2

Mini Special - 2 (Extra Chapters)


ကောင်းကင်ဘုံ၌ ဟင်းချက်ပြိုင်ပွဲကျင်းပနေလေသည်


ပိုင်ချန်း - "ရဲ့ဟွာ.. ရှင်သေချာပေါက်အနိုင်ရမှာ"


ရဲ့ဟွာ - "ကိုယ်ဒီနေ့ဒီလိုဟင်းချက်တော်တာ မင်းကိုအဓိက credit ပေးရမှာပါ ချန်ချန်း"


လန်ရှန်း - "မြန်မြန်.. ရော့ မြည်းကြည့် ကိုယ်ချက်ထားတာ.."


ချန်းယွီ (တူကိုကိုင်ကာ အငွေ့တထောင်းထောင်းထနေတဲ့ အသားတုံးကြော်တစ်ခုကိုကောက်ယူပြီး အရင်လေ့လာ၊ အနံ့ခံပြီးမှ) - "ရှင်ဘယ်လောက်ကြာ လေ့ကျင့်လိုက်ရလဲ?"


လန်ရှန်း (ယပ်တောင်ကိုဖွင့်ကာ) - "၇ ရက်.. ဒီဟင်းတစ်မျိုးတည်းကိုပဲကျင့်နေတာ ငါအနိုင်ရမှာပြောစရာတောင်မလိုဘူး"


ချန်းယွီ (တစ်ကိုက်စားကြည့်ပြီး မျက်နှာရှုံ့မဲ့သွားကာ အမြန်မျိုချလိုက်သည်၊ ထို့နောက် ပြုံးကာ) - "အင်း.. နောက်ဆုံးကရေရင်တော့ ပထမပဲ ရှင်အနိုင်ရမှာပြောစရာမလိုဘူး"


ဖုန်းကျို (သုံဟွာ့လက်ထဲကငါးကို ကရုဏာသက်စွာကြည့်နေရင်း) - "သီကျွင်း..."


သုံဟွာ - "ဟင်?"


ဖုန်းကျို - "ကျွန်မ ငါးကိုသနားတယ်"


သုံဟွာ - "မင်းပြောမှပဲ ငါလဲငါးကိုသနားတယ်"


ဖုန်းကျို - "သီကျွင်း.. ရှင်သူ့ကိုလွှတ်ပေးလိုက်တော့မို့လား?"


သုံဟွာ (ခေါင်းကိုရမ်းကာ) - "ဟင့်အင်း.. ငါသူ့ကိုသနားတာက မင်းလိုငတုံးတစ်ယောက်ရဲ့စားခြင်းခံရတာ့မှာကိုတွေးမိလို့ပါ"


ဖုန်းကျို - "..."


(အေးလေ.. သီကျွင်းချက်တဲ့ငါးကိုစားတာဆိုလို့ ဖုန်းကျိုတျောက်ပဲရှိတာကိုး🤣🤣🤣🤣)

Comment