WARNING ⚠️
❏. this is only a work of FICTION
❏. any resemblance to other works are purely coincidental
❏. might contain curse words and mature contents
❏. might contain political issues but it's purely FICTIONAL
3
" လူလေးတို့ ရောက်လာပြီလား ၊ ဂျေး ပြောထားလို့လေ ညနေတည်းက စောင့်နေတာ အခုတော့ မိုးချုပ်လိုက်တာတော် ၊ ဟယ် မိုးမိလာတယ်နဲ့တူတယ် စ်ိုရွှဲနေတာပဲ ၊ အင်္ကျီအရင်သွားလဲပါဦး ၊ ဗိုက်ကော ဆာနေကြသေးလား အဖွားတော့ ရှိတာလေးနဲ့ ညစာပြင်ထားတယ် "
ဂျေး ကူညီပေးထားတဲ့ အိမ်ရောက်တော့ အိမ်ရှင်အဖွားက စကားကို တရစပ်ပြောသည် ။ တကယ်ကို မြို့ပြင်က အိမ်လေးလို့ မပြောရဘူး ။ သစ်သားအိမ်လေးက သေးငယ်တဲ့ အပြင် မီးရောင်တောင်သိပ်မရှိ ။ ဒါပေမယ့် သပ်ရပ်သန့်ရှင်းကာ နေချင်စဖွယ်ဖြစ်နေသည် ။
" မုန်တိုင်းရှိလား မသိပါဘူး ၊ မိုးက ကောင်းနေလိုက်တာ"
သူကော ဆောင်ဟွန်းပါ အင်္ကျီလဲပြီး ထွက်လာတော့ အဖွားက ထမင်းဝိုင်းကနေ ထိုင်စောင့်နေသည် ။ မီးပျက်နေတာမို့ စားပွဲမှာထောင်ထားတဲ့ ဓာတ်မီးရဲ့ မှိန်တိန်တိန်အလင်းရောင်သာ ရှိသည် ။
" ကျွန်တော်တို့ကြောင့် အဖွားအလုပ်ရှုပ်သွားရပြီ အားနာလိုက်တာ "
" မဟုတ်တာ ၊ ဂျေး ဧည့်သည်ဆိုတော့ အဖွားဧည့်သည်ပဲပေါ့ ၊ ဒီအိမ်မှာ ကြိုက်သလောက်နေလို့ရပါတယ် လွတ်လွတ်လပ်လပ် နေကြ "
အဖွားက သဘောကောင်းတဲ့အပြင် စကားပြောပါကောင်းတာမို့ ခဏလေးနှင့် ရင်းနှီးသွားသည် ။ ဗိုက်ဆာနေလို့လားမသိ ညစာ ဆိုတာလည်း ခဏလေး ။ ဆယ့်တစ်နာရီထိုးခါနီးမှာတော့ အဖွားက အိပ်ရာဝင်ဖို့ပြောကာ သူကိုယ်တိုင်လည်းအိပ်ဖို့ အပေါ်ထပ် တက်သွားသည် ။
" ဆောင်ဟွန်း "
အဖွားအပေါ် ရောက်သွားတာ သေချာတော့မှ စားပြီးတဲ့ ပန်းကန်တွေ ဆေးနေတဲ့ ဆောင်ဟွန်းကို အနောက်ကနေလှမ်းဖက်လိုက်သည် ။ ဒီလောက်အချိန်တိုင်း အတူရှိနေတာတောင် နည်းနည်းလေးအနေအထိုင် ဆင်ခြင်လိုက်ရတာနဲ့ ဘာကိုလွမ်းလို့လွမ်းမှန်းမသိ ဖြစ်လာသည် ။
" ဆောင်ဟွန်း စားလို့ကောင်းရဲ့လား ၊ မင်းကြည့်ရတာ သိပ်မစားသလိုပဲ "
" အဲ့လိုဖြစ်နေလား ၊ စားလို့မကောင်းတာမဟုတ်ပါဘူး အရမ်းမိုးချုပ်နေတော့ သိပ်စားလို့မဝင်တော့တာ "
ဆောင်ဟွန်း မုသားစကား အနည်းငယ် သုံးလိုက်မှန်း ဂျယ်ယွန်းသိသည် ။ တစ်နှစ်ကျော် အတူနေလာပြီးနောက်ပိုင်း ဆောင်ဟွန်းအကြောင်းကို သူအနည်းနဲ့ အများတော့သိပါသည် ။
သူတို့ ဘဝကလည်း မနေ့ကတင် အကောင်းစားဟိုတယ်ရဲ့ အကောင်းဆုံးအခန်းမှာ နေခဲ့ရပေမယ့် အခုတော့မီးပျက်နေတဲ့ အခန်းငယ်မှာ နှစ်ပါးသွားရဦးမယ် ။ ဒီ ဒဏ်တွေအားလုံးကို ဂျယ်ယွန်းကခံနိုင်ပေမယ့် သူ့ ကလေးလေးကတော့ ခံနိုင်ရည်ရှိပုံမရ ။ ဘယ်လို မိသားစုမျိုးနဲ့ ဆောင်ဟွန်းကြီးပြင်းလာမှန်း မသိပေမယ့် အစားရွေးတတ်တာရယ် ၊ နေရာပြောင်းရင် အိပ်မပျော်တတ်တာရယ် ၊ အစားကောင်းတွေမှ ရွေးကြိုက်တတ်တာရယ်ကိုကြည့်ရင် ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ကြီးပြင်းလာတာ သေချာပါသည် ။
" မနက်ဖြန် ဖြစ်ဖြစ် ဒီနားက convenience store ဆီသွားပြီး မုန့်တွေဝယ်ရအောင် "
" ဘာလို့လဲ အပြင်ထွက်လို့ အဆင်ပြေတာမှ မဟုတ်တာ ကိုကိုကလည်း "
" မင်းမှ သိပ်မစားတာ ၊ ငါက ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မှာလဲ ၊ ramen လောက်ဆို အဆင်ပြေတယ်မလား "
" ကိုကို .... ငါ့အတွက် အဲ့တာတွေက အရေးမကြီးဘူး ၊ အများကြီး လျှောက်မတွေးနေနဲ့ "
ဂျယ်ယွန်းလည်း ဘာမှပြန်ငြင်းမနေတော့ ။ မနက်ဖြန်မှသာ မုန့်ဆိုင်ကို မရရအောင်သွားပြီး ဆောင်ဟွန်း စိတ်ကြိုက်မုန့်တွေ ဝယ်ပစ်မည်ဟု တေးထားလိုက်သည် ။
••••••••••
ကုတင်မရှိပဲ ကြမ်းပြင်မှာ အခင်း နှစ်ချပ်သာ ခင်းထားတဲ့ အခန်းကို ကြည့်ကာ ဂျယ်ယွန်းသက်ပြင်း တိုးတိုးချရသည် ။ သူ့အတွက်တော့ မဟုတ်ပါ ။ ဆောင်ဟွန်းအတွက် ။
" ဆောင်ဟွန်းအဆင်ပြေပါ့မလား" ဆိုတဲ့အတွေးတွေက ခေါင်းထဲမှာပြည့်နေပြီး သူကသာ ပူလောင်နေပေမယ့် ဆောင်ဟွန်းကတော့ ဘာမှမဖြစ်သလိုမျိုး ထိုကြမ်းပြင်မှာပဲ ဝင်လှဲသည် ။
" အရမ်း အိပ်ချင်နေပြီ ၊ သေတော့မလိုပဲ "
" ပြတင်းပေါက်ဖွင့်ပြီး အိပ်မလား ၊ မိုးရွာထားလို့ တိမ်ဖုံးနေပေမယ့် အလင်းနည်းနည်းတော့ရတာပေါ့ "
" ကိုကို ဖွင့်ချင်ဖွင့်လိုက်လေ "
ဆောင်ဟွန်းက တကယ်လည်းအိပ်ချင်နေပုံရသည် ။ ကျောခင်းလိုက်တာနဲ့ ဂျယ်ယွန်းကိုတောင် မစောင့်ပဲ မျက်လုံးတွေ ချက်ချင်းမှိတ်သွားသည် ။ ဂျယ်ယွန်းမှာသာ ဆောင်ဟွန်းကို အားနာစိတ်ကော စိုးရိမ်စိတ်ပါ ပေါင်းကာ အိပ်မပျော် ။ မွေ့ယာနဲ့ အိပ်နေကြ သူအတွက် ဒီအခြေအနေက ကျောနာသွားနိုင်သည်လေ ။
နာရီဝက်နီးပါး လှဲနေပေမယ့် ဂျယ်ယွန်း အိပ်မပျော်သေး ။ ဆောင်ဟွန်းဘက်ကလည်း ဘာသံမှ ထွက်မလာပေမယ့် အိပ်မပျော်သေးမှန်း ဂျယ်ယွန်းသိသည် ။ အဲ့တာကြောင့်လည်း ကျောပေးပြီးဟိုဘက်လှည့်ထားတဲ့ ဆောင်ဟွန်းကို လှမ်းဖက်လိုက်တော့ အသံထွက်လာသည် ။
" ဟင် ကိုကို မအိပ်သေးဘူးလား "
" ..... "
" ဘာလို့လဲ "
" .... "
" ကိုကို ? "
" မင်း ကျောနာနေမှာစိုးလို့ ဖက်ထားပေးတာ "
ဒီတစ်ခါတော့ နှစ်ယောက်စလုံးဆီက စကားသံတွေတိတ်သွားသည် ။ တင်းကြပ်သွားတဲ့ ဆောင်ဟွန်းရဲ့ လက်တစ်စုံကလွဲရင် အရာအားလုံးသည် ပုံမှန်ဖြစ်မြဲ ။ အတော်ကြာမှ ဆောင်ဟွန်းရဲ့ ပါးစပ်ဖျားတို့ စတင်လှုပ်ရှားလာသည် ။
" ငါ မင်းကို ချစ်တယ် ကိိုကို ၊ ဘာမှ မသိရင်တောင် အဲ့တာပဲ သေချာမှတ်ထားပေး "
စကားအဆုံးမှာတော့ ဆောင်ဟွန်းပါးပေါ်က ကျလာတဲ့ မျက်ရည်တစ်စက်က ဂျယ်ယွန်း နှလုံးသားထဲ စိမ့်ဝင်သွားသလို ။
•••••••••••••••••
" ဂျ်ိတ်ခ်ဟျောင်း ဆီက အဆက်အသွယ်ရလား ဂျေး "
" မနက်က ဖုန်းဆက်တယ် ၊ သူတို့ ဟိုမှာ အဆင်ပြေတယ်တဲ့ "
" ဘာလိုသေးတယ်တဲ့လဲ "
" အစားအသောက်တော့ နည်းနည်းအဆင်မပြေဘူးပြောတယ် ရပါတယ် ၊ သူတို့ ဒီလောက်တော့ သည်းခံန်ိုင်မှာပါ "
ဂျေး ပြောတာကိုတောင် စိတ်မချသေးသလိုမျိုး ဂျောင်ဝန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားနေသေးသည် ။ အလုပ်တိကျမှု မှာတော့ ဂျေးထက် ဂျောင်ဝန်းက ပိုတော်သည် ။ အသက်ငယ်ပေမယ့်လည်း ဟာ ကွက်မရှိအောင် အရာအားလုံးကို စီစဉ်နိုင်သည် ။
မျက်စိရှေ့က အတွေးလွန်နေတဲ့ ကြောင်ပေါက်စ ကိုကြည့်ကာ ဂျေး မသိလိုက်ပဲ ပြုံးမိသည် ။ တကယ်ကို နူးနူးညံ့ညံ့ အပြုံးမျိုး ။ ပတ်ဂျူံဆောင်း ဘဝမှာ တစ်ကမ္ဘာလုံးက ရေသေလိုမျိုး တည်ငြိမ်နေရင်တောင် ဂျောင်ဝန်းတစ်ယောက်ကတော့ လက်သည်းချွန်တို့နှင့် သူ့နှလုံးသားကို လာလာကစားတတ်တဲ့ ကြောင်ပေါက်လေးလိုပင် ။
" ဂျေးကော သူတို့ကို သွားတွေ့ဦးမှာလား "
" ကလေး သွားတွေ့ချင်ရင် ကိုယ်ပါလိုက်မယ်လေ ၊ အဖွားဆီလည်း မရောက်တာကြာပြီ "
" အင်းပါ ... အခြေအနေပေးရင်တော့ သွားကြတာပေါ့ "
ဂျောင်ဝန်းက သူ့ဘေးနားက နေရာလွတ်ဆီ ဝင်ထိုင်တဲ့အခါ လက်က အလိုလို ခါး နားရောက်သွားရသည် ။ ပွတ်သီးပွတ်သပ် နေရာတာမကြိုက်ပေမယ့် ယန်းဂျောင်ဝန်းကတော့ ခြွင်းချက်ပေါ့ ။
အဲ့နောက်တော့ သူတို့အလုပ်ကိစ္စနဲ့ ပတ်သက်တာတွေပဲပြောဖြစ်ကြသည် ။ ဟိုနေ့က ရောက်လာတဲ့ လက်နက်တွေ သိုလှောင်မယ့်နေရာအကြောင်း ၊ သူတို့ စောင့်ကြည့်နေတဲ့ လူတစ်စုရဲ့ ထူးခြားတဲ့လှုပ်ရှားမှုတွေ အကြောင်း ။ အဝေးက လှမ်းကြည့်ရင်တော့ ရည်းစားနှစ်ယောက် ချစ်ကြည်နူးနေကြတဲ့ ပုံပေါက်ပေမယ့် ကံကြမ္မာကတော့ သူတို့ကို ပျော်ရွှင်ရဖို့ အခွင့်အရေး မပေးသေးပါ ။
" ဒါတွေ ပြီးရင်လေ ... "
ဂျောင်ဝန်းရဲ့ စကားက လေထဲမှာတင် ခဏရပ်တန့်သွားသည် ။ ထို အနာဂတ်ကိုမျှော်ကြည့်ရုံနဲ့တင် နာကြည်းချက်တို့က ပျောက်ကွယ်သွားရသည် ။ သေနတ်ပစ်သံတွေ ၊ သွေးသံရဲရဲ တွေ မရှိတော့ပဲ သူ နဲ့ ဂျေး နှစ်ယောက်သာ ရှိတော့မယ့် နေ့ရက်တွေပေါ့ ။
" ဒါတွေပြီးရင် ကိုယ် မင်းကို လက်ထပ်မှာလေ ၊ ပြီးရင် ကိုယ့်ကို ချစ်တဲ့အလုပ်ကလွဲပြီး ဘာမှမလုပ်ခိုင်းပဲ အိမ်မှာထားမယ် "
ဂျေးဆုပ်ကိုင်ထားတဲ့ ဂျောင်ဝန်းလက်သူကြွယ် ဖြူဖြူ မှာ ရှိနေမယ့် လက်စွပ်ကို မြင်ယောင်ကြည့်ကာ နှစ်ယောက်လုံး ပြုံးမိသွားသည် ။
•••••••••••••
" လိပ်စာ အတိအကျရထားပါတယ် စီနီယာ ၊ ဒီတစ်ခေါက်တော့ သေချာလွန်းလို့ လွဲစရာအကြောင်း မရှိတော့ပါဘူး "
ရဲအုပ်ရာထူး ရှိတဲ့ ဂန်မျိုးရိုး အမျိုးသားတစ်ယောက်က ခပ်ပြုံးပြုံး အနေအထားနှင့် ဖုန်းပြောနေသည် ။ တစ်ဖက်လူက ဘာတွေပြောနေလဲ မသိ ။ သူ့အပြုံးတွေက တဖြည်းဖြည်း ပိုထင်ရှားလာသည် ။
" အဲ့လောက်ထိ မချီးကျူးပါနဲ့ စီနီယာရယ် ၊ ကျွန်တော်အတွက့်တော့ ဒီကိစ္စလောက်က အေးဆေးပါ ၊ အဲ့ကောင်လေးက ကျွန်တော့်ကိုတအားယုံတာလေ စိတ်ချပါ "
" .... "
" ဟား ... စီနီယာရယ် ၊ ကျွန်တော့်ကို မယုံဘဲရှိမလား ၊ သုံးနှစ်လောက် သူ့ အလိုလိုက်အကြိုက်ဆောင်လာတာ ၊ ခုဆို ကျွန်တော်ကိုယ်တိုင် သူ့နဖူးမှာ သေနတ်သွားတေ့ထားရင်တောင် ကျွန်တော်စနေတယ်ပဲ သူထင်မှာ ဟားဟား "
" ..... "
" မလိုဘူး မလိုဘူး စီနီယာ ဘယ်အဖွဲ့မှ မလွှတ်လိုက်နဲ့ ကျွန်တော် ကိုယ်တိုင်ပဲ သွားမယ် ၊ သူ့တစ်ယောက်လောက်ကတော့ ကျွန်တော်တစ်ယောက်တည်း ဖြေရှင်းနိုင်ပါတယ် "
ဂန်းဝူဆောင်း အမည်ရှိ ထိုရဲအုပ်က ကျေနပ်စွာပဲ ဖုန်းကိုချလိုက်သည် ။ သူ နှစ်ချီစုဆောင်းလာတဲ့ ရတနာလေးကို ထုတ်သုံးရတော့မှာမို့ ကြည်နူးနေသည် ။ ရှင်းမ်ဂျယ်ယွန်း ဆိုတဲ့ ရတနာလေးကို သူ့မှာဘယ်လောက်တောင် မွေးမြူခဲ့ရလဲ ။ သူကိုယ်တိုင် ရှင်းမ်ဂျယ်ယွန်း အသက်ကို မနှုတ်ယူခင် ထိုကောင်လေးကို အဝသုံးဆောင်ရဖို့အတွက်လည်း ရင်ခုန်နေသည် ။
••••••••••••
" မုန့်က ဘာမှလည်း စုံစုံလင်လင်မရှိပဲ အများကြီး စွတ်ဝယ်လာတာကြည့် "
" ဘာဖြစ်လဲ "
ဆောင်ဟွန်းက နှာခေါင်းရှုံ့ပြီး သူတို့နှစ်ယောက်လုံးရဲ့ လက်နှစ်ဖက်အပြည့် မုန့်ထုတ်တွေကိုကြည့်သည် ။ တကယ်ကို မလိုအပ်ပဲ အများကြီးဝယ်တာ ။ ရှင်းမ်ဂျယ်ယွန်းက အတော်ကို တစ်ဇွတ်ထိုးဆန်ပါသည် ။ သူ လုပ်ချင်တာ တစ်ခုခုကို တစ်ယောက်ယောက်က သွားတားမိရင်လည်း အဲ့လူကို အကြည့်နဲ့တင် ပါးစပ်ပိတ်သွားအောင်လုပ်နိုင်သည် ။
" မြို့ပြင်က convenience store က ဘာရှိမှာလဲ ကိုကိုရယ် ၊ ညကတည်းက ပြောသားပဲ ၊ အဲ့တာကို ဇွတ်အများကြီးဝယ်လာတယ် "
" နားငြီးတယ်နော် ပတ်ဆောင်ဟွန်း ငါ ပစ်လိုက်မယ် "
ဂျယ်ယွန်းက သူအမြဲဆောင်နေကြ အနွေးထည်ထဲမှာ ဖုံးထားတဲ့ သေနတ်ကို လက်နဲ့ ထိုးပြသည် ။
လူကောင်ကို ကြည့်တော့ သေးသေးလေး ၊ ပြောလိုက်ရင်တော့ တကယ့် ဆရာကြီးလို ။ တကယ်လည်း ဆရာကြီးပါပဲလေ ။ ပတ်ဆောင်ဟွန်း ဘဝကို ခြယ်လှယ်ချုပ်ကိုင်နေတဲ့ ဆရာကြီးက ရှင်းမ်ဂျယ်ယွန်းပါပဲ ။
" ကိိုကို အဲ့လိုပြောလေ ချစ်စရာပိုကောင်းလေပဲ သိလား ၊ ကိုကို့ မျက်နှာလေးကို ငါက နမ်းပဲနမ်းချင်တာ ကြောက်ဖို့ စိတ်ကူးမရှိဘူး "
" မင်း - အကြီးကို ! "
လမ်းမပေါ်မှာ ကားကောလူကော မရှိတာကို အခွင့်ကောင်းယူကာ ဂျယ်ယွန်းက မုန့်ထုပ်နှစ်ခုကို လမ်းမပေါ် ပစ်ချပြီး ဆောင်ဟွန်းကို ခြေထောက်နဲ့လှမ်းကန်သည် ။ ဆောင်ဟွန်းက အမြန်ရှောင်တာမို့ လွဲသွားသည် ။
သူတို့ တည်းတဲ့ အဖွားရဲ့ ခြံရှေ့ရောက်ပြီမို့ ခိုးကြောင်ခိုးဝှက် သွားလာစရာမလိုတော့ပါ ။ mask ကို အောက်ဆွဲချပြီး ဆောင်ဟွန်းက တဟားဟားထရယ်သည် ။ ဂျယ်ယွန်းကတော့နားတွေပါနီရဲပြီး ဆောင်ဟွန်းကိုကြည့်နေပုံက ဒေါသထွက်နေတဲ့ နတ်ဆိုးလေးလို ။
ဆောင်ဟွန်းကတော့ ဂရုမစိုက်ပါ ။ အဲ့ နတ်ဆိုးလေးကိုပဲ မေးစေ့ကနေ ဆွဲကိုင်ကာ ပါးနှစ်ဖက်ကို နှာခေါင်းတစ်ခုလုံး နစ်ဝင်သွားအောင်ထိ နမ်းပစ်လိုက်သည် ။
" အို "
ထို အချိန်ပဲ ကွက်တိ အဖွားက ခြံထဲကနေထွက်လာသည်။ လက်ထဲမှာလည်း လိမ္မော်သီးတစ်ခြင်းနှင့် ။ သူတို့နှစ်ယောက်ရဲ့ ပုံစံကို တွေ့တော့ အံ့ဩပြီး အာမေဍိတ်အသံတောင်ထွက်လာသည် ။
" ဟို - "
ဒီတစ်ခါတော့ ဂျယ်ယွန်းတင်မက ဆောင်ဟွန်းပါ ရှက်သွားသည် ။ မျက်နှာတောင် ဘယ်နားထားရမှန်း မသိ။ သူတို့နှစ်ယောက်ကို အဖွားက ညီအကိုတွေလို့ ထင်နေမှာ မဟုတ်လား ။
" မရှက်ပါနဲ့ အဖွားသိပြီးသားပါ "
" ဗျာ "
" မင်းတို့ ချစ်သူတွေဆိုတာ တွေ့ကတည်းက သိပါတယ် "
" အဖွားအဲ့တာ .. ဂျေး - "
" ဂျေး ပြောတာမဟုတ်ပါဘူး ၊ အဖွားက စတွေ့ကတည်းက မင်းတို့ အတိတ်တွေကော အနာဂတ်ကိုပါ မြင်ရတယ် "
ထူးဆန်းတဲ့ စကားကြောင့် နှစ်ယောက်လုံး ကြောင်သွားသည် ။ သူတို့ လုပ်ရပ်တွေကို အဖွားကကြိုသိနေတယ် ဆိုတဲ့ သဘောလား ။
" မင်းတို့ရဲ့ ရည်ရွယ်ချက် က ကောင်းမွန်တာမို့လို့ အဖွားက အိမ်ပေါ်ခေါ်တင်ထားတာပေါ့ကွယ် ၊ ဒါပေမယ့် "
အဖွားက ဂျယ်ယွန်းကို စူးစူးစိုက်စိုက် ကြည့်သည် ။ ပြောသင့်လား မပြောသင့်လား တွေဝေနေသလို ငြိမ်နေပြီးမှ ခပ်ဖြေးဖြေး စကားစပြောသည် ။
" ဒါပေမယ့် မင်း သတိထား ဂျယ်ယွန်း ၊ အနီးစပ်ဆုံး လူတွေက ကိုယ့်ကို သစ္စာဖောက်တတ်တယ် ၊ ဘယ်သူ့ကိုမှ မယုံနဲ့ ပြီးတော့ ဘယ်သူ့ကိုမှ မချစ်နဲ့ ဂရုစိုက် သား "
ဘာလို့လဲ မသိပေမယ့် အဖွားရဲ့ စကားတွေက ဂျယ်ယွန်းကို ကြက်သီးထစေသည် ။ ရုတ်တရက်ကြီး မိုးမှောင်သွားပြီး ကြောက်စရာကောင်းတယ် လို့လည်း ခံစားရစေသည် ။ " မချစ်နဲ့ " ဆိုတဲ့ စကားမှာ ဆောင်ဟွန်းဘက်ကို လှည့်ကြည့်လိုက်တယ်လို့လည်း ခံစားရသည် ။
" ကဲ ကဲ အိမ်ထဲဝင်တော့ အဖွားတော့ ဒီလိမ္မော်သီးတွေကို ဟိုဘက်အိမ်ကို သွားပို့လိုက်ဦးမယ် ၊ မင်းတို့အတွက်လည်း အိမ်ထဲမှာရှိတယ် "
အဖွားစကား ဆုံးဆုံးချင်းပင် ဂျယ်ယွန်းက ခြံထဲ ခပ်သုတ်သုတ်ဝင်သွားသည် ။ အနောက်တောင် လှည့်မကြည့် ။ ဒါကြောင့်လည်း ခြံအပြင်မှာ အဖွားနဲ့ ဆောင်ဟွန်း နှစ်ယောက်တည်း ကျန်ခဲ့တာကို မသိလိုက်ပါ ။
" ကိုယ်စိတ်ရင်းနဲ့ ချစ်တာမှန်ရင် ဘယ်သူ့ကိုမှ မလှည့်စားနဲ့ ၊ ချစ်သူကိုလည်း ဘာမှ မဖုံးကွယ်နဲ့ " တဲ့ ။
ဆောင်ဟွန်း ကို ဦးတည်ပြီး အဖွားပြောလိုက်တဲ့ စကားကိုလည်း ဂျယ်ယွန်း မကြားတော့ပါ ။
-------------
ဂျယ်ယွန်းတို့ ဒီကို ရောက်တာ ဒီနေ့ဆို 5 ရက်တောင် ရှိတော့မည် ။ ဒီနေ့တော့ ဘာလို့လဲ မသိ ။ အအေးပတ်ချင်သလို ဖြစ်ကာ ညနေစောင်းထဲက လှဲအိပ်နေမိသည် ။
ဂျေးကို အကူအညီတောင်းပြီး ဝယ်ထားတဲ့ ကုတင်လည်း ရောက်နေပြီမို့ သူဒီညတော့ အေးဆေးအိပ်ရတော့မည် ။
အချိန်ကတော့ ညနေ 6 နာရီတောင် မထိုးသေး ။ ဆောင်ဟွန်းနှင့် အဖွားက ခြံနောက်ဖက်က အသီးပင်တွေကြားထဲ အလုပ်ရှုပ်နေသည် ။ အဖွားရဲ့ အိမ်ကသေးငယ်ပေမယ့် ခြံကတော့ ကျယ်တာထက်ကိုပိုသည် ။ အခုလည်း အိမ်နှင့် အတော်လေးဝေးတဲ့ အပင်တွေကြားမှာ အလုပ်ရှုပ်နေတဲ့ အဖွားကို ဆောင်ဟွန်းက သွားကူပေးနေတာဖြစ်သည် ။
" အာ ... ဂျေးလား မသိဘူး "
ကုတင်ဘေးနားက စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းက ဆက်တိုက်တုန်ခါနေတာကို ကြားရသည် ။ သူ့ ဖုန်းနံပါတ်ကို သိတာ လူနည်းစုပဲ ရှိတာမို့ ဂျေးမှန်း သူ တန်းသိလိုက်သည် ။ ဒါပေမယ့် သူထမကိုင်ဖြစ်လိုက် ။ ပြဿနာမရှိလောက်ဘူး ထင်ကာ ကိုက်နေတဲ့ခေါင်းကို ဖိပြီး ဆက်အိပ်ဖို့ ကြိုးစားလိုက်သည် ။
ဒါသူ့ ပထမ အမှားပင်ဖြစ်သည် ။ 31 missed calls from Jay ဆိုတဲ့ notification ကိုသာ အရင်မြင်လိုက်ရလျှင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးမှာ မဟုတ် ။
အိမ်ရှေ့မှာ ကားရပ်သံ ကြားလိုက်သလိုလို ၊ မကြားလိုက်သလိုလို ၊ အိမ်ပေါ်တက်လာတဲ့ ခြေသံကြားလိုက် သလိုလို မကြားလိုက်သလိုလို ။ သူ မျက်လုံးမဖွင့်ချင်လောက်အောင် လေးနေသည် ။ ဒါပေမယ့် ခဏနေတော့ သူ့အင်္ကျီအောက်ကနေ တိုးဝင်ပြီး ဗိုက်သားကို လာထိတဲ့ လက်တစ်စုံကြောင့် သူ ဆတ်ခနဲ လန့်နိုးသွားသည် ။ တစ်ချိန်တည်းမှာပင် ထိုလက်ပိုင်ရှင်က ဆောင်ဟွန်း မဟုတ်မှန်း သူ သိလိုက်သည် ။
" ဂန်း ဝူဆောင်း "
မထင်မှတ်ထားတဲ့ ရည်းစားဟောင်း ရဲအုပ်ကိုမြင်လိုက်ရတာမို့ သွေးတွေပါ စီးဆင်းတာရပ်သွားသလို ခံစားရသည် ။ ထိုလူသည် ဂျယ်ယွန်းကို ဝါးစားမတတ်ကြည့်ကာ အုပ်မိုးထားသည် ။
" ဆောင်ဟွန်း .. ဆောင်ဟွန်း !!! "
အော်မိတယ်ထင်ပေမယ့် တကယ်တော့ လေသံတိုးတိုးသာ ပါးစပ်ထဲက ထွက်လာသည် ။ တုန်လှုပ်နေတဲ့ စိတ်ကိုထိန်းကာ ကုတင်အောက်က သေနတ်ကို ထုတ်ဖို့လုပ်ပေမယ့် အရိုက်ခံလိုက်ရသည် ။
ထူပူသွားတဲ့ လက်ကြောင့် သူ မူးမေ့ပါလဲချင်သွားသည် ။ ဂျယ်ယွန်း တကယ်ကို ကြောက်နေပါသည် ။ 13 နှစ်တုန်းက သူ့ရှေ့မှာ မိဘတွေပစ်သတ်ခံလိုက်ရတာကို မြင်ရသလိုမျိူး သူကြောက်နေမိသည် ။
" ဆောင်ဟွန်း !! ဆောင်ဟွန်း !!! "
" ပါးစပ်ပိတ်ထားစမ်း ရှင်းဂျိတ်ခ် "
" ငါ့ကို မထိနဲ့ ဂန်းဝူဆောင်း "
ကြောက်နေလျှင် ပိုခြောက်တတ်တဲ့ လူ့အကျင့်ကို သိတာမို့ ဂျယ်ယွန်း မျက်နှာထားကို ပြန်တည်လိုက်သည် ။ တုန်ရီနေတဲ့လက်တွေကို တင်းတင်းဆုပ်ကာ ဂန်းဝူဆောင်း ကို မျက်နှာချင်း ရင်ဆိုင်လိုက်သည် ။
" ကြိုက်တယ် ၊ ဒီလိုမျိုး ရှင်းဂျိတ်ခ်ကို ပိုကြိုက်တာ "
" ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ ဂန်းဝူဆောင်း "
" မင်းကို သတ်ဖို့လေ "
ဂန်းဝူဆောင်းက သေနတ်ကိုမြှောက်ပြပြီး ဂျယ်ယွန်းရဲ့ နားထင်မှာ တေ့လိုက်သည် ။ ဂျယ်ယွန်းကတော့ မကြောက်သလို မျက်ခုံးပဲ ပင့်ပြသည် ။
" ဒီအတိုင်းပဲလား ၊ ပျင်းစရာကြီး "
" ဟင့်အင်း ၊ မသတ်ခင် မင်းနဲ့ ပျော်ရဦးမယ် "
ဂျယ်ယွန်း နှုတ်ခမ်းတွေကို သာနမ်းဖို့ကြိုးစားနေတဲ့ ဝူဆောင်းအလစ်မှာ သေနတ်ကို လုဖို့လုပ်သည် ။ ဒါပေမယ့် မအောင်မြင်ပဲ ဂျယ်ယွန်းမျက်နှာသာ အထိုးခံလိုက်ရသည် ။
" အ - ခင်ဗျား "
" မဆိုးစမ်းနဲ့ ရှင်းဂျိတ်ခ် "
" ောက်ပါးစပ် ပိတ်ထား ဂန်းဝူဆောင်း ၊ ခင်ဗျား သတ်မယ်ဆိုတိုင်း သေပေးရအောင် ငါက ောက်ရူး မဟုတ်ဘူး "
ဂျယ်ယွန်းက ပြောရင်း ထိုလူကို ရင်ဘတ်ကနေ ဆောင့်ကန်လိုက်သည် ။ အားချင်းယှဉ်ရင် ဂျယ်ယွန်းက သိသိသာသာရှုံးမှာကို သိတာကြောင့် သေနတ်ကို လုဖို့သာ ကြိုးစားရသည် ။
ဒါပေမယ့် ကံကြမ္မာကလည်း သူ့ဘက်မရှိပါ ။ စက္ကန့်ပိုင်းအတွင်းပင် ထိုသူက ဂျယ်ယွန်းကို အနိုင်စီးရကာ လက်နှစ်ဖက်ကို ဆွဲချုပ်ထားသည် ။
" ချစ်စရာ မျက်နှာလေးနဲ့မှ မလိုက် "
ဂျယ်ယွန်း ဒေါသထွက်လွန်း၍ လက်တွေပါ တုန်နေသည် ။ တစ်ချိန်တည်းမှာပဲ သူဘာမှ မစွမ်းဆောင်နိုင်တော့လို ခံစားနေရသည် ။ အခုချိန် သေရမယ် ဆိုရင်တောင် ဆောင်ဟွန်းကိုပဲ တွေ့ချင်သည် ။
ဆောင်ဟွန်း ၊ ဆောင်ဟွန်း ၊ ဆောင်ဟွန်း ။
သူ့ အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်နေတဲ့ ဂန်းဝူဆောင်း ကြောင့် သူ အော်လို့မရတော့ ။ လက်တွေက လှုပ်လို့မရတော့တဲ့ အခါ မျက်စိတွေပါ မှိတ်ထားမိသည် ။ ထို အချိန်မှာပဲ မထင်မှတ်ထားစွာ မိုးပေါ်ပစ်လိုက်တဲ့ သေနတ်သံ တစ်ခု ကြားလိုက်ရသည် ။
သူ့ လှမ်းကြည့်လိုက်တဲ့ အခါ ဆောင်ဟွန်းနှင့် အတူ ဂျေးကိုပါ တွေ့ရသည် ။ဝူဆောင်းဆီက သေနတ်ကို ဆောင်ဟွန်းက ဆွဲလုလိုက်ပုံရသည် ။
" အဟင်း ... ငါက သေနတ်အပို မဆောင်ထားဘူး ထင်နေတာလား "
ဝူဆောင်းရဲ့ လက်လှုပ်ရှားမှု က မြန်ဆန်လွန်းလှသည် ။ ချက်ချင်းပင် ခါးထဲက သေနတ်အသစ်ကို ထုတ်ကာ ဂျယ်ယွန်းကို ချိန်သည် ။
ဆင့်ပြီး ထွက်ပေါ်လာတဲ့ သေနတ်သံ နှစ်ချက် ။
တစ်ချက်က ဂန်းဝူဆောင်း ဆီ ဦးတည်ကာ နောက်တစ်ချက်က ဂျယ်ယွန်းဆီ ။
သွေးအိုင်ထဲ လဲနေတဲ့ ဂျယ်ယွန်းကို ဂျေးက ချက်ချင်းပြေးထူကာ မချီသွားသည် ။ ဂျေးက ဒီလိုအချိန်မှာတောင် တည်ငြိမ်လွန်းသည် ။ စကား တစ်ခွန်းမှ မပြောပဲ ဂျယ်ယွန်းကို ချီကာ ကားပေါ်တင်သွားသည် ။
ဆောင်ဟွန်း ။
ပတ်ဆောင်ဟွန်းကတော့ လိပ်ပြာလွင့်သွားတဲ့ လူတစ်ယောက်လို ။ ဝူဆောင်းကို ပစ်သတ်ထားတဲ့ သေနတ်ကို ကိုင်ကာ ကြောင်ရပ်နေသည် ။
သူ့အရှေ့မှာ လဲနေတဲ့ အလောင်းကောင်ကို ခပ်ကြာကြာစိုက်ကြည့်ပြီးမှာတော့ တစ်ခုခုကို သတိရသွားသလို သူ အိတ်ထဲက ဖုန်းကို ထုတ်လိုက်သည် ။ ပြီးတော့ ဖုန်းနံပါတ်တစ်ခု ကို နှိပ်ကာ သွေးအေးတဲ့ အသံနှင့်
" ရှင်းဂျယ်ယွန်း ... သူ့ကို ထိရင် ခင်ဗျားကိုကော ခင်ဗျားလူတွေကိုပါ သတ်ပစ်မယ်လို့ ပြောခဲ့တယ်နော် "
ပြန်ဖြေသံကို မစောင့်ပဲ ဆောင်ဟွန်း ဖုန်းချလိုက်သည် ။
နောက်တော့ သူဘာဆက်လုပ်ရမှန်း မသိတော့ ။
အနောက်နားမှာ ကပ်ရပ်နေတဲ့ အဖွားဆီက ရှိုက်သံတချို့ ထွက်လာသည် ။ ပြီးတော့ တုန်ရီနေတဲ့ အသံနှင့်
" ပြီးသွားပြီ ၊ မင်းနဲ့ မင်းချစ်သူရဲ့ ပျော်ရွှင်မှု အဆုံးသတ်က ဒါပဲ လူလေး "
끝 •
Zawgyi
3
" လူေလးတို႔ ေရာက္လာၿပီလား ၊ ေဂ်း ေျပာထားလို႔ေလ ညေနတည္းက ေစာင့္ေနတာ အခုေတာ့ မိုးခ်ဳပ္လိုက္တာေတာ္ ၊ ဟယ္ မိုးမိလာတယ္နဲ႔တူတယ္ စ္ို႐ႊဲေနတာပဲ ၊ အက်ႌအရင္သြားလဲပါဦး ၊ ဗိုက္ေကာ ဆာေနၾကေသးလား အဖြားေတာ့ ရွိတာေလးနဲ႔ ညစာျပင္ထားတယ္ "
ေဂ်း ကူညီေပးထားတဲ့ အိမ္ေရာက္ေတာ့ အိမ္ရွင္အဖြားက စကားကို တရစပ္ေျပာသည္ ။ တကယ္ကို ၿမိဳ႕ျပင္က အိမ္ေလးလို႔ မေျပာရဘူး ။ သစ္သားအိမ္ေလးက ေသးငယ္တဲ့ အျပင္ မီးေရာင္ေတာင္သိပ္မရွိ ။ ဒါေပမယ့္ သပ္ရပ္သန႔္ရွင္းကာ ေနခ်င္စဖြယ္ျဖစ္ေနသည္ ။
" မုန္တိုင္းရွိလား မသိပါဘူး ၊ မိုးက ေကာင္းေနလိုက္တာ"
သူေကာ ေဆာင္ဟြန္းပါ အက်ႌလဲၿပီး ထြက္လာေတာ့ အဖြားက ထမင္းဝိုင္းကေန ထိုင္ေစာင့္ေနသည္ ။ မီးပ်က္ေနတာမို႔ စားပြဲမွာေထာင္ထားတဲ့ ဓာတ္မီးရဲ႕ မွိန္တိန္တိန္အလင္းေရာင္သာ ရွိသည္ ။
" ကြၽန္ေတာ္တို႔ေၾကာင့္ အဖြားအလုပ္ရႈပ္သြားရၿပီ အားနာလိုက္တာ "
" မဟုတ္တာ ၊ ေဂ်း ဧည့္သည္ဆိုေတာ့ အဖြားဧည့္သည္ပဲေပါ့ ၊ ဒီအိမ္မွာ ႀကိဳက္သေလာက္ေနလို႔ရပါတယ္ လြတ္လြတ္လပ္လပ္ ေနၾက "
အဖြားက သေဘာေကာင္းတဲ့အျပင္ စကားေျပာပါေကာင္းတာမို႔ ခဏေလးႏွင့္ ရင္းႏွီးသြားသည္ ။ ဗိုက္ဆာေနလို႔လားမသိ ညစာ ဆိုတာလည္း ခဏေလး ။ ဆယ့္တစ္နာရီထိုးခါနီးမွာေတာ့ အဖြားက အိပ္ရာဝင္ဖို႔ေျပာကာ သူကိုယ္တိုင္လည္းအိပ္ဖို႔ အေပၚထပ္ တက္သြားသည္ ။
" ေဆာင္ဟြန္း "
အဖြားအေပၚ ေရာက္သြားတာ ေသခ်ာေတာ့မွ စားၿပီးတဲ့ ပန္းကန္ေတြ ေဆးေနတဲ့ ေဆာင္ဟြန္းကို အေနာက္ကေနလွမ္းဖက္လိုက္သည္ ။ ဒီေလာက္အခ်ိန္တိုင္း အတူရွိေနတာေတာင္ နည္းနည္းေလးအေနအထိုင္ ဆင္ျခင္လိုက္ရတာနဲ႔ ဘာကိုလြမ္းလို႔လြမ္းမွန္းမသိ ျဖစ္လာသည္ ။
" ေဆာင္ဟြန္း စားလို႔ေကာင္းရဲ႕လား ၊ မင္းၾကည့္ရတာ သိပ္မစားသလိုပဲ "
" အဲ့လိုျဖစ္ေနလား ၊ စားလို႔မေကာင္းတာမဟုတ္ပါဘူး အရမ္းမိုးခ်ဳပ္ေနေတာ့ သိပ္စားလို႔မဝင္ေတာ့တာ "
ေဆာင္ဟြန္း မုသားစကား အနည္းငယ္ သုံးလိုက္မွန္း ဂ်ယ္ယြန္းသိသည္ ။ တစ္ႏွစ္ေက်ာ္ အတူေနလာၿပီးေနာက္ပိုင္း ေဆာင္ဟြန္းအေၾကာင္းကို သူအနည္းနဲ႔ အမ်ားေတာ့သိပါသည္ ။
သူတို႔ ဘဝကလည္း မေန႔ကတင္ အေကာင္းစားဟိုတယ္ရဲ႕ အေကာင္းဆုံးအခန္းမွာ ေနခဲ့ရေပမယ့္ အခုေတာ့မီးပ်က္ေနတဲ့ အခန္းငယ္မွာ ႏွစ္ပါးသြားရဦးမယ္ ။ ဒီ ဒဏ္ေတြအားလုံးကို ဂ်ယ္ယြန္းကခံႏိုင္ေပမယ့္ သူ႔ ကေလးေလးကေတာ့ ခံႏိုင္ရည္ရွိပုံမရ ။ ဘယ္လို မိသားစုမ်ိဳးနဲ႔ ေဆာင္ဟြန္းႀကီးျပင္းလာမွန္း မသိေပမယ့္ အစားေ႐ြးတတ္တာရယ္ ၊ ေနရာေျပာင္းရင္ အိပ္မေပ်ာ္တတ္တာရယ္ ၊ အစားေကာင္းေတြမွ ေ႐ြးႀကိဳက္တတ္တာရယ္ကိုၾကည့္ရင္ ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ ႀကီးျပင္းလာတာ ေသခ်ာပါသည္ ။
" မနက္ျဖန္ ျဖစ္ျဖစ္ ဒီနားက convenience store ဆီသြားၿပီး မုန႔္ေတြဝယ္ရေအာင္ "
" ဘာလို႔လဲ အျပင္ထြက္လို႔ အဆင္ေျပတာမွ မဟုတ္တာ ကိုကိုကလည္း "
" မင္းမွ သိပ္မစားတာ ၊ ငါက ဘယ္လိုလုပ္ ထိုင္ၾကည့္ေနႏိုင္မွာလဲ ၊ ramen ေလာက္ဆို အဆင္ေျပတယ္မလား "
" ကိုကို .... ငါ့အတြက္ အဲ့တာေတြက အေရးမႀကီးဘူး ၊ အမ်ားႀကီး ေလွ်ာက္မေတြးေနနဲ႔ "
ဂ်ယ္ယြန္းလည္း ဘာမွျပန္ျငင္းမေနေတာ့ ။ မနက္ျဖန္မွသာ မုန႔္ဆိုင္ကို မရရေအာင္သြားၿပီး ေဆာင္ဟြန္း စိတ္ႀကိဳက္မုန႔္ေတြ ဝယ္ပစ္မည္ဟု ေတးထားလိုက္သည္ ။
••••••••••
ကုတင္မရွိပဲ ၾကမ္းျပင္မွာ အခင္း ႏွစ္ခ်ပ္သာ ခင္းထားတဲ့ အခန္းကို ၾကည့္ကာ ဂ်ယ္ယြန္းသက္ျပင္း တိုးတိုးခ်ရသည္ ။ သူ႔အတြက္ေတာ့ မဟုတ္ပါ ။ ေဆာင္ဟြန္းအတြက္ ။
" ေဆာင္ဟြန္းအဆင္ေျပပါ့မလား" ဆိုတဲ့အေတြးေတြက ေခါင္းထဲမွာျပည့္ေနၿပီး သူကသာ ပူေလာင္ေနေပမယ့္ ေဆာင္ဟြန္းကေတာ့ ဘာမွမျဖစ္သလိုမ်ိဳး ထိုၾကမ္းျပင္မွာပဲ ဝင္လွဲသည္ ။
" အရမ္း အိပ္ခ်င္ေနၿပီ ၊ ေသေတာ့မလိုပဲ "
" ျပတင္းေပါက္ဖြင့္ၿပီး အိပ္မလား ၊ မိုး႐ြာထားလို႔ တိမ္ဖုံးေနေပမယ့္ အလင္းနည္းနည္းေတာ့ရတာေပါ့ "
" ကိုကို ဖြင့္ခ်င္ဖြင့္လိုက္ေလ "
ေဆာင္ဟြန္းက တကယ္လည္းအိပ္ခ်င္ေနပုံရသည္ ။ ေက်ာခင္းလိုက္တာနဲ႔ ဂ်ယ္ယြန္းကိုေတာင္ မေစာင့္ပဲ မ်က္လုံးေတြ ခ်က္ခ်င္းမွိတ္သြားသည္ ။ ဂ်ယ္ယြန္းမွာသာ ေဆာင္ဟြန္းကို အားနာစိတ္ေကာ စိုးရိမ္စိတ္ပါ ေပါင္းကာ အိပ္မေပ်ာ္ ။ ေမြ႕ယာနဲ႔ အိပ္ေနၾက သူအတြက္ ဒီအေျခအေနက ေက်ာနာသြားႏိုင္သည္ေလ ။
နာရီဝက္နီးပါး လွဲေနေပမယ့္ ဂ်ယ္ယြန္း အိပ္မေပ်ာ္ေသး ။ ေဆာင္ဟြန္းဘက္ကလည္း ဘာသံမွ ထြက္မလာေပမယ့္ အိပ္မေပ်ာ္ေသးမွန္း ဂ်ယ္ယြန္းသိသည္ ။ အဲ့တာေၾကာင့္လည္း ေက်ာေပးၿပီးဟိုဘက္လွည့္ထားတဲ့ ေဆာင္ဟြန္းကို လွမ္းဖက္လိုက္ေတာ့ အသံထြက္လာသည္ ။
" ဟင္ ကိုကို မအိပ္ေသးဘူးလား "
" ..... "
" ဘာလို႔လဲ "
" .... "
" ကိုကို ? "
" မင္း ေက်ာနာေနမွာစိုးလို႔ ဖက္ထားေပးတာ "
ဒီတစ္ခါေတာ့ ႏွစ္ေယာက္စလုံးဆီက စကားသံေတြတိတ္သြားသည္ ။ တင္းၾကပ္သြားတဲ့ ေဆာင္ဟြန္းရဲ႕ လက္တစ္စုံကလြဲရင္ အရာအားလုံးသည္ ပုံမွန္ျဖစ္ၿမဲ ။ အေတာ္ၾကာမွ ေဆာင္ဟြန္းရဲ႕ ပါးစပ္ဖ်ားတို႔ စတင္လႈပ္ရွားလာသည္ ။
" ငါ မင္းကို ခ်စ္တယ္ ကိိုကို ၊ ဘာမွ မသိရင္ေတာင္ အဲ့တာပဲ ေသခ်ာမွတ္ထားေပး "
စကားအဆုံးမွာေတာ့ ေဆာင္ဟြန္းပါးေပၚက က်လာတဲ့ မ်က္ရည္တစ္စက္က ဂ်ယ္ယြန္း ႏွလုံးသားထဲ စိမ့္ဝင္သြားသလို ။
•••••••••••••••••
" ဂ်္ိတ္ခ္ေဟ်ာင္း ဆီက အဆက္အသြယ္ရလား ေဂ်း "
" မနက္က ဖုန္းဆက္တယ္ ၊ သူတို႔ ဟိုမွာ အဆင္ေျပတယ္တဲ့ "
" ဘာလိုေသးတယ္တဲ့လဲ "
" အစားအေသာက္ေတာ့ နည္းနည္းအဆင္မေျပဘူးေျပာတယ္ ရပါတယ္ ၊ သူတို႔ ဒီေလာက္ေတာ့ သည္းခံန္ိုင္မွာပါ "
ေဂ်း ေျပာတာကိုေတာင္ စိတ္မခ်ေသးသလိုမ်ိဳး ေဂ်ာင္ဝန္းက မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားေနေသးသည္ ။ အလုပ္တိက်မႈ မွာေတာ့ ေဂ်းထက္ ေဂ်ာင္ဝန္းက ပိုေတာ္သည္ ။ အသက္ငယ္ေပမယ့္လည္း ဟာ ကြက္မရွိေအာင္ အရာအားလုံးကို စီစဥ္ႏိုင္သည္ ။
မ်က္စိေရွ႕က အေတြးလြန္ေနတဲ့ ေၾကာင္ေပါက္စ ကိုၾကည့္ကာ ေဂ်း မသိလိုက္ပဲ ၿပဳံးမိသည္ ။ တကယ္ကို ႏူးႏူးညံ့ညံ့ အၿပဳံးမ်ိဳး ။ ပတ္ဂ်ဴံေဆာင္း ဘဝမွာ တစ္ကမာၻလုံးက ေရေသလိုမ်ိဳး တည္ၿငိမ္ေနရင္ေတာင္ ေဂ်ာင္ဝန္းတစ္ေယာက္ကေတာ့ လက္သည္းခြၽန္တို႔ႏွင့္ သူ႔ႏွလုံးသားကို လာလာကစားတတ္တဲ့ ေၾကာင္ေပါက္ေလးလိုပင္ ။
" ေဂ်းေကာ သူတို႔ကို သြားေတြ႕ဦးမွာလား "
" ကေလး သြားေတြ႕ခ်င္ရင္ ကိုယ္ပါလိုက္မယ္ေလ ၊ အဖြားဆီလည္း မေရာက္တာၾကာၿပီ "
" အင္းပါ ... အေျခအေနေပးရင္ေတာ့ သြားၾကတာေပါ့ "
ေဂ်ာင္ဝန္းက သူ႔ေဘးနားက ေနရာလြတ္ဆီ ဝင္ထိုင္တဲ့အခါ လက္က အလိုလို ခါး နားေရာက္သြားရသည္ ။ ပြတ္သီးပြတ္သပ္ ေနရာတာမႀကိဳက္ေပမယ့္ ယန္းေဂ်ာင္ဝန္းကေတာ့ ႁခြင္းခ်က္ေပါ့ ။
အဲ့ေနာက္ေတာ့ သူတို႔အလုပ္ကိစၥနဲ႔ ပတ္သက္တာေတြပဲေျပာျဖစ္ၾကသည္ ။ ဟိုေန႔က ေရာက္လာတဲ့ လက္နက္ေတြ သိုေလွာင္မယ့္ေနရာအေၾကာင္း ၊ သူတို႔ ေစာင့္ၾကည့္ေနတဲ့ လူတစ္စုရဲ႕ ထူးျခားတဲ့လႈပ္ရွားမႈေတြ အေၾကာင္း ။ အေဝးက လွမ္းၾကည့္ရင္ေတာ့ ရည္းစားႏွစ္ေယာက္ ခ်စ္ၾကည္ႏူးေနၾကတဲ့ ပုံေပါက္ေပမယ့္ ကံၾကမၼာကေတာ့ သူတို႔ကို ေပ်ာ္႐ႊင္ရဖို႔ အခြင့္အေရး မေပးေသးပါ ။
" ဒါေတြ ၿပီးရင္ေလ ... "
ေဂ်ာင္ဝန္းရဲ႕ စကားက ေလထဲမွာတင္ ခဏရပ္တန႔္သြားသည္ ။ ထို အနာဂတ္ကိုေမွ်ာ္ၾကည့္႐ုံနဲ႔တင္ နာၾကည္းခ်က္တို႔က ေပ်ာက္ကြယ္သြားရသည္ ။ ေသနတ္ပစ္သံေတြ ၊ ေသြးသံရဲရဲ ေတြ မရွိေတာ့ပဲ သူ နဲ႔ ေဂ်း ႏွစ္ေယာက္သာ ရွိေတာ့မယ့္ ေန႔ရက္ေတြေပါ့ ။
" ဒါေတြၿပီးရင္ ကိုယ္ မင္းကို လက္ထပ္မွာေလ ၊ ၿပီးရင္ ကိုယ့္ကို ခ်စ္တဲ့အလုပ္ကလြဲၿပီး ဘာမွမလုပ္ခိုင္းပဲ အိမ္မွာထားမယ္ "
ေဂ်းဆုပ္ကိုင္ထားတဲ့ ေဂ်ာင္ဝန္းလက္သူႂကြယ္ ျဖဴျဖဴ မွာ ရွိေနမယ့္ လက္စြပ္ကို ျမင္ေယာင္ၾကည့္ကာ ႏွစ္ေယာက္လုံး ၿပဳံးမိသြားသည္ ။
•••••••••••••
" လိပ္စာ အတိအက်ရထားပါတယ္ စီနီယာ ၊ ဒီတစ္ေခါက္ေတာ့ ေသခ်ာလြန္းလို႔ လြဲစရာအေၾကာင္း မရွိေတာ့ပါဘူး "
ရဲအုပ္ရာထူး ရွိတဲ့ ဂန္မ်ိဳး႐ိုး အမ်ိဳးသားတစ္ေယာက္က ခပ္ၿပဳံးၿပဳံး အေနအထားႏွင့္ ဖုန္းေျပာေနသည္ ။ တစ္ဖက္လူက ဘာေတြေျပာေနလဲ မသိ ။ သူ႔အၿပဳံးေတြက တျဖည္းျဖည္း ပိုထင္ရွားလာသည္ ။
" အဲ့ေလာက္ထိ မခ်ီးက်ဴးပါနဲ႔ စီနီယာရယ္ ၊ ကြၽန္ေတာ္အတြက့္ေတာ့ ဒီကိစၥေလာက္က ေအးေဆးပါ ၊ အဲ့ေကာင္ေလးက ကြၽန္ေတာ့္ကိုတအားယုံတာေလ စိတ္ခ်ပါ "
" .... "
" ဟား ... စီနီယာရယ္ ၊ ကြၽန္ေတာ့္ကို မယုံဘဲရွိမလား ၊ သုံးႏွစ္ေလာက္ သူ႔ အလိုလိုက္အႀကိဳက္ေဆာင္လာတာ ၊ ခုဆို ကြၽန္ေတာ္ကိုယ္တိုင္ သူ႔နဖူးမွာ ေသနတ္သြားေတ့ထားရင္ေတာင္ ကြၽန္ေတာ္စေနတယ္ပဲ သူထင္မွာ ဟားဟား "
" ..... "
" မလိုဘူး မလိုဘူး စီနီယာ ဘယ္အဖြဲ႕မွ မလႊတ္လိုက္နဲ႔ ကြၽန္ေတာ္ ကိုယ္တိုင္ပဲ သြားမယ္ ၊ သူ႔တစ္ေယာက္ေလာက္ကေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္း ေျဖရွင္းႏိုင္ပါတယ္ "
ဂန္းဝူေဆာင္း အမည္ရွိ ထိုရဲအုပ္က ေက်နပ္စြာပဲ ဖုန္းကိုခ်လိုက္သည္ ။ သူ ႏွစ္ခ်ီစုေဆာင္းလာတဲ့ ရတနာေလးကို ထုတ္သုံးရေတာ့မွာမို႔ ၾကည္ႏူးေနသည္ ။ ရွင္းမ္ဂ်ယ္ယြန္း ဆိုတဲ့ ရတနာေလးကို သူ႔မွာဘယ္ေလာက္ေတာင္ ေမြးျမဴခဲ့ရလဲ ။ သူကိုယ္တိုင္ ရွင္းမ္ဂ်ယ္ယြန္း အသက္ကို မႏႈတ္ယူခင္ ထိုေကာင္ေလးကို အဝသုံးေဆာင္ရဖို႔အတြက္လည္း ရင္ခုန္ေနသည္ ။
••••••••••••
" မုန႔္က ဘာမွလည္း စုံစုံလင္လင္မရွိပဲ အမ်ားႀကီး စြတ္ဝယ္လာတာၾကည့္ "
" ဘာျဖစ္လဲ "
ေဆာင္ဟြန္းက ႏွာေခါင္းရႈံ႕ၿပီး သူတို႔ႏွစ္ေယာက္လုံးရဲ႕ လက္ႏွစ္ဖက္အျပည့္ မုန႔္ထုတ္ေတြကိုၾကည့္သည္ ။ တကယ္ကို မလိုအပ္ပဲ အမ်ားႀကီးဝယ္တာ ။ ရွင္းမ္ဂ်ယ္ယြန္းက အေတာ္ကို တစ္ဇြတ္ထိုးဆန္ပါသည္ ။ သူ လုပ္ခ်င္တာ တစ္ခုခုကို တစ္ေယာက္ေယာက္က သြားတားမိရင္လည္း အဲ့လူကို အၾကည့္နဲ႔တင္ ပါးစပ္ပိတ္သြားေအာင္လုပ္ႏိုင္သည္ ။
" ၿမိဳ႕ျပင္က convenience store က ဘာရွိမွာလဲ ကိုကိုရယ္ ၊ ညကတည္းက ေျပာသားပဲ ၊ အဲ့တာကို ဇြတ္အမ်ားႀကီးဝယ္လာတယ္ "
" နားၿငီးတယ္ေနာ္ ပတ္ေဆာင္ဟြန္း ငါ ပစ္လိုက္မယ္ "
ဂ်ယ္ယြန္းက သူအၿမဲေဆာင္ေနၾက အေႏြးထည္ထဲမွာ ဖုံးထားတဲ့ ေသနတ္ကို လက္နဲ႔ ထိုးျပသည္ ။
လူေကာင္ကို ၾကည့္ေတာ့ ေသးေသးေလး ၊ ေျပာလိုက္ရင္ေတာ့ တကယ့္ ဆရာႀကီးလို ။ တကယ္လည္း ဆရာႀကီးပါပဲေလ ။ ပတ္ေဆာင္ဟြန္း ဘဝကို ျခယ္လွယ္ခ်ဳပ္ကိုင္ေနတဲ့ ဆရာႀကီးက ရွင္းမ္ဂ်ယ္ယြန္းပါပဲ ။
" ကိိုကို အဲ့လိုေျပာေလ ခ်စ္စရာပိုေကာင္းေလပဲ သိလား ၊ ကိုကို႔ မ်က္ႏွာေလးကို ငါက နမ္းပဲနမ္းခ်င္တာ ေၾကာက္ဖို႔ စိတ္ကူးမရွိဘူး "
" မင္း - အႀကီးကို ! "
လမ္းမေပၚမွာ ကားေကာလူေကာ မရွိတာကို အခြင့္ေကာင္းယူကာ ဂ်ယ္ယြန္းက မုန႔္ထုပ္ႏွစ္ခုကို လမ္းမေပၚ ပစ္ခ်ၿပီး ေဆာင္ဟြန္းကို ေျခေထာက္နဲ႔လွမ္းကန္သည္ ။ ေဆာင္ဟြန္းက အျမန္ေရွာင္တာမို႔ လြဲသြားသည္ ။
သူတို႔ တည္းတဲ့ အဖြားရဲ႕ ၿခံေရွ႕ေရာက္ၿပီမို႔ ခိုးေၾကာင္ခိုးဝွက္ သြားလာစရာမလိုေတာ့ပါ ။ mask ကို ေအာက္ဆြဲခ်ၿပီး ေဆာင္ဟြန္းက တဟားဟားထရယ္သည္ ။ ဂ်ယ္ယြန္းကေတာ့နားေတြပါနီရဲၿပီး ေဆာင္ဟြန္းကိုၾကည့္ေနပုံက ေဒါသထြက္ေနတဲ့ နတ္ဆိုးေလးလို ။
ေဆာင္ဟြန္းကေတာ့ ဂ႐ုမစိုက္ပါ ။ အဲ့ နတ္ဆိုးေလးကိုပဲ ေမးေစ့ကေန ဆြဲကိုင္ကာ ပါးႏွစ္ဖက္ကို ႏွာေခါင္းတစ္ခုလုံး နစ္ဝင္သြားေအာင္ထိ နမ္းပစ္လိုက္သည္ ။
" အို "
ထို အခ်ိန္ပဲ ကြက္တိ အဖြားက ၿခံထဲကေနထြက္လာသည္။ လက္ထဲမွာလည္း လိေမၼာ္သီးတစ္ျခင္းႏွင့္ ။ သူတို႔ႏွစ္ေယာက္ရဲ႕ ပုံစံကို ေတြ႕ေတာ့ အံ့ဩၿပီး အာေမဍိတ္အသံေတာင္ထြက္လာသည္ ။
" ဟို - "
ဒီတစ္ခါေတာ့ ဂ်ယ္ယြန္းတင္မက ေဆာင္ဟြန္းပါ ရွက္သြားသည္ ။ မ်က္ႏွာေတာင္ ဘယ္နားထားရမွန္း မသိ။ သူတို႔ႏွစ္ေယာက္ကို အဖြားက ညီအကိုေတြလို႔ ထင္ေနမွာ မဟုတ္လား ။
" မရွက္ပါနဲ႔ အဖြားသိၿပီးသားပါ "
" ဗ်ာ "
" မင္းတို႔ ခ်စ္သူေတြဆိုတာ ေတြ႕ကတည္းက သိပါတယ္ "
" အဖြားအဲ့တာ .. ေဂ်း - "
" ေဂ်း ေျပာတာမဟုတ္ပါဘူး ၊ အဖြားက စေတြ႕ကတည္းက မင္းတို႔ အတိတ္ေတြေကာ အနာဂတ္ကိုပါ ျမင္ရတယ္ "
ထူးဆန္းတဲ့ စကားေၾကာင့္ ႏွစ္ေယာက္လုံး ေၾကာင္သြားသည္ ။ သူတို႔ လုပ္ရပ္ေတြကို အဖြားကႀကိဳသိေနတယ္ ဆိုတဲ့ သေဘာလား ။
" မင္းတို႔ရဲ႕ ရည္႐ြယ္ခ်က္ က ေကာင္းမြန္တာမို႔လို႔ အဖြားက အိမ္ေပၚေခၚတင္ထားတာေပါ့ကြယ္ ၊ ဒါေပမယ့္ "
အဖြားက ဂ်ယ္ယြန္းကို စူးစူးစိုက္စိုက္ ၾကည့္သည္ ။ ေျပာသင့္လား မေျပာသင့္လား ေတြေဝေနသလို ၿငိမ္ေနၿပီးမွ ခပ္ေျဖးေျဖး စကားစေျပာသည္ ။
" ဒါေပမယ့္ မင္း သတိထား ဂ်ယ္ယြန္း ၊ အနီးစပ္ဆုံး လူေတြက ကိုယ့္ကို သစၥာေဖာက္တတ္တယ္ ၊ ဘယ္သူ႔ကိုမွ မယုံနဲ႔ ၿပီးေတာ့ ဘယ္သူ႔ကိုမွ မခ်စ္နဲ႔ ဂ႐ုစိုက္ သား "
ဘာလို႔လဲ မသိေပမယ့္ အဖြားရဲ႕ စကားေတြက ဂ်ယ္ယြန္းကို ၾကက္သီးထေစသည္ ။ ႐ုတ္တရက္ႀကီး မိုးေမွာင္သြားၿပီး ေၾကာက္စရာေကာင္းတယ္ လို႔လည္း ခံစားရေစသည္ ။ " မခ်စ္နဲ႔ " ဆိုတဲ့ စကားမွာ ေဆာင္ဟြန္းဘက္ကို လွည့္ၾကည့္လိုက္တယ္လို႔လည္း ခံစားရသည္ ။
" ကဲ ကဲ အိမ္ထဲဝင္ေတာ့ အဖြားေတာ့ ဒီလိေမၼာ္သီးေတြကို ဟိုဘက္အိမ္ကို သြားပို႔လိုက္ဦးမယ္ ၊ မင္းတို႔အတြက္လည္း အိမ္ထဲမွာရွိတယ္ "
အဖြားစကား ဆုံးဆုံးခ်င္းပင္ ဂ်ယ္ယြန္းက ၿခံထဲ ခပ္သုတ္သုတ္ဝင္သြားသည္ ။ အေနာက္ေတာင္ လွည့္မၾကည့္ ။ ဒါေၾကာင့္လည္း ၿခံအျပင္မွာ အဖြားနဲ႔ ေဆာင္ဟြန္း ႏွစ္ေယာက္တည္း က်န္ခဲ့တာကို မသိလိုက္ပါ ။
" ကိုယ္စိတ္ရင္းနဲ႔ ခ်စ္တာမွန္ရင္ ဘယ္သူ႔ကိုမွ မလွည့္စားနဲ႔ ၊ ခ်စ္သူကိုလည္း ဘာမွ မဖုံးကြယ္နဲ႔ " တဲ့ ။
ေဆာင္ဟြန္း ကို ဦးတည္ၿပီး အဖြားေျပာလိုက္တဲ့ စကားကိုလည္း ဂ်ယ္ယြန္း မၾကားေတာ့ပါ ။
-------------
ဂ်ယ္ယြန္းတို႔ ဒီကို ေရာက္တာ ဒီေန႔ဆို 5 ရက္ေတာင္ ရွိေတာ့မည္ ။ ဒီေန႔ေတာ့ ဘာလို႔လဲ မသိ ။ အေအးပတ္ခ်င္သလို ျဖစ္ကာ ညေနေစာင္းထဲက လွဲအိပ္ေနမိသည္ ။
ေဂ်းကို အကူအညီေတာင္းၿပီး ဝယ္ထားတဲ့ ကုတင္လည္း ေရာက္ေနၿပီမို႔ သူဒီညေတာ့ ေအးေဆးအိပ္ရေတာ့မည္ ။
အခ်ိန္ကေတာ့ ညေန 6 နာရီေတာင္ မထိုးေသး ။ ေဆာင္ဟြန္းႏွင့္ အဖြားက ၿခံေနာက္ဖက္က အသီးပင္ေတြၾကားထဲ အလုပ္ရႈပ္ေနသည္ ။ အဖြားရဲ႕ အိမ္ကေသးငယ္ေပမယ့္ ၿခံကေတာ့ က်ယ္တာထက္ကိုပိုသည္ ။ အခုလည္း အိမ္ႏွင့္ အေတာ္ေလးေဝးတဲ့ အပင္ေတြၾကားမွာ အလုပ္ရႈပ္ေနတဲ့ အဖြားကို ေဆာင္ဟြန္းက သြားကူေပးေနတာျဖစ္သည္ ။
" အာ ... ေဂ်းလား မသိဘူး "
ကုတင္ေဘးနားက စားပြဲေပၚမွာ တင္ထားတဲ့ ဖုန္းက ဆက္တိုက္တုန္ခါေနတာကို ၾကားရသည္ ။ သူ႔ ဖုန္းနံပါတ္ကို သိတာ လူနည္းစုပဲ ရွိတာမို႔ ေဂ်းမွန္း သူ တန္းသိလိုက္သည္ ။ ဒါေပမယ့္ သူထမကိုင္ျဖစ္လိုက္ ။ ျပႆနာမရွိေလာက္ဘူး ထင္ကာ ကိုက္ေနတဲ့ေခါင္းကို ဖိၿပီး ဆက္အိပ္ဖို႔ ႀကိဳးစားလိုက္သည္ ။
ဒါသူ႔ ပထမ အမွားပင္ျဖစ္သည္ ။ 31 missed calls from Jay ဆိုတဲ့ notification ကိုသာ အရင္ျမင္လိုက္ရလွ်င္ ျပႆနာေတြ ဒီေလာက္ရႈပ္ေထြးမွာ မဟုတ္ ။
အိမ္ေရွ႕မွာ ကားရပ္သံ ၾကားလိုက္သလိုလို ၊ မၾကားလိုက္သလိုလို ၊ အိမ္ေပၚတက္လာတဲ့ ေျခသံၾကားလိုက္ သလိုလို မၾကားလိုက္သလိုလို ။ သူ မ်က္လုံးမဖြင့္ခ်င္ေလာက္ေအာင္ ေလးေနသည္ ။ ဒါေပမယ့္ ခဏေနေတာ့ သူ႔အက်ႌေအာက္ကေန တိုးဝင္ၿပီး ဗိုက္သားကို လာထိတဲ့ လက္တစ္စုံေၾကာင့္ သူ ဆတ္ခနဲ လန႔္ႏိုးသြားသည္ ။ တစ္ခ်ိန္တည္းမွာပင္ ထိုလက္ပိုင္ရွင္က ေဆာင္ဟြန္း မဟုတ္မွန္း သူ သိလိုက္သည္ ။
" ဂန္း ဝူေဆာင္း "
မထင္မွတ္ထားတဲ့ ရည္းစားေဟာင္း ရဲအုပ္ကိုျမင္လိုက္ရတာမို႔ ေသြးေတြပါ စီးဆင္းတာရပ္သြားသလို ခံစားရသည္ ။ ထိုလူသည္ ဂ်ယ္ယြန္းကို ဝါးစားမတတ္ၾကည့္ကာ အုပ္မိုးထားသည္ ။
" ေဆာင္ဟြန္း .. ေဆာင္ဟြန္း !!! "
ေအာ္မိတယ္ထင္ေပမယ့္ တကယ္ေတာ့ ေလသံတိုးတိုးသာ ပါးစပ္ထဲက ထြက္လာသည္ ။ တုန္လႈပ္ေနတဲ့ စိတ္ကိုထိန္းကာ ကုတင္ေအာက္က ေသနတ္ကို ထုတ္ဖို႔လုပ္ေပမယ့္ အ႐ိုက္ခံလိုက္ရသည္ ။
ထူပူသြားတဲ့ လက္ေၾကာင့္ သူ မူးေမ့ပါလဲခ်င္သြားသည္ ။ ဂ်ယ္ယြန္း တကယ္ကို ေၾကာက္ေနပါသည္ ။ 13 ႏွစ္တုန္းက သူ႔ေရွ႕မွာ မိဘေတြပစ္သတ္ခံလိုက္ရတာကို ျမင္ရသလိုမ်ိဴး သူေၾကာက္ေနမိသည္ ။
" ေဆာင္ဟြန္း !! ေဆာင္ဟြန္း !!! "
" ပါးစပ္ပိတ္ထားစမ္း ရွင္းဂ်ိတ္ခ္ "
" ငါ့ကို မထိနဲ႔ ဂန္းဝူေဆာင္း "
ေၾကာက္ေနလွ်င္ ပိုေျခာက္တတ္တဲ့ လူ႔အက်င့္ကို သိတာမို႔ ဂ်ယ္ယြန္း မ်က္ႏွာထားကို ျပန္တည္လိုက္သည္ ။ တုန္ရီေနတဲ့လက္ေတြကို တင္းတင္းဆုပ္ကာ ဂန္းဝူေဆာင္း ကို မ်က္ႏွာခ်င္း ရင္ဆိုင္လိုက္သည္ ။
" ႀကိဳက္တယ္ ၊ ဒီလိုမ်ိဳး ရွင္းဂ်ိတ္ခ္ကို ပိုႀကိဳက္တာ "
" ခင္ဗ်ား ဒီကို ဘာလာလုပ္တာလဲ ဂန္းဝူေဆာင္း "
" မင္းကို သတ္ဖို႔ေလ "
ဂန္းဝူေဆာင္းက ေသနတ္ကိုေျမႇာက္ျပၿပီး ဂ်ယ္ယြန္းရဲ႕ နားထင္မွာ ေတ့လိုက္သည္ ။ ဂ်ယ္ယြန္းကေတာ့ မေၾကာက္သလို မ်က္ခုံးပဲ ပင့္ျပသည္ ။
" ဒီအတိုင္းပဲလား ၊ ပ်င္းစရာႀကီး "
" ဟင့္အင္း ၊ မသတ္ခင္ မင္းနဲ႔ ေပ်ာ္ရဦးမယ္ "
ဂ်ယ္ယြန္း ႏႈတ္ခမ္းေတြကို သာနမ္းဖို႔ႀကိဳးစားေနတဲ့ ဝူေဆာင္းအလစ္မွာ ေသနတ္ကို လုဖို႔လုပ္သည္ ။ ဒါေပမယ့္ မေအာင္ျမင္ပဲ ဂ်ယ္ယြန္းမ်က္ႏွာသာ အထိုးခံလိုက္ရသည္ ။
" အ - ခင္ဗ်ား "
" မဆိုးစမ္းနဲ႔ ရွင္းဂ်ိတ္ခ္ "
" ောက္ပါးစပ္ ပိတ္ထား ဂန္းဝူေဆာင္း ၊ ခင္ဗ်ား သတ္မယ္ဆိုတိုင္း ေသေပးရေအာင္ ငါက ောက္႐ူး မဟုတ္ဘူး "
ဂ်ယ္ယြန္းက ေျပာရင္း ထိုလူကို ရင္ဘတ္ကေန ေဆာင့္ကန္လိုက္သည္ ။ အားခ်င္းယွဥ္ရင္ ဂ်ယ္ယြန္းက သိသိသာသာရႈံးမွာကို သိတာေၾကာင့္ ေသနတ္ကို လုဖို႔သာ ႀကိဳးစားရသည္ ။
ဒါေပမယ့္ ကံၾကမၼာကလည္း သူ႔ဘက္မရွိပါ ။ စကၠန႔္ပိုင္းအတြင္းပင္ ထိုသူက ဂ်ယ္ယြန္းကို အႏိုင္စီးရကာ လက္ႏွစ္ဖက္ကို ဆြဲခ်ဳပ္ထားသည္ ။
" ခ်စ္စရာ မ်က္ႏွာေလးနဲ႔မွ မလိုက္ "
ဂ်ယ္ယြန္း ေဒါသထြက္လြန္း၍ လက္ေတြပါ တုန္ေနသည္ ။ တစ္ခ်ိန္တည္းမွာပဲ သူဘာမွ မစြမ္းေဆာင္ႏိုင္ေတာ့လို ခံစားေနရသည္ ။ အခုခ်ိန္ ေသရမယ္ ဆိုရင္ေတာင္ ေဆာင္ဟြန္းကိုပဲ ေတြ႕ခ်င္သည္ ။
ေဆာင္ဟြန္း ၊ ေဆာင္ဟြန္း ၊ ေဆာင္ဟြန္း ။
သူ႔ ေအာက္ႏႈတ္ခမ္းကို ျပတ္ထြက္မတတ္ ကိုက္ေနတဲ့ ဂန္းဝူေဆာင္း ေၾကာင့္ သူ ေအာ္လို႔မရေတာ့ ။ လက္ေတြက လႈပ္လို႔မရေတာ့တဲ့ အခါ မ်က္စိေတြပါ မွိတ္ထားမိသည္ ။ ထို အခ်ိန္မွာပဲ မထင္မွတ္ထားစြာ မိုးေပၚပစ္လိုက္တဲ့ ေသနတ္သံ တစ္ခု ၾကားလိုက္ရသည္ ။
သူ႔ လွမ္းၾကည့္လိုက္တဲ့ အခါ ေဆာင္ဟြန္းႏွင့္ အတူ ေဂ်းကိုပါ ေတြ႕ရသည္ ။ဝူေဆာင္းဆီက ေသနတ္ကို ေဆာင္ဟြန္းက ဆြဲလုလိုက္ပုံရသည္ ။
" အဟင္း ... ငါက ေသနတ္အပို မေဆာင္ထားဘူး ထင္ေနတာလား "
ဝူေဆာင္းရဲ႕ လက္လႈပ္ရွားမႈ က ျမန္ဆန္လြန္းလွသည္ ။ ခ်က္ခ်င္းပင္ ခါးထဲက ေသနတ္အသစ္ကို ထုတ္ကာ ဂ်ယ္ယြန္းကို ခ်ိန္သည္ ။
ဆင့္ၿပီး ထြက္ေပၚလာတဲ့ ေသနတ္သံ ႏွစ္ခ်က္ ။
တစ္ခ်က္က ဂန္းဝူေဆာင္း ဆီ ဦးတည္ကာ ေနာက္တစ္ခ်က္က ဂ်ယ္ယြန္းဆီ ။
ေသြးအိုင္ထဲ လဲေနတဲ့ ဂ်ယ္ယြန္းကို ေဂ်းက ခ်က္ခ်င္းေျပးထူကာ မခ်ီသြားသည္ ။ ေဂ်းက ဒီလိုအခ်ိန္မွာေတာင္ တည္ၿငိမ္လြန္းသည္ ။ စကား တစ္ခြန္းမွ မေျပာပဲ ဂ်ယ္ယြန္းကို ခ်ီကာ ကားေပၚတင္သြားသည္ ။
ေဆာင္ဟြန္း ။
ပတ္ေဆာင္ဟြန္းကေတာ့ လိပ္ျပာလြင့္သြားတဲ့ လူတစ္ေယာက္လို ။ ဝူေဆာင္းကို ပစ္သတ္ထားတဲ့ ေသနတ္ကို ကိုင္ကာ ေၾကာင္ရပ္ေနသည္ ။
သူ႔အေရွ႕မွာ လဲေနတဲ့ အေလာင္းေကာင္ကို ခပ္ၾကာၾကာစိုက္ၾကည့္ၿပီးမွာေတာ့ တစ္ခုခုကို သတိရသြားသလို သူ အိတ္ထဲက ဖုန္းကို ထုတ္လိုက္သည္ ။ ၿပီးေတာ့ ဖုန္းနံပါတ္တစ္ခု ကို ႏွိပ္ကာ ေသြးေအးတဲ့ အသံႏွင့္
" ရွင္းဂ်ယ္ယြန္း ... သူ႔ကို ထိရင္ ခင္ဗ်ားကိုေကာ ခင္ဗ်ားလူေတြကိုပါ သတ္ပစ္မယ္လို႔ ေျပာခဲ့တယ္ေနာ္ "
ျပန္ေျဖသံကို မေစာင့္ပဲ ေဆာင္ဟြန္း ဖုန္းခ်လိုက္သည္ ။
ေနာက္ေတာ့ သူဘာဆက္လုပ္ရမွန္း မသိေတာ့ ။
အေနာက္နားမွာ ကပ္ရပ္ေနတဲ့ အဖြားဆီက ရႈိက္သံတခ်ိဳ႕ ထြက္လာသည္ ။ ၿပီးေတာ့ တုန္ရီေနတဲ့ အသံႏွင့္
" ၿပီးသြားၿပီ ၊ မင္းနဲ႔ မင္းခ်စ္သူရဲ႕ ေပ်ာ္႐ႊင္မႈ အဆုံးသတ္က ဒါပဲ လူေလး "
끝 •