် ၊ ကျေးဇူးပြုပြီး အကို့ကိုတွေ့ခွင့်ပေးပါ ၊ ကျွန်တော် ဘာမှမလုပ်ဘူး ၊ အကို့ကိုကြည့်ရုံကြည့်ပြီး အဆင်ပြေမပြေ သိချင်ရုံလေးပါ..."


လုဖုန်း မွေးဖွားလာသည့်အချိန်ကစ ဤကဲ့သို့ အချိန်အတော်ကြာ ရှန့်မင်အော်နှင့် မခွဲခွာခဲ့ဖူးပေ  ။ လုဖုန်း အမှန်တကယ်ကို ရှန့်မင်အော်အား လွမ်းဆွတ်လှပါ၏ ။


ဖုန်းလိုင်းက မပြတ်တောက်သေး ၊ သို့သော် ရှန့်မင်အော်ကား နောက်ထပ်မည်သည့်စကားကိုမှ ဆိုမလာ ။


"ငါအဆင်ပြေလား သိချင်တယ် ?"


ရှန့်မင်အော်က ရုတ်တရက်ရေရွတ်လာခဲ့ပြီး ရယ်မောနေသည်နှင့် ပိုလို့ပင်တူသေးသည် ။


"ဒီကမ္ဘာကြီးက ငါ့အတွက် ဘယ်လိုမှအဓိပ္ပာယ်မသက်ရောက်ဘူး ၊ အဲ့ဒါကြောင့် အဆင်ပြေတယ် ၊ မပြေဘူးဆိုတာမျိုးလည်းမရှိဘူး "


"အကို"


ရှန့်မင်အော်အတွက် ဤကမ္ဘာသည် အဓိပ္ပာယ်မဲ့ပုံရပြီး ဤကမ္ဘာရှိလူများကိုလည်း မရှိလျှင်လည်းဖြစ်သောတည်ရှိမှုများအဖြစ် ရှူမြင်နေခြင်းလည်း ဖြစ်နိုင်ပေသည် ။ သို့သော် ရှန့်မင်အော်သည်ကား မိမိအတွက် အရေးကြီးသော တစ်စုံတစ်ယောက် ၊ အလွန်တရာ အရေးကြီးလှသော တစ်စုံတစ်ယောက်ပါပေ ။


မိမိ၏အတွေးများကို  ရှန့်မင်အော်အား လုဖုန်းပေးသိချင်သည် ။ ရှန့်မင်အော်ကို မည်မျှအလေးထားကြောင်း ဖော်ပြပြောဆိုချင်သည် ။ သို့သော် ထိုအရာများကို ရှန့်မင်အော်က အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း လုဖုန်းသိသည် ။ ရယ်ဖွယ်ရာ ၊ အဓိပ္ပာယ်မရှိသောအရာဟုပင် ရှန့်မင်အော်က တွေးကောင်းတွေးနိုင်ပေ၏ ။


"ကောင်းပြီလေ ၊ မင်း အကြောက်တရားကို တကယ်ရင်ဆိုင်လိုက်ရပြီးရင် ၊နောက်တစ်ခါ အသူတရာနက်တဲ့ချောက်နားကို ထပ်ကပ်ချင်တော့မှာမဟုတ်ဘူး "


လုဖုန်း မိမိအတွေးများထဲမှ ဆတ်ခနဲ ပြန်လည်နှိုးထလာချိန်တွင် ရှန့်မင်အော်တစ်ယောက် ဘာသာရေရွတ်နေဟန်ရှိသည်ကို ကြားလိုက်ရတော့သည် ။


သို့သော် ရှန့်မင်အော်စကားလုံးများ၏နောက်ကွယ်မှ အနက်အဓိပ္ပာယ်ကား မရှင်းလင်းလှပေ ။ အကြောက်တရားနှင့် ချောက်နက်အကြောင်း ထည့်သွင်းပြောဆိုခဲ့သော်ငြား သူဘာကိုဆိုလိုမှန်း လုဖုန်းမသိ ။ လုဖုန်းစိတ်ထဲ ပဟေဠိဖြစ်နေသည့်တိုင် စိတ်ချမ်းသာစရာကောင်းသောအကြောင်းကိစ္စတစ်ခုကို နားလည်သွားရသောအခါ နောက်ထပ်မေးခွန်းများ ထပ်မမေးတော့ပေ ။


ရှန့်မင်အော်က မိမိနှင့်တွေ့ဆုံဖို့ရန် သဘောတူလိုက်လေပြီ ။


"မနက်ဖြန် ညနေငါးနာရီ ၊ အဆောက်အအုံပျက်နားမှာ တွေ့မယ် "


ရှန့်မင်အော်က ပြောလာခဲ့ခြင်း ။


"နောက်မကျစေနဲ့ ၊ ဒါပေမဲ့ စောပြီးရောက်နေဖို့လည်း မလိုဘူး"


ထိုအဆောက်အအုံပျက်ကား လုဖုန်းတို့အိမ်မှ သိပ်မဝေးပေ ။ ငယ်စဥ်ကလေးဘဝက အမှားတစ်ခုခုလုပ်မိတိုင်း လုဖုန်းလာနေကျ နေရာတစ်ခုလည်းဖြစ်ပေ၏ ။ လုဖုန်း မှတ်တတ်ခါစအရွယ်ကပင် ထိုမြင့်သွန်းလှသော ၊ မပြီးပြတ်သေးသောအဆောက်အအုံကြီးက ထိုနေရာတွင် တည်ရှိနေခဲ့သည် ။ ထိုအဆောက်အအုံမှာ စီးပွားရေးတစ်ခုခုနှင့်ဆိုင်သော အဆောက်အအုံဖြစ်ဟန်ပေါ်ပြီး အချို့သောအကြောင်းအရင်းများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းစဥ်များရပ်ဆိုင်းကာ ၊ ထိုရပ်ဆိုင်းမှုကလည်း နှစ်ပေါင်းအတော် ကြာခဲ့လေပြီ ။


လုဖုန်း ထိုအဆောက်အအုံတွင် ပထမဆုံး သွားပုန်းနေခဲ့သောအချိန် ။ လုဖုန်းတို့မိသားစုမှာ လုဖုန်း​ပျောက်နေသည်ကိုသိသွားကာ သွေးရူးသွေးတန်းလိုက်ရှာကြတော့သည် ။ ထို့ပြင် လုဖုန်း၏ အတန်းဖော်တစ်ယောက်ချင်းစီတိုင်းကိုဖုန်းခေါ်ကာ လုဖုန်းအားတွေ့မိသလားဟု လိုက်လံမေးမြန်းကြသေး၏ ။


လုဖုန်းတစ်ယောက် လူကုန်ကူးခံရပြီဟုထင်ကာ တစ်ချိန်လုံး ငိုကြွေးနေရလောက်အောင်ထိ လုဖုန်း၏မိခင်ဖြစ်သူက ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည် ။ တကယ်တမ်း လုဖုန်းမှာ ​မတော်တဆ အိပ်ပျော်နေခဲ့ခြင်းသာ ။ လုဖုန်း ပြန်နိုးလာသောအခါ ကောင်းကင်ကြီးမှာ အမှောင်အတိကျနေခဲ့ချေပြီ ။ ထိုအချိန်တွင် ရုတ်တရက်ဆန်စွာပင် ဓာတ်မီးအလင်းရောင်တစ်ခုက လုဖုန်းမျက်လုံးဆီ ဦးတည်လာခဲ့၏ ။ တောက်ပလွန်း၍ ကြယ်များကို မြင်နေရသည်ဟု လုဖုန်းထင်မှတ်ရလောက်သည်အထိပင် ။


"...လုဖုန်း ?"


မျက်လုံးများကို အုပ်ထားလျက်ပင် အလင်းတန်း၏နောက်ဘက်ခြမ်းမှ ထွက်ပေါ်လာသော ရှန့်မင်အော်အသံကို လုဖုန်းကြားလိုက်ရတော့သည် ။


ညကောင်းကင်က အမှောင်အတိကျနေပြီး လမ်းများကလည်း သွားလာဖို့ရန် မလွယ်ကူသည့်အချိန်တွင် ရှန့်မင်အော်တစ်ယောက် မိမိကို မည်သို့မည်ပုံရှာဖွေနိုင်ခဲ့မှန်း လုဖုန်းမစဥ်းစားတတ်တော့ ။


ရှန့်မင်အော်က လုဖုန်း အဘယ်ကြောင့် ထိုနေရာ၌ ပုန်းနေရသနည်းဟု မမေးမြန်းခဲ့သလို လုဖုန်းအားရှာဖွေရခြင်းအပေါ်  စိတ်လှုပ်ရှားမှု၊ ဒေါသတို့ကိုလည်း မဖော်ပြခဲ့ပေ ။ တစ်ခုတည်းသော ဓာတ်မီးအလင်းရောင်ဖြင့် ရှေ့ကလမ်းကို အလင်းရောင်ပြလျက် ရှန့်မင်အော်က လုဖုန်းလက်ကိုဆွဲယူ၍သာ အဆောက်အအုံပျက်ထဲမှ တိတ်တဆိတ်ထွက်ခွာလာခဲ့ကြ၏ ။


သူတို့နှစ်ယောက် အိမ်ပြန်ရောက်သောအခါ လုဖုန်းအားရှာဖွေနေဆဲဖြစ်သော မိဘနှစ်ပါးကို ရှန့်မင်အော်က ဖုန်းခေါ်တော့သည် ။ ထိုအခါမှသာ ဤကိစ္စကား အရေးကြီးလှကြောင်း လုဖုန်းနားလည်သွားပြီလျှင် ကြောက်ရွံ့ခြင်းကြောင့် တစ်ကိုယ်လုံးတုန်ရီလာခဲ့တော့သည် ။


မိဘများကား သတင်းကြားကြားချင်းပင် အိမ်သို့အပြေးပြန်လာခဲ့ကြ၏ ။ လုဖုန်းမှာ မိမိရိုက်ခံရတော့မည်ဟုထင်မှတ်ကာ ရှန့်မင်အော်နောက်၌ပုန်းနေပြီး လုံးဝရှေ့မထွက်ပေ ။ သို့သော် မိခင်ဖြစ်သူက ထိုကိစ္စကအလေးမထားသကဲ့သို့ ဖခင်ဖြစ်သူကလည်း နောက်တစ်ခါ ဖြစ်ကတက်ဆန်း ထွက်မသွားဖို့ရန်သာပြောပြီး ထိုကိစ္စက အပြီးသတ်သွားခဲ့လေသည် ။


ထိုအချိန်အခါက မည်သို့သောသတိပေးဆုံးမမှုများမရှိခဲ့သည့်အပေါ်  ကောင်းချီးပေးသည်ဟုမှတ်ယူကာ တစ်ချိန်တည်းမှာပင် ကမ္ဘာပျက်ကပ်မှ လွတ်မြောက်လာသူတစ်ယောက်ကဲ့သို့ လုဖုန်းခံစားလိုက်ရတော့သည် ။ သို့သော် အသက်ကြီးပြင်းလာသောအခါတွင်မူ မိမိပျောက်နေသည့် နာရီအပိုင်းအခြားအတိုအထွာလေးက မိမိအဖို့ ဘာမှမဟုတ်သော်ငြား မိဘများအတွက်မူ နှစ်ချီသကဲ့သို့ကြာမြင့်လှသည့်အကြောင်းကို လုဖုန်းနားလည်လာရတော့သည် ။


ထိုအချိန်အတောအတွင်း ၎င်းတို့၏စိတ်ထဲတွင် ဆိုးရွားလှသောဖြစ်နိုင်ချေထောင်ပေါင်းများစွာကို စိတ်ထဲမြင်ယောင်ကြည့်ပြီးသား ဖြစ်ပေလိမ့်မည် ။ ထို့ကြောင့် ၎င်းတို့ရှေ့သို့ လုဖုန်းက မကျိုးမကန်းမထိမခိုက်ဘဲ လုံလုံခြုံခြုံပြန်ရောက်လာသောအခါ ၊ လုဖုန်းအား ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် မဆူနိုင် ၊ မဆူရက်တော့ပေ ။


လုဖုန်းက ဤသို့ဆိုးသွမ်းခဲ့သည်တောင်မှ မိဘများကမရိုက်နှက်ခဲ့ပေ ။ သို့ဖြစ်ရာ ကြင်နာ၍သတ္တိရှိသောစရိုက်မျိုးဖြင့် လုဖုန်းကြီးပျင်းလာသည်မှာ အဆန်းမဟုတ်တော့ ။


မိမိ အဆောက်အအုံပျက်တွင် ပုန်းနေကြောင်း အဘယ်သို့သိသနည်းဟု လုဖုန်း ရှန့်မင်အော်အား မေးကြည့်ခဲ့ဖူးသည်ကို မှတ်မိနေပါသေး၏ ။


ရှန့်မင်အော်က ခေတ္တမျှစဥ်းစားပြီးနောက် အလိုအလျောက်သိသည်ဟူ၍ ပြန်ဖြေလာခဲ့လေသည် ။


ရှန့်မင်အော်က ထိုအရာကို အလိုလိုသိစိတ်ဟု ထင်မှတ်သော်ငြား လုဖုန်းကမူ ညီအကိုနှစ်ယောက်ကြားမှ ချိတ်ဆက်မှုဟု ယူဆလေသည် ။  ထိုအချိန်မှစ၍ လုဖုန်းစိတ်ပျက်အားငယ်တိုင်း ဝမ်းနည်းတိုင်း ထိုအဆောက်အအုံပျက်တွင် သွားပုန်းနေလေ့ရှိပြီး ရှန့်မင်အော်ကလည်း ထိုနေ ရာကိုပင်လာကာ လုဖုန်းကို အကြိမ်ကြိမ်အခါရှာဖွေတော့သည် ။


ထိုနေရာကို ရှန့်မင်အော်နှင့် လုဖုန်း၏ လျှို့ဝှက်နေရာဟု ​ဖော်ပြလျှင်တောင်သင့်လျော်ပေလိမ့်မည် ။ ထိုအဆောက်အအုံ ထိုနေရာကား တမူထူးသောအဓိပ္ပာယ်နှင့် ထူးခြားလှသော ဖြစ်တည်မှုတစ်ခုပင် ။


ထို့ကြောင့် လုဖုန်းမှာ ရှန့်မင်အော်က မိမိနှင့်တွေ့ဖို့ရန်ပြောလာချိန်ဝယ် စိတ်လှုပ်ရှားမိသော်ငြား ထိုနေရာ၌ တွေ့ချင်ရသည့်အကြောင်းအရင်း၌မူ ဇဝေဇဝါဖြစ်သွားရပြန်၏ ။


လုဖုန်း ရှန့်မင်အော်အကြောင်းစဥ်းစားရင်း တစ်ညလုံး ဟိုလှိမ့်သည်လှိမ့်ဖြင့် အိပ်မပျော်နိုင် ။ တစ်ချိန်တည်းတွင်လည်း ခန္ဓာကိုယ်တစ်ခုလုံးကို ​စိုးရိမ်မှုနှင့်စိတ်လှုပ်ရှားမှုတို့က လွှမ်းခြုံနေလျက် ။ နောက်တစ်နေ့မနက်ရောက်သောအခါ အိပ်ရာထဲတွင် ဒီထက်ကြာကြာထပ်မနေနိုင်တော့ကြောင်း လုဖုန်းတွေးမိကာ အဆောက်အအုံပျက်ဆီသွားဖို့ရန်သာ ဆုံးဖြတ်လိုက်တော့သည် ။


ရှန့်မင်အော်က မိမိကို ညနေမှသာတွေ့ရန်ပြောထားသော်ငြား လုဖုန်းမစောင့်ဆိုင်းနိုင်တော့သည်ဖြစ်ရာ စောစောသွား၍စောင့်နေဖို့ရန်သာပြင်လိုက်တော့၏ ။


လုဖုန်း ပေါင်မုန့်နှင့်ရေကိုယူလျက် အိတ်ကိုထုတ်ပိုးကာ ထွက်ဖို့ပြင်လိုက်သည် ။


ထိုအချိန်မှာပင် လုဖုန်းမရင်းနှီးသော ဖုန်းနံပါတ်တစ်ခုထံမှ ဖုန်းဝင်လာတော့သည် ။


ဖုန်းမျက်နှာပြင်ထက်ပေါ်နေသော ဖုန်းနံပါတ်ကို လုဖုန်း တစ်ခါမှမမြင်ဖူးပေ ။ ပြည်တွင်းဖုန်းတစ်လုံးပင်ဖြစ်ပြီး ဖုန်းခေါ်ဆိုသူက မိမိဖုန်းကိုင်ဖို့ရာကို စောင့်ဆိုင်းနေသကဲ့သို့ ဖုန်းသံကလည်း ဆက်လက်မြည်ဟည်းနေခဲ့၏ ။


လုဖုန်း သံသယများစွာနှင့်ပင် ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်ခြမ်းမှလူမှာ ချီးယန်ဖြစ်နေခဲ့လေသည် ။


"ခင်ဗျားဆီမှာ ဘာလို့ ကျွန်တော့်ဖုန်းနံပါတ်ရှိနေလဲ ? "


လုဖုန်း လက်ထဲတွင် ဖုန်းကိုတင်းတင်းကျပ်ကျပ်ကိုင်ထားလျက် လွယ်အိတ်ကိုတစ်ဖက်ကကိုင်ရင်း ဆိုဖာပေါ်ထိုင်ချမိသည် ။ အစကနဦးက စိတ်လှုပ်ရှားမှုသည်လည်း ယခုတော့မီးတောက်တစ်ခုကြောင့် ငုပ်လျှိုးသွားရလေပြီ ။


ချီးယန်ကား လုဖုန်း၏အမေးကိုမဖြေ ။ ထိုအစား ကရုဏာသက်ဟန် ၊ သနားဟန်ဖြင့် အခြားစကားတို့ကိုသာပြောလာခဲ့၏ ။ မသိလျှင် လုဖုန်းအား ချစ်ခင်ကြင်နာစွာ ဂရုစိုက်စောင့်ရှောက်တတ်သော ၊ လုဖုန်းနှင့်အတူကြီးပြင်းလာသော အကိုကြီးတစ်ယောက်ကဲ့သို့ပင် ။


"မင်း ရှန့်မင်အော်ဆီပို့ထားတဲ့ မက်ဆေ့ချ်တွေ ငါအကုန်ဖတ်ပြီးသွားပြီ ၊ ရှန့်မင်အော်က မင်းကိုပြန်စာမပို့ဘူးမလား ၊ ဘယ်လောက်တောင် သနားစရာကောင်းတဲ့ ကောင်ငယ်လေးလဲ "


ချီးယန်ကား လုဖုန်း၏အနာကို မည်သို့ထိုးနှက်ရမည်မှန်း ၊ ဒေါသကို မည်သို့ဆွပေးရမည်မှန်း အတိအကျသိနေခဲ့သူပင် ။ ချီးယန်ကား တစ်ပါးသူအား ဒေါသထွက်စေမည့်နည်းလမ်းကိုသိသကဲ့သို့ စကားအရာ၌လည်း ဆရာတစ်ဆူဖြစ်ကြောင်း လုဖုန်းဝန်ခံရပေလိမ့်မည် ။


"အဲ့ဒါ ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး ၊ ကျွန်တော်နဲ့ ရှန့်မင်အော်ကြား ဘာဖြစ်ဖြစ် ခင်ဗျားဝင်ပါစရာမလိုဘူး "


ခန္ဓာကိုယ်တစ်ခုလုံးမှ အသားမျှင်တစစီတိုင်းကနေ၍ ချီးယန်အား စက်ဆုပ်ရွံရှာလျက်ပင် လုဖုန်းအံကြိတ်ရင်း ပြန်ပြောမိသည် ။ချီးယန်သာ ယခုလက်ရှိ မိမိရှေ့၌ရှိခဲ့လျှင် လုဖုန်း သူ့မျက်နှာထက် တံတွေးထွေးလိုက်မိနိုင်သည် ။


"သူ မင်းကို ဒီနေ့လာတွေ့ဖို့ပြောထားတယ် ၊ ဟုတ်တယ်မလား ?"


လုဖုန်း မျက်လုံးများမှာ အံ့သြမှုကြောင့် ဝိုင်းစက်ကုန်တော့၏ ။


"အဲ့အကြောင်း ခင်ဗျားဘယ်လိုလုပ်သိနေရတာလဲ ?"


ထိုခဏချက်ချင်းမှာပင် လုဖုန်းစိတ်ထဲ အတွေးများဖြင့် ပြည့်နှက်ကုန်တော့သည် ။ မနေ့က မိမိကိုသာ ဤနေရာ၌လာတွေ့ရန် ရှန့်မင်အော်ကပြောခဲ့ခြင်းမဟုတ်ပါလား ၊ ဤသို့ဆိုလျှင် ချီးယန်က အဘယ်သို့သိနေရသနည်း ? သို့တည်းမဟုတ်..ရှန့်မင်အော်က ချီးယန်ကို ပြောပြထားခဲ့ခြင်းပေလား ?


ရှန့်မင်အော်က ပြောခဲ့သည်ဆိုလျှင်တောင် ယခု ချီးယန်က မိမိအား ဖုန်းခေါ်ရသနည်း ? မိမိကို ရန်စရန် ကြိုးပမ်းနေခြင်းပေလား ?


"သနားစရာကောင်လေး..၊ မင်းစိတ်ထဲ ဇဝေဇဝါဖြစ်နေရင် စောစောလာခဲ့လေ ၊ ငါ မင်းအတွက်ဖြေပေးနိုင်တယ် "


ချီးယန်က နှစ်ယောက်သားတွေ့ဆုံမည့်တည်နေရာကိုပင် သိရှိနေကြောင်း လုဖုန်းကြားလိုက်ရသောအခါ အတော်ပင်ထိတ်လန့်သွားရတော့၏ ။


"ခင်ဗျားကို ရှန့်မင်အော်က ပြောခဲ့တာလား ?"


လုဖုန်း၏နှလုံးသားထဲ အသံတို့မြည်ဟည်းနေသယောင် ။ 'ငါတို့နှစ်ယောက်ကြားက မက်ဆေ့ချ်တွေကိုပါ ပြောပြခဲ့ရုံတင်မကဘူး ၊ ငါတို့ရဲ့ လျှို့ဝှက်နေရာကိုတောင် ချီးယန်ကိုပြောပြခဲ့သေးတယ်လား ? ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်ရတာလဲ ? ဘယ်လိုလုပ်? '


ချီးယန်ကား တိုးတိုးသာသာရယ်မော၏ ။ ချီးယန်၏ထိုအသံကား လုဖုန်းနားထဲတွားသွားဝင်ရောက်လာပြီးလျှင် ကိုယ်စိတ်မချမ်းမြေ့ခြင်းကိုဖြစ်ပေါ်စေ၏ ။ မိမိအနားတွင် အဆိပ်ရှိမြွေတစ်ကောင်ရောက်နေကာ ရှူးရှူးရှဲရှဲအော်မြည်နေသကဲ့သို့ ။


"လာခဲ့ ၊ ငါ မင်းကိုစောင့်နေတယ် "


ချီးယန်က ထိုသို့ပြောပြီးနောက် ဖုန်းချသွားခဲ့၏။


ဖုန်းကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် လုဖုန်းဆုပ်ကိုင်ထားသည် ။ ဖုန်းမျက်နှာပြင်ပေါ်ကြည့်လိုက်သောအခါ နှစ်ယောက်သားစကားပြောခဲ့သည်မှာ ငါးမိနစ်မပြည့်ကြောင်းတွေ့လိုက်ရ၏ ။ လုဖုန်း အသက်ပြင်းပြင်းတစ်ချက်ရှူကာ ကျောပိုးအိတ်ကိုလက်ထဲကိုင်လျက် အိမ်မှထွက်ရန်ပြင်လိုက်သည် ။


စားပွဲထက်ရှိ မောင်းချဓားပေါ်  အကြည့်ရောက်သွားမိသည့်တစ်ခဏ၌ လုဖုန်း ခေတ္တငြိမ်သက်သွားခဲ့၏။ ပြီးလျှင် အတန်ငယ်တွေးတောပြီးနောက် ထိုအရာကိုဆွဲယူကာ ဘောင်းဘီအိတ်ကပ်ထဲထည့်ဖို့ ဆုံးဖြတ်လိုက်လေသည် ။


"မနက်အစောကြီး ဘယ်သွားမလို့လဲ ? "


မိခင်ဖြစ်သူကာ အသံအချို့ကြားကာ အိပ်ခန်းထဲမှထွက်လာပုံရသည် ။ သူမ၏မျက်နှာသွင်ပြင်ထက် အိပ်စက်ထားခြင်းအရိပ်အရောင်တို့က ထင်ထင်ရှားရှားကျန်ရစ်နေဆဲပင် ။


လုဖုန်း ခေါင်းကိုငုံ့ထားလျက်ပင် အိမ်ထဲမှထွက်ဖို့ပြင်လိုက်၏  ။


"ကျွန်တော် တစ်နေရာရာကို ခဏသွားမလို့ ၊ မကြာခင်ပြန်လာခဲ့မယ် "


လုဖုန်း၏မိခင်ဖြစ်သူကား မူလနေရာတွင်ပင် အချိန်အတော်ကြာရပ်နေကာ လုဖုန်းအားမေးလာခဲ့တော့သည် ။


"မင်းအကို,ကို သွားရှာမလို့လား သား ?"


"မဟုတ်ပါဘူး "


လုဖုန်း ဖိနပ်ဝတ်ရင်း ပြန်ဖြေလိုက်သည် ။ ထို့နောက် မိခင်ဖြစ်သူအား တစ်ချက်ပြုံးပြကာ အိမ်မှထွက်လာခဲ့တော့သည် ။


အဆောက်အအုံပျက်ရှေ့ရှိ ရောက်သောအခါ အဝင်ဝကိုပိတ်ဆို့ထားသော သံပန်းအဟန့်အတားကြားမှ တွားသွားလျှိုဝင်လိုက်သည် ။ ထိုအချိန်တွင် မိမိ၏ဦးခေါင်းထက် အပေါ်ဘက် တစ်နေရာမှ ချီးယန်၏အသံကိုကြားလိုက်ရတော့၏ ။


"ဒီမှာ "


ချီးယန်ကား အဆောက်အအုံ၏အမြင့်ဆုံးနေရာတွင် မတ်တပ်ရပ်နေခဲ့ပြီး လုဖုန်းအား လက်ဝှေ့ယမ်းပြလာတော့သည် ။


လုဖုန်း နှုတ်ခမ်းသားတို့ကို ဖိကိုက်လျက် အပေါ်ထပ်သို့တက်လာခဲ့၏ ။


ထိုအဆောက်အအုံကား တစ်ဝက်ကိုသာဆောက်ပြီးဖြစ်ကာ အောက်ခြေကိုကွန်ကရစ်လောင်းထား၏ ။ သို့သော် အဆောက်အအုံ၏အခြားအစိတ်အပိုင်းများမှာမူ မတို့မထိဘဲထားထားသည့်အတိုင်းပင် ။ စတီးချောင်းများ ၊ စွန့်ပစ်အမှိုက်များမှာ မြေပြင်ထက်ပြန့်ကျဲနေခဲ့ပြီး နံရံများရှိမနေသောကြောင့် ထိုနေရာတစ်ခုလုံးမှာ ထိန်လင်းနေခဲ့၏ ။


ချီးယန်က လုဖုန်းအား အပေါ်ထပ်တွင် စောင့်နေခဲ့ခြင်းပင် ။


လုဖုန်း သူ့ကိုတွေ့ခဲ့သော ယခင်ကအချိန်များနှင့်မတူစွာ ထိုနေ့က ချီးယန်တစ်ယောက် မျက်မှန်မတပ်လာခဲ့ပါချေ ။ ထို့ပြင် ဆံပင်များကိုလည်း သေသေချာချာပုံသွင်းထားဟန်ပေါ်၏ ။ ချီးယန်၏ပုံစံက ပုံမှန်ထက် ဖျတ်လတ်တက်​ကြွနေခဲ့ကာ စစချင်း၌ လုဖုန်းပင် သူ့ကိုမမှတ်မိတော့သလို ဖြစ်သွားခဲ့သေးပေသည်လေ ။


"သနားစရာကောင်ငယ်လေး ၊ မင်းရောက်လာတာ ငါဝမ်းသာတယ် "


သို့သော် ထိုသူပါးစပ်ဟလိုက်ပြီဆိုသည်နှင့် ၊ ယခင်ကနှင့် တူညီသောသူတစ်ယောက် ၊ စိတ္တဇတစ်ယောက်ဖြစ်ဆဲဆိုသည်ကို လုဖုန်းသိလိုက်ရ၏ ။


"အခုပြောတော့ ၊ ခင်ဗျားဘာလိုချင်တာလဲ ? "


လုဖုန်း ကျောပိုးအိတ်ကိုအောက်ချထားကာ သတိထားလျက် ချီးယန်နှင့် အကွာအဝေးတစ်နေရာတွင် ရပ်နေမိသည် ။


ချီးယန်ကား လုဖုန်းထံ ဖြေညင်းစွာ ဦးတည် လမ်းလျှောက်ရင်း ပြုံးပြလာတော့သည် ။


"ရှန့်မင်အော်က ဒီနေ့ ငါနဲ့လည်းတွေ့ချင်နေခဲ့တယ်လေ "


လုဖုန်း ခေတ္တမျှကြက်သေ,သေသွားခဲ့၏ ။ ချီးယန် ဘာကိုဆိုလိုကြောင်း လုဖုန်းအဖြေမရှာနိုင်သေးခင်မှာပင် ချီးယန်က လေသံကိုဖိ၍ ပြောလာခဲ့သည်။


"ငါက မင်းကိုသတ်တာမျိုး ရှန့်မင်အော်က လုပ်စေချင်နေတာ"


ပူလောင်လှသော နွေခေါင်ခေါင်ရာသီဥတုဖြစ်နေသည့်တိုင် ထိုခဏချက်ချင်းမှာပင် လုဖုန်း၏ကိုယ်တွင်းမှသွေးတို့ အေးစက်ကုန်တော့၏ ။ ထို့ပြင် ပုစဥ်းရင်ကွဲတို့၏အသံကလည်း တစ်ရာကီလိုမီတာအတွင်းရှိအသံများအားလုံးကို လွှမ်းမိုးသည်ထိ သည်းမခံနိုင်လောက်အောင် ဆူညံနေလျက် ။ လုဖုန်း၏ ခြေလက်အစုံတို့မှာ ထိန်းမနိုင်သိမ်းမရအောင် တုန်ယင်လှုပ်ရှားနေခဲ့လေသည် ။


ချီးယန်၏စကားလုံးများကား ဖြစ်နိုင်ဖွယ်ရာမရှိ ၊ အဓိပ္ပာယ်မရှိသောစကားလုံးများပင် ။ သို့သော် မိမိအပေါ်  ထိုစကားလုံးများ၏အကျိုးသက်ရောက်မှုက မသေးငယ်လှကြောင်းကိုတော့ လုဖုန်းမငြင်းနိုင်ပေ ။


ထိတ်လန့်မှုက လျော့ကျလာပြီးနောက်ဝယ် လုဖုန်း၏အသိတရားတို့ကို ဒေါသအမျက်က တိုက်စားလေတော့သည် ။


"မဖြစ်နိုင်ဘူး "


လုဖုန်း ချီးယန်ဆီဦးတည်လိုက်ကာ သူ၏ရှပ်အင်္ကျီလက်တစ်ဆုပ်စာကို လက်ဖြင့်ဆွဲယူလိုက်သည် ။


"စောက်အဓိပ္ပာယ်မရှိတာတော့ လာပြောမနေနဲ့ "


ချီးယန်ကား ရယ်မောနေဆဲ ။


"မင်း တွေးကြည့်လိုက်စမ်း ၊ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ကိုပစ်ဖို့ ဒီထက်ပိုကောင်းတဲ့နည်းလမ်း ရှိဦးမလား ? ဒီနေရာမှာ ငါတို့နှစ်ယောက်လုံး ရှုံးသွားရင် ၊ ငါတို့နှစ်ယောက်လုံး သေသွားခဲ့ရင် ၊ သူ့အတွက် အကောင်းဆုံးအဆုံးသတ်ဖြစ်သွားမှာပဲလေ "


ချီးယန်၏စကားလုံးများက လုဖုန်းကိုယ်တွင်း၌ သံသယမျိုးစေ့ကို စိုက်ပျိုးလေ၏ ။


"မပြောနဲ့တော့ "


"မကောင်းဆိုးဝါးတစ်ကောင်မှာ အသည်းနှလုံးမရှိဘူး ၊ သူ့စိတ်ထဲမှာ သူ့နှလုံးသားထဲမှာ မင်းအတွက်နေရာရှိလိမ့်မယ်လို့ မင်းထင်နေတာလား? "


လုဖုန်း ချီးယန်၏ကော်လံကို လက်ဖြင့်ဆွဲထားခဲ့သည့်တိုင် ချီးယန်၏မျက်နှာအမူအရာကား အကြောက်တရားတို့ကင်းမဲ့နေဆဲ ။


"သူက မင်းကိုချစ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? သူက အချစ်ဆိုတာတောင် သိတဲ့လူမဟုတ်ဘူး "


"ပါးစပ်ကို ပိတ်ထားလိုက်!"


လုဖုန်း ချီးယန်မျက်နှာကိုဦးတည်၍ လက်သီးဖြင့်ထိုးလိုက်သောအခါ ချီးယန်တစ်ယောက် နောက်သို့ခြေနှစ်လှမ်းမျှယိုင်သွားကာ ဟန်ချက်ပြန်ထိန်းရတော့သည် ။ ချီးယန် သူ့နှုတ်ခမ်းကိုသူ လက်ဖြင့်စမ်းကြည့်လေ၏ ။ နှုတ်ခမ်းထက် ဒဏ်ရာတစ်ခုကဖြစ်တည်လျက် အပြုံးတို့မှာ ပိုလို့ပင် မဲ့ရွဲ့လာလျက် ။


"အခု မင်း ပုံစံက အရမ်းကိုစိတ်ဝင်စားစရာကောင်းတယ် "


ချီးယန်က ကြမ်းပြင်ထက်မှ စတီးချောင်းတစ်ချောင်းကို ဖြည်းဖြည်းချင်း ကောက်ယူလိုက်၏။


"အစက ငါဒီမှာပုန်းနေမယ် ၊ ပြီးရင်မင်းကိုသတ်ပြီး မြေမြှုပ်လိုက်မယ်လို့လုပ်ထားတာ ၊ ဒါပေမဲ့ အဲ့လိုလုပ်ရင် အရမ်းပျင်းစရာကောင်းလိမ့်မယ်လို့ ရုတ်တရက်ကြီး စိတ်ထဲခံစားလာရရော ၊ အသူတရာချောက်နက်ထဲမှာ တစ်ယောက်တည်းလမ်းလျှောက်ရတဲ့ရည်ရွယ်ချက်က ဘာလဲသိလား ? သေချာပေါက် အနက်ထဲထိ ရှန့်မင်အော်ကို ငါနဲ့အတူ ဆွဲခေါ်သွားဖို့ပေါ့ကွ "


မင်း အကြောက်တရားကို တကယ်ရင်ဆိုင်လိုက်ရပြီးရင် ၊နောက်တစ်ခါ အသူတရာနက်တဲ့ချောက်နားကို ထပ်ကပ်ချင်တော့မှာမဟုတ်ဘူး။


ရှန့်မင်အော်၏ အဓိပ္ပာယ်ဝိုးတဝါးနှင့် စကားတစ်ခွန်းက လုဖုန်းစိတ်ထဲ ဖျတ်ခနဲပြန်ပေါ်လာခဲ့၏ ။
အမှန်တကယ် ရှန့်မင်အော်က ချီးယန်အား မိမိကို သတ်ဖို့မဆိုလိုခဲ့လျှင် ?


"မင်းကိုငါ ကြိုးနဲ့ချည်တုပ်ထားပေးလို့ရတယ် ၊ အဲ့လိုမှမဟုတ်ရင် ဒီနေရာမှာ တိတ်တိတ်လေးပုန်းနေပြီးတော့ ငါက သူ့ကိုသတ်တာ ဒါမှမဟုတ် သူကငါ့ကိုသတ်တာဖြစ်ဖြစ် စောင့်ကြည့်နေလိုက်"


ချီးယန်ကား လက်ထဲတွက် စတီးချောင်းကိုဆုပ်ကိုင်ကာ စိတ်လွတ်သွားသူတစ်ယောက်နှယ် ရယ်မောတော့သည် ။


"ဘယ်လိုပဲဖြစ်ဖြစ် ၊ ငါက သူ့ကို ငရဲဆီခေါ်သွားမှာပဲ "


ချီးယန် စိတ်လွတ်နေပြီ ၊ အမှန်တကယ်ကို စိတ်လွတ်နေချေပြီ !


ထိုသို့တွေးနေရင်းနှင့်ပင် လုဖုန်း ချီးယန်ရှိရာဆီသို့ ဆတ်ခနဲတိုးသွားကာ ၎င်းလက်ထဲရှိ စတီးချောင်းကို လှမ်းဆွဲလိုက်တော့၏ ။ လုဖုန်းတို့နှစ်​ေယာက်သား ကြမ်းပြင်ပေါ်လုံးထွေးနေကြခြင်း၏အကျိုးဆက်အနေဖြင့် ကြမ်းပြင်ထက် ဖုန်များထလာတော့သည် ။ ထိုအမှုန်များ၊ ဖုန်များကိုရှူမိသော လုဖုန်းတို့နှစ်ယောက်သားမှာ အသက်ရှူကြပ်ကုန်ကြပြီး ဖုန်များမှာ မျက်လုံးထဲထိပါ ဝင်ရောက်ကုန်ကြလျက် ။


လုဖုန်း မျက်လုံးဖွင့်ရခက်နေသည်ကို အခွင့်ကောင်းယူကာ ချီးယန်က စတီးချောင်းဖြင့် လုဖုန်း၏လည်ပင်းကိုအစ်စေတော့သည် ။ လုဖုန်းခန္ဓာကိုယ်ကား ချီးယန်၏ကိုယ်လုံးအောက်တွင် လှောင်ပိတ်ခံထားရလျက်။


လုဖုန်းလည်ပင်းထက် စူးရှကာ မချိမဆန့်ဝေဒနာတစ်ခုက ဖြစ်တည်လျက် ။ လုဖုန်း ရုန်းကန်ကာ ချီးယန်အား ခြေထောက်နှင့်ကန်ဖို့ကြိုးစားတော့သည် ။ အမြင်အာရုံထဲ တစ်ချက်တစ်ချက် အမှောင်ရိပ်တို့လွှမ်းလာကာ အသက်ရှူရပ်တန့်တော့မည့်ဆဲဆဲတွင် လုဖုန်းလည်ပင်းထက်ရှိ အားသက်ရောက်မှုတစ်ခုက ရုတ်ချည်းပျောက်ကွယ်သွားတော့သည် ။ ထူးထူးဆန်းဆန်းပင် ချီးယန်က လုဖုန်းအား လွှတ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်ပုံရသည် ။


ဘောင်းဘီအိတ်ကပ်ထဲတွင် အကာအကွယ်တစ်ခုအဖြစ်ယူဆောင်လာခဲ့သော မောင်းချဓားမှာ ကြမ်းကြမ်းတမ်းတမ်းရုန်းရင်းဆန်ခတ်ဖြစ်မှုကြားဝယ် ကြမ်းပြင်ထက်ပြုတ်ကျသွားခဲ့သည်။ လက်တစ်ကမ်းစာ အကွာအဝေးအတွင်းရှိနေသော ထိုဓားကို လုဖုန်းကောက်ယူလိုက်၏ ။


လည်ပင်းကား မီးတောက်နေသည့်နှယ် ပူလောင်နာကျင်နေလျက် ။  မိမိအဆုတ်ထဲ အပြေးအလွှားဝင်ရောက်နေသောလေထုမှာ မည်မျှလောက်ထိ ချိုမြိန်ကြောင်း ၊ နှစ်လိုဖွယ်ကောင်းကြောင်း ပထမဆုံးအကြိမ်အနေဖြင့် လုဖုန်းသိခဲ့ရလေပြီ ။


အထိတ်တလန့်ဖြစ်နေခြင်းများကြားမှာပင် လုဖုန်း ဓားဖြင့် အသားထဲသို့ ရုတ်ချည်းပြေးထိုးလိုက်တော့သည် ။ ထိုခဏဝယ် အချိန်များက ရပ်တန့်သွားသကဲ့သို့ ။ ချီးယန်က ခေါင်းကိုငုံ့ကာ  ဝမ်းဗိုက်၏ဘေးဘက်ခြမ်းကို ငုံ့ကြည့်လေ၏ ။ ပူပူနွေးနွေးသွေးစက်တို့က ဒဏ်ရာဆီမှစီးဆင်းလာကာ ဓားအဖျားတစ်လျှောက် တရွေ့ရွေ့စီးကျ၏ ။


ချီးယန်က မတ်တပ်ရပ်လျက်ပင် တစ်ချက်ယိုင်နဲ့သွား၏ ။ သို့သော် သူ၏ဒဏ်ရာကို လျစ်လျူရှုလျက်ပင် လက်ထဲရှိစတီးချောင်းကို ခေါင်းထက်မြှောက်တင်လိုက်၏ ။ ချီးယန်တစ်ယောက် စတီးချောင်းဖြင့် လွှဲရိုက်တော့မည်ဖြစ်ကြောင်း လုဖုန်းမြင်လိုက်ရချိန် ကိုယ်ကို တစ်ဖက်ခြမ်းသို့လှည့်ကာ ရိုက်ချက်ကို သီသီကလေး ရှောင်လိုက်နိုင်ပေသည် ။


သို့သော် ချီးယန်ကား လက်မလျှော့ ။ လုဖုန်းဆီသို့ လူကိုယ်တိုင်ပစ်ဝင်လာကာ လုဖုန်းနှင့် လုံးထွေးသတ်ပုတ်တော့သည် ။


"ငါ မသေသေးသရွေ့ ၊ ငါ့ဘဝရဲ့ကျန်တဲ့အချိန်တွေမှာ ရှန့်မင်အော်ကို ဆက်ပြီးနှောင့်ယှက်နေဦးမှာပဲ "


သွားကြားထဲမှ သွေးများယိုစိမ့်လာခြင်းနှင့်အတူ ချီးယန်၏အပြုံးများကား ရက်စက်ကြမ်းကြုတ်ဟန်တို့ဖြင့်


"သူ ငါ့ကိုဘယ်တော့မှ ဖယ်ရှားပစ်လို့မရဘူး ! ဘယ်တော့မှ !"


ချီးယန်၏အကြည့်တစ်ချက်နှင့်ပင် သူပြောသမျှ စကား​များအားလုံးကို အမှန်တကယ်ဆိုလိုနေခြင်းဖြစ်ကြောင်း လုဖုန်းသိလိုက်ရလေပြီ ။


ချီးယန်သည် ရှန့်မင်အော်ကို ဘယ်သောအခါမှ လွှတ်ပေးလိမ့်မည်မဟုတ် ။နေအလင်းရောင်ဆီသို့ ရှန့်မင်အော် နောက်တစ်ကြိမ် ပြန်မလာနိုင်လောက်သည်အထိ ချီးယန်က ရှန့်မင်အော်ကို အသူရာချောက်နက်ဆီ မျှားခေါ်သွားပေလိမ့်မည်။


"ခင်ဗျား ဆုတောင်းနေလိုက် !"


လုဖုန်း အော်ဟစ်ရင်းပင် ချီးယန်ဗိုက်ထဲစိုက်ဝင်နေသောဓားကို အားပါပါဖြင့် ဆွဲထုတ်လိုက်သည် ။ ထိုအခိုက်မှာပင် ပူနွေးနွေးသွေးစက်တို့ လုဖုန်းလက်ဆီ လာစင်လျက် စေးကပ်ကပ်အထိအတွေ့ကိုဖြစ်စေလေ၏ ။


ချီးယန်ကား နာနာကျင်ကျင်ဟစ်အော်နေကာ ၊ ဝမ်းဗိုက်ထက်ရှိဒဏ်ရာပေါ် လက်ဖြင့်အုပ်ကိုင်ထားခဲ့ပြီး လုဖုန်းတို့နှစ်ယောက်ကြား အကွာအဝေးကို တိုးသထက်တိုးအောင် ကြိုးပမ်းနေတော့သည် ။


ဆုတ်ခွာသွားသောပုံရိပ်နောက် လုဖုန်း အမှီလိုက်ကာ ချီးယန်၏ခါးနေရာသို့ ဓားဖြင့်ထိုးလိုက်တော့သည် ။ ထိုအချိန်က လုဖုန်းစိတ်ထဲ လှိုက်စားနေသောအတွေးကား တစ်ခုတည်းပင် ။ ချီးယန်ကို ရှန့်မင်အော်အနား ထပ်မံနီးကပ်ဖို့ လုဖုန်းခွင့်မပြုနိုင် ။


ချီးယန်ကား စူးစူးဝါးဝါးဟစ်အော်ညည်းတွားပြီးနောက်ဝယ် ခွက်ထိုးခွက်လန်ရယ်မောပြလာတော့၏ ။


"မင်းက တကယ်သနားစရာကောင်းတဲ့ ပိုးမွှားလေးပဲ ...သူ သူက မင်းကိုဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး..ဒါပေမဲ့ မင်းကတော့ သူ့အတွက် ဒီလောက်ထိလုပ်ရဲတယ်ပေါ့ ? "


ချီးယန်ကား လုဖုန်းဘက်သို့လှည့်ကာ စတီးချောင်းဖြင့် လုဖုန်း၏လက်ကို ပြင်းထန်စွာရိုက်ချလာတော့သည် ။


လက်ကောက်ဝတ်တစ်လျှောက် လှိမ့်တက်လှသော ပြင်းထန်လှသည့်ဝေဒနာနှင့်အတူ လုဖုန်း အလိုအလျောက်ပင် လက်ထဲမှဓားကို လွှတ်ချလိုက်မိ၏ ။


နောက်ထပ်တစ်ကြိမ် ချီးယန်က လုဖုန်းထံ အတင်းပြေးဝင်လာချိန်ဝယ် လုဖုန်း နောက်လက်တစ်ဖက်ကိုအသုံးပြုကာ ချီးယန်၏စတီးချောင်းအန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်ရတော့သည် ။  လုဖုန်းတို့နှစ်ယောက်သား သတ်ပုတ်နေကြရင်းပင် ၊ လုံခြုံရေးအတားအဆီးတို့ ဘာဆိုဘာမှရှိမနေသော အဆောက်အအုံအစွန်းဆီ ရောက်မှန်းမသိရောက်သွားကြတော့၏ ။


"မင်း အခု သူ့ကိုကာကွယ်ပေးလို့ရတယ် ၊ ဒါပေမဲ့ သူ့တစ်သက်လုံး ကာကွယ်ပေးနိုင်ပါ့မလား ?" ချီးယန်က မေးလာခဲ့ခြင်း ။


စတီးချောင်း၏ ချွန်ထက်လှသောအစွန်းက လုဖုန်း၏မျက်ဆန်နားဆီ တရွေ့ရွေ့တိုးလာခဲ့၏ ။ လုဖုန်း အံကိုတင်းတင်းကြိတ်ကာ ရှိသမျှအားအကုန်သုံးလျက် တွန်းထုတ်ထားရင်း စကားလုံးနှစ်လုံးကို လည်ချောင်းထဲမှ ဖြစ်ညှစ်ပြောမိသည်။


"ကာကွယ်ပေးနိုင်တယ် "


လုဖုန်း အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ရင်း ချီးယန်ဆီမှ ရှောင်ထွက်လိုက်သည် ။


လွန်ခဲ့သောတစ်စက္ကန့်ကပင် ချီးယန်၏မျက်နှာထက်မှ မဲ့ပြုံးတစ်ခုကို လုဖုန်းမြင်နေခဲ့ရသေး၏ ။ သို့သော် နောက်တစ်စက္ကန့်အတွင်းတွင်မူ အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည် ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချီးယန်၏ ခြေချင်းဝတ်က လည်ထွက်သွားကာ သူ့တစ်ကိုယ်လုံး အဆောက်အအုံအစွန်းထက်မှ ပျောက်ကွယ်သွားတော့သည် ။


လုဖုန်း မသိစိတ်၏စေ့ဆော်မှုအရ ချီးယန်ကို ဖမ်းဆွဲထားလိုက်ချင်သော်ငြား အတော်အတန်ပင် နောက်ကျသွားခဲ့လေပြီ ။


ချီးယန်ကား လုဖုန်းမျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့လေပြီ ။ ခုနစ်ထပ် သို့မဟုတ် ရှစ်ထပ်မျှရှိလောက်သော ဤအဆောက်အအုံမြင့်ထက်မှသည် ကွဲအက်နေသော ကျောက်ခင်းကြမ်းပြင်ထက် နောက်ပြန် ပြုတ်ကျသွားခဲ့ခြင်း ။ လုဖုန်း အဆောက်အအုံအစွန်းဆီသွားကာ အောက်သို့ ငုံ့ကြည့်မိသည် ။


ချီးယန်၏နှာခေါင်းနှင့် ပါးစပ်များဆီမှ သွေးတို့ယိုစီးနေခဲ့၏ ။ ချီးယန်ကား ထိုသို့ပြုတ်ကျမှုကြောင့် ပွဲချင်းပြီးသေဆုံးမသွားခဲ့ ။ နောက်ဆုံး ဖြည်းဖြည်းချင်း မျက်ခွံများ မှိတ်မသွားခင်အထိ ချီးယန်က လုဖုန်းထံသာ အာရုံစူးစိုက်ကြည့်နေခဲ့လေသည် ။


လုဖုန်း ခြေထောက်တို့ အားအင်ကုန်ခမ်းသွားပြီးလျှင် မြေပြင်ထက်ခွေယိုင်လျက် ။ နောက် ဘာဆက်လုပ်သင့်သနည်းဟု စဥ်းစားနေရင်းပင် လုဖုန်းစိတ်ထဲ ဟင်းလင်းပြင်ဖြစ်ကုန်တော့သည် ။ ရုတ်တရက် ဖုန်းတုန်ခါလာသံကိုကြားလိုက်ရပြီး အချိန်အတော်ကြာ ပတ်ဝန်းကျင်အနှံ့စူးစမ်းကြည့်ပြီးသောအခါ ထိုအသံကား မိမိအိတ်မှထွက်လာခြင်းဖြစ်ကြောင်း လုဖုန်းသိလိုက်ရလေ၏ ။


ခြေကုန်းလက်ပန်းကျလျက်ပင် လုဖုန်း လွယ်အိတ်ဆီသို့သွားပြီး ဇစ်ဖွင့်ကြည့်လိုက်ချိန်ဝယ် ရှန့်မင်အော်က မက်ဆေ့ချ်ပို့လာ​ခြင်းဖြစ်ကြောင်း လုဖုန်းတွေ့လိုက်ရတော့သည် ။


အချိန်မှီအရောက်လာဖို့ မမေ့ရန် ရှန့်မင်အော်က မက်ဆေ့ချ်ပို့ကာ ပြောလာခဲ့ခြင်း ။


ZAWGYI


CH46 - LURING HIM TOWARDS THE DEPTHS OF THE ABYSS


လြန္ခဲ့ေသာဆယ္ႏွစ္တာလုံးတြင္ လုဖုန္းယုံၾကည္ထားခဲ့သည္ကား ရွန့္မင္ေအာ္သည္ မိမိ၌ျဖစ္ပ်က္ေနေသာအရာမ်ားကိုလည္းေကာင္း ၊ မိမိေသသည္ရွင္သည္ကိုလည္းေကာင္း ဂ႐ုမစိုက္ဟူ၍ပင္ ။ မိမိအေပၚ  ရွန့္မင္ေအာ္၏အျပဳအမူမ်ားသည္ လုဖုန္းႏွလုံးသားေလး တုန္ယင္သြားရေလာက္ေအာင္ထိ အၿမဲတေစ စိတ္မပါဟန္ျဖင့္ စိမ္းကားေနခဲ့ေပ၏ ။


သို႔ေသာ္ အကယ္၍  , မ်က္ႏွာျပင္အေပၚထိပ္ဆုံးတြင္ ေပၚေနသည့္အရာမ်ားက အမွန္တရားဟုတ္မေနခဲ့လွ်င္မူ ?


ေလာင္ဟြမ္ႏွင့္ လက္ဆြဲႏႈတ္ဆက္ကာ စကားစျမည္ေျပာၾကၿပီးေနာက္ လုဖုန္း အိမ္သို႔ဦးတည္ခဲ့သည္ ။ အိမ္ျပန္လမ္းတြင္ စူပါမားကတ္တစ္ခုေရွ႕ျဖတ္သြားမိခ်ိန္ စီးကရက္တစ္ဘူးႏွင့္ ဘီယာဘူးအခ်ိဳ႕ပါ ဝင္ဝယ္ျဖစ္ေသး၏ ။


အရက္ေသစာေသာက္ျခင္းက ခႏၶာကိုယ္ကိုထိခိုက္ေစေသာ္ျငား ဒီည လုဖုန္းခံစားေနရပုံမ်ိဳးႏွင့္ဆိုလွ်င္ မူးမိုက္သြားေလာက္ေအာင္ ေသာက္ပစ္လိုက္ဖို႔ရန္ သည့္ထက္ပိုေကာင္းေသာ အခါသမယ မရွိေတာ့ေပ ။


စီးကရက္ကိုမီးညွိလိုက္ကာ အနံ႕စူးရွရွ စီးကရက္ေငြ႕မ်ားကို ရႉသြင္းရႉထုတ္ျပဳမိသည္ ။ မွတ္ဉာဏ္မ်ားကား လြန္ခဲ့ေသာဆယ္ႏွစ္ဆီ ဦးတည္ေလွာ္ခတ္လ်က္ ။


ထိုေန႕က ျဖစ္ပ်က္ခဲ့သည့္အရာမ်ားအေပၚ  လုဖုန္း ျပန္ေတြးျပန္ေျပာျခင္းမ်ိဳးက အေတာ္အတန္ရွားပါးလွသည္ ။ သို႔ေသာ္ ဒီေန႕တြင္ေတာ့ ထိုေန႕၏အေသးစိတ္မ်ားအထိ အလည္အပတ္မသြားပဲ မေနနိုင္ေတာ့ ။


....


လုံးဝအဆက္အသြယ္မရသည္မွာ ႏွစ္လၾကာၿပီးေနာက္ဝယ္ ၊ ေနာက္ဆုံးတြင္ေတာ့ ရွန့္မင္ေအာ္က မိမိဖုန္းေခၚသည္ကို လက္ခံေျဖၾကားေလၿပီ ။


သူတို႔ႏွစ္ေယာက္ၾကား ၿငိမ္းခ်မ္းေရးယူျခင္း၏လကၡဏာတစ္ရပ္ဟု မွတ္ယူ၍ရနိုင္,မရနိုင္ သူမသိ ။ သို႔ေသာ္ အလြန္တရာပင္ ေပ်ာ္႐ႊင္ကာ စိတ္လႈပ္ရွားေနခဲ့၏ ။ ယခုလက္ရွိျဖစ္ပ်က္ေနသည္က အိပ္မက္ဟုတ္မဟုတ္ ေသခ်ာေအာင္ မိမိကိုယ္ကို လက္ျဖင့္ဆြဲဆိတ္ၾကည့္မိသည္အထိပင္ ။


"အကို.."


ရွန့္မင္ေအာ္က ဖုန္းကိုင္လိုက္သည္ျဖစ္၍ လုဖုန္းဝမ္းသာပီတိျဖစ္ေနၿပီး မၾကာမီမွာပင္ မေက်နပ္မႈတို႔ကပါ ခ်ဥ္းနင္းဝင္ေရာက္လာေတာ့သည္ ။ ဤအရာက ဖုန္းေခၚဆိုျခင္းတစ္ခုမဟုတ္ခဲ့လွ်င္ အေတာ္ပင္ေကာင္းမြန္ေပလိမ့္မည္ ။ အကယ္၍ ရွန့္မင္ေအာ္သာ မိမိေရွ႕ေရာက္ေနခဲ့လွ်င္ ဖက္တြယ္ကာ ၿငီးျငဴစကားဆိုနိုင္ေပလိမ့္မည္ ။ မည္သည့္အရာက မိမိကိုဝမ္းနည္းေစေၾကာင္းေျပာျပကာ ရွန့္မင္ေအာ္က မိမိအားတြန္းမထုတ္နိုင္ေစရန္ ဖက္တြယ္ထားလိုက္မည္ ။


"လုဖုန္း ၊ ငါ့ကို အဲ့ဒါေတြပို႔ေနတာ ရပ္လိုက္ေတာ့"


ရင္းႏွီးကြၽမ္းဝင္လွေသာ ၊ မေျပာင္းမလဲတည္ရွိေနေသာ ရွန့္မင္ေအာ္၏အသံက ဖုန္းတစ္ဖက္ျခမ္းစီမွ ထြက္ေပၚလာခဲ့၏ ။


လက္ထဲရွိဖုန္းကို တင္းၾကပ္ေနေအာင္ဖ်စ္ညွစ္လိုက္ကာ ကြဲအက္ေသာအသံျဖင့္ပင္ လုဖုန္းျပန္ေျပာမိ၏ ။


"ကြၽန္ေတာ္ပို႔ထားတဲ့ဟာေတြအကုန္လုံး အကိုျမင္တယ္ေပါ့ ?"


ရွန့္မင္ေအာ္အတြက္ သူစိုးရိမ္ေနခဲ့စဥ္က ပို႔ထားခဲ့ေသာ မက္ေဆ့ခ်္မ်ား ၊ ရွန့္မင္ေအာ္ကိုသူေတာင္းပန္ခဲ့ေသာမက္ေဆ့ခ်္မ်ား ၊ ေန႕စဥ္ဘဝအေၾကာင္း အဓိပၸာယ္မရွိ အၿမီးအေမာက္မတည့္ ေရ႐ြတ္ထားမႈမ်ား ၊ လုဖုန္းကိုယ္တိုင္ကပင္ ႐ူးႏွမ္းလွသည္ဟုထင္ခဲ့ေသာစာတိုမ်ား ၊ ထိုထိုေသာအရာမ်ားအားလုံးကို ရွန့္မင္ေအာ္က ၾကည့္ခဲ့သည္လား ?


ရွန့္မင္ေအာ္က ျပန္ေျပာလာခဲ့သည္ ။


"မဟုတ္ဘူး ၊ ငါ့မွာ အဲ့တာေတြဖတ္ဖို႔ အခ်ိန္မရွိဘူး ၊ အဲ့လိုဟာေတြ လိုလည္းမလိုဘူး ၊ ငါ့ဆီ ေနာက္ထပ္ အဲ့လိုေတြထပ္မပို႔နဲ႕ေတာ့ "


ရွန့္မင္ေအာ္အတြက္ စိုးရိမ္ေပးေနမည့္သူ႕ကို ရွန့္မင္ေအာ္က မလိုအပ္ ။ ရွန့္မင္ေအာ္၏ခ်စ္ခင္ၾကင္နာမႈအတြက္ ႐ူးမိုက္စြာ အန္တုႀကိဳးပမ္းေနသည့္ သူ႕ကိုလည္း မလိုအပ္ ။ ရွန့္မင္ေအာ္သည္ သူ႕ကိုေတာင္မွ...မလိုအပ္ေပ ။


ထိုအခ်င္းအရာကို နားလည္လိုက္ရျခင္းေနာက္ဝယ္ အတန္ငယ္ စိတ္ပ်က္လက္ပ်က္ျဖစ္သြားသလိုေတာင္ လုဖုန္းခံစားလိုက္ရ၏ ။


"ဟုတ္ၿပီ ၊ ကြၽန္ေတာ္ အကို႔ဆီေနာက္ထပ္ အဲ့လိုေတြထပ္မပို႔ေတာ့ဘူး "


လုဖုန္း ကိုယ္ကိုၫြတ္ကိုင္းကာ အၾကည့္တို႔ေအာက္စိုက္ထားမိလ်က္ စိတ္ဓာတ္က်ေနမိသည္ ။ ရွန့္မင္ေအာ္ႏွင့္ ဖုန္းေျပာခြင့္ရမႈအေပၚ ခံစားခဲ့ရေသာပီတိအဟုန္သည္လည္း ေခတၱမွ်သာျဖစ္ၿပီး ယခုေတာ့ ခါးသက္ျခင္းဆီသို႔ တစ္ျဖည္းျဖည္းကူးေျပာင္းသြားခဲ့ေလၿပီ ။


တစ္ဖက္ျခမ္း၌ ေခတၱမွ်တိတ္ဆိတ္သြားခဲ့ၿပီးေနာက္


"အဲ့ဒါဆို ကိစၥျပတ္ၿပီ "


ထိုစကား၌ လုဖုန္း ႐ုတ္တရက္ထိတ္လန့္သြားကာ ႐ုတ္ခ်ည္းပင္ ေက်ာကိုမတ္လိုက္မိလ်က္ အလ်င္အျမန္ပင္ စကားတုံ႕ျပန္မိ၏ ။


"အကို...ကြၽန္ေတာ္ အကို႔ကိုေတြ႕ခ်င္တယ္ ၊ ေက်းဇူးျပဳၿပီး အကို႔ကိုေတြ႕ခြင့္ေပးပါ ၊ ကြၽန္ေတာ္ ဘာမွမလုပ္ဘူး ၊ အကို႔ကိုၾကည့္႐ုံၾကည့္ၿပီး အဆင္ေျပမေျပ သိခ်င္႐ုံေလးပါ..."


လုဖုန္း ေမြးဖြားလာသည့္အခ်ိန္ကစ ဤကဲ့သို႔ အခ်ိန္အေတာ္ၾကာ ရွန့္မင္ေအာ္ႏွင့္ မခြဲခြာခဲ့ဖူးေပ  ။ လုဖုန္း အမွန္တကယ္ကို ရွန့္မင္ေအာ္အား လြမ္းဆြတ္လွပါ၏ ။


ဖုန္းလိုင္းက မျပတ္ေတာက္ေသး ၊ သို႔ေသာ္ ရွန့္မင္ေအာ္ကား ေနာက္ထပ္မည္သည့္စကားကိုမွ ဆိုမလာ ။


"ငါအဆင္ေျပလား သိခ်င္တယ္ ?"


ရွန့္မင္ေအာ္က ႐ုတ္တရက္ေရ႐ြတ္လာခဲ့ၿပီး ရယ္ေမာေနသည္ႏွင့္ ပိုလို႔ပင္တူေသးသည္ ။


"ဒီကမာၻႀကီးက ငါ့အတြက္ ဘယ္လိုမွအဓိပၸာယ္မသက္ေရာက္ဘူး ၊ အဲ့ဒါေၾကာင့္ အဆင္ေျပတယ္ ၊ မေျပဘူးဆိုတာမ်ိဳးလည္းမရွိဘူး "


"အကို"


ရွန့္မင္ေအာ္အတြက္ ဤကမာၻသည္ အဓိပၸာယ္မဲ့ပုံရၿပီး ဤကမာၻရွိလူမ်ားကိုလည္း မရွိလွ်င္လည္းျဖစ္ေသာတည္ရွိမႈမ်ားအျဖစ္ ရႉျမင္ေနျခင္းလည္း ျဖစ္နိုင္ေပသည္ ။ သို႔ေသာ္ ရွန့္မင္ေအာ္သည္ကား မိမိအတြက္ အေရးႀကီးေသာ တစ္စုံတစ္ေယာက္ ၊ အလြန္တရာ အေရးႀကီးလွေသာ တစ္စုံတစ္ေယာက္ပါေပ ။


မိမိ၏အေတြးမ်ားကို  ရွန့္မင္ေအာ္အား လုဖုန္းေပးသိခ်င္သည္ ။ ရွန့္မင္ေအာ္ကို မည္မွ်အေလးထားေၾကာင္း ေဖာ္ျပေျပာဆိုခ်င္သည္ ။ သို႔ေသာ္ ထိုအရာမ်ားကို ရွန့္မင္ေအာ္က အသိအမွတ္ျပဳမည္မဟုတ္ေၾကာင္းလည္း လုဖုန္းသိသည္ ။ ရယ္ဖြယ္ရာ ၊ အဓိပၸာယ္မရွိေသာအရာဟုပင္ ရွန့္မင္ေအာ္က ေတြးေကာင္းေတြးနိုင္ေပ၏ ။


"ေကာင္းၿပီေလ ၊ မင္း အေၾကာက္တရားကို တကယ္ရင္ဆိုင္လိုက္ရၿပီးရင္ ၊ေနာက္တစ္ခါ အသူတရာနက္တဲ့ေခ်ာက္နားကို ထပ္ကပ္ခ်င္ေတာ့မွာမဟုတ္ဘူး "


လုဖုန္း မိမိအေတြးမ်ားထဲမွ ဆတ္ခနဲ ျပန္လည္ႏွိုးထလာခ်ိန္တြင္ ရွန့္မင္ေအာ္တစ္ေယာက္ ဘာသာေရ႐ြတ္ေနဟန္ရွိသည္ကို ၾကားလိုက္ရေတာ့သည္ ။


သို႔ေသာ္ ရွန့္မင္ေအာ္စကားလုံးမ်ား၏ေနာက္ကြယ္မွ အနက္အဓိပၸာယ္ကား မရွင္းလင္းလွေပ ။ အေၾကာက္တရားႏွင့္ ေခ်ာက္နက္အေၾကာင္း ထည့္သြင္းေျပာဆိုခဲ့ေသာ္ျငား သူဘာကိုဆိုလိုမွန္း လုဖုန္းမသိ ။ လုဖုန္းစိတ္ထဲ ပေဟဠိျဖစ္ေနသည့္တိုင္ စိတ္ခ်မ္းသာစရာေကာင္းေသာအေၾကာင္းကိစၥတစ္ခုကို နားလည္သြားရေသာအခါ ေနာက္ထပ္ေမးခြန္းမ်ား ထပ္မေမးေတာ့ေပ ။


ရွန့္မင္ေအာ္က မိမိႏွင့္ေတြ႕ဆုံဖို႔ရန္ သေဘာတူလိုက္ေလၿပီ ။


"မနက္ျဖန္ ညေနငါးနာရီ ၊ အေဆာက္အအုံပ်က္နားမွာ ေတြ႕မယ္ "


ရွန့္မင္ေအာ္က ေျပာလာခဲ့ျခင္း ။


"ေနာက္မက်ေစနဲ႕ ၊ ဒါေပမဲ့ ေစာၿပီးေရာက္ေနဖို႔လည္း မလိုဘူး"


ထိုအေဆာက္အအုံပ်က္ကား လုဖုန္းတို႔အိမ္မွ သိပ္မေဝးေပ ။ ငယ္စဥ္ကေလးဘဝက အမွားတစ္ခုခုလုပ္မိတိုင္း လုဖုန္းလာေနက် ေနရာတစ္ခုလည္းျဖစ္ေပ၏ ။ လုဖုန္း မွတ္တတ္ခါစအ႐ြယ္ကပင္ ထိုျမင့္သြန္းလွေသာ ၊ မၿပီးျပတ္ေသးေသာအေဆာက္အအုံႀကီးက ထိုေနရာတြင္ တည္ရွိေနခဲ့သည္ ။ ထိုအေဆာက္အအုံမွာ စီးပြားေရးတစ္ခုခုႏွင့္ဆိုင္ေသာ အေဆာက္အအုံျဖစ္ဟန္ေပၚၿပီး အခ်ိဳ႕ေသာအေၾကာင္းအရင္းမ်ားေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းစဥ္မ်ားရပ္ဆိုင္းကာ ၊ ထိုရပ္ဆိုင္းမႈကလည္း ႏွစ္ေပါင္းအေတာ္ ၾကာခဲ့ေလၿပီ ။


လုဖုန္း ထိုအေဆာက္အအုံတြင္ ပထမဆုံး သြားပုန္းေနခဲ့ေသာအခ်ိန္ ။ လုဖုန္းတို႔မိသားစုမွာ လုဖုန္း​ေပ်ာက္ေနသည္ကိုသိသြားကာ ေသြး႐ူးေသြးတန္းလိုက္ရွာၾကေတာ့သည္ ။ ထို႔ျပင္ လုဖုန္း၏ အတန္းေဖာ္တစ္ေယာက္ခ်င္းစီတိုင္းကိုဖုန္းေခၚကာ လုဖုန္းအားေတြ႕မိသလားဟု လိုက္လံေမးျမန္းၾကေသး၏ ။


လုဖုန္းတစ္ေယာက္ လူကုန္ကူးခံရၿပီဟုထင္ကာ တစ္ခ်ိန္လုံး ငိုေႂကြးေနရေလာက္ေအာင္ထိ လုဖုန္း၏မိခင္ျဖစ္သူက ေၾကာက္႐ြံ႕ထိတ္လန့္ခဲ့ရသည္ ။ တကယ္တမ္း လုဖုန္းမွာ ​မေတာ္တဆ အိပ္ေပ်ာ္ေနခဲ့ျခင္းသာ ။ လုဖုန္း ျပန္နိုးလာေသာအခါ ေကာင္းကင္ႀကီးမွာ အေမွာင္အတိက်ေနခဲ့ေခ်ၿပီ ။ ထိုအခ်ိန္တြင္ ႐ုတ္တရက္ဆန္စြာပင္ ဓာတ္မီးအလင္းေရာင္တစ္ခုက လုဖုန္းမ်က္လုံးဆီ ဦးတည္လာခဲ့၏ ။ ေတာက္ပလြန္း၍ ၾကယ္မ်ားကို ျမင္ေနရသည္ဟု လုဖုန္းထင္မွတ္ရေလာက္သည္အထိပင္ ။


"...လုဖုန္း ?"


မ်က္လုံးမ်ားကို အုပ္ထားလ်က္ပင္ အလင္းတန္း၏ေနာက္ဘက္ျခမ္းမွ ထြက္ေပၚလာေသာ ရွန့္မင္ေအာ္အသံကို လုဖုန္းၾကားလိုက္ရေတာ့သည္ ။


ညေကာင္းကင္က အေမွာင္အတိက်ေနၿပီး လမ္းမ်ားကလည္း သြားလာဖို႔ရန္ မလြယ္ကူသည့္အခ်ိန္တြင္ ရွန့္မင္ေအာ္တစ္ေယာက္ မိမိကို မည္သို႔မည္ပုံရွာေဖြနိုင္ခဲ့မွန္း လုဖုန္းမစဥ္းစားတတ္ေတာ့ ။


ရွန့္မင္ေအာ္က လုဖုန္း အဘယ္ေၾကာင့္ ထိုေနရာ၌ ပုန္းေနရသနည္းဟု မေမးျမန္းခဲ့သလို လုဖုန္းအားရွာေဖြရျခင္းအေပၚ  စိတ္လႈပ္ရွားမႈ၊ ေဒါသတို႔ကိုလည္း မေဖာ္ျပခဲ့ေပ ။ တစ္ခုတည္းေသာ ဓာတ္မီးအလင္းေရာင္ျဖင့္ ေရွ႕ကလမ္းကို အလင္းေရာင္ျပလ်က္ ရွန့္မင္ေအာ္က လုဖုန္းလက္ကိုဆြဲယူ၍သာ အေဆာက္အအုံပ်က္ထဲမွ တိတ္တဆိတ္ထြက္ခြာလာခဲ့ၾက၏ ။


သူတို႔ႏွစ္ေယာက္ အိမ္ျပန္ေရာက္ေသာအခါ လုဖုန္းအားရွာေဖြေနဆဲျဖစ္ေသာ မိဘႏွစ္ပါးကို ရွန့္မင္ေအာ္က ဖုန္းေခၚေတာ့သည္ ။ ထိုအခါမွသာ ဤကိစၥကား အေရးႀကီးလွေၾကာင္း လုဖုန္းနားလည္သြားၿပီလွ်င္ ေၾကာက္႐ြံ႕ျခင္းေၾကာင့္ တစ္ကိုယ္လုံးတုန္ရီလာခဲ့ေတာ့သည္ ။


မိဘမ်ားကား သတင္းၾကားၾကားခ်င္းပင္ အိမ္သို႔အေျပးျပန္လာခဲ့ၾက၏ ။ လုဖုန္းမွာ မိမိရိုက္ခံရေတာ့မည္ဟုထင္မွတ္ကာ ရွန့္မင္ေအာ္ေနာက္၌ပုန္းေနၿပီး လုံးဝေရွ႕မထြက္ေပ ။ သို႔ေသာ္ မိခင္ျဖစ္သူက ထိုကိစၥကအေလးမထားသကဲ့သို႔ ဖခင္ျဖစ္သူကလည္း ေနာက္တစ္ခါ ျဖစ္ကတက္ဆန္း ထြက္မသြားဖို႔ရန္သာေျပာၿပီး ထိုကိစၥက အၿပီးသတ္သြားခဲ့ေလသည္ ။


ထိုအခ်ိန္အခါက မည္သို႔ေသာသတိေပးဆုံးမမႈမ်ားမရွိခဲ့သည့္အေပၚ  ေကာင္းခ်ီးေပးသည္ဟုမွတ္ယူကာ တစ္ခ်ိန္တည္းမွာပင္ ကမာၻပ်က္ကပ္မွ လြတ္ေျမာက္လာသူတစ္ေယာက္ကဲ့သို႔ လုဖုန္းခံစားလိုက္ရေတာ့သည္ ။ သို႔ေသာ္ အသက္ႀကီးျပင္းလာေသာအခါတြင္မူ မိမိေပ်ာက္ေနသည့္ နာရီအပိုင္းအျခားအတိုအထြာေလးက မိမိအဖို႔ ဘာမွမဟုတ္ေသာ္ျငား မိဘမ်ားအတြက္မူ ႏွစ္ခ်ီသကဲ့သို႔ၾကာျမင့္လွသည့္အေၾကာင္းကို လုဖုန္းနားလည္လာရေတာ့သည္ ။


ထိုအခ်ိန္အေတာအတြင္း ၎တို႔၏စိတ္ထဲတြင္ ဆိုး႐ြားလွေသာျဖစ္နိုင္ေခ်ေထာင္ေပါင္းမ်ားစြာကို စိတ္ထဲျမင္ေယာင္ၾကည့္ၿပီးသား ျဖစ္ေပလိမ့္မည္ ။ ထို႔ေၾကာင့္ ၎တို႔ေရွ႕သို႔ လုဖုန္းက မက်ိဳးမကန္းမထိမခိုက္ဘဲ လုံလုံၿခဳံၿခဳံျပန္ေရာက္လာေသာအခါ ၊ လုဖုန္းအား ရက္ရက္စက္စက္ ျပင္းျပင္းထန္ထန္ မဆူနိုင္ ၊ မဆူရက္ေတာ့ေပ ။


လုဖုန္းက ဤသို႔ဆိုးသြမ္းခဲ့သည္ေတာင္မွ မိဘမ်ားကမရိုက္ႏွက္ခဲ့ေပ ။ သို႔ျဖစ္ရာ ၾကင္နာ၍သတၱိရွိေသာစရိုက္မ်ိဳးျဖင့္ လုဖုန္းႀကီးပ်င္းလာသည္မွာ အဆန္းမဟုတ္ေတာ့ ။


မိမိ အေဆာက္အအုံပ်က္တြင္ ပုန္းေနေၾကာင္း အဘယ္သို႔သိသနည္းဟု လုဖုန္း ရွန့္မင္ေအာ္အား ေမးၾကည့္ခဲ့ဖူးသည္ကို မွတ္မိေနပါေသး၏ ။


ရွန့္မင္ေအာ္က ေခတၱမွ်စဥ္းစားၿပီးေနာက္ အလိုအေလ်ာက္သိသည္ဟူ၍ ျပန္ေျဖလာခဲ့ေလသည္ ။


ရွန့္မင္ေအာ္က ထိုအရာကို အလိုလိုသိစိတ္ဟု ထင္မွတ္ေသာ္ျငား လုဖုန္းကမူ ညီအကိုႏွစ္ေယာက္ၾကားမွ ခ်ိတ္ဆက္မႈဟု ယူဆေလသည္ ။  ထိုအခ်ိန္မွစ၍ လုဖုန္းစိတ္ပ်က္အားငယ္တိုင္း ဝမ္းနည္းတိုင္း ထိုအေဆာက္အအုံပ်က္တြင္ သြားပုန္းေနေလ့ရွိၿပီး ရွန့္မင္ေအာ္ကလည္း ထိုေန ရာကိုပင္လာကာ လုဖုန္းကို အႀကိမ္ႀကိမ္အခါရွာေဖြေတာ့သည္ ။


ထိုေနရာကို ရွန့္မင္ေအာ္ႏွင့္ လုဖုန္း၏ လွ်ို႔ဝွက္ေနရာဟု ​ေဖာ္ျပလွ်င္ေတာင္သင့္ေလ်ာ္ေပလိမ့္မည္ ။ ထိုအေဆာက္အအုံ ထိုေနရာကား တမူထူးေသာအဓိပၸာယ္ႏွင့္ ထူးျခားလွေသာ ျဖစ္တည္မႈတစ္ခုပင္ ။


ထို႔ေၾကာင့္ လုဖုန္းမွာ ရွန့္မင္ေအာ္က မိမိႏွင့္ေတြ႕ဖို႔ရန္ေျပာလာခ်ိန္ဝယ္ စိတ္လႈပ္ရွားမိေသာ္ျငား ထိုေနရာ၌ ေတြ႕ခ်င္ရသည့္အေၾကာင္းအရင္း၌မူ ဇေဝဇဝါျဖစ္သြားရျပန္၏ ။


လုဖုန္း ရွန့္မင္ေအာ္အေၾကာင္းစဥ္းစားရင္း တစ္ညလုံး ဟိုလွိမ့္သည္လွိမ့္ျဖင့္ အိပ္မေပ်ာ္နိုင္ ။ တစ္ခ်ိန္တည္းတြင္လည္း ခႏၶာကိုယ္တစ္ခုလုံးကို ​စိုးရိမ္မႈႏွင့္စိတ္လႈပ္ရွားမႈတို႔က လႊမ္းၿခဳံေနလ်က္ ။ ေနာက္တစ္ေန႕မနက္ေရာက္ေသာအခါ အိပ္ရာထဲတြင္ ဒီထက္ၾကာၾကာထပ္မေနနိုင္ေတာ့ေၾကာင္း လုဖုန္းေတြးမိကာ အေဆာက္အအုံပ်က္ဆီသြားဖို႔ရန္သာ ဆုံးျဖတ္လိုက္ေတာ့သည္ ။


ရွန့္မင္ေအာ္က မိမိကို ညေနမွသာေတြ႕ရန္ေျပာထားေသာ္ျငား လုဖုန္းမေစာင့္ဆိုင္းနိုင္ေတာ့သည္ျဖစ္ရာ ေစာေစာသြား၍ေစာင့္ေနဖို႔ရန္သာျပင္လိုက္ေတာ့၏ ။


လုဖုန္း ေပါင္မုန့္ႏွင့္ေရကိုယူလ်က္ အိတ္ကိုထုတ္ပိုးကာ ထြက္ဖို႔ျပင္လိုက္သည္ ။


ထိုအခ်ိန္မွာပင္ လုဖုန္းမရင္းႏွီးေသာ ဖုန္းနံပါတ္တစ္ခုထံမွ ဖုန္းဝင္လာေတာ့သည္ ။


ဖုန္းမ်က္ႏွာျပင္ထက္ေပၚေနေသာ ဖုန္းနံပါတ္ကို လုဖုန္း တစ္ခါမွမျမင္ဖူးေပ ။ ျပည္တြင္းဖုန္းတစ္လုံးပင္ျဖစ္ၿပီး ဖုန္းေခၚဆိုသူက မိမိဖုန္းကိုင္ဖို႔ရာကို ေစာင့္ဆိုင္းေနသကဲ့သို႔ ဖုန္းသံကလည္း ဆက္လက္ျမည္ဟည္းေနခဲ့၏ ။


လုဖုန္း သံသယမ်ားစြာႏွင့္ပင္ ဖုန္းကိုင္လိုက္ေသာအခါ တစ္ဖက္ျခမ္းမွလူမွာ ခ်ီးယန္ျဖစ္ေနခဲ့ေလသည္ ။


"ခင္ဗ်ားဆီမွာ ဘာလို႔ ကြၽန္ေတာ့္ဖုန္းနံပါတ္ရွိေနလဲ ? "


လုဖုန္း လက္ထဲတြင္ ဖုန္းကိုတင္းတင္းက်ပ္က်ပ္ကိုင္ထားလ်က္ လြယ္အိတ္ကိုတစ္ဖက္ကကိုင္ရင္း ဆိုဖာေပၚထိုင္ခ်မိသည္ ။ အစကနဦးက စိတ္လႈပ္ရွားမႈသည္လည္း ယခုေတာ့မီးေတာက္တစ္ခုေၾကာင့္ ငုပ္လွ်ိုးသြားရေလၿပီ ။


ခ်ီးယန္ကား လုဖုန္း၏အေမးကိုမေျဖ ။ ထိုအစား က႐ုဏာသက္ဟန္ ၊ သနားဟန္ျဖင့္ အျခားစကားတို႔ကိုသာေျပာလာခဲ့၏ ။ မသိလွ်င္ လုဖုန္းအား ခ်စ္ခင္ၾကင္နာစြာ ဂ႐ုစိုက္ေစာင့္ေရွာက္တတ္ေသာ ၊ လုဖုန္းႏွင့္အတူႀကီးျပင္းလာေသာ အကိုႀကီးတစ္ေယာက္ကဲ့သို႔ပင္ ။


"မင္း ရွန့္မင္ေအာ္ဆီပို႔ထားတဲ့ မက္ေဆ့ခ်္ေတြ ငါအကုန္ဖတ္ၿပီးသြားၿပီ ၊ ရွန့္မင္ေအာ္က မင္းကိုျပန္စာမပို႔ဘူးမလား ၊ ဘယ္ေလာက္ေတာင္ သနားစရာေကာင္းတဲ့ ေကာင္ငယ္ေလးလဲ "


ခ်ီးယန္ကား လုဖုန္း၏အနာကို မည္သို႔ထိုးႏွက္ရမည္မွန္း ၊ ေဒါသကို မည္သို႔ဆြေပးရမည္မွန္း အတိအက်သိေနခဲ့သူပင္ ။ ခ်ီးယန္ကား တစ္ပါးသူအား ေဒါသထြက္ေစမည့္နည္းလမ္းကိုသိသကဲ့သို႔ စကားအရာ၌လည္း ဆရာတစ္ဆူျဖစ္ေၾကာင္း လုဖုန္းဝန္ခံရေပလိမ့္မည္ ။


"အဲ့ဒါ ခင္ဗ်ားနဲ႕ဘာမွမဆိုင္ဘူး ၊ ကြၽန္ေတာ္နဲ႕ ရွန့္မင္ေအာ္ၾကား ဘာျဖစ္ျဖစ္ ခင္ဗ်ားဝင္ပါစရာမလိုဘူး "


ခႏၶာကိုယ္တစ္ခုလုံးမွ အသားမွ်င္တစစီတိုင္းကေန၍ ခ်ီးယန္အား စက္ဆုပ္႐ြံရွာလ်က္ပင္ လုဖုန္းအံႀကိတ္ရင္း ျပန္ေျပာမိသည္ ။ခ်ီးယန္သာ ယခုလက္ရွိ မိမိေရွ႕၌ရွိခဲ့လွ်င္ လုဖုန္း သူ႕မ်က္ႏွာထက္ တံေတြးေထြးလိုက္မိနိုင္သည္ ။


"သူ မင္းကို ဒီေန႕လာေတြ႕ဖို႔ေျပာထားတယ္ ၊ ဟုတ္တယ္မလား ?"


လုဖုန္း မ်က္လုံးမ်ားမွာ အံ့ၾသမႈေၾကာင့္ ဝိုင္းစက္ကုန္ေတာ့၏ ။


"အဲ့အေၾကာင္း ခင္ဗ်ားဘယ္လိုလုပ္သိေနရတာလဲ ?"


ထိုခဏခ်က္ခ်င္းမွာပင္ လုဖုန္းစိတ္ထဲ အေတြးမ်ားျဖင့္ ျပည့္ႏွက္ကုန္ေတာ့သည္ ။ မေန႕က မိမိကိုသာ ဤေနရာ၌လာေတြ႕ရန္ ရွန့္မင္ေအာ္ကေျပာခဲ့ျခင္းမဟုတ္ပါလား ၊ ဤသို႔ဆိုလွ်င္ ခ်ီးယန္က အဘယ္သို႔သိေနရသနည္း ? သို႔တည္းမဟုတ္..ရွန့္မင္ေအာ္က ခ်ီးယန္ကို ေျပာျပထားခဲ့ျခင္းေပလား ?


ရွန့္မင္ေအာ္က ေျပာခဲ့သည္ဆိုလွ်င္ေတာင္ ယခု ခ်ီးယန္က မိမိအား ဖုန္းေခၚရသနည္း ? မိမိကို ရန္စရန္ ႀကိဳးပမ္းေနျခင္းေပလား ?


"သနားစရာေကာင္ေလး..၊ မင္းစိတ္ထဲ ဇေဝဇဝါျဖစ္ေနရင္ ေစာေစာလာခဲ့ေလ ၊ ငါ မင္းအတြက္ေျဖေပးနိုင္တယ္ "


ခ်ီးယန္က ႏွစ္ေယာက္သားေတြ႕ဆုံမည့္တည္ေနရာကိုပင္ သိရွိေနေၾကာင္း လုဖုန္းၾကားလိုက္ရေသာအခါ အေတာ္ပင္ထိတ္လန့္သြားရေတာ့၏ ။


"ခင္ဗ်ားကို ရွန့္မင္ေအာ္က ေျပာခဲ့တာလား ?"


လုဖုန္း၏ႏွလုံးသားထဲ အသံတို႔ျမည္ဟည္းေနသေယာင္ ။ 'ငါတို႔ႏွစ္ေယာက္ၾကားက မက္ေဆ့ခ်္ေတြကိုပါ ေျပာျပခဲ့႐ုံတင္မကဘူး ၊ ငါတို႔ရဲ႕ လွ်ို႔ဝွက္ေနရာကိုေတာင္ ခ်ီးယန္ကိုေျပာျပခဲ့ေသးတယ္လား ? ဘယ္လိုလုပ္ အဲ့လိုလုပ္နိုင္ရတာလဲ ? ဘယ္လိုလုပ္? '


ခ်ီးယန္ကား တိုးတိုးသာသာရယ္ေမာ၏ ။ ခ်ီးယန္၏ထိုအသံကား လုဖုန္းနားထဲတြားသြားဝင္ေရာက္လာၿပီးလွ်င္ ကိုယ္စိတ္မခ်မ္းေျမ့ျခင္းကိုျဖစ္ေပၚေစ၏ ။ မိမိအနားတြင္ အဆိပ္ရွိေႁမြတစ္ေကာင္ေရာက္ေနကာ ရႉးရႉးရွဲရွဲေအာ္ျမည္ေနသကဲ့သို႔ ။


"လာခဲ့ ၊ ငါ မင္းကိုေစာင့္ေနတယ္ "


ခ်ီးယန္က ထိုသို႔ေျပာၿပီးေနာက္ ဖုန္းခ်သြားခဲ့၏။


ဖုန္းကို လက္ထဲတြင္ တင္းတင္းက်ပ္က်ပ္ လုဖုန္းဆုပ္ကိုင္ထားသည္ ။ ဖုန္းမ်က္ႏွာျပင္ေပၚၾကည့္လိုက္ေသာအခါ ႏွစ္ေယာက္သားစကားေျပာခဲ့သည္မွာ ငါးမိနစ္မျပည့္ေၾကာင္းေတြ႕လိုက္ရ၏ ။ လုဖုန္း အသက္ျပင္းျပင္းတစ္ခ်က္ရႉကာ ေက်ာပိုးအိတ္ကိုလက္ထဲကိုင္လ်က္ အိမ္မွထြက္ရန္ျပင္လိုက္သည္ ။


စားပြဲထက္ရွိ ေမာင္းခ်ဓားေပၚ  အၾကည့္ေရာက္သြားမိသည့္တစ္ခဏ၌ လုဖုန္း ေခတၱၿငိမ္သက္သြားခဲ့၏။ ၿပီးလွ်င္ အတန္ငယ္ေတြးေတာၿပီးေနာက္ ထိုအရာကိုဆြဲယူကာ ေဘာင္းဘီအိတ္ကပ္ထဲထည့္ဖို႔ ဆုံးျဖတ္လိုက္ေလသည္ ။


"မနက္အေစာႀကီး ဘယ္သြားမလို႔လဲ ? "


မိခင္ျဖစ္သူကာ အသံအခ်ိဳ႕ၾကားကာ အိပ္ခန္းထဲမွထြက္လာပုံရသည္ ။ သူမ၏မ်က္ႏွာသြင္ျပင္ထက္ အိပ္စက္ထားျခင္းအရိပ္အေရာင္တို႔က ထင္ထင္ရွားရွားက်န္ရစ္ေနဆဲပင္ ။


လုဖုန္း ေခါင္းကိုငုံ႕ထားလ်က္ပင္ အိမ္ထဲမွထြက္ဖို႔ျပင္လိုက္၏  ။


"ကြၽန္ေတာ္ တစ္ေနရာရာကို ခဏသြားမလို႔ ၊ မၾကာခင္ျပန္လာခဲ့မယ္ "


လုဖုန္း၏မိခင္ျဖစ္သူကား မူလေနရာတြင္ပင္ အခ်ိန္အေတာ္ၾကာရပ္ေနကာ လုဖုန္းအားေမးလာခဲ့ေတာ့သည္ ။


"မင္းအကို,ကို သြားရွာမလို႔လား သား ?"


"မဟုတ္ပါဘူး "


လုဖုန္း ဖိနပ္ဝတ္ရင္း ျပန္ေျဖလိုက္သည္ ။ ထို႔ေနာက္ မိခင္ျဖစ္သူအား တစ္ခ်က္ၿပဳံးျပကာ အိမ္မွထြက္လာခဲ့ေတာ့သည္ ။


အေဆာက္အအုံပ်က္ေရွ႕ရွိ ေရာက္ေသာအခါ အဝင္ဝကိုပိတ္ဆို႔ထားေသာ သံပန္းအဟန့္အတားၾကားမွ တြားသြားလွ်ိုဝင္လိုက္သည္ ။ ထိုအခ်ိန္တြင္ မိမိ၏ဦးေခါင္းထက္ အေပၚဘက္ တစ္ေနရာမွ ခ်ီးယန္၏အသံကိုၾကားလိုက္ရေတာ့၏ ။


"ဒီမွာ "


ခ်ီးယန္ကား အေဆာက္အအုံ၏အျမင့္ဆုံးေနရာတြင္ မတ္တပ္ရပ္ေနခဲ့ၿပီး လုဖုန္းအား လက္ေဝွ႕ယမ္းျပလာေတာ့သည္ ။


လုဖုန္း ႏႈတ္ခမ္းသားတို႔ကို ဖိကိုက္လ်က္ အေပၚထပ္သို႔တက္လာခဲ့၏ ။


ထိုအေဆာက္အအုံကား တစ္ဝက္ကိုသာေဆာက္ၿပီးျဖစ္ကာ ေအာက္ေျခကိုကြန္ကရစ္ေလာင္းထား၏ ။ သို႔ေသာ္ အေဆာက္အအုံ၏အျခားအစိတ္အပိုင္းမ်ားမွာမူ မတို႔မထိဘဲထားထားသည့္အတိုင္းပင္ ။ စတီးေခ်ာင္းမ်ား ၊ စြန့္ပစ္အမွိုက္မ်ားမွာ ေျမျပင္ထက္ျပန့္က်ဲေနခဲ့ၿပီး နံရံမ်ားရွိမေနေသာေၾကာင့္ ထိုေနရာတစ္ခုလုံးမွာ ထိန္လင္းေနခဲ့၏ ။


ခ်ီးယန္က လုဖုန္းအား အေပၚထပ္တြင္ ေစာင့္ေနခဲ့ျခင္းပင္ ။


လုဖုန္း သူ႕ကိုေတြ႕ခဲ့ေသာ ယခင္ကအခ်ိန္မ်ားႏွင့္မတူစြာ ထိုေန႕က ခ်ီးယန္တစ္ေယာက္ မ်က္မွန္မတပ္လာခဲ့ပါေခ် ။ ထို႔ျပင္ ဆံပင္မ်ားကိုလည္း ေသေသခ်ာခ်ာပုံသြင္းထားဟန္ေပၚ၏ ။ ခ်ီးယန္၏ပုံစံက ပုံမွန္ထက္ ဖ်တ္လတ္တက္​ႂကြေနခဲ့ကာ စစခ်င္း၌ လုဖုန္းပင္ သူ႕ကိုမမွတ္မိေတာ့သလို ျဖစ္သြားခဲ့ေသးေပသည္ေလ ။


"သနားစရာေကာင္ငယ္ေလး ၊ မင္းေရာက္လာတာ ငါဝမ္းသာတယ္ "


သို႔ေသာ္ ထိုသူပါးစပ္ဟလိုက္ၿပီဆိုသည္ႏွင့္ ၊ ယခင္ကႏွင့္ တူညီေသာသူတစ္ေယာက္ ၊ စိတၱဇတစ္ေယာက္ျဖစ္ဆဲဆိုသည္ကို လုဖုန္းသိလိုက္ရ၏ ။


"အခုေျပာေတာ့ ၊ ခင္ဗ်ားဘာလိုခ်င္တာလဲ ? "


လုဖုန္း ေက်ာပိုးအိတ္ကိုေအာက္ခ်ထားကာ သတိထားလ်က္ ခ်ီးယန္ႏွင့္ အကြာအေဝးတစ္ေနရာတြင္ ရပ္ေနမိသည္ ။


ခ်ီးယန္ကား လုဖုန္းထံ ေျဖညင္းစြာ ဦးတည္ လမ္းေလွ်ာက္ရင္း ၿပဳံးျပလာေတာ့သည္ ။


"ရွန့္မင္ေအာ္က ဒီေန႕ ငါနဲ႕လည္းေတြ႕ခ်င္ေနခဲ့တယ္ေလ "


လုဖုန္း ေခတၱမွ်ၾကက္ေသ,ေသသြားခဲ့၏ ။ ခ်ီးယန္ ဘာကိုဆိုလိုေၾကာင္း လုဖုန္းအေျဖမရွာနိုင္ေသးခင္မွာပင္ ခ်ီးယန္က ေလသံကိုဖိ၍ ေျပာလာခဲ့သည္။


"ငါက မင္းကိုသတ္တာမ်ိဳး ရွန့္မင္ေအာ္က လုပ္ေစခ်င္ေနတာ"


ပူေလာင္လွေသာ ေႏြေခါင္ေခါင္ရာသီဥတုျဖစ္ေနသည့္တိုင္ ထိုခဏခ်က္ခ်င္းမွာပင္ လုဖုန္း၏ကိုယ္တြင္းမွေသြးတို႔ ေအးစက္ကုန္ေတာ့၏ ။ ထို႔ျပင္ ပုစဥ္းရင္ကြဲတို႔၏အသံကလည္း တစ္ရာကီလိုမီတာအတြင္းရွိအသံမ်ားအားလုံးကို လႊမ္းမိုးသည္ထိ သည္းမခံနိုင္ေလာက္ေအာင္ ဆူညံေနလ်က္ ။ လုဖုန္း၏ ေျခလက္အစုံတို႔မွာ ထိန္းမနိုင္သိမ္းမရေအာင္ တုန္ယင္လႈပ္ရွားေနခဲ့ေလသည္ ။


ခ်ီးယန္၏စကားလုံးမ်ားကား ျဖစ္နိုင္ဖြယ္ရာမရွိ ၊ အဓိပၸာယ္မရွိေသာစကားလုံးမ်ားပင္ ။ သို႔ေသာ္ မိမိအေပၚ  ထိုစကားလုံးမ်ား၏အက်ိဳးသက္ေရာက္မႈက မေသးငယ္လွေၾကာင္းကိုေတာ့ လုဖုန္းမျငင္းနိုင္ေပ ။


ထိတ္လန့္မႈက ေလ်ာ့က်လာၿပီးေနာက္ဝယ္ လုဖုန္း၏အသိတရားတို႔ကို ေဒါသအမ်က္က တိုက္စားေလေတာ့သည္ ။


"မျဖစ္နိုင္ဘူး "


လုဖုန္း ခ်ီးယန္ဆီဦးတည္လိုက္ကာ သူ၏ရွပ္အကၤ်ီလက္တစ္ဆုပ္စာကို လက္ျဖင့္ဆြဲယူလိုက္သည္ ။


"ေစာက္အဓိပၸာယ္မရွိတာေတာ့ လာေျပာမေနနဲ႕ "


ခ်ီးယန္ကား ရယ္ေမာေနဆဲ ။


"မင္း ေတြးၾကည့္လိုက္စမ္း ၊ ခဲတစ္လုံးထဲနဲ႕ ငွက္ႏွစ္ေကာင္ကိုပစ္ဖို႔ ဒီထက္ပိုေကာင္းတဲ့နည္းလမ္း ရွိဦးမလား ? ဒီေနရာမွာ ငါတို႔ႏွစ္ေယာက္လုံး ရႈံးသြားရင္ ၊ ငါတို႔ႏွစ္ေယာက္လုံး ေသသြားခဲ့ရင္ ၊ သူ႕အတြက္ အေကာင္းဆုံးအဆုံးသတ္ျဖစ္သြားမွာပဲေလ "


ခ်ီးယန္၏စကားလုံးမ်ားက လုဖုန္းကိုယ္တြင္း၌ သံသယမ်ိဳးေစ့ကို စိုက္ပ်ိဳးေလ၏ ။


"မေျပာနဲ႕ေတာ့ "


"မေကာင္းဆိုးဝါးတစ္ေကာင္မွာ အသည္းႏွလုံးမရွိဘူး ၊ သူ႕စိတ္ထဲမွာ သူ႕ႏွလုံးသားထဲမွာ မင္းအတြက္ေနရာရွိလိမ့္မယ္လို႔ မင္းထင္ေနတာလား? "


လုဖုန္း ခ်ီးယန္၏ေကာ္လံကို လက္ျဖင့္ဆြဲထားခဲ့သည့္တိုင္ ခ်ီးယန္၏မ်က္ႏွာအမူအရာကား အေၾကာက္တရားတို႔ကင္းမဲ့ေနဆဲ ။


"သူက မင္းကိုခ်စ္ဖို႔ဆိုတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ ? သူက အခ်စ္ဆိုတာေတာင္ သိတဲ့လူမဟုတ္ဘူး "


"ပါးစပ္ကို ပိတ္ထားလိုက္!"


လုဖုန္း ခ်ီးယန္မ်က္ႏွာကိုဦးတည္၍ လက္သီးျဖင့္ထိုးလိုက္ေသာအခါ ခ်ီးယန္တစ္ေယာက္ ေနာက္သို႔ေျခႏွစ္လွမ္းမွ်ယိုင္သြားကာ ဟန္ခ်က္ျပန္ထိန္းရေတာ့သည္ ။ ခ်ီးယန္ သူ႕ႏႈတ္ခမ္းကိုသူ လက္ျဖင့္စမ္းၾကည့္ေလ၏ ။ ႏႈတ္ခမ္းထက္ ဒဏ္ရာတစ္ခုကျဖစ္တည္လ်က္ အၿပဳံးတို႔မွာ ပိုလို႔ပင္ မဲ့႐ြဲ႕လာလ်က္ ။


"အခု မင္း ပုံစံက အရမ္းကိုစိတ္ဝင္စားစရာေကာင္းတယ္ "


ခ်ီးယန္က ၾကမ္းျပင္ထက္မွ စတီးေခ်ာင္းတစ္ေခ်ာင္းကို ျဖည္းျဖည္းခ်င္း ေကာက္ယူလိုက္၏။


"အစက ငါဒီမွာပုန္းေနမယ္ ၊ ၿပီးရင္မင္းကိုသတ္ၿပီး ေျမျမႇုပ္လိုက္မယ္လို႔လုပ္ထားတာ ၊ ဒါေပမဲ့ အဲ့လိုလုပ္ရင္ အရမ္းပ်င္းစရာေကာင္းလိမ့္မယ္လို႔ ႐ုတ္တရက္ႀကီး စိတ္ထဲခံစားလာရေရာ ၊ အသူတရာေခ်ာက္နက္ထဲမွာ တစ္ေယာက္တည္းလမ္းေလွ်ာက္ရတဲ့ရည္႐ြယ္ခ်က္က ဘာလဲသိလား ? ေသခ်ာေပါက္ အနက္ထဲထိ ရွန့္မင္ေအာ္ကို ငါနဲ႕အတူ ဆြဲေခၚသြားဖို႔ေပါ့ကြ "


မင္း အေၾကာက္တရားကို တကယ္ရင္ဆိုင္လိုက္ရၿပီးရင္ ၊ေနာက္တစ္ခါ အသူတရာနက္တဲ့ေခ်ာက္နားကို ထပ္ကပ္ခ်င္ေတာ့မွာမဟုတ္ဘူး။


ရွန့္မင္ေအာ္၏ အဓိပၸာယ္ဝိုးတဝါးႏွင့္ စကားတစ္ခြန္းက လုဖုန္းစိတ္ထဲ ဖ်တ္ခနဲျပန္ေပၚလာခဲ့၏ ။
အမွန္တကယ္ ရွန့္မင္ေအာ္က ခ်ီးယန္အား မိမိကို သတ္ဖို႔မဆိုလိုခဲ့လွ်င္ ?


"မင္းကိုငါ ႀကိဳးနဲ႕ခ်ည္တုပ္ထားေပးလို႔ရတယ္ ၊ အဲ့လိုမွမဟုတ္ရင္ ဒီေနရာမွာ တိတ္တိတ္ေလးပုန္းေနၿပီးေတာ့ ငါက သူ႕ကိုသတ္တာ ဒါမွမဟုတ္ သူကငါ့ကိုသတ္တာျဖစ္ျဖစ္ ေစာင့္ၾကည့္ေနလိုက္"


ခ်ီးယန္ကား လက္ထဲတြက္ စတီးေခ်ာင္းကိုဆုပ္ကိုင္ကာ စိတ္လြတ္သြားသူတစ္ေယာက္ႏွယ္ ရယ္ေမာေတာ့သည္ ။


"ဘယ္လိုပဲျဖစ္ျဖစ္ ၊ ငါက သူ႕ကို ငရဲဆီေခၚသြားမွာပဲ "


ခ်ီးယန္ စိတ္လြတ္ေနၿပီ ၊ အမွန္တကယ္ကို စိတ္လြတ္ေနေခ်ၿပီ !


ထိုသို႔ေတြးေနရင္းႏွင့္ပင္ လုဖုန္း ခ်ီးယန္ရွိရာဆီသို႔ ဆတ္ခနဲတိုးသြားကာ ၎လက္ထဲရွိ စတီးေခ်ာင္းကို လွမ္းဆြဲလိုက္ေတာ့၏ ။ လုဖုန္းတို႔ႏွစ္​ေယာက္သား ၾကမ္းျပင္ေပၚလုံးေထြးေနၾကျခင္း၏အက်ိဳးဆက္အေနျဖင့္ ၾကမ္းျပင္ထက္ ဖုန္မ်ားထလာေတာ့သည္ ။ ထိုအမႈန္မ်ား၊ ဖုန္မ်ားကိုရႉမိေသာ လုဖုန္းတို႔ႏွစ္ေယာက္သားမွာ အသက္ရႉၾကပ္ကုန္ၾကၿပီး ဖုန္မ်ားမွာ မ်က္လုံးထဲထိပါ ဝင္ေရာက္ကုန္ၾကလ်က္ ။


လုဖုန္း မ်က္လုံးဖြင့္ရခက္ေနသည္ကို အခြင့္ေကာင္းယူကာ ခ်ီးယန္က စတီးေခ်ာင္းျဖင့္ လုဖုန္း၏လည္ပင္းကိုအစ္ေစေတာ့သည္ ။ လုဖုန္းခႏၶာကိုယ္ကား ခ်ီးယန္၏ကိုယ္လုံးေအာက္တြင္ ေလွာင္ပိတ္ခံထားရလ်က္။


လုဖုန္းလည္ပင္းထက္ စူးရွကာ မခ်ိမဆန့္ေဝဒနာတစ္ခုက ျဖစ္တည္လ်က္ ။ လုဖုန္း ႐ုန္းကန္ကာ ခ်ီးယန္အား ေျခေထာက္ႏွင့္ကန္ဖို႔ႀကိဳးစားေတာ့သည္ ။ အျမင္အာ႐ုံထဲ တစ္ခ်က္တစ္ခ်က္ အေမွာင္ရိပ္တို႔လႊမ္းလာကာ အသက္ရႉရပ္တန့္ေတာ့မည့္ဆဲဆဲတြင္ လုဖုန္းလည္ပင္းထက္ရွိ အားသက္ေရာက္မႈတစ္ခုက ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားေတာ့သည္ ။ ထူးထူးဆန္းဆန္းပင္ ခ်ီးယန္က လုဖုန္းအား လႊတ္ေပးလိုက္ဖို႔ဆုံးျဖတ္လိုက္ပုံရသည္ ။


ေဘာင္းဘီအိတ္ကပ္ထဲတြင္ အကာအကြယ္တစ္ခုအျဖစ္ယူေဆာင္လာခဲ့ေသာ ေမာင္းခ်ဓားမွာ ၾကမ္းၾကမ္းတမ္းတမ္း႐ုန္းရင္းဆန္ခတ္ျဖစ္မႈၾကားဝယ္ ၾကမ္းျပင္ထက္ျပဳတ္က်သြားခဲ့သည္။ လက္တစ္ကမ္းစာ အကြာအေဝးအတြင္းရွိေနေသာ ထိုဓားကို လုဖုန္းေကာက္ယူလိုက္၏ ။


လည္ပင္းကား မီးေတာက္ေနသည့္ႏွယ္ ပူေလာင္နာက်င္ေနလ်က္ ။  မိမိအဆုတ္ထဲ အေျပးအလႊားဝင္ေရာက္ေနေသာေလထုမွာ မည္မွ်ေလာက္ထိ ခ်ိဳၿမိန္ေၾကာင္း ၊ ႏွစ္လိုဖြယ္ေကာင္းေၾကာင္း ပထမဆုံးအႀကိမ္အေနျဖင့္ လုဖုန္းသိခဲ့ရေလၿပီ ။


အထိတ္တလန့္ျဖစ္ေနျခင္းမ်ားၾကားမွာပင္ လုဖုန္း ဓားျဖင့္ အသားထဲသို႔ ႐ုတ္ခ်ည္းေျပးထိုးလိုက္ေတာ့သည္ ။ ထိုခဏဝယ္ အခ်ိန္မ်ားက ရပ္တန့္သြားသကဲ့သို႔ ။ ခ်ီးယန္က ေခါင္းကိုငုံ႕ကာ  ဝမ္းဗိုက္၏ေဘးဘက္ျခမ္းကို ငုံ႕ၾကည့္ေလ၏ ။ ပူပူေႏြးေႏြးေသြးစက္တို႔က ဒဏ္ရာဆီမွစီးဆင္းလာကာ ဓားအဖ်ားတစ္ေလွ်ာက္ တေ႐ြ႕ေ႐ြ႕စီးက်၏ ။


ခ်ီးယန္က မတ္တပ္ရပ္လ်က္ပင္ တစ္ခ်က္ယိုင္နဲ႕သြား၏ ။ သို႔ေသာ္ သူ၏ဒဏ္ရာကို လ်စ္လ်ဴရႈလ်က္ပင္ လက္ထဲရွိစတီးေခ်ာင္းကို ေခါင္းထက္ျမႇောက္တင္လိုက္၏ ။ ခ်ီးယန္တစ္ေယာက္ စတီးေခ်ာင္းျဖင့္ လႊဲရိုက္ေတာ့မည္ျဖစ္ေၾကာင္း လုဖုန္းျမင္လိုက္ရခ်ိန္ ကိုယ္ကို တစ္ဖက္ျခမ္းသို႔လွည့္ကာ ရိုက္ခ်က္ကို သီသီကေလး ေရွာင္လိုက္နိုင္ေပသည္ ။


သို႔ေသာ္ ခ်ီးယန္ကား လက္မေလွ်ာ့ ။ လုဖုန္းဆီသို႔ လူကိုယ္တိုင္ပစ္ဝင္လာကာ လုဖုန္းႏွင့္ လုံးေထြးသတ္ပုတ္ေတာ့သည္ ။


"ငါ မေသေသးသေ႐ြ႕ ၊ ငါ့ဘဝရဲ႕က်န္တဲ့အခ်ိန္ေတြမွာ ရွန့္မင္ေအာ္ကို ဆက္ၿပီးေႏွာင့္ယွက္ေနဦးမွာပဲ "


သြားၾကားထဲမွ ေသြးမ်ားယိုစိမ့္လာျခင္းႏွင့္အတူ ခ်ီးယန္၏အၿပဳံးမ်ားကား ရက္စက္ၾကမ္းၾကဳတ္ဟန္တို႔ျဖင့္


"သူ ငါ့ကိုဘယ္ေတာ့မွ ဖယ္ရွားပစ္လို႔မရဘူး ! ဘယ္ေတာ့မွ !"


ခ်ီးယန္၏အၾကည့္တစ္ခ်က္ႏွင့္ပင္ သူေျပာသမွ် စကား​မ်ားအားလုံးကို အမွန္တကယ္ဆိုလိုေနျခင္းျဖစ္ေၾကာင္း လုဖုန္းသိလိုက္ရေလၿပီ ။


ခ်ီးယန္သည္ ရွန့္မင္ေအာ္ကို ဘယ္ေသာအခါမွ လႊတ္ေပးလိမ့္မည္မဟုတ္ ။ေနအလင္းေရာင္ဆီသို႔ ရွန့္မင္ေအာ္ ေနာက္တစ္ႀကိမ္ ျပန္မလာနိုင္ေလာက္သည္အထိ ခ်ီးယန္က ရွန့္မင္ေအာ္ကို အသူရာေခ်ာက္နက္ဆီ မွ်ားေခၚသြားေပလိမ့္မည္။


"ခင္ဗ်ား ဆုေတာင္းေနလိုက္ !"


လုဖုန္း ေအာ္ဟစ္ရင္းပင္ ခ်ီးယန္ဗိုက္ထဲစိုက္ဝင္ေနေသာဓားကို အားပါပါျဖင့္ ဆြဲထုတ္လိုက္သည္ ။ ထိုအခိုက္မွာပင္ ပူေႏြးေႏြးေသြးစက္တို႔ လုဖုန္းလက္ဆီ လာစင္လ်က္ ေစးကပ္ကပ္အထိအေတြ႕ကိုျဖစ္ေစေလ၏ ။


ခ်ီးယန္ကား နာနာက်င္က်င္ဟစ္ေအာ္ေနကာ ၊ ဝမ္းဗိုက္ထက္ရွိဒဏ္ရာေပၚ လက္ျဖင့္အုပ္ကိုင္ထားခဲ့ၿပီး လုဖုန္းတို႔ႏွစ္ေယာက္ၾကား အကြာအေဝးကို တိုးသထက္တိုးေအာင္ ႀကိဳးပမ္းေနေတာ့သည္ ။


ဆုတ္ခြာသြားေသာပုံရိပ္ေနာက္ လုဖုန္း အမွီလိုက္ကာ ခ်ီးယန္၏ခါးေနရာသို႔ ဓားျဖင့္ထိုးလိုက္ေတာ့သည္ ။ ထိုအခ်ိန္က လုဖုန္းစိတ္ထဲ လွိုက္စားေနေသာအေတြးကား တစ္ခုတည္းပင္ ။ ခ်ီးယန္ကို ရွန့္မင္ေအာ္အနား ထပ္မံနီးကပ္ဖို႔ လုဖုန္းခြင့္မျပဳနိုင္ ။


ခ်ီးယန္ကား စူးစူးဝါးဝါးဟစ္ေအာ္ညည္းတြားၿပီးေနာက္ဝယ္ ခြက္ထိုးခြက္လန္ရယ္ေမာျပလာေတာ့၏ ။


"မင္းက တကယ္သနားစရာေကာင္းတဲ့ ပိုးမႊားေလးပဲ ...သူ သူက မင္းကိုဘယ္ေတာ့မွ ခ်စ္လာမွာမဟုတ္ဘူး..ဒါေပမဲ့ မင္းကေတာ့ သူ႕အတြက္ ဒီေလာက္ထိလုပ္ရဲတယ္ေပါ့ ? "


ခ်ီးယန္ကား လုဖုန္းဘက္သို႔လွည့္ကာ စတီးေခ်ာင္းျဖင့္ လုဖုန္း၏လက္ကို ျပင္းထန္စြာရိုက္ခ်လာေတာ့သည္ ။


လက္ေကာက္ဝတ္တစ္ေလွ်ာက္ လွိမ့္တက္လွေသာ ျပင္းထန္လွသည့္ေဝဒနာႏွင့္အတူ လုဖုန္း အလိုအေလ်ာက္ပင္ လက္ထဲမွဓားကို လႊတ္ခ်လိဳက္မိ၏ ။


ေနာက္ထပ္တစ္ႀကိမ္ ခ်ီးယန္က လုဖုန္းထံ အတင္းေျပးဝင္လာခ်ိန္ဝယ္ လုဖုန္း ေနာက္လက္တစ္ဖက္ကိုအသုံးျပဳကာ ခ်ီးယန္၏စတီးေခ်ာင္းအႏၲရာယ္မွ မိမိကိုယ္ကို ကာကြယ္ရေတာ့သည္ ။  လုဖုန္းတို႔ႏွစ္ေယာက္သား သတ္ပုတ္ေနၾကရင္းပင္ ၊ လုံၿခဳံေရးအတားအဆီးတို႔ ဘာဆိုဘာမွရွိမေနေသာ အေဆာက္အအုံအစြန္းဆီ ေရာက္မွန္းမသိေရာက္သြားၾကေတာ့၏ ။


"မင္း အခု သူ႕ကိုကာကြယ္ေပးလို႔ရတယ္ ၊ ဒါေပမဲ့ သူ႕တစ္သက္လုံး ကာကြယ္ေပးနိုင္ပါ့မလား ?" ခ်ီးယန္က ေမးလာခဲ့ျခင္း ။


စတီးေခ်ာင္း၏ ခြၽန္ထက္လွေသာအစြန္းက လုဖုန္း၏မ်က္ဆန္နားဆီ တေ႐ြ႕ေ႐ြ႕တိုးလာခဲ့၏ ။ လုဖုန္း အံကိုတင္းတင္းႀကိတ္ကာ ရွိသမွ်အားအကုန္သုံးလ်က္ တြန္းထုတ္ထားရင္း စကားလုံးႏွစ္လုံးကို လည္ေခ်ာင္းထဲမွ ျဖစ္ညွစ္ေျပာမိသည္။


"ကာကြယ္ေပးနိုင္တယ္ "


လုဖုန္း အားျပင္းျပင္းျဖင့္ တြန္းထုတ္လိုက္ရင္း ခ်ီးယန္ဆီမွ ေရွာင္ထြက္လိုက္သည္ ။


လြန္ခဲ့ေသာတစ္စကၠန့္ကပင္ ခ်ီးယန္၏မ်က္ႏွာထက္မွ မဲ့ၿပဳံးတစ္ခုကို လုဖုန္းျမင္ေနခဲ့ရေသး၏ ။ သို႔ေသာ္ ေနာက္တစ္စကၠန့္အတြင္းတြင္မူ အရာအားလုံးက အလြန္လ်င္ျမန္စြာ ျဖစ္ပ်က္သြားခဲ့သည္ ။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ခ်ီးယန္၏ ေျခခ်င္းဝတ္က လည္ထြက္သြားကာ သူ႕တစ္ကိုယ္လုံး အေဆာက္အအုံအစြန္းထက္မွ ေပ်ာက္ကြယ္သြားေတာ့သည္ ။


လုဖုန္း မသိစိတ္၏ေစ့ေဆာ္မႈအရ ခ်ီးယန္ကို ဖမ္းဆြဲထားလိုက္ခ်င္ေသာ္ျငား အေတာ္အတန္ပင္ ေနာက္က်သြားခဲ့ေလၿပီ ။


ခ်ီးယန္ကား လုဖုန္းမ်က္စိေရွ႕မွ ေပ်ာက္ကြယ္သြားခဲ့ေလၿပီ ။ ခုနစ္ထပ္ သို႔မဟုတ္ ရွစ္ထပ္မွ်ရွိေလာက္ေသာ ဤအေဆာက္အအုံျမင့္ထက္မွသည္ ကြဲအက္ေနေသာ ေက်ာက္ခင္းၾကမ္းျပင္ထက္ ေနာက္ျပန္ ျပဳတ္က်သြားခဲ့ျခင္း ။ လုဖုန္း အေဆာက္အအုံအစြန္းဆီသြားကာ ေအာက္သို႔ ငုံ႕ၾကည့္မိသည္ ။


ခ်ီးယန္၏ႏွာေခါင္းႏွင့္ ပါးစပ္မ်ားဆီမွ ေသြးတို႔ယိုစီးေနခဲ့၏ ။ ခ်ီးယန္ကား ထိုသို႔ျပဳတ္က်မႈေၾကာင့္ ပြဲခ်င္းၿပီးေသဆုံးမသြားခဲ့ ။ ေနာက္ဆုံး ျဖည္းျဖည္းခ်င္း မ်က္ခြံမ်ား မွိတ္မသြားခင္အထိ ခ်ီးယန္က လုဖုန္းထံသာ အာ႐ုံစူးစိုက္ၾကည့္ေနခဲ့ေလသည္ ။


လုဖုန္း ေျခေထာက္တို႔ အားအင္ကုန္ခမ္းသြားၿပီးလွ်င္ ေျမျပင္ထက္ေခြယိုင္လ်က္ ။ ေနာက္ ဘာဆက္လုပ္သင့္သနည္းဟု စဥ္းစားေနရင္းပင္ လုဖုန္းစိတ္ထဲ ဟင္းလင္းျပင္ျဖစ္ကုန္ေတာ့သည္ ။ ႐ုတ္တရက္ ဖုန္းတုန္ခါလာသံကိုၾကားလိုက္ရၿပီး အခ်ိန္အေတာ္ၾကာ ပတ္ဝန္းက်င္အႏွံ႕စူးစမ္းၾကည့္ၿပီးေသာအခါ ထိုအသံကား မိမိအိတ္မွထြက္လာျခင္းျဖစ္ေၾကာင္း လုဖုန္းသိလိုက္ရေလ၏ ။


ေျခကုန္းလက္ပန္းက်လ်က္ပင္ လုဖုန္း လြယ္အိတ္ဆီသို႔သြားၿပီး ဇစ္ဖြင့္ၾကည့္လိုက္ခ်ိန္ဝယ္ ရွန့္မင္ေအာ္က မက္ေဆ့ခ်္ပို႔လာ​ျခင္းျဖစ္ေၾကာင္း လုဖုန္းေတြ႕လိုက္ရေတာ့သည္ ။


အခ်ိန္မွီအေရာက္လာဖို႔ မေမ့ရန္ ရွန့္မင္ေအာ္က မက္ေဆ့ခ်္ပို႔ကာ ေျပာလာခဲ့ျခင္း ။

Comment