Chapter (5)

စာမျက်​နှာထက်​လက်​ထဲက ​ဘောပင်​နဲ့ဟိုခြစ်​၊ဒီခြစ်​လုပ်​​နေ​သော်​ငြားလည်း စာထဲစိတ်​မဝင်​စားနိုင်​​ပေ။Jong inအတန်းထဲထိုင်​​နေ​ပေမယ့်​ စိတ်​ကစာသင်​ခန်းထဲ ရှိမ​နေသည်​က​တော့အမှန်​။


"Jong in yaဆရာရှင်းပြ​နေတာ ​နောက်​တစ်​မျက်​နှာ​ရောက်​​နေပြီ"


Baekhyun ​ပြောမှသူစိတ်​မပါစွာ ​နောက်​တစ်​မျက်​နှာလှန်​မိသည်​။


"စာကဘယ်​​ရောက်​သွားပြီလဲ?"


"မင်းနှယ့်​ကွာ ​အစာမစားရ​သေးတယ့်​ ​မျောက်​အိုကြီးလိုမှိုင်​မ​နေစမ်းပါနဲ့။မင်းအဲ့​လောက်​စိတ်​မချရင်​လည်း ဘာလို့​ခေါ်လာ​သေးလဲ?"


တဆိတ်​!
ကျ​နော်​က စိတ်​မချတာ!
ဟိုကိုယ်​​တော်​ကိုလို့ Baekhyunထင်​​နေတာလား?
အင်း!ဒါလည်းဟုတ်​တာပဲ​လေ။သူစိတ်​မချဘူး။စိတ်​မချရတယ့်​အ​ကြောင်းအရင်းက ​မွှေမှာစိုးလို့။
ကျောင်းကိုမ​ခေါ်လာလို့ အိမ်​မှာထားခဲ့ရင်​လည်း ၁၅မိနစ်​​လောက်​နဲ့​တောင်​ TVနဲ့ဖုန်းကိုရစရာမရှိ​အောင်​​လုပ်​ခဲ့တာ​လေ။ဒီ၎နာရီစာထားခဲ့ရလျှင်​ သူ့အိမ်​ကိုနှစ်​ခြမ်းခွဲပြီးမီးရှို့ထားမယ့်​ရုပ်​​။အခု​တောင်​စာကြည့်​တိုက်​ထဲ ထားခဲ့ရ​တောင်​စိတ်​ကမ​ဖြောင့်​ချင်​။
ဒူးတုန်​၊ရင်​တုန်​​နေရသည်​ မဟုတ်​​ပေလား။


"မ​ခေါ်လာလို့မရတာ မင်းလဲသိမှာပါကွာ။အခု​တောင်​စာကြည့်​တိုက်​မှာ ထားခဲ့ရ​ပေမယ့်​ ငါဘာပြသနာတတ်​အုံးမလဲ ​ကြောက်​​နေရတာ"


"ပါ​မောက္ခမင်းနာမည်​ကို လာ​ခေါ်ရင်​ပြသနာတတ်​ပြီ​ပေါ့ ဒါမှမဟုတ်​စာကြည့်​တိုက်​က မီးခိုး​တွေထွက်​လာရင်​​တော့ မင်းကိစ္စတုံးပြီလို့မှတ်​​တော့"


Jong in​ယောကျာ်းပီသလွန်းစွာ ​စောင်​​မြောင်​ကြည့်​လိုက်​ပြီး Baekhyunရဲ့ပန်း​ရောင်​ဆံပင်​​တွေဖွာထွက်​သွား​အောင်​ ​​ခေါင်းကိုစာအုပ်​နဲ့ဗြင်း​ပေးလိုက်​​တော့သည်​။


စာထဲစိတ်​မပါတယ့်​အချိန်​​တွေဆို စာသင်​ချိန်​ကပင်​သိပ်​ကြာ​နေသလိုပဲ။ကျ​နော်​Kim Jong Inအတွက်​​တော့ ​နေ့တိုင်းလိုလိုစာသင်​ချိန်​​တွေက အရမ်းကြာလွန်းလှသည်​။အခုလည်းဖင်​​တွေပူ​အောင်​ ထိုင်​​နေ​ရ​သော်​လည်း အတန်းပြီးဖို့၁၀မိနစ်​​လောက်​ကလို​နေ​သေးသည်​။


"ကဲ၊ဒီ​နေ့​တော့ဒီ​လောက်​ပဲ မနက်​ဖြန်​Tuto​ဖြေဖို့ စာလုပ်​ထားကြ​နော်​"


အတန်း​ရှေ့ကဆရာ့ရဲ့ စကားသံ​ကြောင့်​ရင်​ထဲပန်း​တွေပွင့်​သွားသလို။
လူကိုကြဉ်​စက်​တို့လိုက်​သလို မတ်​တပ်​ထရပ်​ပြီး လွယ်​အိတ်​ထဲရှိသမျှစာအုပ်​​တွေ ထိုးကျိတ်​ထည့်​လိုက်​ရင်း Baekhyunကိုပင်​မ​စောင့်​နိုင်​​အောင်​ jong inစာကြည့်​တိုက်​သို့ ​ခြေဦးတည်​လိုက်​​တော့သည်​။


စာကြည့်​တိုက်​​ရောက်​ရင်​ ကိုယ်​​တော်​​ရေခင်​ဗျား​လေး မျက်​နှာ​တော်​အရင်​ဆုံး ​မော်​ဖူးချင်​မိပါရဲ့။Jong inစိတ်​ထဲကရူး​ကြောင်​​ကြောင်​  အ​တွေးတို့​ကြောင့်​လူကပြုံးဖြီးဖြီးပင်​ ဖြစ်​​နေမှာ​သေချာသည်​။


"ငါ့​စောင့်​ပါအုံး Jong inရ"


နောက်​ကအူယားဖားယား ​ပြေးလိုက်​လာတယ့်​ ​ခြေ​ထောက်​တိုတို​လေးနဲ့ Byunဂျပုပင်​။


"Sehun?"


ခပ်​တိုးတိုး​ခေါ်လိုက်​တယ့်​ jong inရဲ့အသံ​နောက်​ ပြန်​ထူးမယ့်​ကိုယ်​​တော်​က ရှိမ​နေ​ပေ။
Jong in​ခေါင်း မိုးကြိုးပစ်​ချလိုက်​သလို!
တစ်​​ကျောင်းလုံးပတ်​ပြီး လိုက်​ရှာရမည်​လို့​တော့ ကံတရားကြီး​ရေမစသင့်​ပါ။သူထိုင်​​နေခိုင်းထားတယ့်​ ထိုင်​ခုံ​မှာSehunဆိုလို့ အရိပ်​အ​ယောင်​ပင်​မ​တွေ့​ချေ။


"အဟား jong in​ရေမင်း​တော့ မီး​လောင်​ပြီ။မင့်​ကိုယ်​​တော်​ ဘယ်​ကြွသွားပြီလဲမသိဘူး"


ငိုချင်​ရက်​လက်​တို့ဆိုသည့်​ စကားအတိုင်း ​ပျောက်​သွားလို့စိတ်​ညစ်​​နေတာကို မီးလာ​ရာ​လေလာပင့်​​နေတယ့်​ ​သောက်​ဂျပုဘယ်​​တော့မှ အရပ်​ထွက်​မလာပါ​စေနဲ့။နောက်​မှသခွားသီးအ​ရည်​​ဖျော်​ တိုက်​ပစ်​ဦးမည်​။


"အရပ်​သား​မောင်​မင်း!"


သူတို့​နောက်​​ကျောဆီက အသံ​လေး။
တိတိကျကျ​ပြောရရင်​ လတ်​တ​လောဝယ်​ သာယာနာ​ပျော်​ဖွယ်​ အ​ကောင်းဆုံး​သောအသံ​လေး။


"Sehun ya!ဘယ်​...."


မေးခွန်း​တွေဆက်​မထွက်​လာ​အောင်​ ရပ်​တန့်​ပစ်​နိုင်​တယ့်​ Oh Sehunဆိုတယ့်​ကိုယ်​​တော်​မျက်​နှာ။ဖုန်​​တွေနဲ့မီးခိုးလို မဲမဲ​တွေကပ်​ညိ​နေတယ့်​ Sehunမျက်​နှာ....


"Sehun မင်းဘာလို့​လျှောက်​သွား​နေတာလဲ?ပြီး​တော့မင်းမျက်​နှာ​တွေ ဘာဖြစ်​​လို့မဲတူး​နေတာလဲ?"


"​အော်​...ကိုယ်​​တော်​အရမ်းချမ်းလာလို့ မီးလင်းဖိုဖို​နေတာ။လာ​မောင်​မင်း ဒီ​နေရာသိပ်​​အေးတယ်​ ကိုယ်​​တော်​မီးဖိုဖို​နေတာရ​တော့မယ်​"


၎နာရီ​လောက်​ air-conခန်းထဲရှိ​နေတာ​ကြောင့်​ ထို​ကောင်​​လေးရဲ့​အေးစက်​စက်​လက်​​တွေက သူ့လက်​တို့ကိုလာဆုပ်​ကိုင်​တာ​ကြောင့်​ အနည်းငယ်​ပင်​တွန့်​သွားသည်​။ဒီ​လောက်​ချမ်း​နေတာကို ဒီအခန်းထဲ ဘာ​ကြောင့်​ကြိတ်​မှိတ်​သည်းခံ​နေရတာလဲ?တကယ်​ပဲ Oh Sehunဆိုတယ့်​​ကောင်​​လေး​ကြောင့်​ သူရူးလိမ့်​မည်​။


"Jong inမင်း​တော့​သေပြီပဲ"


Baekhyun သူ့ကိုလက်​တို့ရင်း ညွှန်​ပြလိုက်​သည့်​အရာက တကယ်​ပင်​​လဲ​သေချင်​စရာ မြင်​ကွင်းပင်​။အပိုင်းပိုင်းဆုတ်​ဖြဲထားတယ့်​ စာအုပ်​၄အုပ်​နီးပါးရယ်​ မီး​လောင်​ထား​သောစက္ကူစုတ်​အချို့ရယ်​ ​ဘယ်​ကဘယ်​လို​ရလာတယ့်​​ကျောက်​တုံး​တွေရယ်​က သူ့မျက်​လုံး​ရှေ့အပုံလိုက်​။


"Sehun ဒါဘာလုပ်​​နေတာလဲ?"


"မီးလင်းဖိုလုပ်​​နေတာ​လေ ကိုယ်​​တော်​အရမ်းချမ်း​နေလို့။မောင်​မင်းက ဒီအခန်းထဲကလုံးဝမထွက်​နဲ့ဆိုလို့ ကိုယ်​​တော်​ပြတင်း​ပေါက်​က ခဏ​လေးဆင်းပြီး​ ​ကျောက်​ခဲသွား​ကောက်​ပြီး​တော့ မီးဖို​နေတာ"


အော်​!
ဆိုလိုချင်​တာက ကျ​နော့စကားကို နား​ထောင်​ပြီး ချမ်း​နေတာ​တောင်​ ဒီအခန်းထဲကမထွက်​ပဲ မီး​လေးဖိုရုံ​ပေါ့​လေ။


"ချမ်းရင်​လည်း အပြင်​ထွက်​​နေပါလားကွာ။အခု​တော့ Sehunမင်းနဲ့​တော့ ငါရူးမှာပဲ"


"​မောင်​မင်းပဲကိုယ့်​​တော့ကို စကားနား​ထောင်​မှ ထမင်းဆက်​သမှာဆို။မောင်​မင်းလဲကြားဖူးမှာပါ ကြိုက်​မရှက်​၊ငိုက်​မရှက်​၊ငတ်​မရှက်​တယ့်​"


"အခုနဲ့ ဘာဆိုင်​လို့လဲ"


"ချမ်းရင်​လည်း မရှက်​နိုင်​ဘူး​လေ။အဲ့​တော့ရှိတယ့်​စာအုပ်​​တွေကို ကိုယ်​​တော်​နှ​မြော​ပြီးအားနာ​ပေမယ့်​ မီးဖိုတယ့်​ထဲထည့်​ရတာ​ပေါ့"


လားလားမှမဆိုင်​တယ့်​ စကား​တွေနဲ့ ပညာရှိ​လောင်းလျာOh SeHunအား ​Jong inကိုင်​​ဆောင့်​ချင်​စိတ်​အလုံးလိုက်​ပင်​ ဖြစ်​လာ​တော့သည်​။ကံ​ကောင်းတယ်​လို့​ပြောရမလား?သူသာအ​ရောက်​မမြန်​ရင်​ ​သေချာတယ်​ဒီ​နေရာ ပြာကျပြီးကျ​နော်​Kim Jong Inလည်း ​အချုပ်​နန်းစံရ​တော့မည့်​ကိန်း​ပေ။


>> 17Century Prince <<


Oh Sehun​ကောင်းမှု အ​ကြောင်းပြုရင်း ကျ​နော်​Kim Jong In ရုံးခန်းသို့အလည်​အပတ်​ ထွက်​ခဲ့ရသည့်​သကာလ။
ပါ​မောက္ခဆိုသည့်​ အဘိုးကြီးကလည်း ဘယ်​တုန်းတည်းက သြဝါဒ​ခြွေချင်​​နေသည်​လဲမသိ သူ့အားနားပူ​အောင်​ကို မိန့်​ခွန်း​ခြွေလွှတ်​လိုက်​သည်​။အချိန်​ပိုင်းအလုပ်​​တော့ ​နောက်​ကျပြန်​ပြီ။


"အရပ်​သား​မောင်​မင်း ကိုယ်​​တော်​ဗိုက်​ဆာလာပြီ"


ဒါကBus car​ပေါ်ဝယ်​ သူ့​ဘေးကမုန့်​စား​နေတယ့်​ က​လေးရဲ့အသားညှပ်​​ပေါင်​မုန့်​ကို မျက်​လုံး​တွေပြူးထွက်​မတတ်​ စိုက်​ကြည့်​ရင်း​ပြောသည့်​စကား။ထိုမျှမက ​ပေါင်​မုန့်​ကိုလက်​ညှိုးတစ်​ထိုးထိုးနဲ့ ​ခြေ​ထောက်​ပါ​ဆောင့်​လာတာ​ကြောင့်​ jong inက​လေးအ​မေကို အားနာလို့သွား​တွေ ဖြီးပြခဲ့ရ​သေးသည်​။


"Sehun တိတ်​တိတ်​​နေကွာ။ပြီးရင်​ဝယ်​​ကျွေးမယ်​"


"အဲ့ဖြူဖြူ​ရော၊ထမင်း​ရော၊မ​နေ့ကကိုယ်​​တော့ကို ဆက်​သခဲ့တယ့်​ ​ဂေါက်​ဆွဲလားအဲ့တာ​ရော ဆက်​သ​နော်​"


ငြိမ်​သွား​အေး​ရော သ​ဘောနဲ့ထို​ကောင်​​လေး​ပြောသမျှ သူ​ခေါင်းငြိမ့်​ပြလိုက်​သည်​။


"Jong in ya​နောက်​ကျတယ်​ကွာ။ဧည့်​သည်​​တွေ အရမ်းကြပ်​​နေ​ချိန်​မင်း​ရောက်​လာတာ ​တော်​​သေးတယ်​။သွား အဝတ်​စားမြန်​မြန်​လဲပြီး ထွက်​လာခဲ့လိုက်​။ဒါနဲ့သူက?"


Barမန်​​နေဂျာက သူ့​နောက်​ကကပ်​လျက်​ပါလာတယ့်​ Sehunကိုကြည့်​ရင်း​မေးလာသည့်​စကား။


"ကျ​နော့ညီဝမ်းကွဲပါ"


"​အော်​ ​ချော​ချော​လေးပဲ။မင်းထက်​​တော်​​တော်​ငယ်​မယ့်​ပုံပဲ ချာတိတ်​အသက်​ဘယ်​​လောက်​တုန်း"


"ရာရာစစ ​တော်​ဝင်​နန်းတတ်​မင်းသားကို သက်​​တော်​လာ​မေးရဲတယ်​။အရပ်​သား​သေဒဏ်​ ကျခံချင်​လို့လား?"


အံ့သြသွားတယ့်​ဂျာကြီးကို သူသွားဖြီးပြလိုက်​ရင်း နားထင်​ကိုလက်​ညှိုးထိုးပြပြီး ​လက်​ခါပြလိုက်​​တော့ ဂျာကြီးသ​ဘော​ပေါက်​သွားသည်​ထင်​။


"​ဆရာဝန်​နဲ့တိုင်​ပင်​လိုက်​​လေကွာ က​လေးခမျာရုပ်​ရည်​​လေးနဲ့​တောင်​ မလိုက်​ဘူး။ငါ့အသိစိ​တ်​​ရောဂါကုဆရာဝန်​ရှိတယ်​ မိတ်​ဆက်​​ပေးရမလား?"


"အာ ရပါတယ်​။တစ်​ခါတစ်​​လေ လွတ်​သွားရုံ​လေးပါ"


မျက်​နှာကိုတမင်​တကာ ​မော့ထားသည့်​​တော်​ဝင်​မင်းသားက​တော့ သူနဲ့ဂျာကြီး​ပြော​နေသည်​ကို နားမလည်​၍သာ​တော်​​သေးသည်​။နားလည်​သွားတယ့်​အချိန်​မှာ​တော့ သူ့အား​ဆဲမှာ​သေချာသည်​။


"Jong in​ရေမင်းဖုန်းက ​ခေါ်လို့မရပါလား?မ​နေ့ညငါ​ခေါ်ပြီးတည်းက လုံးဝ​ခေါ်မရ​တော့ဘူး"


Kyung sooတစ်​​ယောက်​ သူနဲ့Sehunရှိရာ အဝတ်​လဲခန်းကို ပျာယာခတ်​ဝင်​လာရင်း ​ပြောလာသည်​။


"​အေးကွာ ငါ့ဖုန်းကွဲသွားလို့"


"ငါမ​နေ့က Video call​ခေါ်​တော့ မင်းကိုင်​လိုက်​​သေးတယ်​​လေ ပြီး​တော့​အော်​သံလိုလိုကြားပြီး ထပ်​​ခေါ်​တော့စက်​ပိတ်​သွားတယ်​"


"​မ​ပြောပါနဲ့​တော့ အခု​လော​လောဆယ်​ ဖုန်းပြန်​ဝယ်​ဖို့​တောင်​ ပိုက်​ဆံမရှိလို့။မင်းအလုပ်​ချိန်​ပြီးပြီလား?"


"​နောက်​နာရီဝက်​ဆို ငါနားပြီ"


ပြည့်​ပြည့်​​ဖောင်း​ဖောင်းမျက်​နှာနဲ့ ဂတုံးဆံပင်​​ပေါက်​ဖြစ်​​နေတယ့်​ Do Kyung Sooရဲ့video callကို သရဲနဲ့မှားပြီးဖုန်းကိုပစ်​ခွဲလိုက်​တယ့်​ ကိုယ်​​တော်​ကို​တော့ အံ့သြမိပါတယ်​။
Kyung sooကို ဘာကိစ္စနဲ့သရဲနဲ့မှားလဲဆိုတာ​တော့ သူလည်းမကြုံလိုက်​၍ မသိ​တော့​ပေ။


"Sehun ငါတို့ဝင်​လာတယ့်​ ဝင်​​ပေါက်​​တွေ့တယ်​မလား?"


သူညွှန်​ပြလိုက်​တယ့်​ Exitတံခါးဝကို လှမ်းကြည့်​ပြီးsehun ​ခေါင်းငြိမ့်​ပြသည်​။


"​ရော့ ဒီပိုက်​ဆံယူသွား အ​ရှေ့ကMini-mart ဆိုင်​မှာ​ခေါက်​ဆွဲဘူး​သွားဝယ်​စား။ဝယ်​တတ်​တယ်​မလား?"


သူပြလိုက်​တယ့်​ ဝမ်​​တစ်​​သောင်းတန်​တစ်​ရွက်​ကို ​သေချာစူးစိုက်​ကြည့်​ပြီး လန့်​သွားတယ့်​မျက်​နှာ​ကြောင့်​ Jong inအံ့သြ​နေရသည်​။


"ဘိုး​တော်​မင်းကြီး!သက်​​တော်​ရာ​ကျော်​ ရှည်​ပါ​စေ"


အား!ရူး​တော့မှာပဲ!
အစိမ်း​ရောင်​ ဝမ်​တစ်​​သောင်းတန်​ကို မြင်​လိုက်​ချိန်​ ပိုက်​ဆံထက်​ကဘုရင်​ပုံ​ကြောင့်​ ထိုင်​ကန်​​တော့​နေတယ့်​ Sehunဆိုသည့်​​ကောင်​​လေးကို Lockerခန်းထဲက ရှိသမျှလူအားလုံး ဆွံ့အသလိုအထူးအဆန်း ဝိုင်းကြည့်​ကုန်​သည်​။


ထို​နေ့ကလည်း mini martကိုတစ်​​ယောက်​ထဲ မလွှတ်​ရဲ​တော့လို့ သူကိုယ်​တိုင်​လိုက်​ဝယ်​ပြီး ​ခေါက်​ဆွဲဝယ်​​ကျွေးရသည်​။တော်​ကြာဘာမသိ၊ညာမသိနဲ့ ​ခေါ်ရင်​မအူမလည်​နဲ့ ပါသွားရင်​သူနဲ့အပြစ်​မကင်းဖြစ်​ဦးမည်​။
တကယ်​ပဲ အသက်​၂၀ဖြစ်​​နေတယ့်​ က​လေးကြီးတစ်​​ယောက်​ကို သူထိန်း​နေရသည်​မလား!
ကိုယ်​​တော်​က​တော့ စားချင်​တာစား​နေရ၍ ပြုံးဖြီးဖြီးနဲ့​ခေါက်​ဆွဲဝါး​နေ​လေ​တော့သည်​။
.
.
.
.
.
.
.
.........
Chapter (5) End.
16/July/2018.
We Are One.
OTP 12Forever.
Thanks You All.

Comment